ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အချစ်ခံနေရပြီလို့
ထင်နေတုန်းမှာပဲ
တဖက်လူကရုတ်တရက်
ပြောင်းလဲသွားတော့
ကိုယ့်မှာ ရှက်ရှက်နဲ့ပြုံးမိသေးတယ် ။
-အပယ်ခံ-
"မျက်ရည်တွေနဲ့ ပေါ...."
#photo
အချစ်ဟာ
တစ်ခါတလေမှာ "အဆိပ်"
တစ်ခါတလေမှာ "ဆေး" တဲ့ !
ငါ့အတွက် အချစ်ဆိုတာ
အဆိပ်ဖြစ်ခဲ့လား ဆေးဖြစ်ခဲ့လား မသဲကွဲ ။
သေချာတာတော့
ငါ့ နှလုံးသားကို ရင်းခဲ့ရတယ် ။
အခုချိန်မှာ လွတ်လပ်နေတာလား
ဒါမှမဟုတ်...အထီးကျန်နေတာလား
ငါ့ကိုယ်ငါ ဝေဝါးဆဲ ။
အတိတ်ကို ပြန်တူးဖော်ကြည့်တော့
အချစ်တွေလည်း ရှိခဲ့သလို
အလွမ်းတွေလည်း ရှိခဲ့တယ် ။
အချစ်စွမ်းအားနဲ့ ပြေပျောက်သွားတဲ့ဝေဒနာတွေ
ဖြစ်ပေါ်လာတဲ့ အင်အားတွေရယ် ။
ပြီးတော့...
ဒီအချစ်ကြောင့်ပဲ ကျိုးကြေခဲ့တဲ့ ငါ့စိတ်တွေ ။
တိတိကျကျပြောရရင် ကိုယ်ရောစိတ်ရော
ရခဲ့ဖူးတဲ့ဒဏ်ရာတွေဟာ မနည်းမနော ။
ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အတိတ်ဟာ အတိတ်ပါပဲ ။
လက်ရှိအချိန်မှာတော့ ပျော်အောင်နေနေပါတယ် ။
#crd#♥တန်ဖိုးထားချစ်ရဆုံးသူ♥#
ရော်နယ်ဒို၏သွင်းဂိုးစံချိန်ကို ဟာလန်း လိုက်မီနိုင်ခဲ့
-----------------------
အာဆင်နယ်အသင်းနဲ့ (၂)ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီးနောက် နော်ဝေ တိုက်စစ်မှူး ဟာလန်းဟာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး(၁၀၀) ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဟာလန်းဟာ ပြိုင်ပွဲစုံသွင်းဂိုး(၁၀၀) ပြည့်မြောက်ဖို့အတွက် မန်စီးတီးအသင်းနဲ့အတူ (၁၀၅)ပွဲ ကစားခဲ့ရတာပါ။
(၂၁)ရာစု ဘောလုံးလောကမှာ ကလပ်အသင်းတစ်သင်းတည်းအတွက် သွင်းဂိုး(၁၀၀) အမြန်ဆုံးပြည့်တဲ့ ကစား သမားအဖြစ် ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားခဲ့စဉ်တုန်းက ရော်နယ်ဒိုက ပွဲပေါင်း(၁၀၅)ပွဲနဲ့အတူ စံချိန်တင် ထားခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးတိုက်စစ်မှူး ဟာလန်းကလည်း ရော်နယ်ဒိုရဲ့စံချိန်ကို လိုက်မီသွားခဲ့ပြီဖြစ်ပြီး သွင်းဂိုး(၁၀၀)အမြန်ဆုံးပြည့်တဲ့ ကစားသမားအဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဟာလန်းဟာ မန်စီးတီး အသင်းကို (၂၀၂၂)ခုနှစ်မှာ ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်း အတွက် ခြေစွမ်းပြကာ သွင်းဂိုးတွေကို သွင်းယူနိုင်ခဲ့ပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီ (၂)ရာသီဆက် တိုက် ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ကစားသမားဆုကိုရရှိခဲ့သလို အခုဘောလုံးရာသီမှာလည်း မန်စီးတီး အသင်းအတွက် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၅)ပွဲမှာ သွင်းဂိုး(၁၀) ဂိုးအထိ သွင်းယူပေးထားခဲ့ပါတယ်။
အာလူးအစပ်ကြော်နည်း
-----------------------
ပါဝင်ပစ္စည်းများ
• အာလူး - ၅ လုံး
• ကြက်သွန်နီ - ၁ လုံး
• ကြက်သွန်ဖြူ - ၁ လုံး
• ပဲပုပ်မှုန့် - စားပွဲဇွန်း ၁ ဇွန်း
• ပဲငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
• ဆား - အနည်းငယ်
• ဆီ - ၂၅ ကျပ်သား
ပြုလုပ်နည်း
၁။ အာလူးကို အခွံနွှာ၍ ရေစင်အောင်ဆေးပြီး အတုံးသေးလေးများ လှီးထားပါ။
၂။ ဆီပူလာလျှင် တုံးထားသောအာလူးများကို ထည့်၍ ကြော်ပြီး ဆယ်ယူထားပါ။
၃။ အိုးထဲ ကြက်သွန်ဖြူ/နီကို ထည့်၍ ဆီသတ်ပြီး ကြော်ထားသောအာလူးများကို ထည့်ပါ။ ပြီးလျှင် အရသာအားလုံး ထည့်ပြီး နောက်ဆုံးမှာ ပဲပုပ်မှုန့်အနည်းငယ် ထည့်ပါ။
--------------------------------------------------