မန္တလေးမြို့ပေါ် အုပ်စုဖွဲ့၍ ဆိုင်ကယ်လုယက်မှု အကြိမ်ကြိမ် ကျူးလွန်ခဲ့သူ တရားခံ ၆ ဦးအား သက်သေခံဆိုင်ကယ် ၃ စီးနှင့်အတူ ဖမ်းမိ

ဇန်နဝါရီ ၂၆

ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့ထပ်မံကျူးလွန်ထားသည့် ပြစ်မှုများရှိ၊ မရှိ ဆက်လက်စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်များတွင် မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း လမ်းသွားလမ်းလာပြည်သူများအား အုပ်စုဖွဲ့၍ ဆိုင်ကယ်များ အကြိမ်ကြိမ်လုယက်မှုကျူးလွန်ခဲ့ကြသူများဖြစ်သည့် ဖမ်းဆီးရမိတရားခံ မင်းထက်၊ ချမ်းမြေ့အောင်(ခ)ငချမ်း၊ အောင်ရဲငြိမ်း(ခ)ဖိုးငယ်၊ သန့်စင်(ခ)အောင်သန်းဦး(ခ) အောင်ကျော်၊ အောင်ကိုမင်း၊ အောင်သူရကျော်(ခ)ကိုချစ်တို့ ၆ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်ကြသည့် ဇော်ထက်(ခ)ဝက်စုတ်နှင့် ကုလားကြီး တို့ ၂ ဦးအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် မိဘပြည်သူများအနေဖြင့် ရပ်ရွာ များအတွင်း အလားတူ ဒုစရိုက်မှုများမဖြစ်ပွားစေရေးနှင့် ဒုစရိုက်သမားများ၏ လှုပ်ရှားဆောင်ရွက် မှုသတင်းများအား တွေ့ရှိပါက သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများထံသို့ သတင်းပေးပို့နိုင် ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အသိပေးသတင်းထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

image