1 နှစ် - ဘာသာပြန်ပါ။

ခရမ်းသီးသားသက်လွတ်နှပ်

ခရမ်းသီးကို လေးစိတ်ထိုးစိတ်ပြီး ၅မိနစ်ခန့်
ဆားရည်စိမ်ပါ ပြီးရင်ရေပြန်ဆေးပြီး ရေစစ်ထားပါ

ကြက်သွန်ဖြူနီဂျင်းငရုတ်နီခြောက်တို့ကိုကျေညက်အောင်
ထောင်းပြီး ဆနွင်းထည့်ကာဆီသပ်ပြီး
ကြက်သွန်ပျော့အိလာပြီဆို မီးဖိုပေါ်မှအိုးကိုချပါ

ခရမ်းသီးအတွင်းထဲသို့ ဆီသပ်ထားတာများ
ဇွန်းနဲ့ခပ်ပြီးထည့်အစာသွပ်ပါ

အဲ့အိုးထဲသို့ အစာသွပ်ထားတဲ့ခရမ်းသီးများထည့်
ရေ ဆား အချိုမှုန့်/သကြားထည့်ပြီး
ခရမ်းသီးနူးအိသည်အထိ ဆီပြန်ရေခမ်းချက်ပါ
မဆလာလေးအုပ်ပါ
စားမြိန်စေမယ့် သားသက်လွတ်ခရမ်းသီးနှပ်လေးရပါပြီရှင် ။

ခရမ်းသီးချက်

နူးလွယ်ကျက်လွယ်အောင် ပြုတ်တို့တဲ့
ခရမ်းသီးအသေးလေးနဲ့သာချက်ရပါမယ် ။
ခရမ်းသီးကို ၂ခြမ်း လှီးထားပါ ။
ကြက်သွန်နီပါးပါးလှီး ကြက်သွန်ဖြူ ပုစွန်ခြောက်
ရောထောင်းထားပါ ။ ငရုတ်သီးစိမ်း ၂ခြမ်းခွဲထားပါ ။
ချက်မယ့်အိုးထဲသို့ ခရမ်းသီး ထောင်းထားလှီးထားတာများ
ငပိစိမ်းစား နဲ့ ရေအနည်းငယ်ထည့်ပြီး ဟင်းအိုးပွက်ပွက်ဆူအောင်ချက်ပေးလိုက်ရင်ရပါပြီ ။

ဆီပါမှ စားတတ်တယ်ဆို ဆီအနည်းငယ်ထည့်ချက်ပါရန်
#credit
#crdphoto

image
1 နှစ် - ဘာသာပြန်ပါ။

Ouija (2014)

Debbie ဆိုတဲ့ကောင်မလေးဟာ Ouija Board ကို အိမ်ဟောင်းတစ်ခုမှာတွေ့တဲ့အခါ Laine ဆိုတဲ့ငယ်သူငယ်ချင်းလေးကို သတိရရင်း တစ်ယောက်တည်းအပျော်ဆော့လိုက်မိရာကနေ ထူးထူးဆန်းဆန်းတွေစတင်ဖြစ်ပါတော့တယ်… Debbie က ဘုတ်ပြားကို မီးရှိပစ်လိုက်ပေမယ့်လဲ အကောင်းအတိုင်းပြန်ရောက်လာပြီး မကောင်းဆိုးဝါးပူးကပ်ကာ Debbie သေသွားခဲ့ပါတယ်…
သူ့အသုဘအပြီး မိဘတွေမရှိတုန်း Debbie ရဲ့သူငယ်ချင်းတစ်စု အိမ်စောင့်ပေးရင်းနဲ့ Debbie နဲ့ဆက်သွယ်ကြည့်မယ်ဆိုပြီး Ouija board ကို သုံးခဲ့ပြန်ပါတယ်.. မီးတွေမှိတ်တုတ်မှိတ်တုတ်ဖြစ်ပြီး ထူးဆန်းတဲ့အသံတွေ ကြားလာရတဲ့အချိန်မှာ...လန့်ဖြန့်ပြီး ကစားနည်းကိုရပ်လိုက်ကြတယ်. ဒါပေမယ့် နောက်တစ်ရက်မှာပဲ သူတိုရဲ့ ကားမှန်တွေ.. ကွန်ပျူတာစခရင်တွေ.. နံရံတွေပေါ်မှာ “Hi Friend” ဆိုတဲ့ စာသားပေါ်လာတယ် … Hi Friend ဆိုတာက Ouija Board ဆီကို သရဲ / ဝိဉာဉ်ရောက်လာတဲ့အခါမှာ စတင်နှုတ်ဆက်လေ့ရှိတဲ့စကားပါ.. အဲဒါကြောင့် သူတိုရဲ့သူငယ်ချင်းက သူတိုဆီကိုဆက်သွယ်ဖိုကြိုးစားနေတယ်အထင်နဲ့ သူငယ်ချင်းတစ်စု Ouija Board ကို ထပ်မံအသုံးပြုလိုက်မိတဲ့အခါမှာတော့ဘာဖတွဖြစ်လာမလဲဆိုတာရှု့စားကြည့်လိုက်ပါအုံးဗျ။
#horror

image
1 နှစ် - ဘာသာပြန်ပါ။

မူးပြီး ရည်းစားစကားပြောထားတာကို

တရေးနိုးမှ တွေ့သောအခါ

image
1 နှစ် - ဘာသာပြန်ပါ။

Myspace mm ၏ market တွင် Product တင်နည်းအဆင့်ဆင့်ကို သိသူများပြန်လည်လမ်းညွန်ပေးစေလိုပါသည်။
အကူညီတောင်းခံခြင်း. myspace mm ၏ market တွင် product တွင်နိုင်ရန် ကြိုစားရာတွင် အခက်ခဲရှိနေပါသောကြောင့် product တင်နည်းအဆင့်ဆင့်ကို လမ်းညွန်ပေးစေလိုပါသည်။
myspace team ကိုလည်း email ဖြင့်အကူညီတောင်းခံထားမှုလည်ပြုလုပ်ထားပါသည်. သို့သော် အကြောင်းပြန်လာခြင်းမရှိသေးလို့ပါ။ Youtube နှင့် Google တွင်လည်း ရှာဖွေမရသေးသောကြောင့် သိတက်နားလည်သူများ၏ အကူညီရယူလိုပါသည်။ ပြန်လည်ဝေငှလမ်းညွန်ပေးပါခင်မျ။
Zaycho

image
1 နှစ် - ဘာသာပြန်ပါ။

Facebook တီထွင်ခဲ့တဲ့ သူ မာ့ခ်ဇူကာဘတ်ရဲ့ အကြောင်းကို ကြည့်ရှုရမယ့်ရုပ်ရှင်

The Social Network
2010 ‧ Drama/Historical drama ‧ 2 hours

ဒီရုပ်ရှင်ကား ဟာ Facebook တည်ထောင်သူ မာတ်ဇူကာဘတ် ရဲ့
ကျောင်းသားဘ၀ နှင့် Facebook ကို တည်ထောင်တဲ့
ကာလ တစ်လျှောက်က အကြောင်းများကို ဇတ်လမ်းရိုက်ကူးထားသည့်
ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါတယ်….
ရုပ်ရှင်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကလဲ

ဒိတ်ဒိတ်ကျဲတွေပါပဲ
Now You See Me ထဲမှာ သရုပ်ဆောင်ခဲ့တဲ့
မင်းသား Jesse Eisenberg နဲ့ Spider-Man မင်းသား Andrew Garfield တိုဖြစ်ပြီး
နာမည်ကြီးအဆိုတော် Justin Timberlake တောင် ပါဝင်ပါသေးတယ်
ဒိတ်ဒိတ်ကျဲတွေ ပါဝင်ထားသလို ဇတ်လမ်းကလဲ အတော်လေး စိတ်ဝင်စားဖို
ကောင်းပါတယ်….
မတ်ဇူကာဘတ် ဟာ ဖေ့ဘုတ် ကို သူငယ်ချင်းဖြစ်သူ နဲ့ အတူ
တည်ထောင်ရင်း ဖေ့ဘုတ်ရဲ့ အရှိန်အဝါ ကြီးမားလာပုံ ကို
ရိုက်ပြထားပါတယ်…
#movie

image
1 နှစ် - ဘာသာပြန်ပါ။

♌️LEO♌️

💫This is a general reading

အချစ်ရေး/လူမှုရေး/အိမ်ထောင်ရေးမှာ အတွေးအမြင် အကျင့်စရိုက် တွေ ပြောင်းလဲမှုလေးတွေတော့ ရှိလာတတ်တဲ့ နှစ်တနှစ် ဖြစ်ပါတယ်၊ Leo လေးတွေရဲ့ ထုံးစံ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရှိနေတတ်တဲ့ ပုံစံနဲ့ အချစ်စန်း အားကောင်းတဲ့ ပုံစံကတော့ 2025 မှာလဲ ဆက်ရှိနေပါလိမ့်မယ်၊ အချစ်ရေးမှာ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ရဲ့ အရှိကို အရှိအတိုင်း လက်ရှိ အနေအထားလေးကို ကျေနပ်ရောင့်ရဲတတ်တဲ့ စိတ်တွေ တွေ့ရတယ်၊ ဒီနှစ်ထဲမှာ ကိုယ့်အတွက် မကောင်းတဲ့ toxic ဆက်ဆံရေးတွေ ရှိနေခဲ့ရင် သူ့အလိုလိုကို ဘဝ ထဲက ထွက်သွားပါလိမ့်မယ်၊ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းထဲ ရှိနေတဲ့သူတွေအတွက်ကတော့ ပြသနာလေးတွေ တက်တတ်လို့ သတိထားရပါမယ်၊ ဒီကာလထဲ အချစ်ရေးနဲ့ ပတ်သတ်ရင် ဖြေးဖြေးနဲ့ မှန်မှန်ပဲ သွားပါ၊ ဘယ်အရာကိုမှ အတင်းကြိုးစားတာ အတင်းလုပ်ယူတာမျိုး မရှိတာက ပိုအဆင်ပြေတတ်ပါတယ်

အလုပ်အကိုင်နဲ့ ငွေကြေးမှာ ကိုယ့်အတွက် ပြည့်စုံ အဆင်ပြေလို့ လိုအပ်သူတွေကိုပါ ပေးကမ်းနိုင်တဲ့ နှစ်ကာလ ဖြစ်တတ်ပါတယ်၊ ဆင်ခြင်စရာလေးတွေ ရှိတာက လက်မလွယ်ပါနဲ့၊ အသုံးနဲ့ အဖြုန်းကို စနစ်တကျထားပါ၊ လိုအပ်တဲ့နေရာ ပေးကမ်းစွန့်ကြဲတာ အဆင်ပြေပေမယ့် စေတနာ ပရပွနဲ့ အသုံးလက်လွန်သွားရင်တော့ ကိုယ်တိုင်မှာပါ ခက်ခဲလာတတ်ပါတယ်၊ တတ်နိုင်သလောက် ဒီနှစ်ထဲ ငွေမချေးပါနဲ့၊ က်ိုယ်က ပေးချင်သပ ဆိုရင် ကိုယ် တတ်နိုင်တဲ့ ပမာဏလောက်ကိုပဲ အလှူသဘော ပေးကမ်းလိုက်ပါ၊ များစွာသော ပမာဏ ကို ချေးဌားတာမျိုး လုပ်မိရင် ပြန်ရဖို့ ခက်တတ်ပါတယ်၊ လုပ်ငန်းခွင်ထဲမှာတော့ အောင်မြင်နိုင်တယ်၊ အောင်မြင်သလ်ို ယှဉ်ပြိုင်မှုတွေ မနာလ်ိုမှုတွေတော့ ရှိတတ်တဲ့ နှစ်ပါ

ပညာရေးမှာ ကိုယ် ဖြစ်ချင်တဲ့ လမ်းကြောင်းကို သေချာသိထားလေ အဆင်ပြေလေ ဖြစ်ပါလိမ့်မယ်၊ ဝေဝါးနေရင် အချိန်ကုန်လူပန်း ဖြစ်တတ်တဲ့ နှစ်မျိုးပါ၊ နောက်ပြီး ကိုယ့်အနေနဲ့ ဒီနှစ်ထဲ စိတ်ကော ကိုယ်ကော ကျန်းမာရေးလဲ ဂရုစိုက်ဖို့လိုပါတယ်၊ စိတ်ပင်ပန်းတာ လူနေမကောင်းတာတွေရယ်ကြောင့် ပညာရေးဘက်မှာ အနည်းငယ် အားလျော့တာလေးတွေတော့ ရှိတတ်တယ်၊ မနိုင်ဝန်ထမ်းတာထက်စာရင် က်ိုယ် လုပ်နိုင်စွမ်းရှိတဲ့ အတိုင်းအတာထဲက အကောင်းဆုံး ကြိုးစားပါ

ကျန်းမာရေးမှာ ကိုယ့်ရဲ့ မိသားစုဝင် သို့မဟုတ် မိသားစုလိုရင်းနှီး ခင်မင်ရတဲ့သူတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး အချိန်ပေးဂရုစိုက်ရတာလေးတွေ ရှိတတ်တယ်၊ ကိုယ်ကိုယ်တိုင် အတွက်ကတော့ အစားမှား ဆေးမှားလေးတွေ မဖြစ်အောင် ဂရုစိုက်ပါ

Guidance from Universe

1. ကိုယ့်ရဲ့ အတွင်းစိတ်မှာ အဆင်ပြေခြင်း မပြေခြင်းတွေကို သတိနဲ့ မှတ်သားပြီး စိတ်ဒဏ်ရာတွေကို သေချာကုစားပါ
2. ကိုယ့် ဘဝ မှာ ဖြစ်လာတဲ့ ကောင်းခြင်းအရာလေးတွေကို နေ့စဉ်နေ့တိုင်း ကျေးဇူးတင်စိတ်နဲ့ ဖြတ်သန်းပါ
3. တချို့အရာတွေမှာ Universe က သူ့အချိန်ကိုက် အခါကိုက်ကြမှ ရစေတာ/ဖန်တီးပေးတာမျိုး ရှိတယ်ဆိုတာ နားလည်သင့်ပါတယ်

Lucky numbers: 23,43,44

#2025newyear
#tarot
#leo

image
1 နှစ် - ဘာသာပြန်ပါ။

Cassia Fistula Flowers 🌸🌸🌸

#flower

image
1 နှစ် - ဘာသာပြန်ပါ။

Cassia Fistula Flowers 🌸🌸🌸

#flower

image
1 နှစ် - ဘာသာပြန်ပါ။

Cassia Fistula Flowers 🌸🌸🌸

#flower

image
1 နှစ် - ဘာသာပြန်ပါ။

Cassia Fistula Flowers 🌸🌸🌸

#flower

image
image
image