1 y - Translate

အိမ်ထောင်ပြုချင်စိတ်ကုန်သွားတဲ့နေ့
ကျွန်မက နောက်နှစ် နှစ်ဆန်းဆိုရင် လက်ထပ်တော့မယ်သတို့သမီးလောင်းပေါ့.. ကိုယ်ချစ်တဲ့သူနဲ့ပဲ အိုသည်အထိ အတူရှိချင်တဲ့ မိန်းကလေးတွေအများကြီးထဲကတစ်ယောက်ပါ ။

ကျွန်မဖြစ်ချင်တဲ့ ဆန္ဒသေးသေးလေးကို စိတ်အ‌နှောင့်အယှက်ကင်းကင်းနဲ့ဖြစ်ခွင့်မပေးဘူး ။
“ယောကျာ်းတိုင်းက ဒီလိုမဟုတ်ပါဘူး သမီးရယ်” ဆိုတဲ့အမေ့စကားလည်း နားမဝင် “ကိုကို ကတိပေးပါတယ်”ဆိုတဲ့ ချစ်သူရဲ့စကားနဲ့ “သူကတော့ လူကောင်းပါဟယ်” ဆိုတဲ့သူငယ်ချင်းတွေရဲ့ စကားတွေကိုပါနားမဝင်တော့ဘဲ ယောကျာ်းတွေအကုန်တူတူပဲဆိုတဲ့ နေ့ကိုရောက်လာခဲ့တယ် ။

ကျွန်မ မျက်မှန်းတန်းမိနေပြီး သူငယ်ချင်းတွေရော တော်တ်ောများများသဘောကျတဲ့အတွဲလေးရှိပါတယ် ။ တွဲလာတာသိပ်မကြာသေးပေမယ့် ဘာလို့လူတိုင်းက သဘောကျလဲဆိုရင် အစ်ကိုကြီးက အစ်မကြီးကို သိပ်ချစ်ပေးတာ ၊‌ သိပ်ရိုးသားတာ ဆိုပြီးအများကြီးအားကျခဲ့ရတာပေါ့။ ချစ်သူသဘာဝအရ အတူနေရင်း ကိုယ်ဝန်ရသွားတော့ မကြာခင်ယူကြတော့မယ်ဆိုပြီးထင်ခဲ့ကြတာပေါ့ ။ ဒါပေမယ့် မထင်မှတ်ခဲ့ဘဲ သိခဲ့ရတာ အစ်ကိုကြီးက ကလေးအဖေ အိမ်ထောင်သည်တဲ့ ။ သူ့ကို အဆက်အသွယ်မရလို့ သူ့နယ်ကို လိုက်သွားခဲ့တော့မှသိခဲ့ရတာတဲ့ ။ ဒီသတင်းကို ကြားကြားချင်းကျွန်မ စိတ်ထဲ ယောကျာ်းတွေကို ကြောက်လိုက်တာ စိတ်ပျက်လိုက်တာဆိုတာ တွေးမရအောင်ပါဘဲ ။
ဒီသတင်းကိုကြားကြားချင်း သူငယ်ချင်းတစ်ယောက်က သူ့အစ်မရဲ့အိမ်ထောင်ရေးအကြောင်းကိုပြောပြတယ် ။ သူ့အစ်မယောကျာ်းက ဖောက်ပြန်နေခဲ့တာတဲ့ ။ သမီးလေးကိုသိပ်ချစ်တဲ့ ယောကျာ်းဖြစ်လို့ ဒီအလုပ်ကိုမလုပ်‌လောက်ပါဘူးဆိုပြီး ရုံးပြန်နောက်ကျရင် ၊ အလုပ်ကိစ္စနဲ့ ခရီး ခဏခဏ ထွက်ရတာတွေကိုယုံကြည်ခဲ့သမျှဟာ သူနောက်တစ်ယောက်နဲ့ ကောင်းကောင်းကြီး ဖောက်ပြန်ဖို့အတွက်လိုဖြစ်နေခဲ့တယ်ဆိုတာ မယားငယ် နဲ့ ခရီးတူတူသွားတာကို ကားဂိတ်မှာ ပက်ပင်းတိုးမှ သိခဲ့ရတာတဲ့ ။

အိမ်ထောင်သက် ၄နှစ်လောက်ရောက်နေပြီးမှ နောက်မိန်းမက ကိုယ်ဝန်ရသွားလို့ဆိုပြီး ကွာရှင်းလိုက်ကြတဲ့ ငယ်သူငယ်ချင်းမကလည်း ဒီကိစ္စတွေကို ပြောရင်း ငိုရင်းနဲ့ အဲ့နေ့ဟာ ကျွန်မအတွက်ဘယ်ယောကျာ်းကိုမှ မယုံကြည်တော့ပါဘူး ။

သူ့ကိုဘယ်လောက်ပဲချစ်ချစ် သူကပဲဘယ်လောက်ချစ်ပေးချစ်ပေး ယောကျာ်းတွေကို ကြောက်လာခဲ့တဲ့အချိန်ကစပြီး သူက မယုံကြည်စရာကောင်းတဲ့ ယောကျာ်းတစ်ယောက်အပြင်မပိုတော့ပါဘူး ။

အိမ်ထောင်ပြုဖို့လက်တစ်ကမ်းအလိုမှာရောက်နေတဲ့ ကျွန်မက သူဖောက်ပြန်ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိတ်နဲ့ ဘယ်လိုမှအိမ်ထောင်သည်ဘဝကို မရောက်ချင်တော့ဘူး ။

image
1 y - Translate

Me right now 🙂

image
1 y - Translate

ကိုဗစ်ကူးစက်မှုတွေအကြောင်း စတင်ဖော်ထုတ် ရေးသားခဲ့တဲ့ တရုတ်သတင်းထောက် ထောင်ကပြန်လွတ်ပြီ

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေကြောင်း ဖော်ထုတ် သတင်းရေးသား မှုကြောင့် ထောင်ကျနေတဲ့ တရုတ် သတင်းထောက်ဟာ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီဖြစ်ပါတယ်။

ရှန်ဟိုင်းမှ ရှေ့နေဟောင်းတယောက်လည်းဖြစ်သူ သတင်းထောက် Zhang Zhan ဆိုသူ အမျိုးသမီးဟာ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်ရှိ ဝူဟန်မြို့ကို ၂၀၂၀ ခုနှစ်က သွားရောက်ခဲ့ပြီး ဒေသခံတွေ ကူးစက်ခံရတဲ့ အခြေအနေတွေနဲ့ အာဏာပိုင်တွေရဲ့ တုံ့ပြန်မှုတွေကို သတင်းထုတ်ဖော်ရေးသားခဲ့ပါတယ်။

ဒါပေမယ့် သူမကို အာဏာပိုင်များက သတင်းမှားဖြန့်ဝေမှုအပါအဝင် စွဲချက်တွေနဲ့ တရားစွဲဆိုပြီး ထောင်လေးနှစ်ချမှတ်ခဲ့တာကြောင့် အမေရိကန်အပါအဝင် နိုင်ငံတကာက ဒီပြစ်ဒဏ်အပေါ် ဝေဖန်မှုများ ပြုလုပ်ခဲ့ပါတယ်။

သူမထောင်ကျနေစဉ်အချိန်အတွင်း စီရင်ချက်ချမှတ်မှုနဲ့ အာဏာပိုင်များရဲ့ ဆောင်ရွက်မှုတွေအပေါ် အစာအငတ်ခံဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာတော့ သူမဟာ ကိုယ်အလေးချိန် ပေါင် ၉၀ သာရှိခဲ့ ပါတယ်။

သူမလွတ်မြောက်လာပြီးမိသားစုနဲ့ အတူနေထိုင်ခွင့်ရပေမယ့် သူမရဲ့ လှုပ်ရှားမှုများအပေါ် အာဏာပိုင်တွေရဲ့ ကန့်သတ်စောင့်ကြည့်ခံရဖွယ်ရှိကြောင်း ထောက်ခံသူများက ပြောဆိုထားပါတယ်။

image
1 y - Translate

ယနေ့ ငွေစျေး

image
1 y - Translate

နော်

image
1 y - Translate

ရွှေဆိုင်များရဲ့ အငတ်ကြမ်းပုံများ ပြောပြရရင် ဒေါထစရာပါပဲ 😏

2427 × 4050 ÷1.875 = 5242320 MMK

အထက်ပါ 5242320 MMK စျေးသည် ပြည်တွင်းသုံး အရည်အသွေးမပြည့်တဲ့ ရွှေစျေးမဟုတ်ဘဲ _ နိုင်ငံတကာကို ဒေါ်လာဖြင့် ရောင်းနိုင်သော ( 999.9)အရည်အသွေးပြည့်မီ ရွှေစျေးဖြစ်ပါသည် ။

ယခု ဆိုင်တွေမှာ ဝယ်/ရောင်း လုပ်နေတဲ့ ရွှေများဟာ ပြည်ပမှာရောင်းရင်
( ၁ အောင်စ ) ကို $1800 လောက်ရရင် ကံကောင်းပေါ့
ဥပမာ ( 1800×4050÷1.875= 3888000 MMK ) စျေးလောက်ပဲ ပေးမယ်လို့ထင်တယ် ။

အဓိကပြောချင်တာက ပြည်ပထုတ်ကုန်ရွှေနဲ့ ပြည်တွင်းသုံးရွှေ အရည်အသွေးကွာခြားသွားတာပါ ယခုလက်ရှိ ရွှေဆိုင်တွေက ရောင်းချနေသော စျေးတန်းသည် ပြည်ပတွင်ရောင်းချသော ရွှေစျေးဖြစ်ပြီး ပြည်တွင်းရွှေစျေးကွက်အဖြစ် မရောင်းချသင့်ဘူးလို့ ပြောချင်တာပါ ။

​( ကမ္ဘာ့အဆင့်မီစျေး ယူရောင်းတာထားပါဦး ၊ ရောင်း/ဝယ် စျေးတန်းတူညီနေရင်တောင် မပြောပါဘူး ၊ အခုက ခွာစျေးဆိုတာနဲ့ပါ ပြန်ယူထားတာကို ရင်နာလို့ပါ )

မှားရင်လဲ သိခံပေးပါ
#ရွှေစျေး

image
1 y - Translate

ကောင်းကင်မှာ တိမ်တွေမရှိတဲ့အခါ
တကယ်ကို စိတ်ထဲအဆင်မပြေသလိုပဲ
တိမ်တွေလည်း သူပျောက်ကွယ်ရတဲ့
အကြောင်းတွေရှိလောက်မှာပါ
မိုးတွေရွာချလို့လား
လေတွေတအားတိုက်လို့များ
အဝေးတစ်နေရာရောက်သွားတာလားပေါ့
တစ်ခါတလေ သူကောင်းကင်ကြီးကို
စိတ်ပျက်တဲ့အချိန်ဆိုတာလည်း ရှိနိုင်တာပဲ
တိမ်တွေက သိပ်ကိုလှသလို တခါတလေကျ
နားလည်ရခက်တယ်
တိမ်တွေမြင်နေရရင် ပျော်သလို
မမြင်ရတော့တဲ့အခါကျရင်လည်း မျှော်နေရမှာပဲလေ
ဒါတိမ်တွေကိုချစ်မိတဲ့ စိတ်တွေကြောင့်ပဲမဟုတ်လား
ကျွန်တော်ပြောချင်တာ တိမ်တွေအကြောင်းမဟုတ်ပါဘူး ။
-Flexx

image
1 y - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၂၂-၅-၂၀၂၄)

ဒီနေ့မှာလည်း အပြောင်းအလဲမရှိသေးတဲ့ စက်သုံးဆီစျေးနှုန်းများ

#fuel
#ဆီစျေး

image
1 y - Translate

ဟော

image
1 y - Translate

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ - ၂၂ ရက်)

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၇၀ ကျပ်
ဝယ်ဈေး - ၄၀၂၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၀၁၀ ကျပ်
ဝယ်ဈေး - ၂၉၆၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၄၉၄ ကျပ်
ဝယ်ဈေး - ၄၃၉၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၁၂.၃၆ ကျပ်
ဝယ်ဈေး - ၁၀၉.၈၉ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၂၆ ကျပ်
ဝယ်ဈေး - ၉၁၆ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၆၀ ကျပ်
ဝယ်ဈေး - ၅၅၀ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၁၃ ကျပ်
ဝယ်ဈေး - ၂၅.၅၆ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၉.၀၇ ကျပ်
ဝယ်ဈေး - ၄၇.၉၉ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၉၉ ကျပ်
ဝယ်ဈေး - ၂.၉၂ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၁၀၇ ကျပ်
ဝယ်ဈေး - ၄၉၅၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၇၄၀ ကျပ်
ဝယ်ဈေး - ၂၆၈၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၅၆ ကျပ်
ဝယ်ဈေး - ၂၈၉၁ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၃၅ ကျပ်
ဝယ်ဈေး - ၅၂၃ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၂၃ ကျပ်
ဝယ်ဈေး - ၁၀၉၈ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image