ရှမ်းပြည်မြောက်ပိုင်းဒေသ နယ်စပ်ကုန်သွယ်ရေးအတွက် နှစ်ဖက်ဆွေးနွေးညှိနှိုင်းနေ

ဒီဇင်ဘာ ၂၇

၁၀၂၇ စစ်ဆင်‌ရေး စတင်ချိန်မှ တစ်နှစ်ကျော်ကြာရပ်တန့်နေသည့် ရှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ကုန်သွယ်မှုပြုလုပ်နိုင်ရန် နှစ်ဖက်ဆွေးနွေးမှုများရှိနေဆဲဖြစ်ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

“ဆွေးနွေးနေတယ်လို့ကြားတယ်။ ‌လမ်းကြောင်းကတော့ ပြန်ပွင့်စေချင်တယ်။ အခုက ဟိုဘက်ရော ဒီဘက်ရောက အဝင်မရှိတော့ ကုန်ဈေးနှုန်းက မတရားကြီးနေတာပေါ့။ ပြည်မကြီးဘက်ကလည်း ဒီဘက်လာလို့မရဘူး။ ပြည်မကြီးဆိုတာ မန္တလေးကိုပြောတာပါ။ တရုတ်ဘက်ကလည်း အကန့်အသတ်နဲ့ တင်သွင်းခိုင်းတာ။ ဒီလိုဆိုတော့ အဆင်မပြေဘူး”ဟု နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။

လက်ရှိတွင် မူဆယ်မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်များဖြစ်သော နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်၊ ကျင်စန်းကျော့ဂိတ် နှင့် ပန်ဆိုင်းဂိတ်တို့အနက် ဆင်ဖြူဂိတ်တစ်ခုတည်းကိုသာ ကုန်ပစ္စည်းသယ်ယူခွင့်ပေးထားခြင်းဖြစ်သည်။

ထို့ပြင် စက်သုံးဆီများကို မူဆယ်မြို့ ကညနတွင် ယာဉ်မှတ်ပုံတင်ထားသည့် ကိုယ်ပိုင်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ သုံးဘီး၊ ကုန်တင်(ဝန်ပေါ့)ယာဉ်များနှင့် ဌာနဆိုင်ရာမော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို သတ်မှတ်ဂါလန်အတိုင်း ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။


#centralnewsnaypyitaw

image

တောင်ကိုရီးယား ယာယီသမ္မတ ဟန်ဒတ်ခ်ဆိုးကို စွပ်စွဲပြစ်တင်ဖို့ လွှတ်တော်က မဲခွဲဆုံးဖြတ်

ဆိုးလ်၊ ဒီဇင်ဘာ ၂၇

စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖို့ မဲခွဲဆုံးဖြတ်ပြီးနောက် သီတင်းနှစ်ပတ်အကြာမှာ ယာယီသမ္မတ ဟန်ဒတ်ခ်ဆိုးကိုလည်း လွှတ်တော်အမတ်တွေက ဒီကနေ့မှာ စွပ်စွဲပြစ်တင်လိုက်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၉ ၂ ယောက်က ယာယီသမ္မတကို စွပ်စွဲပြစ်တင်ဖို့ မဲမေးခဲ့ကြပြီး အဆိုအောင်မြင်ဖို့လိုအပ်တဲ့ ထောက်ခံမဲ ၁၅၁ မဲထက် များစွာကျော်လွန်ခဲ့ပါတယ်။

ဒီဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတယွန်းဆွတ်ခ်ယိုးလ်ကို လွှတ်တော်က စွပ်စွဲပြစ်တင်ခဲ့ပြီးနောက် ရာထူးတာဝန်တွေကို ဝန်ကြီးချုပ်ဟန်ဒတ်ခ်ဆိုးကို လွှဲပြောင်းပေးခဲ့ရပါတယ်။

သူဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြားကနေ နိုင်ငံကိုဦးဆောင်ဖို့ ရည်ရွယ်ခဲ့ပေမယ့်လည်း ယွန်းဆွတ်ခ်ယိုးအပေါ် စွပ်စွဲပြစ်တင်မှုလုပ်ငန်းစဉ်ကို အပြီးသတ်အောင်မလုပ်ဘူးလို့ အတိုက်အခံအမတ်တွေက စောဒက တက်ထားကြပါတယ်။

သမ္မတ ယွန်းဆွတ်ခ်ဆိုးလ်ရဲ့အမှုကို ကြီးကြပ်ဖို့ လွှတ်တော်ကရွေးချယ်ထားတဲ့ တရားသူကြီးသုံးယောက်ကို ယာသီသမ္မတ ဟန်ဒတ်ခ်ဆိုးက ပယ်ချပြီးနောက် အတိုက်အခံတွေဟာ သူ့ကို ကြာသပတေးနေ့က စွပ်စွဲပြစ်တင်ဖို့ အဆိုတင်သွင်းခဲ့တာပါ။

စွပ်စွဲပြစ်တင်မှု ဥပဒေကြမ်းကို အတည်ပြုဖို့ ၁၅၁ မဲသာလိုအပ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌက ကြေညာပြီးနောက် ယွန်းဆွတ်ခ်ဆိုးလ်နဲ့ ဟန်ဒတ်ခ်ဆိုးတို့ရဲ့ အာဏာရ ပီပီပီပါတီ လွှတ်တော်အမတ်တွေက ဆန္ဒပြခဲ့ကြပါတယ်။

အာဏာရပါတီအမတ်တွေဟာ မဲပေးတဲ့နေရာအလယ်မှာ စုဝေးခဲ့ကြပြီး ဒါဟာတရားမဝင်ကြောင်း၊ အာဏာအလွဲသုံးစားမှုလို့ဆိုကာ လွှတ်တော်ဥက္ကဌကို ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ယာယီသမ္မတကို စွပ်စွဲပြစ်တင်မှုကြောင့် တောင်ကိုရီးယားငွေကြေး ဝမ်စျေးနှုန်းဟာ လွန်ခဲ့တဲ့ ၁၆ နှစ်က ကမ္ဘာစီးပွားရေးအကျပ်အတည်းနောက်ပိုင်း ဒေါ်လာစျေးနဲ့ယှဉ်ရင် အနိမ့်ဆုံး ကျဆင်းသွားပြီး နိုင်ငံရေးအကျပ်ရိုက်မှုတွေအတွက် နှစ်ဖက်စလုံးက အပြန်အလှန်အပြစ်တင်နေကြပါတယ်။

Ref:BBC
Photo:Getty Images

#သတင်းဟင်းလေးအိုးကြီး

image
image
image

ကျပ် ၁၄ ဒသမ ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်နှင့် မူးယစ်ဆေးများ ပဲခူးမြို့တွင် ဖမ်းမိ

ဒီဇင်ဘာ ၂၇

ပဲခူးမြို့တွင် ငွေကျပ် ၁၄ ဒသမ ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁၇၀ ကီလိုနှင့် Happy Water ၂ ဒသမ ၆ ကီလို ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၀ ရက်တွင် ပဲခူးမြို့၊ ရပ်ကွက်ကြီး(၆)၊ ဗိုလ်အောင်ကျော်လမ်း၌ ကျော်ဆန်းဦး မောင်းနှင်ပြီး မလွမ်းယန်း လိုက်ပါလာသည့် Toyota Dyna မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ၁၄ ဒသမ ၁၁၅၄ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၂ ဒသမ ၃ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁၇၀ ကီလိုနှင့် Happy Water ၂ ဒသမ ၆၇ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ညနေ ၆ နာရီတွင် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ခိုင်းသူများဖြစ်သည့် နိုင်နိုင်ဝင်း(ခ)ရှက်ဖီးနှင့် တင်ထွန်းနိုင်တို့အား ပဲခူးမြို့၊ ရပ်ကွက်ကြီး(၆)၊ ဗိုလ်အောင်ကျော်လမ်းရှိ ဟိုတယ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖမ်းမိတရားခံများကို စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါးများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့မှ ပဲခူးမြို့သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image

မင်္ဂလာတောင်ညွှန့်မှာ (၅)ဦးနှင့်အထက် လူစုလူဝေးမပြုလုပ်ဖို့ ပုဒ်မ ၁၄၄ ထုတ်ပြန်

ဒီဇင်ဘာ ၂၇

ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ (၅)ဦးနှင့် (၅)ဦးအထက် ပိုပြီး လူစုလူဝေးမပြုလုပ်ဖို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန် အသိပေးလာတာကိုတွေ့ရပါတယ်။

မြို့နယ်အတွင်းမှာ အများပြည်သူရဲ့ လုံခြုံရေးနဲ့ တရားဥပဒေ ပျက်ပြားအောင် လုပ်ဆောင်နေတာတွေ တွေ့ရှိနေ ရတဲ့အတွက် အခုလို အမိန့်ထုတ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို လူစုလူဝေး ကန့်သတ်မှုကို မြို့နယ်ထဲက လမ်းမကြီးတွေ၊ လမ်းသွယ်၊ လမ်းကြားတွေ၊ ဥယျာဥ် (သို့) အပန်းဖြေနေရာတွေမှာ မပြုလုပ်ကြဖို့ အမိန့်စာမှာပါရှိပါတယ်။

နံနက် (၁)နာရီကနေ နံနက် (၃) နာရီ အထိကို ညမထွက်အရအမိန့်ကို ထုတ်ဆင့်လိုက်ပြီး နောက်ထပ် အမိန့် ထုတ်ပြန်မှု မရှိမချင်း ယခုထုတ်ပြန်တဲ့ အမိန့် အတည်ဖြစ်နေမှာလို့ ဆိုပါတယ်။

#centralnewsnaypyitaw

image
52 w - Translate

TATTOO IDEAS

image
52 w - Translate

Drag Me to Hell (2009)

မကြည့်ခင်သေးအရင်ပေါက်ပါ ရွံတတ်တဲ့သူတွေနဲ့
ကြောက်တတ်တဲ့သူတွေမကြည့်သင့်တဲ့ Horrorကားပါ
ဘာလိုရွံတက်ရင် မကြည့်ရတာလဲဆိုတော့
မရွံတက်တဲ့မင်မင်တောင် ဇာတ်ဝင်ခန်းတစ်ခုကိုကြည့်ပြီး
ပျိုတက်လာလိုပါနော်

မကောင်းဆိုးဝါးအဘွားအိုကို အရှက်ခွဲမိသလို
ဖြစ်သွားတာကြောင့် အဘွားအိုရဲ့ကျိန်စာတိုက်ခြင်းကိုခံရတဲ့ မိန်းမငယ်တစ်ယောက်အလုပ်ထဲမှာရော အိမ်ထဲမှာပါ
ဘယ်လိုခြောက်လှန့်မှုဘယ်လိုကြမ္မာဆိုးတွေနဲ့ကြုံရပြီး
သူ့ဘဝကဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို
စိတ်ဝင်စားဖွယ် ဒီဇာတ်လမ်းထဲမှာ ကြည့်ရှူကြရမှာပါ
#horrormovie

image

မုဒိတာအိမ်ရာတွင် မီးစက်နှိုးထားရာမှ မီးခိုးမွှန်၍ အမျိုးသားငါးဦး ဆေးရုံတင် ကုသရ

ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ မုဒိတာအိမ်ရာတွင် ဒီဇင်ဘာလ ၂၇ ရက် ည ၁၀ နာရီခန့်က မီးပျက်၍ မီးစက်နှိုးထားရာမှ မီးခိုးမွှန်သဖြင့် အမျိုးသားငါးဦး အသက်ရှုကြပ်၍ ဆေးရုံတင်ကုသခဲ့ရကြောင်း သွား ရောက်ကူညီဆောင်ရွက်ပေးခဲ့သော တွဲလက်လူမှုကူညီရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အသက်ရှုကြပ်သူ အမျိုးသား ၅ ဦးမှာ အသက် ၁၈ နှစ်မှ ၂၅ နှစ်အရွယ် လူငယ်များဖြစ်ကြပြီး တိုက်ခန်းတွင် အလုံခန်းဖြစ်နေသဖြင့် မီးစက်နှိုးထားရာမှ ထွက်ပေါ်လာသော မီးခိုးငွေ့များကြောင့် အသက်ရှုကြပ်ကာ မူးမောမှုများ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရသည်။

“အသက်ရှုကြပ်တဲ့ လူနာတွေက မစိုးရိမ်ရပါဘူး။ မီးခိုးမွှန်လို့ မောကြပ်တဲ့သဘောပါ။ လိုအပ်တဲ့အောက်စီဂျင်ပမာဏကို ထိန်းညှိပြီး ဆေးရုံအချိန်မီပို့ဆောင်ပေးခဲ့ပါတယ်။ လူနာအကုန်လုံးအခြေအနေတွေ ကောင်းပါတယ် “ဟု တွဲလက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အသက်ရှုကြပ်သော အမျိုးသား ၅ ဦးကို လူနာတင်ယာဥ် ၂ စီး၊ အဖွဲ့ဝင် ၄ ဦးဖြင့် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

image

ရန်ကုန်မြို့အနီးမှာ သဘာဝအလှကို ထိ​တွေ့ခံစားနိုင်မယ့် ဂျိုးဖြူရေတံခွန် 🍀
မြို့ပြရဲ့ မွန်းကျပ်မှု့​တွေက​နေ တစ်ခဏလွန်​မြောက်​စေတဲ့ ​နေရာ​လေးတစ်ခုတဲ့ တိုက်ကြီးမြို့ရဲ့ အထင်ကရတစ်ခုထဲကဂျိုးဖြူရေတံခွန် သို့ ခဏတာ သွားရောက်လည်ပတ်ဖို့ညွှန်းလိုက်ပါတယ်နော်။
#သွားမယ်&တည်းမယ်

image

ရန်ကုန်မြို့အနီးမှာ သဘာဝအလှကို ထိ​တွေ့ခံစားနိုင်မယ့် ဂျိုးဖြူရေတံခွန် 🍀
မြို့ပြရဲ့ မွန်းကျပ်မှု့​တွေက​နေ တစ်ခဏလွန်​မြောက်​စေတဲ့ ​နေရာ​လေးတစ်ခုတဲ့ တိုက်ကြီးမြို့ရဲ့ အထင်ကရတစ်ခုထဲကဂျိုးဖြူရေတံခွန် သို့ ခဏတာ သွားရောက်လည်ပတ်ဖို့ညွှန်းလိုက်ပါတယ်နော်။
#သွားမယ်&တည်းမယ်

image

ရန်ကုန်မြို့အနီးမှာ သဘာဝအလှကို ထိ​တွေ့ခံစားနိုင်မယ့် ဂျိုးဖြူရေတံခွန် 🍀
မြို့ပြရဲ့ မွန်းကျပ်မှု့​တွေက​နေ တစ်ခဏလွန်​မြောက်​စေတဲ့ ​နေရာ​လေးတစ်ခုတဲ့ တိုက်ကြီးမြို့ရဲ့ အထင်ကရတစ်ခုထဲကဂျိုးဖြူရေတံခွန် သို့ ခဏတာ သွားရောက်လည်ပတ်ဖို့ညွှန်းလိုက်ပါတယ်နော်။
#သွားမယ်&တည်းမယ်

image