နွမ်နရီကို စာချုပ်သစ်ချုပ်ဆိုဖို့ အာဆင်နယ် ပြင်ဆင်

နိုဝင်ဘာ ၂၈

အာဆင်နယ်အသင်းဟာ လူငယ်ကြယ်ပွင့် နွမ်နရီကို အသင်းမှာ ကာလရှည်ကြာရှိမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ နာမည်ကြီးဂျာနယ်လစ် ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။

အသက် ၁၇ နှစ်အရွယ်ရှိ နွမ်နရီဟာ အာဆင်နယ်အသင်း လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာတဲ့သူဖြစ်ပြီး အသင်းရဲ့ အနာဂတ် အစီအစဉ်မှာ အရေးပါတဲ့သူအဖြစ် သတ်မှတ်ခြင်းခံထားရတာပါ။

အာဆင်နယ်အသင်းဟာ နွမ်နရီကို ဥရောပပြိုင်ဘက် အသင်းတွေရဲ့ စိတ်ဝင်စားမှု ခံရခြင်းကနေ ရှောင်ရှား ဖို့အတွက် ကာလရှည် စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

နွမ်နရီဟာ ဒီရာသီမှာ ပြသနေတဲ့ သူ့ရဲ့ခြေစွမ်းတွေကြောင့် ဥရောပကလပ်အသင်းအချို့ရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတာပါ။

နွမ်နရီဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ၁၀ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုး သွင်းယူထားပါတယ်။

အသက် ၁၇ နှစ်အရွယ်ရှိ ကစားသမားဟာ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းက နော်တင်ဟမ်ဖောရက်စ် အသင်းကို ၃ ဂိုး-ဂိုး မရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပထမဆုံး ပရီးမီယားလိဂ် သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာပါ။

အာဆင်နယ်အသင်းဟာ နွမ်နရီကို စာချုပ်သစ်အတွက် မကြာခင်မှာ သဘောတူညီမှု ရယူနိုင်ဖို့ မျှော်လင့်နေပြီး ကစားသမားကလည်း အသင်းမှာ ပျော်ရွှင်နေတာကြောင့် စာချုပ်သစ် အမြန်ဆုံးချုပ်ဆိုနိုင်ဖို့ ရှိနေပါတယ်။

နွမ်နရီဟာ အာဆင်နယ်အသင်းက စပို့တင်းလစ္စဘွန်းအသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လူစားဝင်အဖြစ် ပါဝင်ကစားသွားခဲ့တာပါ။

နွမ်နရီဟာ အင်္ဂလန်သက်တမ်းလိုက် အသင်းတွေမှာလည်း ခြေစွမ်းပြသနေပြီး လက်ရှိအချိန်မှာ အင်္ဂလန် ယူ-၁၉ အသင်းအတွက် ပါဝင်ကစားထားတဲ့ ၇ ပွဲမှာ ၆ ဂိုး သွင်းယူထားပါတယ်။

အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ နွမ်နရီကို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ပွဲကစားချိန် မိနစ်ပိုပြီးပေးနိုင်ဖို့ မျှော်လင့်ထားတာပါ။

အာဆင်နယ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နွမ်နရီဟာ လူစားဝင်အဖြစ်သာ ပါဝင်ရဖို့ရှိနေတာဖြစ်ပါတယ်။

ပုံ - နွမ်နရီကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image
1 နှစ် - ဘာသာပြန်ပါ။

ဟားခါးမြို့မှာ ကုန်စျေးနှုန်းမြင့်တက်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ အထွေထွေကျပ်တည်းမှုဖြစ်

နိုဝင်ဘာလ ၂၇ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ကုန်ပစ္စည်းအဝင်တွေနည်းပါးပြီး အခြေခံစားသောက်ကုန်တွေ စျေးမြင့်တက်သွားတဲ့အတွက် ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ အထွေထွေကျပ်တည်းမှုနဲ့ ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့လတွေဖြစ်ပွားတဲ့ ဟားခါးမြို့ တိုက်ပွဲအခြေအနေကြောင့် ကုန်တင်ကားသမားတွေဟာ အရင်ကလို မရောက်လာနိုင်တော့တဲ့အတွက် အခြေခံစားသောက်ကုန်တွေ အဝင်နည်းပါးပြီး ကုန်စျေးနှုန်းတွေ မြင့်တက်သွားခြင်းဖြစ်ပါတယ်။

"တိုက်ပွဲဖြစ်တော့ ကားလမ်းတွေ ပိတ်လိုက်၊ ဖွင့်လိုက်နဲ့ ပြီးတော့ ပြည်မဘက်က ကားသမားတွေ မလာရဲကြဘူး။ ဒေသခံကားသမားတချို့လောက်ပဲ ရောက်နိုင်တယ်။ အဲ့လိုဆိုတော့ ကုန်ပစ္စည်းအဝင်က နည်းသွားပြီး ကုန်စျေးနှုန်းတွေ တက်သွားတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဟားခါးမြို့မှာ အခြေခံစားသောက်ကုန်တွေ အဝင်နည်းပါးလာတဲ့အတွက် စားသောက်ကုန်တွေ အရင်ကလိုမျိုး ဝယ်ယူလို့မရတော့ပဲ ရှိတဲ့စားသောက်ကုန်တွေကလည်း အရင်ကထက် စျေးမြင့်တက်သွားတယ်လို့ သိရပါတယ်။

အဲ့ဒီလို အခြေခံစားသောက်ကုန်တွေ စျေးမြင့်တက်သွားတဲ့အတွက် ဟားခါးဒေသခံတွေနဲ့ ပလက်ဝ၊ တီးတိန်၊ ထန်တလန်၊ ဖလမ်းစတဲ့မြို့တွေက ဟားခါးမှာစစ်ဘေးရှောင်ကြတဲ့ စစ်ဘေးရှောင်ဟာ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့တခြား အထွေထွေကျပ်တည်းလာပါတယ်။

"အလုပ်အကိုင်လည်းရှားပါလာတော့ လူတွေက ပုံမှန်ဝင်ငွေမရှိဘူး။ ရတဲ့ဝင်ငွေကလည်း လက်ရှိကုန်စျေးနှုန်းနဲ့ မိသားစုစားဝတ်နေရေး မလောက်ဘူးဖြစ်နေတယ်။ နေ့စဥ်နဲ့အမျှကုန်စျေးနှုန်းတွေ တက်လာတယ်"လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

လက်ရှိ ဟားခါးမြို့ ကုန်စျေးနှုန်းမှာ ဆန်အမျိုးအစားပေါ်မှုတည်ပြီး တအိတ်ကို ၈၀,၀၀၀ ကျပ်ကနေ ၁၀၀,၀၀၀ကျပ်၊ ဝက်သား တပိဿာ ၃၅,၀၀၀ ကျပ်၊ ကြက်သား တပိဿာ ၃၂,၀၀၀ ကျပ်၊ ကြက်သွန်နီ တပိဿာ ၈၀၀၀ ကျပ်၊ အမဲသား တပိဿာ ၃၀,၀၀၀ ကျပ်၊ အာလူး တပိဿာ ၁၀,၀၀၀ ကျပ်၊ ကုလားပဲ တပိဿာ ၁၂,၀၀၀ ကျပ်၊ ကြက်သွန်နီ တပိဿာ ၈၀၀၀ ကျပ်ထိရှိပါတယ်။

#centralnewsnaypyitaw

image
Khine Su Zin မျှဝေသည်။ ပို့စ်  
1 နှစ်

1 နှစ်

ဆောင်းရာသီမှာ အဆီပြန် ဝက်ခြံအဆီဖုအသားအရေကို ဂရုစိုက်နည်း📍
ဆောင်းရာသီရောက်လဲ မျက်နှာအဆီပြန်တဲ့သူတွေက ပြန်ဆဲပါပဲ။ ရာသီဥတုအေးတာကြောင့် အသားခြောက်ပြီး အဆီပြန်တာလျော့သွားသလိုပဲ ရှိတာပါ။ Nyi အနေနဲ့ဆိုရင် ဝက်ခြံအဆီဖုသမားတွေက နွေရာသီလိုပူတဲ့ရာသီမျိုးထက် ဆောင်းရာသီလိုအေးတဲ့ရာသီမှာ ပိုအခက်တွေ့တယ်လို့ မြင်ပါတယ်။ ပူလို့အဆီပိုပြန်တာက oil control ဖြစ်တာတွေသုံးပြီး ထိန်းလို့ရပေမယ့် ဆောင်းရာသီလို မနက်နဲ့ညအေးပြီး နေ့ခင်းဘက်ပူတာမျိုးက skincare သုံးရတာလဲ လက်ပေါက်ခတ်သလို အခန့်မသင့်လို့ moisture များသွားရင်လဲ အဖုပိုထွက်မယ့်အဖြစ်မလို့။ Acne prone skin တွေ ဆောင်းရာသီမှာ ဂရုစိုက်ရမယ့်အချက်လေးတွေ ပြောပြပေးချင်ပါတယ်။
1. Cleansing
မနက်ခင်းကို foam cleanser တွေသုံးတာ ရှောင်ပေးပါ။ ဖြစ်နိုင်ရင် Cetaphil gentle skin cleanser, Simple refreshing facial wash တို့လိုမျိုး အမြုပ်ထွက်အားနည်းပြီး အစိုဓာတ်ပိုကျန်တဲ့မျက်နှာသစ်တွေ ရွေးသုံးပါ။ Morning cleansing step ကို skip လုပ်လို့လဲရပေမဲ့ အဆီပြန်တဲ့သူတွေက အဖုထွက်တတ်တော့ တရက်ခြားတခါလောက်ပဲ skip လုပ်စေချင်ပါတယ်။ ညဘက် double cleansing ကလဲ ကိုယ်က makeup, sunscreen အမြဲလိမ်းတဲ့သူဆိုရင် မလုပ်လို့လဲမဖြစ်ပြန်တော့ micellar water ထက်စာရင် အစိုဓာတ်ပိုကျန်တဲ့ oil/balm တွေပိုသုံးပေးပါနော်။
2. Toning
ဆောင်းတွင်းမှာ အစိုဓာတ်ရတဲ့ toner/essence တခုထည့်သုံးပေးတာလဲ အကြံကောင်းတခုပါပဲ။ Oil control toner တွေကိုတော့ လောလောဆယ်လက်ရှောင်ထားစေချင်တယ်။ Gel type, Milk type toner တွေသုံးလို့အဆင်ပြေပေမဲ့ ကိုယ်ကအဖုထွက်တတ်တဲ့ အသားအရေမျိုးဆိုရင် အလွန်အကြွံမလိမ်းမိဖို့ ဂရုပြုပေးပါ။ အဆီတထပ် ရေတထပ်ပါတဲ့ toner/essence တွေကိုတော့ ဝက်ခြံအဆီဖုသမားတွေက ဆောင်းရာသီမှာလဲ ရှောင်ဖို့လိုပါတယ်။ အသားအရေတင်းခြောက်ပြီး ယားယံလွယ် sensitive ဖြစ်လွယ်တဲ့ ရာသီဖြစ်တာမလို့ အမွှေးနံ့, alcohol များတာတွေရှောင်ဖို့လဲ သတိပေးပါရစေခင်ဗျာ။
3. Moisturizing
သုံးနေကျ moisturizer နဲ့အဆင်ပြေရင် ဆောင်းရာသီမှာ ပြောင်းမသုံးလဲရပါတယ်။ ဒါမှမဟုတ် အသားခြောက်လာတယ်၊ အတွင်းထဲမှာတင်းကပ်ပြီး အစိုဓာတ်လိုသလိုဖြစ်လာတယ်၊ အပေါ်ယံမှာ အဖတ်အဖတ်တွေလန်လာတယ်ဆိုရင်တော့ moisturizer ပြောင်းသုံးပေးဖို့ လိုလာပါပြီ။ အဲ့လိုဖြစ်ရင် တခြား steps တွေထက် moisturizer ကိုအဓိက change လုပ်ရပါမယ်နော်။ Moisturizer ပြောင်းသုံးတာတောင် မလုံလောက်မှ ကျန်တာတွေလဲပေးပါဗျ။ အရမ်းထူပျစ်နေတာမျိုး သုံးမှမဟုတ်ပါဘူး။ များသောအားဖြင့် ဝက်ခြံအဆီပြန်သမားတွေက gel cream/lotion လောက်နဲ့ လုံလောက်တာများပါတယ်။
4. Exfoliating
ကျိန်းသေပေါက် လျှော့ရမယ့် step ပါ။ Nyi အနေနဲ့ကတော့ လိုရမယ်ရ တပတ်တကြိမ်သာ လုပ်စေချင်ပါတယ်။ ပစ္စည်းတွေပြောင်းသုံးသော်လဲ အသားအရေကခြောက်အက်ကွဲနေဆဲ၊ sensitive skin friendly ဖြစ်တာတွေ ရွေးပေမဲ့လဲ အသားအရေက irritation တွေရနေဆဲဆိုရင် သေချာပါပြီ။ Over-exfoliation ဖြစ်လိမ့်မယ်။ ပုံမှန်အချိန်မှာ exfoliate လုပ်တဲ့အကြိမ်ရေကကို ဆောင်းရာသီမှာ over-exfoliate လုပ်သလို သဘောသက်ရောက်ပါတယ်။ Leave on exfoliant သုံးတဲ့သူတွေက ပိုသတိထားပေးပါ။ Recommend လုပ်ရရင်တော့ ဒီရာသီမှာ peeling gel ကို Nyi ပိုအားသန်ပါတယ်။ No Clay mask pls!
5. Protecting
သိပ်မပူတဲ့ဆောင်းရာသီကို ရောက်လာတာကြောင့်ရော၊ skincare တွေစျေးကြီးလာတာကြောင့်ရော ပေါင်းလိုက်တဲ့အခါ မနှစ်ကထက် ဒီနှစ် sunscreen ပိုမလိမ်းကြတော့မှာ Nyi မြင်ယောင်ပါတယ်။ ဒါပေမဲ့လဲ sunscreen သာမလိမ်းရင်မလိမ်းမယ်၊ exfoliate လုပ်တာကိုတော့မရပ်မယ့် ကိုယ့်လူတွေအကြောင်းကို တကွက်ကြိုပြီးသိလေတော့ အကြံတခုပေးပါရစေ။ Sunscreen ကိုစျေးကြီးပေးရတာချင်းအတူတူ ခုဆောင်းရာသီအတွက် moisturizer ကျော်လိမ်းလို့အဆင်ပြေမယ့် moisturizing sunscreen မျိုးရွေးချပစ်ပါ။ 2 fingers လိမ်းရမယ်လို့ Nyi မပြောလိုပါဘူး၊ မနည်းလွန်းတဲ့ပမာဏတခုဆို ကျေနပ်ပါပြီ။
ဒီအချက်တွေလိုက်နာရင်တော့ ဆောင်းရာသီရောက်လဲ ကိုယ့်လူတွေမမှုဘဲ ဆက်လှနေအုံးမှာ မြင်ယောင်ပါတယ်။ မေးချင်တာရှိရင် comment မှာရေးခဲ့ပါနော်။ စာအဆုံးထိဖတ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ဗျ🫶😘
#knowledgesharingbynyi
#reviewbynyi
#crd

🌾 စားနပ်ရိက္ခာအတွက် အရေးပါလှ တဲ့ ဆန်စပါးနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေပါ။
#english_စာ_သင်ကြမယ်
#rice
#vocabulary

image
1 နှစ် - ဘာသာပြန်ပါ။

Part-1
ရာဇဝင်ထဲမှာ မောင့်ကိုထားရစ်ခဲ့
________________________________ဂျူး
နင့်အပြုံးကြောင့် … ငါ့ကိုယ်ငါ ရှက်သွားတယ်ဆိုရင် နင်အံ့သြမိမလားမသိဘူး။ ... တကယ်ကို ငါရှက်သွားတယ်။ အမှန်က နှစ်နှစ်တောင် ကြာခဲ့ပြီပဲ။ ဒီလောက်ကြာမှတော့ တစ်ဖက်က ပြောင်းလဲတဲ့ အခြေအနေကို … လိုက်ပြီး ငါ့ဘက်ကလဲ ပြောင်းလဲသင့်တာပေါ့။ အနည်းဆုံးဟာ.. နင်ပြုံးပြလိုက်တဲ့ အပြုံးမျိုးလေးကိုတော့ ငါတုံ့ပြန်နိုင်ဖို့ သင့်တာပဲ။ ဒါပေမယ့် နင်ပြုံးသလို ငါမပြုံးတတ်ဘူး။ ဒီအတွက် ငါ့ကိုယ်ငါ ရှက်တယ်။
နင့်အပြုံးမှာ ငါ.. ဘာအရိပ်အယောင်ကိုမှ မတွေ့လိုက်ဘူး။
သံယောဇဉ် အရိပ်အယောင်ကိုလည်း မမြင်၊ ကြင်နာရိပ်ဆိုတာလည်း မတွေ့၊ တမ်းတတဲ့ အနေအထားမျိုးလည်း မရှိ၊ လွမ်းရိပ်ဆိုတော့ ဝေးရော။ ငါ ချီးကျူးပါတယ်။ ဒါလောက်သန့်စင်တဲ့ အပြုံးမျိုးကို ပြုံးနိုင်လို့ နင့်ကို ငါချီးကျူးပါတယ်။
ငါ နင့်ကို တွေတွေဝေဝေ ကြည့်ရင်းက ပြန်ပြုံးပြဖို့ ကြိုးစားလိုက်ပါသေးတယ်။ ပြုံးတော့ ပြုံးလိုက်တာပဲ။ ဒါပေမယ့် … ငါသိလိုက်ပါတယ်။ ငါ့နှုတ်ခမ်းတွေ လှုပ်သွားကြပေမယ့် အပြုံးတစ်ခု ဖြစ်မသွားဘူးဆိုတာ။ အဲဒီလို သိလိုက်တဲ့ အချိန်မှာပဲ ဝမ်းနည်းမှုနဲ့အတူ ရှက်ကြောက်မှုကိုပါ ငါခံစားလိုက်ရတယ်။ ငါ့ရှေ့မှာ လာရပ်တဲ့ နင့်ကို မကြည့်ရဲသလို ဖြစ်နေတယ်..။
အမှန်ကတော့ နင့်ကို အဝေးကတည်းက မြင်ပြီးသားပါ။
ဟို... အဝေးကတည်းက နင်မှန်းသိပြီးသားပါ။ ငါ ဘယ်လို မေ့နိုင်မှာလဲ။ ဒီလို လမ်းလျှောက်ဟန်၊ ဒီလိုပုံစံကို ငါ ဘယ်လိုလုပ်ပြီး မေ့နိုင်မှာလဲ။
ထဘီကို ညာဘက်ခါးမှာ လာညှပ်ထားပြီး ကလည်း နင်လမ်းလျှောက်တဲ့ပုံက တစ်မျိုး။ မျက်နှာကို ခပ်ပင့်ပင့် ကြော့ကြော့လေး လျှောက်တာမျိုးမှ မဟုတ်ဘဲ နင်က မျက်နှာကို အမြဲတမ်း ငုံ႔ထားတာနော်။ ညာဘက်ကို ခေါင်းငဲ့ထားတော့ ဖြန့်ချထားတဲ့ ဆံပင်တွေက ညာဘက်ပိုကျနေသလိုထင်ရတယ်။ ထဘီကို ညာဘက်ခါးမှာ လာညှပ်ထားပြီး ထဘီဘေးအနားကို … ခပ်လျော့လျော့ ဖိထားတတ်တယ် မဟုတ်လား။ နင့်ထဘီက ခြေမျက်စိဖုံးတာထက်တောင် ကျော်ချင်သေးတယ်။
ကိုယ်ကို နွဲ့တာလည်း မဟုတ်ဘဲနဲ့ ယိုင်ယိုင်လေး လျှောက်တတ်တဲ့ နင့်ဟန်ကိုလေ.. ငါဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး။
ဒီတော့လဲ.. ဟို.. အဝေးမှာကတည်းက နင်မှန်းသိလိုက်တယ်။ နှစ်နှစ်လောက် မမြင်ရတဲ့ နင့်သဏ္ဍာန်ကို မြင်လိုက်ရတော့ ငါ့ရင်ထဲမှာ ဘယ်လို ဖြစ်သွားမှန်းမသိဘူး။ အမှန်အတိုင်းဆိုရင် နင့်ကို ငါမတွေ့ချင်ဘူး။ မတွေ့ချင်ဘူးဆိုတာမှာလဲ နင့်ကိုတွေ့ရင် ခံစားလိုက်ရမယ့် ဝေဒနာကို ငါကြောက်လို့ပါပဲ။
ဒါပေမယ့် ဘယ့်နှယ်လုပ်မလဲ.။
ငါ ရပ်နေရာကနေ ရှေ့ဆက်လျှောက်ရင် နင်နဲ့ပိုနီးမယ်။ နောက်ကိုလည်း လှည့်သွားလို့ မဖြစ်ဘူး။ ဖူးစာကုန်းဆိုတာက လာလမ်း အပြန်လမ်း ဒီတစ်လမ်းပဲရှိတဲ့ မြစ်ကမ်းပါးကြီး မဟုတ်လား။ ငါ နောက်ဆုတ်သွားလို့မှ မဖြစ်ဘဲ။ အပြန်လမ်းကို ဆက်လျှောက်ဖို့ကျတော့ နင်က လျှောက်လာနေပြီ။
ဘာလုပ်ရမှန်း မသိတဲ့အတူတူတော့ ရပ်နေလိုက်တာဟာ အကောင်းဆုံးပဲလေ။
နင်ငါ့ကို အဝေးတုန်းက လှမ်းမြင်မှာ မဟုတ်ပါဘူး။ နင်က လမ်းလျှောက်ရင် နင့်ရှေ့နှစ်ကိုက်လောက်က မြေပြင်ကိုပဲ ငေးနေတတ်တယ် မဟုတ်လား။ ငါကတော့ ပြန်မယ်လို့ လမ်းဘက်ကို ခြေစ,ထားတဲ့သူ။ ဒီတော့ ငါကပဲ စ.မြင်တယ်။
နင်တော့မသိဘူး။ ငါတော့ မြင်မြင်ချင်း တုန်လှုပ်သွားတာပဲ။ နင့်ဆီက မျက်နှာလွှဲပြီး ရှေ့က မြက်ပင်လေးတွေကို ငေးကြည့်နေမိတာ..။ နင် ငါ့မြင်ကွင်းထဲ ရောက်လာတဲ့ထိပဲလေ။
ငါ့ကို လှမ်းမြင်ရင် နင်လာလမ်းကိုများ ပြန်လှည့်မလားလို့ ပထမ တွေးမိသေးတယ်။ ဒါပေမယ့် နင်ကပညာရှိပဲ။ လူမိုက်အလုပ်ကို မလုပ်ဘူးဆိုတာ တွေးမိပါတယ်။
စ,မြင်လိုက်တုန်းက ဆုံရင် ပြုံးပြရမလား၊ ဘယ်လို ပြုံးရမလဲ … စဉ်းစားထားတယ်။ စဉ်းစားလို့ မရဘူး။ နင်ကတော့ တော်ပါတယ်ဟာ၊ သွားရင်းဟန်လွဲ မိတ်ဆွေပြုံးနဲ့တောင် ငါ့ကို နှုတ်ဆက်တတ်နေပြီပဲ။
“တစ်ယောက်တည်းလား…."
ကြည့်စမ်း..။ ငါ့ရင်ထဲမှာ ဘယ်လိုဖြစ်သွားမယ်ဆိုတာ နင်တွေးမိရဲ့လား။ မေးရက်လိုက်တာ။ နင်ပဲ ငါ့ကို တစ်ယောက်တည်း ထားပစ်ခဲ့တာမို့လား။
ဒီတစ်ခါတော့ ခေါင်းညိတ်ဖြစ်ပါတယ်နော်။ နင့်ကို ကျေးဇူးတင်ပါတယ်။ ငါနှုတ်ဆက်ရခက်၊ အပြုံးရခက်နေတဲ့ ဒီအချိန်မှာ နင်က စ,နှုတ်ဆက်လို့။ (ရင်လဲနာရပါတယ်)
‘တစ်ယောက်တည်းလားလို့ မေးခံရတဲ့ ဝေဒနာဟာ တစ်ယောက်တည်း ထားခဲ့လို့ ခံရတဲ့ ဝေဒနာနဲ့ မထူးပါဘူးဟာ။ ရင်နာနာနဲ့ နင့်ကိုငေးနေတဲ့အချိန်မှာ ငါ့လက်ဖျားတွေ အေးစက်လာလို့ ငါ့လွယ်အိတ်ကို တင်းတင်း ဆုပ်ကိုင်လိုက်ရတယ်။
တုန်ယင်နေတဲ့ ငါ့အထက်နှုတ်ခမ်းကြောင့်လား..။
ဝေဒနာရိပ်လွှမ်းနေတဲ့ ငါ့မျက်လုံးကြောင့်လား..။
ဟန်လုပ်ပြီး ခပ်မော့မော့ရပ်နေပေမယ့် ယိုင်နွဲ့နေတဲ့ ငါ့ဟန်အစစ်ကို နင်တွေ့သွားလို့လား..။
လွယ်အိတ်ကိုပဲ ဖိဆုပ်ထားတဲ့ ငါ့လက်တွေကတစ်ဆင့် လှုပ်ရှားနေတဲ့ ငါ့စိတ်ကို ရိပ်မိသွားလို့လား.. ကွဲကွဲပြားပြားတော့ မသိဘူး။ အဲဒီထဲက တစ်ခုခုကြောင့်ပဲ ထင်တယ်။ နင့်အပြုံးက မှိန်သွားတယ်။ နောက်ပြီး ငါ့အထင်က သံယောဇဉ်ရိပ်ကလေးကိုလဲ နှင့်မျက်လုံးမှာ တွေ့လိုက်ရသလိုပဲ။
ဒီနှစ်နှစ်အတွင်းမှာ နင့်ပုံစံကလဲ ဘာမှ မပြောင်းလဲပါလား။
ဆံပင်ကို အရင်တုန်းကလိုပဲ နဖူးပေါ်က အားလုံးသိမ်းပြီး နောက်ကိုလှန်ထားတယ်။ နင့်နဖူးက အလျင်လို ရှင်းနေတုန်းပဲ။ နားသယ်စပ် နှစ်ဖက်ဆီမှာတော့ အလျင်လို ဆံပင်တွေက အုပ်ပြီးကျနေတယ်။ မျက်ခုံးကလဲ ခပ်ပါးပါး ခပ်မျှင်မျှင်ပဲ။ အလျင်ကလိုပါပဲ။ ဘာကိုမျှ ထပ်ဖြည့်ဆွဲထားတာ မရှိပါဘူး။ အို.. ဘာမှကို မပြောင်းလဲသေးပါဘူးလေ။ ပြောင်းလဲတာကတော့ အချိန်တွေရယ်၊ နင့်သဘောထားတွေရယ်။
ဪ... ကြည့်ပါဦး..။
နင့်ဆံပင်မှာ စကားပွင့် ဖြူဖြူလေးကလဲ အရင်လိုပါဘဲလား။ စကားပွင့်လေးကို … ငါငေးနေမိတာ အကြာကြီးပဲ။ နင်ကလဲ ငါ့ကို ငေးနေပါတယ်။ နင်ဘာတွေ တွေးနေမလဲ။
ငါ့ပုံစံ ဘာမှ မပြောင်းလဲသေးတာကို နင်တွေးနေမှာပေါ့..။
ငါ့ဆံပင်ကို အရင်လို ညာဘက်က ခွဲထားသလား နင်ကြည့်မယ်။ အင်္ကျီ လက်ကို ကြယ်သီးမတပ်ဘဲ အရင်လို ဖိုးရိုးဖားရား ချထားလား.. နင်ကြည့်မယ်။ အပေါ်ဆုံး ရင်ဘတ်ကြယ်သီးကို အရင်လိုဖြုတ်ထားသလား.. နင်ကြည့်မယ်။ လွယ်အိတ်ကို အရင်လို ပခုံးစလွယ်သိုင်း လွယ်သေးသလား..နင်ကြည့်မယ်။
#crd

image
1 နှစ် - ဘာသာပြန်ပါ။

Scrubတိုက်ပြီး အသားအရေပြဿနာတွေဖြေရှင်းကြရအောင်😍❤️
အကောင်းဆုံးအာနိသင်ကို 3ပတ်အတွင်းသိသိသာသာရမဲ့body scrubဖြစ်ပါတယ်
Reviewတွေလဲရှာဖတ်နိုင်ပါတယ်❤️
-Fine grade Qualityကော်ဖီမှုန့်စစ်စစ်ကြောင့် နေလောင်ပြီးညိုညစ်နေတဲ့အသားအရေကို 3ဆသိသိသာသာသက်သာစေမယ်
-Polish+Mask effectရပြီးသားမို့ အစိုဓာတ်ထိန်းထားပြီးသားဖြစ်မယ် sensitivity skinတွေကအစသုံးလို့ရပါမယ်
-ဟိုကြားဒီကြားမဲတာတွေ/ကြားဆူတွေ/body acne scarsတွေလဲ တစ်ပတ်3ကြိမ်လောက်သုံးပေးရုံနဲ့သိသိသာသာသက်သာစေပါတယ်
-vitamin E*vitamin C ပါဝင်မှုကြောင့် အသားအရေကိုသိသိသာသာကြည်ဝင်းချောမွေ့စေပါမယ်
#glowgallerycoffeescrub
#glowyourdays

imageimage
1 နှစ် - ဘာသာပြန်ပါ။

ဆူးလေစေတီတော်ကြီးရဲ့ ယခင်နှင့်ယခု
#rgyichannel #crd_to_owner_with_respect #knowledgesharing #myanmar #yangon #ရန်ကုန် #ဆူးလေ

image