image
image
image
1 နှစ် - ဘာသာပြန်ပါ။

Marksman Hero အသစ်ပါ။
Skill Effects တွေအရတော့
တော်တော်OP မယ့်ကောင်ပါပဲ

image
1 နှစ် - ဘာသာပြန်ပါ။

ဆာလာကို ၂ နှစ်စာလုပ်ခ ပေါင် ၆၅ သန်းဖြင့် ခေါ်ယူရန် ဆော်ဒီကလပ်ပြင်ဆင်

ဆော်ဒီကလပ် အယ်ဟီလယ်အသင်းဟာ လီဗာပူးကစားသမား ဆာလာကို ၂ နှစ်စာလုပ်ခအဖြစ် ပေါင် ၆၅ သန်း ပေးပြီး ခေါ်ယူဖို့ စီစဉ်နေပါတယ်။

အီဂျစ်ကစားသမားဟာ လီဗာပူးနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မဖြစ်နေသူဖြစ်ပြီး ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လီဗာပူးအသင်းက လက်လွှတ်ရဖို့ ရှိပါတယ်။

ဆော်ဒီနိုင်ငံရဲ့ အထွေထွေဖျော်ဖြေရေးအဖွဲ့ တာဝန်ရှိသူ တာကီအာလယ်ရှိတ်ဟာ အယ်ဟီလာဂျာစီဝတ်ဆင်ပြီး ပြုပြင်ထားတဲ့ ဆာလာရဲ့ ဓာတ်ပုံကို ဆိုရှယ်မီဒီယာကနေ ပြန်လည်ဝေမျှခဲ့ပြီး ဆာလာကိုခေါ်ယူဖို ကြိုးပမ်းနေတဲ့အကြောင်း အသိပေးခဲ့ ပါတယ်။

အသက် ၃၂ နှစ်ရှိ ဆာလာဟာ လီဗာပူးအသင်းရဲ့ အကြီးမြတ်ဆုံး ကစားသမားတွေထဲက တယောက်အဖြစ် သတ်မှတ်ခံထားရပြီး စုစုပေါင်း ၃၇၆ ပွဲမှာ ၂၃၂ ဂိုးအထိသွင်းယူ ထားပါတယ်။

ဆာလာအနေနဲ့ အယ်ဟီလာဆီပြောင်းရွှေ့ဖြစ်မယ်ဆိုရင် နေမာ၊ ကန်ဆယ်လို၊ ရူဘင် နီဗက်စ် အစရှိတဲ့ ကစားသမားတွေနဲ့အတူ တသင်းထဲမှာအတူကစားသွားရမှာ ဖြစ်ပါတယ်။

image

1 နှစ် - ဘာသာပြန်ပါ။

18 Jan 25
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,550
USD Sell - MMK 4,650
EUR Buy - MMK 4,635
EUR Sell - MMK 4,760
SGD Buy - MMK 3,290
SGD Sell - MMK 3,390
THB Buy - MMK 131.58
THB Sell - MMK 135.14
JPY Buy - MMK 28.87
JPY Sell - MMK 29.65
MYR Buy - MMK 1,001
MYR Sell - MMK 1,028
CNY Buy - MMK 616
CNY Sell - MMK 632

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 6,115,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,500,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image
1 နှစ် - ဘာသာပြန်ပါ။

သိဖို့"

image
1 နှစ် - ဘာသာပြန်ပါ။

🐟 #ငါးသလောက်ပေါင်း 🐟
***********************
ငါးသလောက် တစ်ကောင်ကို
အကြေးထိုး,အူဖောက် သန့်စင်ပီး
ဆား,သကြား,အရသာမှုန့်,နနွင်း,ရှောက်သီးတို့ဖြင့်နယ်၍
နာရီဝက်ခန့် နှပ်ထားပေးပါ။

ခရမ်းချဉ်သီး နှစ်ခြမ်းခြမ်းထားပါ။

ကြက်သွန်နီ နှစ်ခြမ်းခြမ်းထားပါ။

ကြက်သွန်ဖြူမွှာလေးများ မထူမပါး လှီးထားပါ။

_____________________________________________

🔺 ငါးသလောက် ပေါင်းပါတော့မယ်။ 🔺
***********************************
အိုးထဲဆီထည့်၍ ငရုတ်သီးအစိမ်းမှုန့် ထည့်မွှေပီးရင်
အပူပေးပီး မီးခဏပိတ်ပါ။

နှစ်ခြမ်းခြမ်းထားတဲ့
ကြက်သွန်နီ ,ခရမ်းချဉ်သီးကို
အောက်မှခံပြီး ခင်းပါမယ်။

ပီးရင် နှပ်ထားတဲ့ ငါးသလောက်များ တင်ပါမယ်။

ရေနွေးပူပူကို ငါးသလောက်မြုပ်အောင် ထည့်ပါမယ်။

မီးအားမပြင်းစေပဲ တည်ထားပါမယ်။
ရေခန်းရင် နောက်တစ်ရည် ထပ်ထည့်ရပါမယ်။
ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း ထည့်ပါမယ်။

ရေခန်းခါနီး, အိုးချခါနီး ၁၅ မိနစ် အလိုမှာ
ကြက်သွန်ဖြူခွဲခြမ်းလေးများ ထည့်ပေးပါ။

ဆီပျံလာရင် ငါးသလောက်ပေါင်းရပါပီ။

_____________________________________________

🔺 မှတ်ချက် 🔺
************
ကျမ ငါးသလောက်ပေါင်းရင်
ဂျင်း,စပါးလင် မထည့်ပါဘူး။

ရှောက်သီးက
အသားတင်းစေရန်နဲ့ အအီပြေစေရန် ထည့်ရပါတယ်။

ချိုမြမြ အရသာ ရရှိစေဖို့
ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း ထည့်ပေးရပါတယ်။

ကြက်သွန်ဖြူခွဲခြမ်းလေးတွေကတော့
ကြိုက်လို့ ထည့်တာပါ။
မထည့်ချင်ရင်လည်း ရပါတယ်။

ငါးသလောက် နူးချင်ဇောနဲ့ မီးပြင်း မတိုက်ရပါဘူး။
မီးအားအနေတော်နဲ့ ၆ နာရီခန့် ပေါင်းပေးရပါမယ်။
တနေကုန်ပေါင်းထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

အိုးချခါနီးရင် ရေကျန်နေချိန်မှာ အရသာမြည်းကြည့်ပီး
အချို,အငံ အရသာ ချိန်ဆပါ။
အီနေရင်တော့ ရှောက်သီး ထပ်ညှစ်ထည့်ပေးပါ။

ဟင်းအနှစ် အနည်း အများအတွက်
ကြက်သွန်နီနဲ့ ခရမ်းချဉ်သီး ကို
မိမိ လိုသလောက် ချိန်ဆထည့်ပါ။

💖 အရသာတွေ စိမ့်ဝင်နေတဲ့
💖 ခရမ်းချဉ်သီးဖပ် အိအိကြီးထွေးထွေးကြီးတွေ
💖 ကြက်သွန်ဖပ် ချိုချိုကြီးတွေကို
💖 ငါးသလောက်အသားနဲ့အတူ တွဲဖက်ပြီး
💖 ဝါးစားရတာ အရမ်းကို အရသာရှိလှပါတယ်။

တစ်ကယ်လို့ အနှစ်နဲ့ ငါးသလောက်
တစ်သားတည်း ကျနေစေချင်ရင်တော့
ကြက်သွန်နီ ,ခရမ်းချဉ်သီးကို နှစ်ခြမ်းခြမ်းမထည့်ပဲ
အကွင်းလေးများ ကွင်းထည့်ပေးပါ။

image
1 နှစ် - ဘာသာပြန်ပါ။

ရွှေစာရံဘုရားပွဲ🍁

အသက်မကြီးသေးပါ မောင်ရယ်
ထန်းရွက်ပုတီးလေးကိုဆွဲလို့
ရွှေစာရံကို အတူသွားကြမယ်🍁

image
1 နှစ် - ဘာသာပြန်ပါ။

ရွှေစာရံဘုရားပွဲ🍁

အသက်မကြီးသေးပါ မောင်ရယ်
ထန်းရွက်ပုတီးလေးကိုဆွဲလို့
ရွှေစာရံကို အတူသွားကြမယ်🍁

image
1 နှစ် - ဘာသာပြန်ပါ။

ရွှေစာရံဘုရားပွဲ🍁

အသက်မကြီးသေးပါ မောင်ရယ်
ထန်းရွက်ပုတီးလေးကိုဆွဲလို့
ရွှေစာရံကို အတူသွားကြမယ်🍁

image