ကစားသမားဖြည့်တင်းမှုတွေနဲ့ မန်စီးတီးရဲ့ရာသီ စတင်တော့မှာလား

ဇန်နဝါရီ ၂၆

ဒီရာသီမှာ မန်စီးတီးအသင်း ကြုံတွေ့နေရတဲ့ ရလဒ်တွေဟာ ဘယ်သူမှ မထင်မှတ်ထားလောက်အောင် ဆိုးရွား နေပြီး အဓိကပြိုင်ပွဲတွေရဲ့ ချန်ပီယံပြေးလမ်းကြောင်းပေါ်ကနေ စောစီးစွာထွက်ခွာ နေရပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပြိုင်ပွဲမှာဆိုရင် အဆင့် ၄ အတွင်း ဝင်ရောက်နိုင်ဖို့ ရုန်းကန်နေရသလို ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လည်း စောစီးစွာ ထွက်ခွာရမယ့် အခြေအနေကို ရှောင်နိုင်ဖို့ ကြိုးပမ်းရမှာပါ။

မန်စီးတီးအသင်း ဒီလိုမျိုးရလဒ်ဆိုးတွေ ကြုံတွေ့နေတာမှာ အဓိက ကစားသမား အများအပြားကို ဒဏ်ရာတွေ ကြောင့် ဆုံးရှုံးခဲ့ရတာက အဓိကအချက်ဖြစ်ခဲ့သလို ပြီးခဲ့တဲ့နွေရာသီမှာ ကစားသမားသစ် ဖြည့်တင်းမှု နည်းပါး ခဲ့တာကလည်း အချက်တစ်ချက်အနေနဲ့ ပါဝင်နေပါတယ်။

မန်စီးတီးအသင်းဟာ တိုက်စစ်မှူး အယ်လ်ဗားရက်ဇ်ကို အသလက်တီကိုအသင်းထံ ရောင်းချခဲ့ပြီးနောက် သူ့ရဲ့နေရာမှာ ပြန်အစားထိုးခဲ့ခြင်း မရှိတာက အသင်းအပေါ် သက်ရောက်မှုတွေ အများကြီးရှိခဲ့တာပါ။

ပုံစာ- မန်စီးတီးအသင်းကိုတွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image