image

image

image

image
M M
2 နှစ်များ - ဘာသာပြန်ပါ။

Now I am learning cooking 😁

image

image
2 နှစ်များ - ဘာသာပြန်ပါ။

အခြေအနေတစ်ခုကြောင့် သူမအရမ်းချစ်ရတဲ့ ယုန်လေးကို မွေးစားဖို့ပေးလိုက်ပြီးမှ ၅ နှစ်အကြာမှာ ပြန်တွေ့ခဲ့တဲ့ ဖွေးဖွေး

သူမဟာ ယုန်လေးအတွက် ကောင်းတဲ့ မေမေတစ်ယောက် မဖြစ်ခဲ့ဘူးလို့ ဖွေးဖွေးကပြောပါတယ်။ ပေါက်ပေါက်ဆုတ် လို့သူမအမည်ပေးထားခဲ့တဲ့ ယုန်လေးကို လွန်ခဲ့တဲ့ ၅ နှစ်က အခြေအနေတစ်ခုကြောင့် သူများကိုမွေးစားဖို့ ပေးခဲ့ရတာပါ။ အခုပြန်တွေ့ချိန်မှာတော့ သူမလက်က မချနိုင်လောက်အောင် လွမ်းဆွတ်စွာနဲ့ ပွေ့ဖက်ထားခဲ့တာဖြစ်ပါတယ်။

#celecele

image
2 နှစ်များ - ဘာသာပြန်ပါ။

ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် ၂ သန်းနီးပါး ထပ်မံထုတ်ရောင်း

ဇန်နဝါရီ ၂၁

ယမန်နေ့တွင် ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် ၁ ဒသမ ၉၁၅ သန်း ထပ်မံထုတ်ရောင်းပေးခဲ့ပြီး နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးနေမှုကြောင့် တက်ရိပ်ပြခဲ့သည့် ဒေါ်လာဈေးနှုန်း အနည်းငယ်ကျဆင်းလာခဲ့ကြောင်း သိရသည်။

ဒေါ်လာဈေးနှုန်း တက်ရိပ်ပြလာသည့် ယခုဇန်နဝါရီလ ၂ ရက်မှ ၂၀ ရက်အထိ သုံးပတ်အတွင်း ဗဟိုဘဏ်အနေဖြင့် ဒေါ်လာ ၁၀၈ ဒသမ ၉၁၁ သန်း ရောင်းချပေးခဲ့သလို ထိုင်းဘတ် ၈ ဒသမ ၉၄၇ သန်းနှင့် တရုတ်ယွမ် ၄ ဒသမ ၄၈၃ သန်း ထုတ်ရောင်းပေးထားသည်။

ဒေါ်လာဈေးနှုန်း ပြန်လည်မြင့်တက်လာခဲ့သော ယခုဇန်နဝါရီလ ဒုတိယအပတ်တွင် တစ်ဒေါ်လာ ကျပ် ၄၈၀၀ အထိ မြင့်တက်ခဲ့သော်လည်း ယင်းကဲ့သို့ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးထားမှုကြောင့် တစ်ဒေါ်လာ ကျပ် ၄၆၀၀ ကျော်သို့ ပြန်လည်ကျဆင်းခဲ့သည်။

ယနေ့တွင် တစ်ဒေါ်လာ ၄၆၄၀ ကျပ်၊ ထိုင်းဘတ် တစ်ဘတ် ၁၃၆ ကျပ်၊ တရုတ်ယွမ် တစ်ယွမ် ၆၃၇ ကျပ် ဖြစ်ပေါ်ခဲ့ပြီး ယခုဇန်နဝါရီလဆန်းပိုင်းထက် ဈေးနှုန်းအနည်းငယ်သာ မြင့်တက်မှုမှုရှိပြီး နိုင်ငံခြားငွေဈေးနှုန်း ပြန်လည်တည်ငြိမ်လာခဲ့သည်။

Credit - MT News Agency

#centralnewsnaypyitaw

image
2 နှစ်များ - ဘာသာပြန်ပါ။

အမေတို့ အဖွဲ့ 🤭🤪

image

ကျိုင်းတုံ အိမ်မီးလောင်မှု အိမ်ရှင်အမျိုးသားမီးလောင်သေဆုံး

ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ နောင်ခေ့လမ်းမှာ ဒီနေ့ဇန်နဝါရီ ၂၁ ရက်နေ့မနက်ပိုင်းက နေအိမ်မီးလောင်မှုဖြစ်ပွားပြီး အိမ်ပိုင်ရှင်အမျိုးသားမီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုက မနက်အစော ၁ နာရီကျော်လောက်မှာစတင်ဖြစ်ပွားခဲ့တာဖြစ်ပေမယ့် မီးသတ်ကားတွေက မနက်၃ နာရီလောက်မှသိရှိပြီး ရောက်ရှိလာတာကြောင့် မီးလောင်ချိန်ကြာမြင့်ပြီးမှ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့မျက်မြင်ဒေသခံတွေပြောပြချက်အရသိရပါတယ်။

"မြို့မရဲစခန်းထောင့် လမ်းဆုံက အောင်နိုင်စတိုးအိမ်မီးလောင်တာပါ။ မီးက ၁ နာရီကျော် လောက်ကတည်းကစလောင်တာကို ၃ နာရီကျော်လောက်မှမီးသတ်ကားတွေရောက်တယ်။ဆက်သွယ်တာနောက်ကျလို့ပဲလားဘာလားသေချာမသိဘူး။အိမ်ရှင်ဦးလေးကြီး ဦးအောင်နိုင်လည်းမီးထဲပါသွားတယ်။အိမ်လည်းမီးထဲအကုန်ပါသွားတယ်။" လို့ မျက်မြင်ဒေသခံတယောက်က ပြောပြပါတယ်။

အဆိုပါ နေအိမ်မီးလောင်မှုက ဝါယာကြိုးရှော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့တာဖြစ်ကြောင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးဘူးလို့ သိရပါတယ်။

မီးလောင်မှုကိုတော့ ကျိုင်းတုံခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ကျိုင်းတုံမြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက ၃နာရီ ၅၃ မိနစ်မှာ မီးစတင်ငြှိမ်းသတ်ခဲ့ပြီး၄နာရီ၃၀မိနစ်မှာမီးငြိမ်းခဲ့တယ်လို့သိရပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း တနင်္သာရီတိုင်း ၊မြိတ်မြို့နယ်၊ အလယ်ကျွန်းရပ်ကွက် ၊ မင်္ဂလာလမ်းသွယ်မှာ နေအိမ်သုံးလုံး မီးလောင်ခဲ့ပြီး အမျိုးသားတယောက်မီးလောင်သေဆုံးခဲ့ပါတယ်။

Photo - MFSD

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image