ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လူတစ်ယောက်ဆီကနေ ဝုန်းဒုန်းဆိုပြီး ငါထွက်မသွားဘူး
သံယောဇဉ်တွေကြောင့် ထွက်လဲ မထွက်သွားနိုင်ပါဘူး
ငါ အဆင်မပြေတော့တဲ့ အကြောင်းတွေကို ပြောပြတယ်
ငါ့ကို ဒီလိုမလုပ်ပါနဲ့ လို့ ငါ အကြိမ်ပေါင်းများစွာ ပြောတယ် ။
ငါ အတတ်နိုင်ဆုံး ညှိယူဖို့ ကြိုးစားတယ်
ငါ အများကြီး သည်းခံခဲ့ပါတယ် ။
ငါ ထွက်သွားတဲ့ အချိန်ဟာ ငါ လုံးဝမရတော့တဲ့ အချိန်ပဲ
လျစ်လျူရှုလိုက်တယ် ဆိုတာ ကြားဖူးလား
အေး အဲ့တာ လူတစ်ယောက်က ငါ့ဘဝထဲမှာ6သသွားတာပဲ
-အောင်ဘုန်းခန့်
မနှောင့်ယှက်ဘဲနဲ့ နေနိုင်ပါတယ်။
သတိမရဘဲတော့ မနေနိုင်ခဲ့ဘူး။
ဆုံခဲ့ခြင်းတွေက ရေစက်ကြောင့် ဖြစ်နိုင်သလို
ဝဋ်ကြွေးလည်း ဖြစ်နိုင်ပါတယ် ချစ်သောရဲ့။
တချို့အမှတ်တရတွေကို ရင်မှာ သိမ်းထားတယ်။
တချို့ကိုတော့ မေ့ထားလိုက်တယ်။
ဝန်ခံရရင် အများကြီး သတိရတယ်။
ကိုယ့်အပိုင်မဟုတ်ကြောင်း အတွေးဝင်မိတော့
လျှောက်လာတဲ့ ခြေလှမ်းလေးတွေ နောက်ဆုတ်ခဲ့ရတယ်။
ကိုယ့်ကိုယ်ကိုယ်လည်း တည်ဆောက်ရဦးမယ်။
ရင့်ကျက်ဖို့လည်း အများကြီး ကြိုးစားရဦးမယ်။
ချစ်သောရေ ...
ဝေးသော အရပ်မှာ နီးတဲ့သူနဲ့ အဆင်ပြေပါစေ။
မပိုင်ဆိုင်ရလည်း မြတ်နိုးရပါကြောင်း
အမှာပါးလိုက်ပါရစေ။
☁️ 27.1.2025
ရုန်းရအခက်ဆုံးနွံက အချစ်နွံပဲ တဲ့
ကိုယ်ဟာလည်း
အဲ့ဒီရုန်းရအခက်ဆုံး နွံကို ကျွံခဲ့မိတယ်🖇️🍂
မင်းကိုမှ ချစ်ခဲ့မိတာကိုး.....🥀
💭 || 25.1.2025
#ရိပ်ငြိမ် #စာတို