Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လူတစ်ယောက်ကို ချစ်ဖို့ကမလွယ်ဘူး
မုန်းဖို့လည်းမလည်း မလွယ်ဘူး
ပိုဆိုးတာကတော့
ချစ်မိပြီး ပြန်ပြီး မေ့ပစ်ဖို့ဆိုတာက
ပိုလို့တောင် မလွယ်ပါဘူး
#1997b
ဘဝမှာ ရှင်သန်သွားရဖို့အတွက်
အများကြီး မလိုပါဘူး ။
ပျော်စရာလေးတွေ
ဖဲ့ပြီးပေးတဲ့ လူနည်းစုလေးရယ် ။
အိမ်လေး တစ်လုံးလို
နွေးထွေးပေးတဲ့ မိသားစုလေးရယ် နောက်ပြီး
ရှင်သန်ရတာ ပိုပြီးအဓိပ္ပာယ် ရှိစေမဲ့
ချစ်ရတဲ့သူလေးရယ် ။
ဒီလောက်ဆို ရှင်သန်သွားရဖို့ လုံလောက်ပါပြီ ။
#ခက်နှောင်
💭 || 23.9.2024
ဒေးဗစ်ဖလားပြိုင်ပွဲဝင်မည့် စပိန်လူစာရင်းတွင် နာဒယ် ပါဝင်လာ
---------------------
ဒေးဗစ်ဖလား အသင်းလိုက်တင်းနစ်ပြိုင်ပွဲအတွက် စပိန်အသင်းရဲ့ ကစားသမားစာရင်းမှာ ဝါရင့် တင်းနစ်သမား နာဒယ် ပါဝင်လာတယ်လို့ ပြိုင်ပွဲကျင်းပရေးက စက်တင်ဘာ ၂၃ ရက်နေ့မှာ အတည်ပြုပါတယ်။ စပိန်အသင်း လူစာရင်းမှာ ကမ္ဘာ့အဆင့်-၃ အယ်ကာရက်ဇ်၊ အဂတ်၊ ကာရီနိုဘက်စတာ၊ ဂရန်နိုလာတို့နဲ့အတူ နာဒယ်လည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ် နာဒယ်ဟာ ပြီးခဲ့တဲ့ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ပြိုင်ပွဲအသွင် နောက်ဆုံး ပါဝင်ကစားပေးထား ခဲ့တာဖြစ်ပြီး ပဲရစ်အိုလံပစ် ဒုတိယအဆင့်မှာ ဂျိုကိုဗစ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။ ဒါပေမဲ့ ကြံ့ခိုင်ရေး အားနည်းမှု ပြဿနာကြောင့် ယူအက်စ်အိုးပင်းပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ရသလို အခုတစ်ပတ် ယှဉ်ပြိုင်ပြီးခဲ့တဲ့ လေဗာဖလားပြိုင်ပွဲဝင် ဥရောပအသင်းလူစာရင်းကနေလည်း နာဒယ်က နုတ်ထွက် ခဲ့ရပါတယ်။
စပိန်တင်းနစ်အသင်းဟာ လာမယ့် နိုဝင်ဘာ ၁၉ ရက်နေ့မှာ ဒေးဗစ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ် အဖြစ် နယ်သာ လန်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ အခုနှစ်ကုန်မှာ ကစားသမားဘဝကနေ အနားယူရမယ့် နာဒယ်အတွက် ဒေးဗစ်ဖလားပြိုင်ပွဲက သူ့ရဲ့နောက်ဆုံးပြိုင်းပွဲလည်း ဖြစ်လာဖွယ်ရှိနေပါတယ်။
ဆိတ်သားပြုတ်ကြော်
********************
ဆိတ်သားကို နနွင်း, ဆား, ဟင်းချိုမှုန့်နဲ့နယ်ပြီး
အိုးထဲထည့်လှော်လိုက်ပါ
ရေခန်းရင် ရေနွေးထည့်ပါ
မီးအားသင့်ရုံနဲ့
နူးအိနေအောင်ပြုတ်ထားပါ
အိုးထဲ ဆီများများထည့်
ဆီဆူလာရင် နနွင့်ထည်ပါ
ဆိတ်သားထည့်ပြီး မီးအားပြင်းပြင်းနဲ့
အပေါ်ယံလေး နီလာအောင်ကြော်၍
ဆယ်ယူပြီး ပန်းကန်ထဲထည့်ပါ
ဆီထဲကို ဂျင်း, ကြက်သွန်ဖြူထည့်ကြော်ပြီး
ဆိတ်သားကြော်ပေါ်လောင်းထည့်ပြီးရင်
ဆိတ်သားပြုတ်ကြော် ရပါပြီ။
ဘယ်ခေတ်မှာမဆို
အချစ်ကြောင့် သေမလိုဖြစ်ခဲ့တဲ့
လူငယ်တွေ ရှိတယ်
ကံဆိုးတဲ့ လူငယ်အများစုကတော့
တကယ်မသေခဲ့ကြဘူး
#အောင်ခင်မြင့်