ပင်လောင်းမြို့နယ် နောင်တရားဒေသရှိ
LAVENDER ပန်းခင်း
(အပြင်မှာပိုလှ🤩)
ဘယ်လို သွားရမလည်းဆိုတော့ 🤔🤔
ကလောမှ နောင်တရားမြို့ကို ၁နာရီ ၁၅မိနစ်လောက်မောင်းရပါတယ်။
နောင်တရားမြို့ကိုရောက်ရင် မြို့အထွက် နည်းနည်းဆက်မောင်းပြီး ညောင်ပင်ကြီးတွေ့ရင် ညာဖက်ကို ခြိုးဝင်လိုက်ပါ
တည့်တည့်ထပ်မောင်းပြီးရင်တော့နောက်ထပ်လမ်းဆုံ တစ်ခုရောက်ရင် ဘယ်ဖက်လိုက်ပြီးတော့ တည့်တည့်ဆက်မောင်းလိုက်ရင်တော့ ဘုရားဖြူရွာမှာစိုက်ထားတဲ့ ပန်းခင်းကြီးဆီရောက်ပါပြီ။ လမ်းကတော့ ကျင်းပါတယ် ကားသေးကနေ
Hi Ace လောက်အထိအဆင်ပြေပါတယ်။
Location.. နောင်တရား ရောက်တာနဲ့ Location ထောက်သွားပါ
#သွားမယ်တည်းမယ်

image

ပင်လောင်းမြို့နယ် နောင်တရားဒေသရှိ
LAVENDER ပန်းခင်း
(အပြင်မှာပိုလှ🤩)
ဘယ်လို သွားရမလည်းဆိုတော့ 🤔🤔
ကလောမှ နောင်တရားမြို့ကို ၁နာရီ ၁၅မိနစ်လောက်မောင်းရပါတယ်။
နောင်တရားမြို့ကိုရောက်ရင် မြို့အထွက် နည်းနည်းဆက်မောင်းပြီး ညောင်ပင်ကြီးတွေ့ရင် ညာဖက်ကို ခြိုးဝင်လိုက်ပါ
တည့်တည့်ထပ်မောင်းပြီးရင်တော့နောက်ထပ်လမ်းဆုံ တစ်ခုရောက်ရင် ဘယ်ဖက်လိုက်ပြီးတော့ တည့်တည့်ဆက်မောင်းလိုက်ရင်တော့ ဘုရားဖြူရွာမှာစိုက်ထားတဲ့ ပန်းခင်းကြီးဆီရောက်ပါပြီ။ လမ်းကတော့ ကျင်းပါတယ် ကားသေးကနေ
Hi Ace လောက်အထိအဆင်ပြေပါတယ်။
Location.. နောင်တရား ရောက်တာနဲ့ Location ထောက်သွားပါ
#သွားမယ်တည်းမယ်

image
image
image
image
image
1 y - Translate

အောင်လ ပြန်လာပြီ.....

အောင်လအန်ဆန်ကတော့ Oneကိုပွဲတောင်း ထားတာ နှစ်နဲ့ချီကြာမြင့်နေပြီဖြစ်ပင်မယ့် Oneရဲ့လျစ်လျူရှု
ခြင်းကို ခံထားခဲ့ရပါတယ်။ဒါပင်မယ့်လည်း နှစ်သစ်အစ
မှာ တိုက်ခိုက်ရေးနယ်ပယ်တိုင်းမှာ လက်ဇောင်းထက်
နေတဲ့ မြန်မာတွေအတွက် သူတို့ရဲ့အမေ့လျော့ခံ သူရဲကောင်းကြီးတစ်ဦးဖြစ်တဲ့ အောင်လ ကို စီးပွားရေး အရ ပြန်လည် ထုတ်ပြလာဖို့ ကြိုးစားလာခဲ့ကြပါတယ်။

ဘယ်ဖိုက်တာနဲ့ ပွဲတည်ပေးမလဲဆိုတာ လက်ရှိအချိန်ထိ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပင်မယ့်လည်း
အောင်လအန်ဆန်ကတော့ မကြာမီ.... ဆိုတဲ့ Caption နဲ့ အတူ သူပြန်လာပြီဖြစ်တဲ့အကြောင်း ပရိတ်သတ်တွေထံ အရိပ်အမြွတ် ပြောပြလာခဲ့ ပါတယ်။

The Lord is Back......
The King is Here......
Aung La N Seng

image

မက်ဆီပြီးရင် ယာမဲလ်က ကမ္ဘာ့အကောင်းဆုံးလို့ ဂါဗီပြော

ဇန်နဝါရီ ၁၇

ဘာစီလိုနာအသင်း ကွင်းလယ်လူ ဂါဗီက အသင်းဖော် ယာမဲလ်ဟာ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီပြီးရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဂါဗီက “ယာမဲလ်က ပွဲထဲမှာ အကောင်းဆုံး ကစားသမား ဖြစ်ပြီလားဆိုရင် ဟုတ်တယ်လို့ ပြောရမှာပါ။ မက်ဆီ ပြီးရင် ယာမဲလ်က အကောင်းဆုံးပါ”လို့ သတင်းထောက်ရဲ့မေးမြန်းမှုကို ဖြေခဲ့တာပါ။

ယာမဲလ်ဟာ ပြီးခဲ့တဲ့ ဘာစီလိုနာအသင်းက ဘက်တစ်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကိုပါဒယ်ရေးဖလား ပွဲစဉ်မှာ ၁ ဂိုးသွင်းပြီး ၁ ဂိုး ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၇ နှစ်အရွယ်ရှိ ယာမဲလ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ပွဲ ပါဝင်ကစားထား အပြီးမှာ ၉ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်ပြီး ခြေစွမ်းပြသနေတာပါ။

ယာမဲလ်ဟာ ပြီးခဲ့တဲ့ နွေရာသီက စပိန်အသင်းကို ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး တစ်ဦးချင်းဆု အများအပြားကို ရရှိခဲ့ပါတယ်။

ယာမဲလ်ဟာ ပြီးခဲ့တဲ့ ဘောလွန်းဒီအောဆုပေးပွဲမှာ နံပါတ် ၈ နေရာ ရပ်တည်ခဲ့သလို အကောင်းဆုံး လူငယ် ကစားသမားဆုတွေဖြစ်တဲ့ Kopa Trophy နဲ့ Golden Boy ဆုတွေကို ရရှိခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကို စိတ်ပျက်ဖွယ် ရလဒ်တွေနဲ့ အဆုံးသတ်ခဲ့ပေမယ့် ၂၀၂၅ ခုနှစ်မှာ နိုင်ပွဲဆက်နေပြီး စပိန်စူပါဖလားကို ရယူနိုင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါပြိုင်ပွဲမှာ အဆင့် ၃ နေရာ ရပ်တည်နေပြီး အဆင့် ၁ နေရာက အသလက်တီကိုအသင်းနဲ့ ၆ မှတ်ကွာဟနေတာပါ။

ဘာစီလိုနာအသင်းဟာ ဒီတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် ဂီတာဖေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN

ပုံ - ယာမဲလ်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

မန္တလေး Diamond Plaza တတိယထပ်မှ ပန်းရန်လုပ်နေသည့် သားသမီးနှစ်ဦး၏မိခင် ပြုတ်ကျ သေဆုံးမှု ဖြစ်ပွား

ဇန်နဝါရီ ၁၇

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကဥ္စနမဟီရပ်ကွက်၊၇၇ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ Diamond Plaza တတိယထပ်ပေါ်မှ ပန်းရန်လုပ်နေသည့် သားသမီးနှစ်ဦး၏မိခင်တစ်ဦး ပြုတ်ကျသေဆုံးမှု ယနေ့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၆ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က အဆိုပါ Diamond Plaza အကြီးစားပြင်ဆင်မှုများပြုလုပ်ရာတွင် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သည့် ပန်းရံအလုပ်သမားအမျိုးသမီးကြီးတစ်ဦး ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်။

“သေဆုံးသူက အသက် ၅၂ နှစ်အရွယ်ရှိပါပြီ။ နေတာက မီးရထားတိုက်တန်းကပါ။ သူ့မှာ အသက် ၂၀ လောက်အရွယ် သမီးတစ်ယောက်နဲ့ ၁၀ နှစ်သားအရွယ် သားတစ်ယောက်ရှိတယ်။ Diamond Plaza က ပြန်ပြင်တာ ထင်ပါတယ်”ဟု လိုက်ပါကူညီရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။

ယင်းကြောင့် သေဆုံးသူ၏ရုပ်အလောင်းကို သုခဗလ လူမှုကူညီရေးအသင်း၏မော်တော်ယာဥ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကာ ရေခဲတိုက်တွင် ထားရှိကြောင်း သိရသည်။

လက်ရှိတွင် ပြုတ်ကျသေဆုံးရသည့်အကြောင်းရင်းကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေကြကြောင်းလည်း သိရသည်။

#centtalnewsnaypyitaw

image

hair style

1 y - Translate

What is the scariest animal?
Deep bro

ရှမ်း/တောင်က ကာလရှည်စစ်ဘေးရှောင် ခြောက်သောင်းကျော် ရိက္ခာမလုံလောက်မှုပြဿနာနဲ့ ရင်ဆိုင်နေရ

ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းရှိ ကာလရှည်စစ်ဘေးရှောင် ခြောက်သောင်းကျော်ဟာ လက်ရှိအချိန်မှာ ရိက္ခာမလုံလောက်မှု ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေထံကနေ သိရပါတယ်။

၂၀၂၄ခု၊ ဇန်နဝါရီ ၂၁ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင် စံဖူး / လုံးဟီး ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှစတင်ပြီး ပြည်သူတွေ စစ်ဘေးရှောင်နေရတာဟာ တနှစ်ပြည့်မြောက်တော့မမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ရှမ်း/တောင်မှာက တောဘက်ရှောင်တဲ့သူ အင်မတန်များတယ်။ တောဘက်ရှောင်တဲ့သူ တွေက ရေပြဿနာရော၊ စားနပ်ရိက္ခာပြဿနာပါ ထိပ်တိုက်ရင်ဆိုင်နေရတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ သိုလှောင်ထားတဲ့ ရိက္ခာတွေကို ပြန်စားရတယ်။ တောဘက်က သစ်သီးဝလံတွေကို ရောင်းပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြရတယ်။ နေတာကတော့ ဘယ်လိုနေနေ၊ ဝတ်တာက ဘယ်လိုဝတ်ဝတ် ရိက္ခာမရှိရင်တော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ”လို့ စစ်ဘေးရှောင်အရေးကူညီနေသူတယောက်က VOMကို ပြောပါတယ်။

၂၀၂၄ခုနှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ ဖယ်ခုံနှင့် မောက်မယ်မြို့နယ်တို့တွင် နစကတပ်နဲ့ ဒေသတွင်းလက်နက်ကိုင်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေစတင်ချိန်မှစလို့ လက်ရှိအချိန်ထိ ဆီဆိုင်၊ ပင်လောင်းနဲ့ ညောင်ရွှေမြို့နယ်တို့မှ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူ ခြောက်သောင်းခွဲနဲ့ အထက်ရှိနေသလို စစ်ဘေးရှောင်စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံခန့်ဟာ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ပအိုဝ်းလူငယ် အစည်းအရုံး ( PYO ) ထုတ်ပြန်အသိပေးထားပါတယ်။

၂၀၂၄ ခုနှစ်အတွင်း စစ်ရှောင်စခန်းအချို့မှာ စားနပ်ရိက္ခာမလုံလောက်မှုကြောင့် ထမင်းတနပ်လျှော့ စားခဲ့ရတဲ့ အခြေအနေထိ ဖြစ်ခဲ့ရသလို စစ်ရှောင်ပြည်သူအချို့ဟာ ၎င်းတို့စစ်ရှောင်ရာ ဒေသတွေမှာ ကုန်စိမ်းရောင်းတာ၊ နေ့စားလိုက်တာ စတဲ့ အလုပ်တွေနဲ့ အလုပ်လုပ်ကိုင်ကာ စားဝတ်နေရေး ဖြေရှင်းကြပေမယ့် အလုပ်အကိုင်ရှားပါးမှုနဲ့ ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-ဒေသခံ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

cute pet

1 y - Translate

ရန်ကုန်မြို့မှာ ဇန်နဝါရီလအလယ်လောက်ကနေ မတ်လဆန်းလောက်အထိ အေးတဲ့ရက် ရှည်ကြာနေမယ်လို့ အ ရပ်ဖက်မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ခန့်မှန်းပြောဆိုပါတယ်။

image