2 yrs - Translate

"တွေးပူတတ်တဲ့အကျင့်ကို လျှော့ပါ"

◾️ဘယ်ကိစ္စကိုမဆို တွေးပူနေတဲ့အကျင့်က အလုပ်ကို
နှောင့်နှေးစေနိုင်တဲ့အကျင့်တွေထဲက ထိပ်ဆုံးကပါပဲ။ ဘယ်လောက်ပဲ အစွမ်းအစရှိရှိ၊ ကြိုးစားချင်စိတ်ရှိရှိ
အဲဒီတွေးပူနေတတ်တဲ့အကျင့်ကြီး ရှိနေရင် ခရီးမတွင်ပါဘူး။

"ငါ လုပ်နိုင်ပါ့မလား"
"အဆင်မပြေရင် ဘယ်လိုလုပ်မလဲ"
"သူများတွေက ဘာပြောကြမလဲ"
"အောင်မြင်နိုင်ရဲ့လား မသိဘူး"
"ရှုံးနိမ့်သွားရင် ဘယ်လိုနေမလဲ"
စတဲ့ အတွေးတွေက တစ်ခုခု စလုပ်ချင်တဲ့စိတ်ကို
အားနည်းသွားစေတယ်။

◾တွေးပူနေတတ်တဲ့သူတွေက မလုပ်ရသေးခင်ကတည်းက ဆင်ခြေတွေ အသင့်ရှာထားတတ်ပါတယ်။
ရှုံးနိမ့်မှုအတွက် အကြောင်းပြချက်တွေ ကြိုပြင်ထားတတ်ပါတယ်။ အရာရာကို အဆိုးဘက်ကနေ တွေးတတ်ပါတယ်။

တကယ်တမ်းကတော့ လုပ်ကြည့်မှသာ ဖြစ်နိုင်၊ မဖြစ်နိုင်
သိနိုင်မှာပါ။ စမ်းကြည့်မှသာ အဆင်ပြေ၊ မပြေ သိနိုင်မှာပါ။ ကြိုးစားကြည့်မှသာ အောင်မြင်၊ မအောင်မြင် သိနိုင်မှာပါ။

ဒါပေမယ့် ဘာမှမလုပ်ရသေးခင်ကတည်းက အဆိုးတွေကိုပဲ တွေးနေရင်တော့ ဘာမှ ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး။

◾️ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့ တွေးပူတတ်တဲ့သူတွေဟာ စေ့စပ်သေချာသူတွေ အသေးစိတ်ကျတဲ့သူတွေ ဖြစ်နေတတ်ပါတယ်။ အရာရာကို သေသေချာချာလေ့လာပြီးမှ စနစ်တကျ လုပ်ချင်တဲ့သူတွေပါ။

ဒါပေမယ့် အဲဒီစနစ်တကျ ဖြစ်ချင်တဲ့စိတ်က လွန်ကဲလာတဲ့အခါမှာတော့ အလုပ်နှောင့်နှေးဖို့ရာ အကြောင်းတရားတစ်ခုအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။

💟တွေးပူတတ်တဲ့အကျင့်ရဲ့ကောင်းကျိုးတွေ

- အသေးစိတ်ကို သတိထားမိတယ်
- အရာရာကို ဂရုတစိုက် လုပ်တတ်တယ်
- အရေးကြီးတဲ့ အချက်တွေကို မမေ့တတ်ဘူး
- လုပ်ငန်းတွေကို စနစ်တကျ စီစဉ်တတ်တယ်
- မလိုလားအပ်တဲ့ အန္တရာယ်တွေကို ရှောင်ရှားနိုင်တယ်

💟တွေးပူတတ်တဲ့အကျင့်ရဲ့ဆိုးကျိုးတွေ

- စိတ်ဖိစီးမှုတွေ များလာတယ်
- ညဘက် အိပ်မပျော် ဖြစ်လာတတ်တယ်
- ဆုံးဖြတ်ချက် မချနိုင်အောင် ဖြစ်တတ်တယ်
- ကိုယ့်ရဲ့အရည်အချင်းကို တွေဝေလာတယ်
- အခွင့်အလမ်းကောင်းတွေကို လက်လွှတ်ဆုံးရှုံးတတ်တယ်

တွေးပူနေတဲ့အခါ ကိုယ့်ရဲ့စွမ်းအားတွေက ထွက်မလာတော့ဘူး။ ကိုယ့်ရဲ့ အရည်အချင်းတွေကို ကိုယ်တိုင်အထင်သေးလာမယ်။ တွေးပူတတ်ခြင်းက ကိုယ်ဘာလုပ်နိုင်တယ်ဆိုတာ ကိုယ်တိုင်တောင် မသိတော့အောင် ဖုံးကွယ်ထားတတ်ပါတယ်။

◾️ကိုယ့်မှာ ဒီလိုမျိုးတွေဖြစ်နေမယ်ဆိုရင် တွေးပူနေတတ်တဲ့အကျင့်ကို ပြောင်းလဲဖို့ လေ့ကျင့်ပေးရပါမယ်။

- ကိုယ်တွေးနေတာတွေက ဖြစ်နိုင်ခြေ ရှိရဲ့လား
- တွေးနေရုံနဲ့ ဘာမှ ပြောင်းလဲလာမှာ မဟုတ်ဘူး
- တွေးပူနေမယ့်အစား စတင်လုပ်ဆောင်လိုက်ရအောင်
- အဆိုးတွေကိုပဲ တွေးမနေပဲ အကောင်းတွေကိုလည်း
တွက်ကြည့်ပါ
- တွေးပူနေတဲ့အချိန်တွေကို လက်တွေ့လုပ်ဆောင်ချိန်အဖြစ် အသုံးချလိုက်ပါ

📌တစ်ခါတလေ ကိုယ်တွေးသလို မဟုတ်တာတွေ တွေ့ရတတ်ပါတယ်။ ကိုယ်ထင်ထားတာထက် အများကြီး လွယ်ကူနေတတ်ပါတယ်။ လုပ်ကြည့်မှ ဒါက ဒီလောက်တောင် မခက်ဘူးဆိုတာ သိရတတ်ပါတယ်။

ဒါကြောင့် တွေးပူနေမယ့်အစား လက်တွေ့စမ်းကြည့်ပါ။ အဆိုးတွေကိုပဲ တွေးမနေပဲ ဖြစ်လာနိုင်တဲ့ အကောင်းတွေကိုလည်း တွေးကြည့်ပါ။

တွေးပူနေတတ်တဲ့ အကျင့်က ကိုယ့်ကို ဘယ်နေရာမှ မရောက်စေပါဘူး။ စိတ်ဓာတ်ကျစေပြီး ရှေ့ဆက်လို့ မရအောင် ဟန့်တားထားတာ ဖြစ်လို့ တွေးပူတာတွေကို ဖယ်ရှားပြီး လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေနဲ့ အစားထိုးစေချင်ပါတယ်။

#crd_ဆရာကြီးဦးအောင်သင်း

image
Apu Lay shared a post  
2 yrs

2 yrs

နေ့စဉ်သုံး English စကားတွေနဲ့ Meeting တွေအတွက် သုံးနှုန်းရမဲ့ English တွေကို native speakersတွေနဲ့ လေ့လာဖို့ဆို ဒီ Free Courses နှစ်ခုကို တက်ကြည့်ပါ။
English For Meetings မှဆို သင်ယူရမဲ့ဟာတွေကတော့ Meeting ကိုယ်လိုစီစဉ်မလဲ၊ Business Meeting ကို ဘယ်လိုလုပ်ရမလဲ၊ Meeting မှာ ကိုယ်ရဲ့ အမြင်တွေကို ဘယ်လိုပြောမလဲ၊ Meeting တစ်ခုကို ဘယ်လိုဉီးဆောင်မလဲ၊ Meeting Report တွေကို ဘယ်လိုလုပ်ရမလဲ စသောအရာများကို သင်ယူရမှာဖြစ်ပါတယ်။
Everyday English Essentials မှကျတော့ လူတွေနဲ့ တွေ့ရင် ဘယ်လိုပြောမလဲ၊ အသေးအဖွဲ့စကားဝိုင်းတွေကိုဘယ်လိုပြောမလဲ၊ ဖုန်ပြောရင် English လိုဘယ်လိုပြောမလဲ၊ အပြင်မှာအစားစားတဲ့ အခါဘယ်လိုသုံးနှုန်းကြမလဲ စသော English များကို သင်ယူရမှာဖြစ်ပါတယ်။
Link: https://e4b.thinkific.com/collections

#crd
#education

image

နေ့စဉ်သုံး English စကားတွေနဲ့ Meeting တွေအတွက် သုံးနှုန်းရမဲ့ English တွေကို native speakersတွေနဲ့ လေ့လာဖို့ဆို ဒီ Free Courses နှစ်ခုကို တက်ကြည့်ပါ။
English For Meetings မှဆို သင်ယူရမဲ့ဟာတွေကတော့ Meeting ကိုယ်လိုစီစဉ်မလဲ၊ Business Meeting ကို ဘယ်လိုလုပ်ရမလဲ၊ Meeting မှာ ကိုယ်ရဲ့ အမြင်တွေကို ဘယ်လိုပြောမလဲ၊ Meeting တစ်ခုကို ဘယ်လိုဉီးဆောင်မလဲ၊ Meeting Report တွေကို ဘယ်လိုလုပ်ရမလဲ စသောအရာများကို သင်ယူရမှာဖြစ်ပါတယ်။
Everyday English Essentials မှကျတော့ လူတွေနဲ့ တွေ့ရင် ဘယ်လိုပြောမလဲ၊ အသေးအဖွဲ့စကားဝိုင်းတွေကိုဘယ်လိုပြောမလဲ၊ ဖုန်ပြောရင် English လိုဘယ်လိုပြောမလဲ၊ အပြင်မှာအစားစားတဲ့ အခါဘယ်လိုသုံးနှုန်းကြမလဲ စသော English များကို သင်ယူရမှာဖြစ်ပါတယ်။
Link: https://e4b.thinkific.com/collections

#crd
#education

image
Khine Su Zin shared a post  
2 yrs

2 yrs

ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ရုံးတွေကနေ အလုပ်ခေါ်တဲ့ အလုပ်ခေါ်စာ ၃၇ ရှိပါတယ်။ လိုအပ်တဲ့ အရည်အချင်းတွေက တော့ အလုပ်တစ်ခုစီသွားပြီး ဝင်ဖတ်ကြည့်ပါ။ ဘန်ကောက် Based မို့ Visa ကိစ္စတွေက ဘာမှစိတ်ပူစရာမရှိပါဘူး။ အလုပ်ကနေ Visa တွေ ထုတ်ပေးမှာဘဲဖြစ်ပါတယ်။
Link:
https://www.glassdoor.com/.../....bangkok-myanmar-jobs

#crd
#jobugo

image
2 yrs - Translate

ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ရုံးတွေကနေ အလုပ်ခေါ်တဲ့ အလုပ်ခေါ်စာ ၃၇ ရှိပါတယ်။ လိုအပ်တဲ့ အရည်အချင်းတွေက တော့ အလုပ်တစ်ခုစီသွားပြီး ဝင်ဖတ်ကြည့်ပါ။ ဘန်ကောက် Based မို့ Visa ကိစ္စတွေက ဘာမှစိတ်ပူစရာမရှိပါဘူး။ အလုပ်ကနေ Visa တွေ ထုတ်ပေးမှာဘဲဖြစ်ပါတယ်။
Link:
https://www.glassdoor.com/.../....bangkok-myanmar-jobs

#crd
#jobugo

image

image
2 yrs - Translate

ထိုင်းနိုင်ငံမှာ သက်မွန်မြင့်နဲ့ တွေ့ဆုံခဲ့တဲ့ ယုသန္တာတင် 🥰🥰🥰
အချစ်တွေနဲ့ တွေ့ဆုံခဲ့တာလို့ သူမက ပြောပါတယ်။ ယုသန္တာတင်ဟာ ဘန်ကောက်မှာ ကျင်းပတဲ့ KPop အဆိုတော် 2NE1 ပွဲကို ကြည့်ဖို့ သွားရောက်ခဲ့တာပါ။ အနုပညာလောကထဲက နာမည်ကြီး မင်းသမီးဖြစ်တဲ့ သက်မွန်မြင့်ကလည်း ထိုင်းနိုင်ငံမှာ မိသားစုနဲ့အတူ အခြေချနေထိုင်နေတာဖြစ်ပါတယ်။ ထိုင်းကိုရောက်ရှိချိန်မှာပဲ သက်မွန်မြင့်တို့နဲ့တွေ့ဆုံခဲ့ကြတဲ့ အမှတ်တရပုံလေးတွေကို မျှဝလာခဲ့တာပါ။

#crd
#celenews

image

Gong Xi Fa Chai🧧🫴🏻

#funny

image
2 yrs - Translate

ကမ္ဘာ့အကြီးဆုံး ဝေလငါးအပြာကြီးများအကြောင်း (Blue Whale)
ဝေလငါးအပြာကြီးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးသတ္တဝါဖြစ်ပြီး၊ သမိုင်းတစ်လျှောက် ရှိခဲ့ဖူးသမျှ သတ္တဝါတွေထဲမှာလည်း အကြီးဆုံးဖြစ်ပါတယ်။ ဝေလငါးအပြာကြီးတစ်ကောင်ဟာ အလျား ၁၀၀ ပေ (၃၀ မီတာ) ကျော်အထိ ရှည်လျားနိုင်ပြီး၊ အလေးချိန်အားဖြင့် ၁၅၀ တန်ကျော် (၁၃၆,၀၀၀ ကီလိုဂရမ်) အထိ ရှိနိုင်ပါတယ်။
ဒီငါးတွေရဲ့ နှလုံးဟာ ကားတစ်စီးစာလောက် ကြီးမားပြီး၊ သူတို့ရဲ့သွေးကြောတွေထဲကို လူတစ်ယောက် လွယ်လွယ်ကူကူ ကူးသွားနိုင်ပါတယ်။ ဝေလငါးအပြာကြီးတွေဟာ ပင်လယ်ပြင်မှာ နေထိုင်ကြပြီး၊ သူတို့ရဲ့အစာက ပင်လယ်ထဲက သေးငယ်တဲ့ အန်ချိုတီးခေါ် ပိုးမွှားလေးတွေဖြစ်ပါတယ်။
ဝေလငါးအပြာကြီးတွေဟာ သူတို့ရဲ့အရွယ်အစားနဲ့ ဆန်းကြယ်မှုတွေကြောင့် လူသားတွေအတွက် အံ့ဩစရာကောင်းတဲ့ သတ္တဝါတွေဖြစ်ပါတယ်။
Knowledge
#timespectrum

image

လုပ်ခလစာအများကြီးလျှော့ယူပြီး ဆန်းတို့စ်ထံပြန်ဖို့ နေမာသဘောတူ

ဇန်နဝါရီ ၂၈

ဘရာဇီးလ်ကြယ်ပွင့် နေမာဟာ အယ်လ်ဟီလယ်အသင်းကနေ ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းထံ ပြန်လာနိုင်ဖို့ အတွက် လုပ်ခလစာ အများကြီးလျှော့ယူဖို့ သဘောတူညီခဲ့ပါတယ်။

နေမာဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို အဆုံးသတ်ပြီး ဒီလထဲမှာ ဆန်းတို့စ်အသင်းထံ ပြန်လာဖို့ စီစဉ်နေတာပါ။

၂၀၂၃ ခုနှစ် နွေရာသီက ပီအက်စ်ဂျီအသင်းကနေ အယ်လ်ဟီလယ်အသင်းထံ ပြောင်းခဲ့တဲ့ နေမာဟာ ဒဏ်ရာတွေ ကြောင့် ၁ နှစ်ခွဲအတွင်းမှာ ပြိုင်ပွဲစုံ ၇ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။

နေမာနဲ့ အယ်လ်ဟီလယ်အသင်းတို့ရဲ့ စာချုပ်ဟာ နောက်ဆုံး ၆ လထဲကို ရောက်ရှိနေတဲ့အတွက် ဘရာဇီးလ် ကစားသမားဟာ ဆန်းတို့စ်အသင်းထံ ပြန်လာဖို့ ဆော်ဒီကလပ်နဲ့ စာချုပ်ဖျက်သိမ်း ဒါမှမဟုတ် အငှားနဲ့ ထွက်ခွာ ရဖွယ်ရှိနေတာပါ။

Footmercato က နေမာဟာ ဆန်းတို့စ်အသင်းထံ အပြောင်းအရွှေ့ကို အဆင်ပြေစေဖို့အတွက် လုပ်ခလစာ အများကြီး လျှော့ယူဖို့ လက်ခံခဲ့ပေမယ့် အယ်လ်ဟီလယ်အသင်းမှာ သူ့ရဲ့စာချုပ် အခြေအနေက ပြောင်းရွှေ့မှုကို တားဆီးနိုင်တဲ့ တစ်ခုတည်းသော အချက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် အယ်လ်ဟီလယ်အသင်း နည်းပြက နေမာကို ဒီရာသီ ဆော်ဒီပရိုလိဂ် ပြိုင်ပွဲရဲ့ ဒုတိယရာသီဝက် လူစာရင်းထဲ ထည့်သွင်းမှာ မဟုတ်ဘူးလို့ အတည်ပြုထားတာပါ။

နေမာအနေနဲ့ အယ်လ်ဟီလယ်အသင်းမှာ ဆက်ရှိခဲ့ရင်လည်း အာရှချန်ပီယံလိဂ် ပြိုင်ပွဲမှာသာ ပါဝင်ကစားလို့ရမှာ ဖြစ်ပါတယ်။

အဲဒါကြောင့် နေမာရဲ့ ဆန်းတို့စ်အသင်းသို့ အပြောင်းအရွှေ့ဟာ မကြာခင် ရက်ပိုင်းအတွင်းမှာ ကြေညာလာဖွယ် ရှိနေတာပါ။

ပြီးခဲ့တဲ့ရာသီက ဘရာဇီးလ် စီးရီးဘီကို တန်းဆင်းခဲ့ရတဲ့ ဆန်းတို့စ်အသင်းဟာ ချန်ပီယံအဖြစ်နဲ့ ဒီရာသီ စီးရီးအေ ပြိုင်ပွဲထံ တန်းပြန်တက်နိုင်ခဲ့ပါတယ်။

ဆန်းတို့စ်အသင်းဟာ လက်ရှိအချိန်မှာ ၂၀၂၅ Campeonato Paulista ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေပြီး အုပ်စုတွင်းပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်ရရှိထားတာ ဖြစ်ပါတယ်။

Source: Goal

#ဘောလုံးသတင်းစုံ

image