11 w - Translate

အကယ်ဒမီပေးပွဲမှာ အနုပညာရှင်တွေ ခြိမ်းခြောက်ခံနေရတဲ့ အပေါ် ဘယ်လိုမြင်လဲဆိုတဲ့ မေးခွန်းမေးခံခဲ့ရတဲ့ ဖြူဖြူထွေး
ဒီမေးခွန်းကို မီဒီယာတစ်ခုက ဖြူဖြူထွေးအပြင် အကယ်ဒမီ ရန်အောင် ၍ အကယ်ဒမီ နေအောင်တို့ကိုလည်း မေးမြန်းခဲ့ကြတာပါ။ မကြာသေးခင်ကမှ ကြော်ငြာတစ်ပုဒ်ကြောင့် ဆိုးဆိုးရွားရွား ဝေဖန်ခံခဲ့ရတဲ့ ဖြူဖြူထွေးဟာ အဆိုပါမေးခွန်းကို ရှောင်လွှဲခဲ့ပါတယ်။ အကယ်ဒမီပေးပွဲလာတာဖြစ်လို့ အကယ်ဒမီပေးပွဲနဲ့ပတ်သက်တဲ့ မေးခွန်းသာ မေးမြန်းပေးဖို့ အကြံပြုခဲ့တာပါ။ သရုပ်ဆောင် ရန်အောင်ကတော့ အနုပညာသမားတွေကို နားလည်ပေးဖို့နဲ့ နေအောင်ကတော့ တိုင်းပြည်ကိုအုပ်ချုပ်တဲ့ မင်းထက် ကြီးတာ အနုပညာလို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

image