Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
28 Days Later... (2002)
သင် အိပ်ယာကနိုးပြီး မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာ ကမ္ဘာကြီးဟာ ပျက်စီးသွားပြီရင် သင်ရော ဘာလုပ်မှာလဲ။
ဂျင်ဆိုတဲ့ကောင်လေးတစ်ယောက် ကားအက်စီးဒင့်တစ်ခုကြောင့် ဆေးရုံပေါ်မှာ နိုးထလာခဲ့ပါတယ်။
အရာအားလုံးဟာ တိတ်ဆိတ်နေပြီး မြိုပြကြီးဟာလည်း သုဿန်တစပြင်ကြီးတစ်ခုဖြစ်နေတာကို သူ့အနေနဲ့ နားမလည်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။
ဗိုင်းရပ်တစ်ခုကြောင့် ကမ္ဘာကြီး ပျက်စီးသွားပြီဆိုတာ သူသိလိုက်ရတဲ့အခါ သူဘာဆက်လုပ်မှာလဲ ၊
ချစ်ရတဲ့ မိသားစုမရှိတော့တဲ့ ဘဝမှာ သူ ဘယ်လိုဆက်ရှင်သန်မှာလဲ ၊ ဘယ်ကို သွားရမှာလဲ ၊ ဘယ်သူ့ကို အားကိုးရမှာလဲ။
၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဇွန်ဘီကားထဲမှာ ဇွန်ဘီဗိုင်းရပ်ထက်စာရင် ရန်သူငါးပါးထဲမှာ လူသားတွေကသာ
ကြောက်စရာအကောင်းဆုံးဆိုတာ ကွက်ကွက်ကွင်းကွင်းပြသွားတဲ့ ရုပ်ရှင်ကားတစ်ကားပဲ ဖြစ်ပါတယ်။
ဒီကားရဲ့အောင်မြင်မှုကြောင့်ပဲ 28 Weeks Later (2007) ကားကို ဆက်လက်ရိုက်ကူးခဲ့ပါတယ်။
#horror