2 နှစ်များ - ဘာသာပြန်ပါ။

ဆရာမကြီး ခင်နှင်းယု ပီပီ ပါဝင်ပတ်သက်သမျှ ဇာတ်ကောင်တိုင်းရဲ့ စရိုက်နဲ့ သရုပ်ကို တကယ်ကို ထူးခြားပေါ်လွင်အောင် ရေးဖွဲ့နိုင်သောပါပဲ။
တစ်ယောက်ချင်းစီရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်တွေ မှ တစ်ဆင့် ဇာတ်ကို လိုက်ပါ စီးမျောရတာ တကယ် မျက်စိရှေ့တင် ဖြစ်နေသဖွယ်ပါ။
ရှမ်းပြည် မြောက်ပိုင်းရဲ့ အလှတရား နဲ့ အေးငြိမ်းမှုတွေကို ခံစားရပုံကတော့ ဒီတစ်အုပ်လုံးမှာ အကြိုက်ဆုံးပါပဲ။
ကိုယ်ကိုတိုင် ရှမ်းပြည် မနက်ခင်းတွေမှာ သန့်စင်လတ်ဆတ်စွာ နိုးထရပြီး ညခင်းတွေမှာ မီးပုံလေးဘေး နွေးထွေးနေရသဖွယ်ပါပဲ။
တစ်ခုတော့ရှိတယ်... ဒီစာအုပ်ကလေး ဖတ်မယ်ဆို စာအုပ်ရှေ့ဆုံးက အမှာကို မဖတ်မိဖို့ပါပဲ။ မေဘယ်(လ်) တော့ ဖတ်မိလိုက်တာမို့ ဇာတ်လမ်း ရဲ့ အစအဆုံးကြီး သိလိုက်ရပြီး ဆက်ကို မဖတ်ချင်တော့အောင် ဖြစ်သွားခဲ့ပါတယ်။ ဇာတ်လမ်း ကြီး တစ်ပုဒ်လုံး သိပြီးမှတော့ အထဲက အလှည့်အပြောင်းတွေ ဘယ်လိုလာလာ ကိုယ်က ရင်မခုန်ရတော့ဘူးလေ။
ဒါပေမယ့် ဒီစာအုပ်ကလေးက ချစ်ခင်ရတဲ့ သူလေးဆီက လက်ဆောင်လေး အဖြစ် ရထားတာက တကြောင်း၊ ဆရာမကြီးရဲ့ ရေးဖွဲ့ပုံ ထူးခြားလှပတဲ့ စာကြောင်းတကြောင်းချင်း၊ စာလုံးတလုံးချင်းစီကို ခံစားချင်တာက တကြောင်းနဲ့ အဆုံးထိ ဆက်ဖတ်ဖြစ်ခဲ့ပါတယ်။
စာအုပ်ကလေးကို ဖတ်ရင်း ရှမ်းပြည်မြောက်ပိုင်းရဲ့ ပညာရေး အထိအတွေ့နည်းပြီး သင်ယူသင်ကြားလက်ခံသူ ရှားပါးပုံတွေ၊ လူသူအရောက်အပေါက် နည်းပြီး သီးခြားကမ္ဘာလေးဆန်ဆန် သူတို့ရဲ့ အေးချမ်းရောင့်ရဲတဲ့ ဘဝလေးတွေမှာ ပျော်မွေ့နေကြပုံကို သိမြင်ရပါတယ်။
ရှိတာလေးတွေနဲ့ ရောင့်ရဲတင်းတိမ်ပြီး ဘဝကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေကြပုံများ တကယ်ကို အားကျမိသောပါပဲ။ ဂုဏ်တုဂုဏ်ပြိုင် ဟန်ဆောင် အပေါ်ယံ ဆက်ဆံရေးတွေရဲ့ ဝေးရာဆိုလည်း မမှားသောပါပဲ။
ဆက်ဖတ်ရင်း စိမ်းရဲ့ ဘယ်လို ဘဝ မျိုးရောက်ရောက် ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ပုံတွေ၊ တစ်ကောင်ကြွက် တစ်မျက်နှာလေး ဆိုပေမယ့် စိတ်အလိုလျှောက်မလိုက်ပဲ ထိန်းသင့်တာထိန်းပုံလေးတွေ၊ ပြီးတော့ ထပ်ပြီး ပေါ်လွင်အောင် မြင်နေရတာလေးကတော့ စိမ်းရဲ့ မိန်းမ ပီသမှုပါပဲ။ အိမ်ထောင်မှု နိုင်နင်းပုံတွေ၊ လူတွေ အပေါ် မေတ္တာထားပြီး ကြင်နာစာနာတတ်ပုံလေးတွေကို အထင်းသား ‌ရေးဖွဲ့ပေးထားပါတယ်။
တစ်ခုတော့လည်း ရှိတယ်... စိမ်းကလေးက အညှာမလွယ်ပေမယ့် အယုံလေးတော့ လွယ်ရှာတယ်။ အရာရာကို သူ့စိတ်သဘောလေး အတိုင်း ခိုင်းနှိုင်း တုံ့ပြန်ရှာတယ်။
ကိုဝဏ္ဏ ကတော့ တကယ့်ကို green flag အမြဲစိမ်း သစ်တောကြီး။ ပြောရမယ်ဆို အမျိုးသမီးလေးတွေ လိုချင်တဲ့ စံနှုန်းနဲ့ တကယ်ကို ပြည့်မီ၊ ပြည့်စုံသော... မျက်စိစုံမှိတ်ပြီး ပစ် အားကိုးချင်စရာ ယောက်ျားသားကြီးပဲ။ အော်... ရိုတတ်လိုက်တာလည်း လွန်ပါရော...
🌸"ချယ်ရီပွင့်များကို ခူး၍ စိမ်းအတွက် မွေ့ရာလုပ်ပေးချင်သည်။ သန့်စင်ပွင့်ဖတ်ဖြင့် ဆောင်းအခါတွင် စိမ်းခြုံဖို့ စောင်ကလေးကိုလည်း ရက်လိုက်ချင်သည်။ ဆောင်း၏ နှင်းမှုန်များအား ခြယ်လှယ်၍ ရပါလျှင်လည်း ငွေဇာပြင် လုံချည်ကို စိမ်းအတွက် ရက်လိုက်ချင်ပါ၏"။ 🌸
❄️ "နောက်တစ်ခေါက် ကျောက်မဲကို သွားရလျှင် စိမ်းဖို့ အကျီ အဝတ်အစား ဝယ်ရဦးမည်။ ရှေ့လာမည့် ဆောင်းတွင်လည်း စိမ်းဖို့ အနွေးထည်များ လိုဦးမည်။ ရှမ်းပြည်၏ ဆောင်းဒဏ်ကိုလည်း စိမ်းတစ်‌ယောက် ခံမှ ခံနိုင်ပါ့မလား ဟူ၍လည်း တွေး၍ပူမိသေး၏။" ❄️
ပြီးတော့လေ ကိုဝဏ္ဏ တစ်ယောက်ထဲနဲ့တင် ဒီလောက် ပြည့်စုံ လုံခြုံနေပြီကို သူ့ရဲ့ မိသားစုတစ်စု‌လုံးကပါ တကယ်ကို နွေးထွေးလုံခြုံပြီး စိတ်ကို အမြဲ ကြည်လင် ချမ်းမြစေတဲ့ heartening environment လေး။
ဒီလို gladdening zone ထဲ... ဘဝက အကြည်ဓာတ်လေးတွေနဲ့ လွှမ်းခြုံနေတုန်း ရန်ကုန်ကို ဘဝရဲ့ အလှည့်အပြောင်း အကြောင်းကိစ္စ အမျိုးမျိုးကြောင့် ပြန်ရောက်ချိန်မှာတော့ လေထုက အစ ညစ်ညမ်းပူလောင် ပြီး ဘဝရဲ့ ရှုပ်ထွေးပွေလီ ပုံလေးတွေကို ဆရာမကြီးက ပညာသားပါပါ ရေးဖွဲ့ပြထားပါတယ်။
ဒီတစ်အုပ်လုံးရဲ့ အနှစ်ကတော့ ရန်ကုန်မှာ ရင်ဆိုင်ကြုံဆုံ ဖြေရှင်းခဲ့ရတဲ့ နေ့လ ရက်များပါပဲ။
ရှမ်းပြည်မှာ အေးချမ်းသလောက် ရန်ကုန်မှာ ပူလောင်လိုက်ပုံများ... ရာသီဥတုပူတာထက် လူ့အငွေ့အသက် နဲ့ စိတ်ဓာတ်တွေက မြှိုက်ပြီး လောင်နေစေတာမျိုးပေါ့။
မုဆိုးမ၊ တစ်ခုလပ် တစ်ကောင်ကြွက် ဆိုလျှင်ပင် လူတွေက ရုပ်မမြင်ရသေးခင် ကြိုနှိမ်ချင်တာမျိုး၊ အသံမကြားရသေးခင်ကပင် ရှုံ့ချချင်တာမျိုး၊ လှလှပပ ကျော့ကျော့ရှင်းရှင်း ဝတ်စားဆင်ယင်ခြင်းနဲ့ ပွဲလမ်းသဘင် တက်ခြင်းမျိုးဟာ သူတို့နဲ့ လားလားမျှ မဆိုင်တာမျိုး စသဖြင့် ယုတ်ညံ့သော အတွေးအခေါ် ရှိသူတို့ရဲ့ သရုပ်သကန်ကို စက်ဆုပ်ဖွယ်ကောင်းအောင် ရေးဖွဲ့ပေးထားပုံများ တကယ်ကို ထိမိလွန်းပါတယ်။
အဲ့ဒီဘက် ခေတ်တွေဆီက မပြောနဲ့...အခုလို ခေတ်မီတိုးတက်လာတဲ့ AI တွေတောင် စအသုံးပြုနေပြီ ဖြစ်တဲ့ ခေတ်မှာတောင် ဒီလို စိတ်သဘောထားသေးသိမ်သူတွေဟာ ကျန်ရှိနေမြဲပါပဲ။
ခေတ်တွေ ဘယ်လောက်ပြောင်းပြောင်း၊ ဘာတွေ ဘယ်လိုပဲ တိုးတက် တိုးတက် ... လူညစ် တွေကတော့ ခေတ်အဆက်ဆက် ရှိနေဦးမှာပါပဲလေ။
အဲ့ဒီလို ရှုံ့ချ ဝေဖန် အပြစ်ပြောတတ်သူတွေထဲ ကိုယ်တွေသာ တမှုံတလေ မပါဝင်ဖို့ အဲ့ဒီလို မသေခင်ထဲက ပုပ်နေတဲ့ လူတချို့ကို ရှောင်ကြဉ်တတ်ဖို့ ကြိုးစားရမှာပါ။
ဆရာမကြီး အနေနဲ့ အမျိုးသမီးလေးတွေကို အပေါ်ယံမြင်နေရတဲ့ အရာတွေကိုသာ ကြည့်ပြီး မဆုံးဖြတ်မိစေဖို့၊ အရာရာကို ကိုယ့်စိတ်ကလေးနဲ့ နှိုင်းပြီး အယုံမလွယ်စေဖို့ သေချာလေးကို ရေးဖွဲ့ တင်ပြထားတဲ့ စာအုပ်ကလေးပါပဲ။
အထဲမှာ ပါဝင်တဲ့ ဇာတ်ကောင် အမျိုးသား ၃ ယောက်ရဲ့စိတ်နေစိတ်ထားနဲ့ personality တွေကိုလည်း ‌အပြင်မှာ မြင်ယောင်လာတဲ့ အထိ ရေးဖွဲ့ပေးထားတာမို့ အမျိုးသမီးလေးတွေ "အပေါ်ယံ ရွှေမှုန်ကြဲ၊ အထဲက နွားချေးခံ" ဆိုတဲ့ လူမျိုး ရန်ကနေ ရှောင်ရှားတတ်ဖို့၊ ဘဝကလေး အေးချမ်း တည်ငြိမ် ပျော်ရွှင်နိုင်ဖို့... လူရွေး မမှားဖို့ပဲ လိုတယ်ဆိုတဲ့ အကြောင်းကလေးတွေကို စိမ်းကလေးကို နမူနာ ပြပြီး ‌စိတ်ထဲ စွဲထင်အောင်ထိ ရေးဖွဲ့တင်ပြထားတယ်လို့ပဲ မြင်မိပါတယ်ရှင်။ ...
မေဘယ်(လ်)
၁၀.၅.၂၄
#စိမ်းသင့်မှစိမ်း 📖
#ခင်နှင်းယု ✍️
#စိတ်ကူးချိုချိုအနုပညာ 📚

image
2 နှစ်များ - ဘာသာပြန်ပါ။

အချစ်နဲ့ပတ်သက်ရင် အကျိုးမပေးလို့
ငှက်ပျောပင်လေး စိုက်ထားတာ
မုန့်ဟင်းခါးသည်က ခုတ်သွားတယ်

image
2 နှစ်များ - ဘာသာပြန်ပါ။

အချစ်ရေးမှာ မိန်းကလေးအများစု
အဓိက လိုချင်တဲ့အချက် ၂ချက်ပဲ ရှိတယ်။
-Security
-Compliance

💖 စိတ်လုံခြုံမှု(Security)
ကိုယ်ချစ်တဲ့အမျိုးသားဆီကနေ
မိန်းကလေး အများစု လိုချင်တာ
စိတ်လုံခြုံမှုပဲ။အတူတူရှိနေရင်
စိတ်လုံခြုံမှုရရဲ့လား၊ဘေးကင်းရဲ့လား၊တစ်ခုခု စိုးရိမ်နေရလား ပေါ့။
အပြင်ကနေ ဘယ်လောက်ပင်ပန်း
ခဲ့ပါစေ မိမိအိမ်ရောက်တာနဲ့
ပင်ပန်းမှုတွေ အကုန်ပြေပျောက်
သွားတာမျိုး။အိမ်နဲ့တူတဲ့လူမျိုးကို
ဆိုလိုပါတယ်။စိတ်လုံခြုံမှု ရသွားရင် နောက်ကနေ နွေးထွေးမှုတွေ
အကုန်ရပါလိမ့်မယ်။
So feeling of security is a main point in love.

💖အလိုက်သိမှု (Compliance)

မိန်းကလေးတွေဆိုတာ သူတို့ ဘာပန်းကြိုက်တယ်၊ဘယ်မင်းသားကို
ကြိုက်တယ်၊ဘယ်စာအုပ်ကြိုက်တယ်၊ဘယ်လိုအဝတ်အစားမျိုးကြိုက်တာ၊အစပ်ကြိုက်တာ တစ်ကြိမ်ထက်မက ပြောပြပါလိမ့်မယ်။
နောက်ပြီး သူတို့ အချစ်ရေးမှာ
ဘယ်လို ပုံစံရချင်လဲဆိုတာကအစ
ပြောပါလိမ့်မယ်။ဒါကို အလေးအနက်ထားပြီး မှတ်ထားမယ်။
နောက်ပြီး သတိတရရှိပေးမယ်။
ပန်းကြိုက်တဲ့သူဆို တွေ့တိုင်း
ပန်းပေးမယ်။အစပ်ကြိုက်သူဆို
ကြိုက်တာ ဝယ်ကျွေးမယ်။
လက်ဆောင်သေးသေးလေး ကြိုက်သူဆို သူကြိုက်တာ ပေးမယ်။
အရေးကြီးတာ အလိုက်သိဖို့ပဲ။
နေရာတကာ လိုက်ပြောပြမှာကို
သူတို့ မကြိုက်တာ များတယ်။

အပြန်အလှန် ရှိတဲ့အချစ်ရေးက
ထာဝတည်တံ့ပါတယ်။
ရုပ်ရည်ချောမချော၊ပိုက်ဆံရှိမရှိဆိုတာထက် စိတ်လုံခြုံမှုပေးနိုင်မယ်၊အလိုက်သိမယ်ဆိုရင် အဲဒီ
အမျိုးသားကို လက်တွဲဖို့ ဝန်မလေးပါ။

#နူးနူးအောင်

image

EMPM ကနေ (Virtual Global Opportunities ဆိုပြီး မြန်မာနိုင်ငံသားတွေအတွက် သီးသန့်ပေးထားတာဖြစ်ပါတယ်။
Microcredital နှင့် Internshipကိုဘဲ batch 3 မှာဖွင့်ပေးပြီး credit transfer ဒီတစ်ခေါက်မာတော့ မရတော့ပါဘူးခဗျာ။
Eligibility
(Virtual Global Opportunities: Micro-Credentials and Internship)
- Myanmar nationality young professionals and fresh graduates affected by recent issues with employment.
- Candidates are currently not awarded any other scholarships or funding.
- Excellent English skills.

Scholarship Program: https://empm.education/virtual....-global-opportunitie
Internship Program: https://empm.education/virtual....-global-opportunitie
Application form: https://empm.education/online-application-empm/
မြန်မာဘာသာစကားဖြင့်ဖတ်ရန်
Link: https://www.edge.com.mm/.../em....pm-virtual-scholarsh
Deadline: 15 November 2024

#crd

image
2 နှစ်များ - ဘာသာပြန်ပါ။

ပြောင်းလဲဒဏ်မခံနိုင်တဲ့သူမို့
ပြောင်းလဲတတ်တဲ့ လူတွေနဲ့ခပ်ကင်းကင်းနေခဲ့တာပါ။
တနေ့ချစ်မိမှာ ကြောက်လို့။

image
2 နှစ်များ - ဘာသာပြန်ပါ။

ဘာလို့ အမျိုးသမီးတိုင်း Feminine Wash သုံးပေးသင့်တာလဲ❓
တစ်ကိုယ်ရေသန့်ရှင်းဆိုတာ လူတိုင်းအတွက် အရေးကြီးတဲ့အလျောက် အမျိုးသမီးတွေအတွက်လည်း Private Area လေးကို သေချာသန့်ရှင်းရေးလုပ်ပေးဖို့လိုအပ်တယ်နော် ✨✨
Private Area လေးကို သန့်ရှင်းရေးပုံမှန်မလုပ်ဘဲ ပစ်ထားမိတဲ့အခါ
☘️ ယားယံခြင်း
☘️ အနံ့ဆိုးထွက်ခြင်း။
☘️ မှိုပိုးဝင်ခြင်း။
☘️ အနာပေါက်ခြင်း။
စတဲ့ ပြဿနာတွေကို ကြုံတွေ့နိုင်တဲ့အပြင် ပိုးဝင်၊အနာဖြစ်တဲ့အခါ ဆရာဝန်နဲ့ အမြန်ပြဖို့လိုတဲ့အထိ
သန့်ရှင်းမှုက အရေးကြီးတာမလို့ စင်ကြယ်နေအောင် သန့်ရှင်းပေးမယ့် 🌷Tulip Lady Care Feminine Wash လေးကို သုံးကိုသုံးပေးဖို့လိုတာပေါ့ 🥰🥰
🌷Tulip Feminine Wash လေးက သဘာဝပစ္စည်းတွေကို အခြေခံထုတ်လုပ်ထားပြီး သန့်ရှင်းစင်ကြယ်စေတဲ့အပြင် ပိုးဝင်တာ၊အနံ့ဆိုးထွက်တာတွေကိုပါ ကာကွယ်ပေးလို့
အနံ့သက်ကင်းစင်ပြီး သန့်ရှင်း၊ကျန်းမာနေစေမှာ အသေအချာပါပဲ 🫧🫧
တန်ဖိုး - ( 16500 ) Ks
#tulip
#tulipfemininewash
#femininewash#ladycare
#crd

image
2 နှစ်များ - ဘာသာပြန်ပါ။

"Love and Fear connection".

image
2 နှစ်များ - ဘာသာပြန်ပါ။

ငါတို့အားလုံးဟာနာကျင်မှုတွေကို
ကိုယ့်နည်းကိုယ့်ဟန်နဲ့
ဖြေရှင်းရင်းရှင်သန်နေကြရတဲ့သူတွေ။
ကမ္ဘာကြီးမှာလည်းစိတ်ဒဏ်ရာ
လူတွေမှာလည်း စိတ်ဒ၊ဏ်ရာ
တိုးတိုက်မိရုံနဲ့ ပြိုကျသွားမယ့်စိတ်ခန္ဓာတွေမှာ
ကိုယ့်ကိုယ်ကိုယ်နူးညံ့ရမယ်။
အနားကလူတွေကို နူးညံ့စွာဆက်ဆံပေးရမယ်။
ဒါဟာ မတတ်နိုင်ခြင်းတွေကြားထဲမှာ
ခံနိုင်ရည်ရှိဖို့အတွက် ငါတို့လုပ်ရမယ့်
တတ်နိုင်တာလေးတစ်ခုပဲ။

-myatnavarro-

image
2 နှစ်များ - ဘာသာပြန်ပါ။

ချစ်ရင် နည်း”ပေးကိုင်လေ နော် …..

image
2 နှစ်များ - ဘာသာပြန်ပါ။

ဟ ငါတော့ထီပေါက်ပြီ 🥲

image