2 နှစ်များ - ဘာသာပြန်ပါ။

လူမှုကွန်ရက်စာမျက်နှာများတွင် ချီးကျူးခံရသည့် YBS ယာဉ်မောင်းများအား ဆုချီးမြှင့်မည်

ဒီဇင်ဘာ ၂၆

(၂၀၂၄)ခုနှစ်အတွက် YBS စံပြယာဉ်မောင်းဆုနှင့် တာဝန်သိယာဉ်‌မောင်းဆုအပြင် လူမှုကွန်ရက်စာမျက်နှာများတွင် ချီးကျူးခံရသည့် ယာဉ်မောင်းများကိုပါ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို‌့ဆောင် ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောကြားသည်။

၎င်းက ယခုရက်ပိုင်းအတွင်း တာမွေမြို့နယ်ရှိ YRTC ရုံးချုပ်၌ ကျင်းပသော သတင်းစာရှင်း လင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ YRTC အနေဖြင့် စံပြယာဉ်မောင်းဆုနှင့် တာဝန်သိ ယာဉ်မောင်းဆုချီးမြှင့်ခြင်းအခမ်းအနားကို (၂၀၂၂)ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စံပြယာဉ်မောင်း ဆုပေးအပ်ရာတွင် YBS ကုမ္ပဏီများမှ ရွေးချယ်ပေးသူများကို ဆုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အဓိက ကတော့ စံပြယာဉ်မောင်းဆုကို ပေးတဲ့အခါမှာ (YBS ကုမ္ပဏီများမှ) ရွေးချယ်ပေးတဲ့အပေါ်မှာပဲမဟုတ်ဘဲနဲ့ ကျွန်တော်တို့ YRTC ရဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းမှုမှတ်တမ်းအရစစ်ဆေးပြီးမှ ပေးသွားမှာဖြစ်ပါတယ်။ တာဝန်သိယာဉ်‌မောင်းဆုကတော့ ဒီခရီးသည်တွေကနေ ကျန်ခဲ့တဲ့ပစ္စည်းတွေကို ပြန်လည်ပေးအပ်တဲ့ ယာဉ်မောင်းတွေကိုပေးတာ ဖြစ်ပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ ဒီအတိုင်းပေးသွားမှာဖြစ်ပါတယ်။ ပြီးတော့ Social Media တွေပေါ်မှာ ယာဉ်မောင်းတွေကို ဝန်ဆောင်မှု ကောင်းတယ်လို့ ချီးကျူးတာရှိပါတယ်။ အဲဒါကိုလည်း ဒီနှစ်ထဲမှာ ပေးသွားမှာဖြစ်ပါတယ်"ဟု ဦးလျန်ကျင့်မာန်က ပြောသည်။

အဆိုပါ YBS စံပြယာဉ်မောင်းဆုနှင့် တာဝန်သိယာဉ်မောင်းဆု ချီးမြှင့်ခြင်းအခမ်းအနားကို လာမည့် (၂၀၂၅)ခုနှစ် ဇန်နဝါရီလတွင် ကျင်းပားရန် စီစဉ်ထားကြောင်း သိရသည်။ YBS ယာဉ် စုစုပေါင်း (၅၅၀ဝ) ကျော်အနက် ယာဉ်စီးရေ (၃၅၀ဝ)ကျော် နေ့စဉ်ပြေးဆွဲလျက်ရှိပြီး ယာဉ်မောင်းဦးရေမှာ (၇၀ဝဝ)ကျော်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် (၂၀၂၃)ခုနှစ်အတွက် စံပြယာဉ်မောင်းဆုနှင့် တာဝန်သိယာဉ်မောင်းဆုရရှိသည့် YBS ယာဉ်မောင်းစုစုပေါင်း (၉၈)ဦးထိရှိခဲ့ပြီး စံပြယာဉ်မောင်းဆု ရရှိသူဦးရေ (၄၄)ဦးနှင့် တာဝန်သိယာဉ်မောင်းဆုရရှိသူဦးရေ (၅၄)ဦး ရရှိခဲ့ကြောင်း သိရသည်။ (၂၀၂၃) ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများကို မှတ်သားဖမ်းဆီးသည့်အမှုပေါင်း (၅၁၄၈၆)မှုအပြင် Yangon Bus Operator (YBO) က ဖမ်းဆီးသည့်အမှုပေါင်း (၅၃၁၈)မှုရှိကြောင်း သိရသည်။

#centralnewsnaypyitaw

image

၂၀၂၄ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့ ညပိုင်း ရန်ကုန်မြို့ ကျိုက္ကဆံလမ်းမှာရှိတဲ့ စိန့်ဖရန်စစ်ဘုရားကျောင်းနဲ့ ဗိုလ်အောင်ကျော်လမ်းက စိန့်မေရီကာဒီဒြယ် ဘုရားကျောင်းအတွင်း/အပြင်မြင်ကွင်းတွေနဲ့ စျေးဝယ်စင်တာတွေအတွင်း ခရစ္စမတ်ကာလအလှဆင်ထားတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ- @PRT

#သတင်းဟင်းလေးအိုးကြီး

imageimage
+12
2 နှစ်များ - ဘာသာပြန်ပါ။

၁၉၇၂ ခုနှစ်က ဓာတ်ပုံဆရာ နစ်ခ်ဒီဝုဖ် မှတ်တမ်းတင်ရိုက်ကူးခဲ့သော မြန်မာလုံမလေးတို့၏ ပုံရိပ်များ (ရန်ကုန်)
📸 Nick DeWolf
#oldburma
#ရှေးရှေးတုန်းကဗမာပြည်
#crd_photo

image

ပုဇွန်ငရုတ်သီးစိမ်းအစပ်ချက်
~~~~~~~~~~~~~~~~~~~~~~~~~
ပုဇွန်၃၀သားအတွက်ဆီ၅ကျပ်သားကြက်သွန်နီအနေတော်၄လုံးကြက်သွန်ဖြူ၁၀မွှာငရုတ်သီးစိမ်းအစပ်ကြိုက်သလောက်ချယ်ရီခရမ်းချဉ်သီး၁၀လုံးငါးပိစိမ်းစားအရည်ဖျော်ထမင်းစားဇွန်းနဲ့၃ဇွန်းရေနွေးတဖန်ခွက်လိုပါတယ်ရှင့်

ဆီအိုးတည်ပြီးဆီပူလာရင်ကြက်သွန်ဖြူနီထောင်းထားတာထည့်ပါနနွင်းနဲနဲထည့်ပါပုဇွန်အခွံ့တဝက်ခွာထားတာထည့်ပါခရမ်းချဉ်သီးခြမ်းထားတာထည့်ပါပြီးရင်ငရုတ်သီးစိမ်းမညက်တညက်ထောင်းထားတာထည့်ပါ

ရေနွေးတဖန်ခွက်ထည့်ပြီးအပေါ့အငန်စိတ်ကြိုက်ထည့်ပါ၂မိနစ်လောက်နေရင်တော့ပုဇွန်ငရုတ်သီးစိမ်းချက်ပူစပ်ပူလောင်လေးကိုထမင်းပူပူရေနွေးပူပူနဲ့တခြားဘာဟင်းမှမလိုဘဲစားလို့ရပါပြီရှင့်

Credit: Kyi Kyi

image

2 နှစ်များ

မြန်မာနိုင်ငံသား အတွက်ဆိုပြီး သီးသန့်ပေးလာတဲ့ ထိုင်းနိုင်ငံရှိ နာမည်ကြီး တက္ကသိုလ်တစ်ခုဖြစ်တဲ့ Mahidol university နဲ့ Norway ကနေပေါင်းပြီးပေးတဲ့ Fully Funded Scholarship ဖြစ်ပါတယ်။
To Apply: https://graduate.mahidol.ac.th..../admission-inter/log

#crd

image

မြန်မာနိုင်ငံသား အတွက်ဆိုပြီး သီးသန့်ပေးလာတဲ့ ထိုင်းနိုင်ငံရှိ နာမည်ကြီး တက္ကသိုလ်တစ်ခုဖြစ်တဲ့ Mahidol university နဲ့ Norway ကနေပေါင်းပြီးပေးတဲ့ Fully Funded Scholarship ဖြစ်ပါတယ်။
To Apply: https://graduate.mahidol.ac.th..../admission-inter/log

#crd

image

ဘဝမှာ ဘာတွေလိုချင်လဲလို့ မေးလာတဲ့အခါ….
ဒိတိုင်း “စိတ်အေးချမ်းမှု” လို့ဖြေမိမှာ။
ဘာလို့ဆို ကျွန်တော်တို့ဟာ ဘဝအတွက်အရေးကြီးတာ
မှန်သမျှကို ကြိုးစားရှာဖွေနိုင်ခဲ့ပေမဲ့တကယ့်ကိုမှ ‘’လွှတ်လပ်ခြင်း’’ ‘’အေးချမ်းခြင်း’’
ဆိုတဲ့အရသာကို ကောင်းမွန်စွာအပြည့်ဝ မခံစားနိုင်ခဲ့ခြင်းကြောင့်ဘဲ။
#စာရယ်ကဗျာရယ်
#as

2 နှစ်များ - ဘာသာပြန်ပါ။

~~~ အမှတ်တရ ~~~ { ၈ }
ဂျူး
အကျင့်ပါနေသော ကျွန်မ လက်က မောင့် လက်ကောက်၀တ်ကို သွေးတိုးနှုန်း စမ်းမိတော့၏ ။ ဟုတ်သားပဲ မောင့်အသားတွေ ပူနေလိုက်တာ ။ သွေးတိုးနှုန်း မြန်နေ၏။ ကျွန်မကြောင့် မဟုတ်ပါ။ အဖျားသွေးကြောင့် ဖြစ်ပါသည်။
“မောင် အရည် တစ်ခုခုပဲ သောက်မယ်”
“ဒီလိုမှန်းသိရင် လက်ဖက်ရည်ဆိုင်သွားပါတယ် ။ ကျွန်မ သိပ်မဆာပါဘူး”
“စားပါ … စားပါ ။ မောင်ကြည့်နေမှာပေါ့ ။ ချစ် ထမင်းစားတာကို မကြည့်ရတာ ကြာသွားပြီ ရိုးရိုးသားသား စကားပါနော်”
“သြော် .. ခက်ပါပြီ”
မောင်ရော ကျွန်မရော စိတ်ပေါ့ပါးစွာ အသံထွက် ရယ်မောမိကြ၏ ။ ကျွန်မ ထမင်းစားနေစဉ် မောင်က စပါကလင်တစ်ပုလင်းဖြင့် ငေးမောနေပါသည်။
“ဘာဆေးသောက်ထားလဲ မောင်”
“ဘာမှ မသောက်ဘူး”
“ဟာ .. ဒီဆရာ၀န်ကလည်း ဘယ်လိုလဲ”
ပြုံးနေသော မောင့်နှုတ်ခမ်းမှာ အနည်းငယ် ခြောက်သွေ့နေ၏ ။ အဖျားကြောင့် ခြောက်သွေ့နေတာ ဖြစ်မှာပါ။
အရေပြားပါးလျား၍ နူးညံ့သော မောင့်နှုတ်ခမ်း လုံးလုံးလေးကို ကြည့်ရင်း ကျွန်မ တစ်ကိုယ်လုံး နွေးခနဲ ရှက်သွား၏။ ရှက်စိတ်ဖြင့်ယောင်ယမ်း၍ မျက်စိပင် မှိတ်ပစ်လိုက်မိ၏။
“ဆေးခန်း တစ်ခုခုမှာ ဆေးထိုးပါလား မောင် ၊ နေဦး ။ သည်နားဆို ဘယ်သူ့ ဆေးခန်းပါလိမ့်”
“မသွားချင်ပါဘူး”
“ဟာ …. ဒီအတိုင်းနေလို့ ဘယ်ဖြစ်မလဲ”
“ဖြစ်ပါတယ် ။ ရထားပေါ် မတက်ခင်ကတည်းက ဖျားနေတာ ။ မောင်က ဒီလိုပါပဲ ။ ခရီးသွားရင် ဖျားတတ်တယ်လေ။”
“အအေးမိတာလား”
“ထင်ပါရဲ့”
“ချောင်းဆိုးလား”
“ဟုတ်ကဲ့”
မောင့်မျက်နှာသည် နည်းနည်း ပြုံးနေ၏။
“လည်ချောင်းနာသလား”
“ဟုတ်ကဲ့”
ကျွန်မ ရယ်မောလိုက်၏။
“ဆရာမ ၊ ကျွန်တော် ဘာဆေးသောက်ရမလဲ”
“အိုး ဘရမ်ဒီ”
မောင်က ဟက်ဟက်ပက်ပက် ရယ်မောသည်။
“ဒီကပြန်ရင် ဆေးဆိုင်၀င်မယ် ။ ဆေးနည်းနည်း၀ယ်ရအောင်လေ ။ ပြီးတော့ မောင်လိုက်ပို့ပါ့မယ်”
“မပို့ပါနဲ့"
#ဆက်ရန်ရှိ

image
2 နှစ်များ - ဘာသာပြန်ပါ။

Merry Chrismas to you all.

image

Part_5
မောင်သာနိုးဘာသာပြန်တဲ့ ဘောင်းဘီဝတ်မိုးတိမ်
“မာရီယာ၊ တိုးခဲ့စမ်းပါ။
ဝတ်လစ်စားလစ် အရှက်မဲ့မှု။
ကြောက်ရွံ့ရွံ့ တုန်ရီမှုတွေနဲ့
မင်းနှုတ်ခမ်းတို့ရဲ့ ပန်းဦး မခြွေရသေးတဲ့
နှစ်လိုဖွယ်ကို ပေးပ။
ငါ့ရဲ့နှလုံးသားဟာ တစ်ခါမှ မေလအထိ
မနေခဲ့ရ။
ရှိခဲ့ရဲ့၊ ဧပြီတစ်ရာမျှ။

မာရီယာ
ကဗျာဆရာဟာ တျာနာအဖို့
ဆောနဲ့တ်တွေ သီခဲ့တယ်။
ငါကတော့-
သွေးသားနဲ့ လုံးဝ
လုံးဝ လူသားမျှ
မင့်ကိုယ်ကာယ သက်သက်ကို တောင်းတယ်
ခရစ်ယာန်တွေ တောင်းကြသလိုနှယ်
"ယနေ့အဖို့ စားစရာ အစားအစာကိုလည်း
ကျွန်ုပ်တို့အား ပေးသနားတော်မူပါ”
မာရီယာ - ပေးလော့။
မာရီယာ
မင့်နာမည်ကို မေ့သွားမှာ ငါစိုးတယ်၊
ညရဲ့ ဒုက္ခထဲ မွေးဖွားလာခဲ့ပြီး
ကြီးမြတ်မှုအရာ
ဘုရားသခင်ကို တုပနိုင်တဲ့ စကားတစ်လုံးကို
မေ့သွားမှာ ကဗျာဆရာ စိုးသလိုမျိုး။

မင့်ကိုယ်ခန္ဓာကို
ငါ စောင့်ရှောက်မယ်၊ ချစ်မယ်၊
စစ်ပွဲမှာ
ကျိုးပြတ်ခဲ့ရတဲ့၊ လိုသူ မဲ့တဲ့
ပိုင်သူ မဲ့တဲ့
စစ်သားဟာ
သူ့ရဲ့ တစ်ချောင်းတည်း ခြေထောက်ကို
စောင့်ရှောက်သလိုမျိုး။
#ဆက်ရန်ရှိ