Khine Su Zin shared a post  
47 w

47 w

၂၀၂၄ အတွက် FIFA The Best အလှဆုံးသွင်းဂိုးဆုအတွက် ဂါနာချိုရရှိပြီး အကောင်းဆုံးကစားသမားဆုကို ဗီနီစီးယပ်စ်ဆွတ်ခူး

ဒီဇင်ဘာ ၁၈

၂၀၂၄ ခုနှစ်အတွက် FIFA ရဲ့ The Best ဆုတွေထဲမှာ အလှဆုံးသွင်းဂိုး Puskas Award ဆုအတွက် မန်ယူတောင်ပံကစားသမား ဂါနာချိုရရှိပြီး အကောင်းဆုံးကစားသမားဆုကို ဗီနီစီးယပ်စ်က ဆွတ်ခူးနိုင်ခဲ့ပါတယ်။

FIFA က ချီးမြှင့်တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်တာ အကောင်းဆုံးဆု ရရှိခဲ့သူတွေက အကောင်းဆုံးကစားသမားဆုကို ဗီနီစီးယပ်စ် (ရီးရဲမက်ထရစ်)၊ အကောင်းဆုံးဂိုးသမားဆုကို မာတီနက်ဇ် (အက်စတွန်ဗီလာ)၊ အကောင်းဆုံးသွင်းဂိုး Puskas ဆုကို အဲဗာတန်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့တဲ့ပွဲမှာ မန်ယူတောင်ပံကစားသမား ဂါနာချိုက ဘိုင်စကယ်ကစ်နဲ့ နောက်ပြန်ကန်သွင်းယူခဲ့တဲ့ဂိုးကို ရွေးချယ်ခဲ့ပြီး အကောင်းဆုံးနည်းပြဆုကို အန်ဆယ်လော့တီ (ရီးရဲမက်ထရစ်)၊ Fair Play Award ဆုကို သီယာဂိုမိုင်ယာ (အင်တာနေစီယိုနယ်)၊ အကောင်းဆုံး အမျိုးသမီးကစားသမားဆုကို
အီတာနာဘွန်မာတီ (ဘာစီလိုနာ)၊ အကောင်းဆုံး အမျိုးသမီးနည်းပြဆုကို အမ်မာဟေးစ် (အမေရိကန်)၊ အကောင်းဆုံး အမျိုးသမီးဂိုးသမားဆုကို အလီဆာနာဟာ (ချီကာဂိုရက်ဒ်စတား) နဲ့ Fan Award ဆုကို ဂူဟာမီး ဂန်ဒယာ မိုယာဆိုတဲ့ ကလေးငယ်က ဆွတ်ခူးနိုင်ခဲ့တာပါ။

ဒါ့အပြင် အကောင်းဆုံး ၁၁ ဦးအသင်းမှာလည်း ဂိုးသမားနေရာ မာတီနက်ဇ်၊ နောက်တန်းမှာ ဆာလီဘာ၊ ဒီယက်စ်၊ ရူဒီဂါ၊ ကာဗာဂျယ်၊ အလယ်တန်းမှာ တိုနီခရူးစ်၊ ရိုဒရီ၊ ဘယ်ဟင်ဟမ်နဲ့ ရှေ့တန်းမှာ ဗီနီစီးယက်စ်၊ ဟာလန်း၊ လမိုင်းယာမယ်လ်တို့ ရွေးချယ်ခံခဲ့ရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

imageimage
+7

Skin Tone

Fashion

ဆူးခတ်နှင်းဆီ အပိုင်း(၃)

စာချုပ်သစ်အတွက် ယူနိုက်တက်နဲ့ မက်ဂွဲယားဆွေးနွေးမှုပြုလုပ်

ဒီဇင်ဘာ ၁၈

အင်္ဂလန်နောက်ခံလူ မက်ဂွဲယားက ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ်အတွက် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု တွေ ပြုလုပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

မက်ဂွဲယားက “ကျနော်ဟာ ကျနော့်ရဲ့ ရေရှည်အနာဂတ်နဲ့ ပတ်သက်ပြီး မစဉ်းစားပါဘူး။ ယူနိုက်တက်အသင်း လက်ထဲမှာ ရွေးချယ်စရာတစ်ခုနဲ့ ဆက်သွားနေတုန်းပါပဲ။ လက်ရှိအချိန်မှာ လက္ခဏာတွေ အားလုံးက အပြု သဘော ဆောင်နေပြီး ကျနော်တို့ ပြောဆိုမှုတွေကလည်း အလွန်အပြုသဘော ဆောင်ပါတယ်။ နှစ်ရှည် စာချုပ် သစ်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေရှိပါတယ်”လို့ ပြောခဲ့တာပါ။

မက်ဂွဲယားရဲ့ လက်ရှိစာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပေမယ့် ယူနိုက်တက်အသင်းဟာ သူ့ကို ၂၀၂၆ ခုနှစ် ရာသီအကုန်ထိရှိမယ့် စာချုပ်သက်တမ်း တိုးခွင့်ရှိနေတာ ဖြစ်ပါတယ်။

မက်ဂွဲယားဟာ ၂၀၂၃ ခုနှစ်နွေရာသီက ဝက်စ်ဟမ်းအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တာပါ။

မက်ဂွဲယားဟာ ပြီးခဲ့တဲ့ နွေရာသီက ယူနိုက်တက်အသင်းထံ ဒီလစ်နဲ့ ယိုရိုတို့ ရောက်ရှိလာမှုကြောင့် ပွဲကစားခွင့် ဆုံးရှုံးခဲ့ရပေမယ့် မန်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က မန်စီးတီးအသင်းနဲ့ ပွဲအပြီးမှာ မက်ဂွဲယားကို ချီးကျူးခဲ့ပြီး သူဟာအသင်း အတွက် အရေးပါတဲ့သူလို့ ပြောခဲ့တာပါ။

မက်ဂွဲယားဟာ နည်းပြအာမိုရင် လက်အောက်မှာ သူ့ရဲ့စွမ်းဆောင်ရည်ကို ဆက်ထိန်းပြီး ယူနိုက်တက်အသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်က လက်စတာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ မက်ဂွဲယားဟာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၂၁၉ ပွဲ ပါဝင်ကစားထားပြီး ၁၂ ဂိုးသွင်းယူထားတာပါ။

ယူနိုက်တက်အသင်းဟာ ကြားရက်ထဲမှာ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN

ပုံ - မက်ဂွဲယားကို တွေ့ရစဉ်

#centralnewsnaypyitaw

ကျပ် ၅ ဒသမ ၇ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးများ တာချီလိတ်တွင် ဖမ်းမိ

ဒီဇင်ဘာ ၁၈

တာချီလိတ်မြို့တွင် ငွေကျပ် ၅ ဒသမ ၇ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း)၊ ကက်တမင်း၊ အက်တက်စီနှင့် Happy Water များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ ကျန်ကြားအန်၏ နေအိမ်ကို သတင်းအရရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၁၄၁ ကီလို၊ ကက်တမင်း ၂၃ ကီလိုနှင့် အက်တက်စီဆေးပြား ၁၂၈,၀၀၀ ပြားသိမ်းဆည်းရမိခဲ့သည်။

တရားခံကို စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၅ နာရီခွဲအချိန် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါးများပိုင်ရှင် တွမ်လောင်ဖူး(ခ) အားဟွာ၏ နေအိမ်ကို ဆက်လက်ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ တွမ်ရှီးခွမ်အား စိတ်ပြောင်းဆေးဝါး Happy Water ၂ ကီလို၊ Happy-5 ဆေးပြား ၁၆,၀၀၀ ပြား၊ အက်တက်စီအမှုန့် ၉ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၅ ဒသမ ၇ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၄၁ ကီလို၊ ကက်တမင်း ၂၃ ကီလို၊ အက်တက်စီဆေးပြား ၁၂၈,၀၀၀ ပြား၊ Happy Water ၂ ကီလို၊ Happy-5 ဆေးပြား ၁၆,၀၀၀ ပြား၊ အက်တက်စီအမှုန့် ၉ ကီလို သိမ်းဆည်းရမိခဲ့သည်။

ဖမ်းမိတရားခံများအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

#သတင်းဟင်းလေးအိုးကြီး

image

ဒီဇင်ဘာ ၁၈ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

ဒီဇင်ဘာ ၁၈ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image
Christian Kemplin changed his profile picture
47 w

image