45 w - Translate

တန်ဆောင်တိုင်ဈေးရောင်းပွဲတော်တွင် မြေပဲဆီနှင့် နှမ်းဆီများကို လွတ်လပ်စွာ ဝယ်ယူနိုင်

မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းက ကြီးမှူးကျင်းပသည့်တန်ဆောင်တိုင်ဈေးရောင်းပွဲတော်တွင် မြေပဲဆီနှင့် နှမ်းဆီများကို
လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း သိရသည်။

ယင်းပွဲတော်ကို နိုဝင်ဘာလ ၉ ရက်မှ ၁၁ ရက်နေ့အထိ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းနှင့် ဇော်ဂျီလမ်းထောင့်၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။

မြေပဲဆီနှင့် နှမ်းဆီများကို တန်ဆောင်တိုင်စျေးရောင်းပွဲတော်တွင် တစ်ပိဿာလျှင် အမြင့်ဆုံးဈေး ကျပ်တစ်သောင်းခြောက်ထောင်ထက်မပိုသည့် ဈေးဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ဝယ်ယူရာတွင်လည်း စိတ်ကြိုက်လိုသလောက် ၅၀ ကျပ်သားဘူးမှစကာ ပိဿာဘူးများအထိ ရောင်းချပေးသွားမည်ဖြစ်ကာ ပထမအကြိမ် ဈေးရောင်းပွဲတော်၌ မြေပဲဆီ တစ်ပိဿာကို ကျပ်တစ်သောင်းခွဲနှင့် သုံးရက်အတွင်း ဆီပိဿာချိန် ခြောက်သောင်းကျော် ရောင်းချခဲ့ရသည်ဟု သိရှိရသည်။

ထို့အပြင် ပွဲတော်ရက်အတွင်း ဆီပိဿာချိန်များများယူလျှင် ရန်ကုန်မြို့အတွင်း ပို့ဆောင်ပေးမည်ဖြစ်ပြီး ပို့ဆောင်ခကိုမူ မှာယူသူက ပေးဆောင်ရမည်ဖြစ်သည်ဟုလည်း သိရသည်။

ယင်း ဈေးရောင်းပွဲတော်တွင် မန္တလေးတိုင်းဒေသကြီးမှ ဆီစက်လုပ်ငန်းရှင် ၉ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၄ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၁ ဦး လာရောက်ရောင်းချမည်ဖြစ်ကြောင်းလည်း သိရသည်။

image
image
image
45 w - Translate

အေစီမီလန်အသင်းကတော့ ဥရောပ အသင်းကြီးများစွာ စိတ်ဝင်စားနေကြတဲ့ သူတို့အသင်းကွင်းလယ်ကစားသမား Tijjani Reijnders ကို လက်ရှိလုပ်ခလစာရဲ့ ၂ ဆပေးပြီး အသင်းမှာထိန်းထားနိုင်ဖို့ကြိုးစားမယ်လို့သိရပါတယ်။

image
45 w - Translate

Friend : မင်း တရုတ်စာသင်နေတာ ဘယ်လိုလဲ
Me : မဆိုးတော့ မဆိုးဘူး လူလေးတွေ ဆွဲရတာဟ

image
45 w - Translate

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(နိုဝင်ဘာ - ၉ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၄၈ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၅၂၀၇၁၅ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၃၀၅၀၀၀ ကျပ်
ဝယ်ဈေး ၆၂၆၅၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၁၀၅၀၀၀ ကျပ်
ဝယ်ဈေး ၆၀၆၅၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၃၀ ကျပ်
ဝယ်ဈေး - ၄၄၃၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၁၀ ကျပ်
ဝယ်ဈေး - ၃၃၄၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၈၄၅ ကျပ်
ဝယ်ဈေး - ၄၇၂၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၃၀ ကျပ်
ဝယ်ဈေး - ၁၀၀၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၃၀ ကျပ်
ဝယ်ဈေး - ၆၁၀ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၄၀ ကျပ်
ဝယ်ဈေး - ၂၈.၆၄ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၉၈ ကျပ်
ဝယ်ဈေး - ၅၁.၆၁ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၈ ကျပ်
ဝယ်ဈေး - ၃.၁၉ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၈၄၀ ကျပ်
ဝယ်ဈေး - ၅၆၉၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၇၅ ကျပ်
ဝယ်ဈေး - ၂၉၀၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၅၀ ကျပ်
ဝယ်ဈေး - ၃၁၆၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၂ ကျပ်
ဝယ်ဈေး - ၅၆၆ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၃၀ ကျပ်
ဝယ်ဈေး - ၁၂၀၀ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image
JB Gold shared a post  
45 w

NLD ဝန်ကြီးဟောင်း ဦးဝင်းခိုင် ကွယ်လွန်

နိုဝင်ဘာ ၉၊ မန္တလေး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် ဟာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ နိုဝင်ဘာ ၈ ရက်နေ့ ညပိုင်း က ကွယ်လွန်သွားပြီလို့ နီးစပ်သူတွေက ပြောပါတယ်။

ဒီနေ့ မနက် ၁၁ နာရီ မှာ ကြာနီကန်သုသာန်ကို ပို့ဆောင်မယ် လို့ သိရပါတယ်။

အသက် ၇၄ နှစ်အရွယ် ဦးဝင်းခိုင်ဟာ အာဏာထိမ်းပြီးနောက် အဂတိအမှုတွေနဲ့ ထောင်ဒဏ် နှစ် ၃၀ နီးပါးချမှတ်ခံထားရာကနေ ပြီးခဲ့တဲ့ သီတင်းပတ် းက လွတ်ငြိမ်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

“ဆရာဦးဝင်းခိုင်က နည်းနည်းပြန်ကောင်းလာတယ်။ ၅၀ ၅၀ ဆိုလို့ဝမ်းသာနေတာ၊ ဆုံးသွားပြီဆိုတော့ စိတ်မကောင်းဖြစ်ရတယ်၊။ သူက နှလုံးသွေးကြောကျဥ်းတာကို အစားထိုးကုထားရတာ။ သူကပညာရှင်သက်သက်ပဲ။ နိုင်ငံ‌ရေးသမားမဟုတ်ဘူး။ သူက သူ့အခြေအနေနဲ့သူရှိရဲ့သားနဲ့ လျှပ်စစ်ဝန်ကြီးလက်ခံလိုက်လို့ ထောင်ချခံလိုက်ရတာ။ နှမြှောစရာကောင်းတယ်။ တိုင်းပြည်အတွက်လည်း နစ်နာပါတယ်” လို့ မန္တလေးမြို့ခံ ဝါရင့်ရှေ့နေတစ်ဦးက ပြောပါတယ်။

ဦးဝင်းခိုင်ဟာ အထက်ရဲရွာ‌ ရေအားလျှပ်စစ်စီမံကိန်းနဲ့ဆက်စပ်ပြီး နိုင်ငံ့ဘဏ္ဍာငွေကျပ် ၆ ဘီလျံခန့် နစ်နာမှုဖြစ်စေခဲ့တယ်ဆိုတဲ့အဂတိမှု စွပ်စွဲချက်တွေနဲ့ အမှုဖွင့်ခံရပြီးနောက် ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ။

မန္တလေး အိုးဘိုထောင်မှာ အကျဥ်းကျခံနေရတဲ့ ဦးဝင်းခိုင်မှာ နှလုံး၊ ဆီးချိုနဲ့ သွေးတိုး ရောဂါတွေရှိလို့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ထောင်အပြင် မှာ မကြာခဏဆေးကုသမှု ခံယူခဲ့ရပြီး နောက်ဆုံးမှာ မန္တလေးဆေးရုံးကြီး အထူးကြပ်မတ်ကုသဆောင်(ICU) ထဲမှာ ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။

NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂)လည်းဖြစ်၊ NLD အစိုးရလက်ထက် မန္တလေးတိုင်း ဝန်ကြီးချုပ် လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာလည်း မန္တလေးဆေးရုံကြီး ICUထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။

#centralnewsnaypyitaw

image

image
45 w - Translate

နှစ် ၉၀ ကြာသော်

image
45 w - Translate

အသစ်မြင်မနေနိုင်စမ်းမိတဲ့ ဆောင်းတစ်ယောက်
🎀အကြိုက်​တွေ့ရပြန်တဲ့ baby bright ရဲ့ exowhite cushion blush လေး ပေါ့🎀
အရောင်လေးက၇ရောင်ကျော်ထိရှိမယ်ထင်
ဆောင်းကာလာလေးက ခုထိုင်းမှာခေတ်စားနေတဲ့ mudeng ဆိုတဲ့ရေမြင်းပေါက်လေးရဲ့ အရောင်လေးပေါ့
Rabbit pink ဆိုတဲ့ပန်းနုရောင်ကိုမှ မိတ်ကပ်ရောင်ခပ်ပါးပါးပါတဲ့အရောင် လှလှလေး
Ingredients တွေကလဲ acne skin တွေကစsafe ဖြစ်စေတဲ့
Niacinamide,licorice root extract တို့ပါတဲ့အပြင် moisturizing ဖြစ်စေတဲ့ingredients တွေလဲပါဝင်ပါသေးမို့သူ့လိမ်းထားပြီး acne ထွက်မှာတွေ matte type ဖြစ်တာတွေမရှိစေဘူး
ထိပ်ကဖော့လေးနဲ့ဆိုတော့ လိုသလောက်လိုတဲ့နေရာလိမ်းပြီး blend ရုံပဲ
အရောင်ထွက်အားရောblend ရရောအရမ်းအဆင်ပြေ
အရောင်ထွက်အားလဲကောင်း လိမ်းပြီးရင်လဲ အရမ်းကြာရှည်ခံသောပဲ
တော်တော်ကြိုက်နေမိတယ်တယ်ကွယ်
Alcohol free /Paraben free နော်
ဈေးကတော့ဆောင်းဝယ်ထားတာ 129 ဘတ်လားမသိပေးရပါတယ်ရှင်
#beautypartneringbysaung
#myanmarbeautyblogger
#babybright
#babybrightblush
#crd

image
45 w - Translate

အသစ်မြင်မနေနိုင်စမ်းမိတဲ့ ဆောင်းတစ်ယောက်
🎀အကြိုက်​တွေ့ရပြန်တဲ့ baby bright ရဲ့ exowhite cushion blush လေး ပေါ့🎀
အရောင်လေးက၇ရောင်ကျော်ထိရှိမယ်ထင်
ဆောင်းကာလာလေးက ခုထိုင်းမှာခေတ်စားနေတဲ့ mudeng ဆိုတဲ့ရေမြင်းပေါက်လေးရဲ့ အရောင်လေးပေါ့
Rabbit pink ဆိုတဲ့ပန်းနုရောင်ကိုမှ မိတ်ကပ်ရောင်ခပ်ပါးပါးပါတဲ့အရောင် လှလှလေး
Ingredients တွေကလဲ acne skin တွေကစsafe ဖြစ်စေတဲ့
Niacinamide,licorice root extract တို့ပါတဲ့အပြင် moisturizing ဖြစ်စေတဲ့ingredients တွေလဲပါဝင်ပါသေးမို့သူ့လိမ်းထားပြီး acne ထွက်မှာတွေ matte type ဖြစ်တာတွေမရှိစေဘူး
ထိပ်ကဖော့လေးနဲ့ဆိုတော့ လိုသလောက်လိုတဲ့နေရာလိမ်းပြီး blend ရုံပဲ
အရောင်ထွက်အားရောblend ရရောအရမ်းအဆင်ပြေ
အရောင်ထွက်အားလဲကောင်း လိမ်းပြီးရင်လဲ အရမ်းကြာရှည်ခံသောပဲ
တော်တော်ကြိုက်နေမိတယ်တယ်ကွယ်
Alcohol free /Paraben free နော်
ဈေးကတော့ဆောင်းဝယ်ထားတာ 129 ဘတ်လားမသိပေးရပါတယ်ရှင်
#beautypartneringbysaung
#myanmarbeautyblogger
#babybright
#babybrightblush
#crd

image