သရုပ်ဆောင်တွေရဲ့ လှူဒါန်းမှုဟာ အကယ်ဒမီကြောင့် မဟုတ်ဘူးလို့ ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ပြော

ဖေဖော်ဝါရီ ၃

လက်ရှိ သရုပ်ဆောင်တွေရဲ့ လှူဒါန်းမှုဟာ အကယ်ဒမီကြောင့် မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။

လက်ရှိမှာ တချို့သော မီဒီယာတွေဟာ “ရုပ်ရှင်ထူးချွန်ဆုပေးကာနီးတွင် ရုပ်ရှင်သရုပ်ဆောင်များ ရုပ်ရှင်အစည်းအရုံးသို့ အပြိုင်အဆိုင်လှူဒါန်းကြ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပရိသတ်အထင်မှားစရာ၊ အထင်သေးစရာ သတင်းဆိုးတွေကို ဖော်ပြလျက်ရှိတယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး က ထုတ်ပြန် အသိပေးထားပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဦးအေးကြူလေးက “လှူတာက ဆန်၊ ဆီဝေတဲ့ကိစ္စ လှူတာလေ။ အကယ်ဒမီပေးပွဲနဲ့ နည်းနည်းနီးတဲ့အခါကျတော့ လူတွေက အကယ်ဒမီကြောင့် လှူတယ်ဆိုပြီး ပြောနေကြတာ။ တကယ်က လုပ်လို့မှမရတာ။ လှူလည်း သူ့ဘာသာသူ လှူတာပဲရှိတာပဲ။ ကျွန်တော်တို့ဒီဘက်က ဘုတ်အဖွဲ့က ၂၀ ကျော်ရှိတယ်။ အဲဒီ ၂၀ ကျော်မဲနဲ့ သွားတာလေ။ အဲဒီလိုဆိုတော့ ဘယ်သူရမယ်ဆိုတာ ဘုတ်အဖွဲ့ဝင်တွေတောင် မသိဘူး။ သပ်သပ်စီဖြစ်နေတာပေါ့။ အဲဒီတော့ သူတို့ ဒီလိုပြောလိုက်တဲ့အတွက် ရုပ်ရှင်အစည်းအရုံးကို နောက်ပိုင်း လှူမယ့်သူတွေက ဘာပဲဖြစ်ဖြစ် တွန့်သွားတာပေါ့။ အဲဒီအတွက်တော့ မကောင်းဘူး” လို့ ပြောပါတယ်။

ရုပ်ရှင်လောကသားတွေကို ဆန်၊ဆီ၊ ကြက်သွန်နီ၊ ပဲ၊ ငါးသေတ္တာ အစရှိတဲ့ စားသောက်ကုန်တွေကို ဖြန့်ချိ လှူဒါန်းတဲ့အလှူမှာ ထုတ်လုပ်သူတွေ၊ သရုပ်ဆောင်တွေနဲ့ စေတနာရှင်တွေက ရုပ်ရှင်အစည်းအရုံးမှတဆင့် ကူညီ လှူဒါန်းပေးခြင်းဖြစ်ပြီး လက်ရှိ လှူဒါန်းမှုဟာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အချိန်နဲ့ တိုက်ဆိုင်သွားခြင်းမျှသာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

“မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဆိုတာကလည်း ပိုက်ဆံ သီးခြား ရှိတာမှမဟုတ်တာ။ အလှူငွေလေးနဲ့ ရပ်တည်ပြီးတော့ ဆန်၊ ဆီဝေတာ အခုဆို ၁၆ ကြိမ်တောင် ရှိနေပြီ။ အဲဒီလို တခါဝေဖို့ဆိုရင် အခုအချိန်ဆိုရင် ကုန်ကျစရိတ်က သိန်း ၈၀၀ ၊ ၁၀၀၀ ကုန်တာလေ။ အဲဒီလို သုံးလ တခါ ဝေနိုင်ဖို့ဆိုတာ ရေရှည်ကျတော့ တော်တော်ခက်တာ။ မနည်းရုန်းရတာ။ အခုလို အလှူလေးတွေ လာတာနဲ့ဆိုတော့ ရုပ်ရှင်အစည်းအရုံးက စိုက်ရတာ နည်းသွားတဲ့အခါကျတော့ တော်တော်သက်သာတာပေါ့။ အဲဒါမျိုးလေးတွေက နောက်ပိုင်း ကြားထဲမှာ အပိတ်အပင်တွေ ရှိလာလို့ရှိရင် လျော့သွားမှာပေါ့။ အဲဒီအတွက်က ဆုတ်ယုတ်မှုတွေ ဖြစ်လာနိုင်တယ်” လို့ ဦးအေးကြူလေးက ပြောပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဟာ အစိုးရမဟုတ်တဲ့ လူမှုရေးအဖွဲ့အစည်းတခုမျှသာဖြစ်ပြီး ရုပ်ရှင်ဖခင်ကြီးတွေ ဦးဆောင် ဖွဲ့စည်းခဲ့တာဟာ ၂၀၂၆ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှာ သက်တမ်း (၈၀) ပြည့်မြောက်တော့မှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အစည်းအရုံး ရေရှည်ရပ်တည်နိုင်ဖို့အတွက် နိုင်ငံတော်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းအစိုးရ၊ ဆန်နှင့် ဆီကုန်သည်ကြီးများအသင်းနဲ့ စေတနာရှင်ပုဂ္ဂိုလ်တွေ၊ ရုပ်ရှင်ရုံပိုင်ရှင်တွေ၊ ထုတ်လုပ်သူတွေ၊ သရုပ်ဆောင်တွေရဲ့ ပံ့ပိုးမှုမှ ရရှိတာဖြစ်တယ်လို့ ဆိုပါတယ်။

ရုပ်ရှင်အစည်းအရုံးဟာ အာဏာပိုင်အဖွဲ့အစည်း မဟုတ်တဲ့အတွက် အာဏာလည်းမရှိ၊ လုပ်ပိုင်ခွင့်လည်း နည်းပါးတာကြောင့် ရုပ်ရှင်ထူးချွန်ဆုတွေကိုလည်း မိမိစိတ်၊ မိမိသဘောတခုတည်းနဲ့ ဆုံးဖြတ်ပြီး ပေးဆောင်ခြင်းမျိုးလည်း လုပ်ခွင့်မရှိဘူးလို့ ဆိုပါတယ်။

ဒါကြောင့် တချို့သော မီဒီယာတွေအနေနဲ့ ရုပ်ရှင်အစည်းအရုံးရဲ့ လှူဒါန်းကူညီရေးနဲ့ စည်းရုံးရေးကို ကူညီသောအားဖြင့် သတင်းဆိုး၊ သတင်းမှားတွေကို ဖော်ပြခြင်းမပြုကြဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက မေတ္တာရပ်ခံထားပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
2 yrs - Translate

အထိအခိုက် မခံနိုင်ဆုံးဆိုရင်
စိတ်လို့ ပြောရမှာပဲ။
ဘယ်လောက်ပဲ ရင့်ကျက်လာပါတယ်ပြောပြော--"
စိတ်ကို ထိခိုက်လာရင်
စားလည်း မဝင်တော့ဘူး
အိပ်လည်း မပျော်တော့ဘူး--"
ကျွန်တော်ထင်တယ် စိတ်ရင်းတွေပေးပြီး
စိတ်ရင်းနဲ့ခံစားတတ်သူတွေရဲ့
အားအနည်းဆုံး အပိုင်းဟာ စိတ်ပဲဖြစ်မှာ--"

image
2 yrs - Translate

ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှု အခြေအနေအဆင့် လျော့ကျသွားပြီ၊ သို့သော် လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်မှု မြင့်မားနေဆဲ
IQAir ရဲ့ လေထုညစ်ညမ်းမှု အခြေအနေအဆင့် (LIVE Ranking) က ဒီနေ့ (ဖေဖေါ်ဝါရီ ၃ ရက်) နေ့လည် ၂ နာရီမှာ မြန်မာပြည် ရန်ကုန်မြို့ဟာ အဆင့် ၂ မှ ၁၄ သို့ လျော့ကျသွားတာကို တွေ့ရပါတယ်။ AQI Index ကတော့ ၁၆၀ ရှိနေသေးတာကြောင့် လေထုညစ်ညမ်းမှု အခြေအနေကတော့ ရှိနေဆဲပဲ ဖြစ်ပါတယ်။ မနက် ၈ နာရီခွဲအချိန်ခန့်က ရန်ကုန်မြို့ဟာ AQI Index ၂၂၆ နဲ့ အဆိုးဆုံးသော နေ့တနေ့အဖြစ် အဆင့် ၂ နေရာမှာ ရှိနေခဲ့တာပါ။
မင်္ဂလာဒုံ Weather Station က အချက်အလက်တွေအရဆိုရင်တော့ AQI Index 112 နဲ့ လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက် CO2 ပါဝင်မှုအခြေအနေတွေက မြင့်မားနေဆဲဖြစ်နေတာ တွေ့ရပါတယ်။
မိုးလေဝသပညာရှင် ဦးဝင်နိုင်

image
2 yrs - Translate

အရှေ့တောင်အာရှ သင်္ချာပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရခဲ့တဲ့ ရခိုင်ကလေးငယ်လေး

#celedia
#rakhineculture

image
2 yrs - Translate

exercise
ယောကျ်ားလေးတိုင်းဆော့သင်တဲ့ ရင်အုပ်ကြွက်သားကြီးထွားအောင်ကစားနည်း

Julienne Potato (#အာလူးမျှင်ကြော်)

အာလူးမျှင်ကြော်ကတော့ ကြွပ်ကြွပ်ရွရွလေးဖြစ်
တာမို့ စားလို့ အရမ်းကောင်းပါတယ်။ ကြော်ပြီး
လျှင်
အိတ်ကလေးတွေနှင့် ပိတ်ပြီး သိမ်းလို့ရတဲ့ ခံတွင်း
မြိန်စာလည်း ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
အာလူး ၃ လုံး
ပျဉ်းတော်သိမ် - အနည်းငယ်
နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အနည်းငယ်
ငရုတ်ကောင်းမှုန့် - သင့်တော်ရုံ
ကား
-
ပြုလုပ်နည်း
၁။ အာလူးကို အခွံနွှာပြီး အမျှင်လေးများဖြစ်
အောင် လှီးပါ။
၂။ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် နနွင်းမှုန့်တို့ကို ထည့်
နယ်ပြီး ဆီထဲ နှစ်ကြော်ပါ။ ကြွပ်ရွခါနီးလျှင် ပျဉ်း
တော်သိမ်ရွက်ကိုပါ ရောပြီး ကြော်ပါ။ အရောင်
လေးတွေလှပြီး ကြွပ်လျှင် ရပါပြီ။

image

အိုကွယ် မကြာခင်မှာ တု-ပ်တော့မယ်

#funnyforyou

image
2 yrs - Translate

Dark 🤎✨

#fashion

image
2 yrs - Translate

Dark 🤎✨

#fashion

image
2 yrs - Translate

Dark 🤎✨

#fashion

image