ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ထရန့်ရဲ့ ကျမ်သစ္စာကျိန်ဆိုပွဲ တရုတ်ဒုတိယသမ္မတကို စေလွှတ်မယ်
ပေကျင်း၊ ဇန်နဝါရီ ၁၇
တရုတ်ဒုတိယသမ္မတ Han Zheng ကို အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန်ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့စေလွှတ်မယ်လို့ တရုတ်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။
ဝါရှင်တန်မှာ ပြုလုပ်မယ့် ဒီအခမ်းအနားကို တက်ရောက်ဖို့ ဒုတိယသမ္မတကို စေလွှတ်မှုဟာ အမေရိကန်ဘက်မှ ဖိတ်ကြားချက်ရ ဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် စီစီတီဗီ သတင်းဌာနက ဖော်ပြထားပါတယ်။ ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲတက်ရောက်ဖို့ သမ္မတရှီကျင်းပင်ကို အစောပိုင်းမှာ ဖိတ်ကြားခဲ့တာပါ။
တရုတ်နိုင်ငံအနေနဲ့ အမေရိကန်အစိုးရသစ်နဲ့ ဆွေးနွေးမှုတွေ အားကောင်းလာစေဖို့ ၊ မတူကွဲပြားမှုတွေကို စနစ်တကျစီမံခန့်ခွဲဖို့၊ အပြန်အလှန်အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ဖို့၊ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်ကောင်းမွန် ရေရှည်တည်ငြိမ်တွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။
တရုတ်နိုင်ငံကနေ ဖန်တနိုင်းမူးယစ်ဆေးတွေ အမေရိကန်ကို ဝင်ရောက်လာမှုတွေကို မရပ်တန့်ဘူးဆိုရင် တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမယ်လို့ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ထားပါတယ်။
လွန်ခဲ့တဲ့ရှစ်နှစ် ဒေါ်နယ်ထရန့်ရဲ့ ပထမသမ္မတသက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲကိုတော့ ဝါရှင်တန်ရှိ တရုတ်သံအမတ်ကိုသာ တရုတ်အစိုးရက စေလွှတ်ခဲ့ပြီး တရုတ်ဒုတိယသမ္မတကို စေလွှတ်မှုဟာ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် တရုတ်အစိုးရ ထိပ်တန်းအဆင့်မြင့် သံတမန်လည်းဖြစ်ပါတယ်။
ထိုင်ဝမ်အရေး ၊ တောင်တရုတ်ပင်လယ်အရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေကြောင်း အမေရိကန်နဲ့ တင်းမာမှုတွေရှိနေချိန်မှာ ထရန့်အစိုးရသစ်နဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောထားကွဲလွဲမှုတွေ ပိုမိုပြင်းထန်လာဖွယ်ရှိပြီး တရုတ်အနေနဲ့ အမေရိကန်နဲ့ ဆက်ဆံရေးတည်ငြိမ်လိုတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။
Ref:Reuters
Photo:Reuters
#သတင်းဟင်းလေးအိုးကြီး
တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ်မြင့်မားနေရမည်ဟု လေချုပ်ပြော
ဇန်နဝါရီ ၁၇
လေယာဉ်/ရဟတ်ယာဉ်များကို မောင်းနှင်ပျံသန်း တိုက်ပွဲဝင်ကြရမည့် သူများအနေဖြင့် တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ် အမြဲမြင့်မားနေရမည်ဟု ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်က လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၆) ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲ အခမ်းအနားမှာ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
သင်တန်းဆင်းပြီးနောက် သက်ဆိုင်ရာပျံသန်းရေးအုပ်များကို ရောက်ရှိသွားချိန်တွင် တစ်ဦးချင်းအနေဖြင့် ပျံသန်း ရေးနှင့် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ရမည်ဖြစ်ပြီး အရာရှိများဖြစ်သည့်အတွက် ခေါင်းဆောင်မှု တာဝန်များ ကိုပါ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးထွန်းအောင်က ပြောသည်။
၎င်းက “ စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်တိုက်ပွဲဝင်ရာတွင်ဖြစ်စေ၊ လေ့ကျင့်ရေး၊ အုပ်ချုပ်ရေးနှင့် အခြား တာဝန်များကို ထမ်းဆောင်ရာတွင်ဖြစ်စေ၊ စိတ်ဓာတ်မြင့်မားခိုင်မာနေမှသာ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို အောင်အောင်မြင်မြင် အကောင်အထည်ဖော် ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ လေယာဉ်/ရဟတ်ယာဉ်များကို မောင်းနှင်ပျံသန်း တိုက်ပွဲဝင်ကြရမည့် သူများအနေဖြင့် တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ် အမြဲမြင့်မားနေရ မည်ဖြစ်ပြီး စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်အောင်၊ ခံယူချက် ယုံကြည်ချက် မြင့်မားခိုင်မာနေအောင် ကြိုးစားလေ့ ကျင့် တည်ဆောက်သွားကြရန်”ပြောသည်။
မျက်မှောက်ခေတ် ကမ္ဘာတစ်လွှား ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် လက်နက်ကိုင် ပဋိပက္ခများကို လေ့လာဆန်းစစ် ကြည့်ပါက လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် အဓိက အရေးပါသည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က တပ်မတော်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု(၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနားမှာ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မျက်မှောက်ခေတ် ကမ္ဘာတစ်လွှား ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် လက်နက် ကိုင်ပဋိပက္ခများကို လေ့လာဆန်းစစ်ကြည့်ပါက လေကြောင်းနှင့် အာဏာသစွမ်းအားဟာ စစ်ပွဲအောင်နိုင်ရေး အတွက် အဓိကအရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေသည်ကို တွေ့ရမည်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းဖြစ်ပွားနေသော မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြားက တိုက်ပွဲ များတွင် မြန်မာ့တပ်မတော်က လေကြောင်းတိုက်ခိုက်မှုများကို အားကိုးလျက်ရှိနေသည်။
ပုံ -တပ်မတော်ကာကွယ်ရေးဦီးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်ကို တွေ့ရစဉ်
#centralnewsnaypyitaw
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(ဇန်နဝါရီ - ၁၇ ရက်)
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၁၅ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၂၀၀၀၀ ကျပ်
ပြင်ပရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၅၅၀၀၀၀ ကျပ်
ဝယ်ဈေး ၆၅၁၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၃၅၀၀၀၀ ကျပ်
ဝယ်ဈေး ၆၃၁၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၆၂၀ ကျပ်
ဝယ်ဈေး - ၄၅၂၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၈၀ ကျပ်
ဝယ်ဈေး - ၃၂၈၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၂၀ ကျပ်
ဝယ်ဈေး - ၄၅၂၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၉ ကျပ်
ဝယ်ဈေး - ၉၉၂ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၂၇ ကျပ်
ဝယ်ဈေး - ၆၁၀ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၃၃ ကျပ်
ဝယ်ဈေး - ၂၈.၇၉ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၃၃ ကျပ်
ဝယ်ဈေး - ၅၁.၉၅ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၆ ကျပ်
ဝယ်ဈေး - ၃.၀၇ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၆၁၅ ကျပ်
ဝယ်ဈေး - ၅၄၇၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၅၅ ကျပ်
ဝယ်ဈေး - ၂၇၈၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၉၀ ကျပ်
ဝယ်ဈေး - ၃၁၀၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၉ ကျပ်
ဝယ်ဈေး - ၅၇၄ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၅၀ ကျပ်
ဝယ်ဈေး - ၁၂၁၈ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။