1 y - Translate

ဂြိုလ်တုမှ စမတ်ဖုန်းဆီသို့ တိုက်ရိုက်ချိတ်ဆက်သည့် ဝန်ဆောင်မှု ဒုတိယအဆင့်စမ်းသပ်မှုနက်ဖြန်စမည်ဟု အီလွန်မတ်ပြော

Starlink ၏ ဂြိုလ်တုမှ စမတ်ဖုန်းဆီသို့ တိုက်ရိုက်ချိတ်ဆက်သည့် Direct-to-Cell ဝန်ဆောင်မှု၏ ဒုတိယအဆင့် Beta စမ်းသပ်မှုကို ဇန်နဝါရီ ၂၇ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း SpaceX ၏ CEO ဖြစ်သူ အီလွန်မတ် က X တွင် ကြေညာခဲ့သည်။

၎င်းသည် ပုံမှန်မြေပြင်အခြေစိုက် ဆဲလ်တာဝါတိုင်များကို မှီခိုခြင်းမပြုဘဲ ဂြိုလ်တုမှတိုက်ရိုက်ချိတ်ဆက်မှုဖြစ်သဖြင့် ကမ္ဘာလုံးဆိုင်ရာ မိုဘိုင်းလ်ချိတ်ဆက်မှုကဏ္ဍအတွက် ကြီးမားသော အပြောင်းအလဲ ခြေလှမ်းတစ်ရပ်ဖြစ်လာသည်။

ကမ္ဘာပေါ်တွင် ပထမဆုံးသော ထရီလီယံနာ ဖြစ်လာမည့်သူဟု စီးပွားရေးနှင့် ဘဏ္ဍာရေး ပညာရှင်များကဟောကိန်းထုတ်ထားသည့် စွန့်ဦးတီထွင် လုပ်ငန်းရှင် အီလွန်မတ်သည် လက်ရှိထရမ့်အစိုးရက အသစ်တည်ထောင်လိုက်သော ဌာနတစ်ခု၏ အကြီးအကဲအဖြစ်လည်း တာဝန်ယူဆောင်ရွက်လျှက်ရှိသည်။

image
1 y - Translate

ရေနံချောင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့

မကွေးတိုင်း၊ ရေနံချောင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု ယနေ့ ဇန်နဝါရီ ၂၅ ရက်ကလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ယနေ့ ဇန်နဝါရီ ၂၅ ရက်နေ့လည် ၁ နာရီ ၄၁ မိနစ် ၂၄ စက္ကန့်က ရေနံချောင်းမြို့၏ အရှေ့ဘက်(၁၆) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၂၀ ဒသမ ၄၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၅ ဒသမ ၁၂)ဒီဂရီ၊ အနက်(၂၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ် (ခ်)တာစကေး(၃ ဒသမ ၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုအား ညောင်ဦးမြေငလျင်စခန်းမှ တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image
1 y - Translate

ကုန်သွယ်ရေးမညီမျှမှုကိုဖြေရှင်းရန် ဗီယက်နမ်ကို အမေရိက တိုက်တွန်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son နှင့် ဖုန်းခေါ်ပြောဆိုရာတွင် ဗီယက်နမ်အနေဖြင့် အမေရိကနှင့် ကုန်သွယ်ရေးမညီမျှမှုများကို ဖြေရှင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

ရူဘီယိုနှင့် ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သော Son တို့သည် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံ၏ ရန်လိုသည့် အပြုအမူများအပါအဝင် ဒေသတွင်း အရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က သောကြာနေ့က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကို ချီးကျူးခဲ့သလို ကုန်သွယ်ရေး မညီမျှမှုကို ဖြေရှင်းဖို့ရာလည်း ဝန်ကြီးက ဗီယက်နမ်ကို တိုက်တွန်းခဲ့ပါတယ်” ဟု သူက ပြောသည်။

နိုင်ငံသည် အမေရိကနှင့် ကုန်သွယ်ရာတွင် ကုန်သွယ်‌ရေးပိုငွေပြမှုကို ပြန်လည်ဟန်ချက်ညီစေရန် ဖြေရှင်းမှုများလုပ်ဆောင်နေသည်ဟု အင်္ဂါနေ့က ဒါဗိုတွင် ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh က ပြောကြားခဲ့သည်။ ယင်းသို့လုပ်ဆောင်ရာတွင် ဘိုရင်းကုမ္ပဏီထုတ် လေယာဉ်များ ဝယ်ယူရန် ကတိပြုထားကြောင်းနှင့် အခြား အမေရိကန်နည်းပညာမြင့်ပစ္စည်းများကို ဝယ်ယူရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့သည်။

ဗီယက်နမ်သည် ကမ္ဘာတွင် ကုန်သွယ်မှုကို မှီခိုအားထားပြုရဆုံးနိုင်ငံများတွင် ပါဝင်ပြီး ပို့ကုန်တင်ပို့မှုသည် နိုင်ငံစီးပွားရေးတစ်ခုလုံး၏ ၈၅ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုသည်။ နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် အမေရိကနှင့် ကုန်သွယ်မှု၌ ဒေါ်လာ ၁၀၀ ဘီလျံခန့် ပိုငွေပြခဲ့ပြီး ယင်းသည် သမ္မတဒေါ်နယ်ထရမ့်ပ်၏ မူဝါဒများအတွက် ဖြစ်နိုင်ခြေရှိသော ပစ်မှတ်ဖြစ်လာစေခဲ့သည်။

အမေရိက-ဗီယက်နမ် ဆက်ဆံရေးနှစ် ၃၀ ပြည့် အထိမ်းအမှတ်နှင့် ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးအောက်တွင် တိုးတက်ခဲ့မှုများကို နှစ်နိုင်ငံတာဝန်ရှိသူများက ဂုဏ်ပြုခဲ့ကြသည်ဟု ဘရုစ်က ပြောကြားခဲ့သည်။

image

[Photo News]

နစက ဥက္ကဌ ကိုယ်တိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်‌ပေးခဲ့တဲ့ မြွေနှစ် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်

ဇန်နဝါရီ ၂၆

မြွေနှစ် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်၊ညနေ ၄ နာရီခွဲ အချိန်က ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏမှာ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို နိုင်ငံတော်ဝန်ကြီးချုပ် နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပြီး ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားကို မြွေနှစ် “ပျော်စရာ” ဆိုတဲ့ တရုတ်ရိုးရာနှစ်ကူး အထိမ်းအမှတ်အစီအစဉ်တွေအတိုင်း မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားတွေက တရုတ်ရိုးရာ အကအလှ အထိမ်းအမှတ်တွေနဲ့ စည် ကားသိုက်မြိုက်စွာကျင်းပခဲ့ကြတာပါ။

တရုတ်ရိုးရာ နှစ်ကူးအခမ်းအနားကို နစက အစိုးရအဖွဲ့ရဲ့ထိပ်တန်း တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြသလိုမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms.Ma Jia နဲ့ မြန်မာနိုင်ငံ တရုတ်နွယ်ဖွားတွေ တရုတ်လုပ်ငန်းရှင်တွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့် သည်တော်တွေ အများအပြား လည်းတက်ရောက်ခဲ့ကြပါတယ်။

ဒါအပြင် အခမ်းအနားမှာ တရုတ်ယဉ်ကျေးမှုနဲ့ ရိုးရာအစားအစာတွေကို လေ့လာခံစားဖို့ပြခန်းတွေကို ထည့်သွင်း ပြသခဲ့သလို ရန်ကုန်တရုတ် ယဉ်ကျေးမှုစင်တာ အပါအဝင် မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းရှင်တွေအသင်းအဖွဲ့ မီဒီယာတွေရဲ့ပြခန်းတွေကိုလည်း ခင်းကျင်းပြသထားတာကို တွေ့ခဲ့ရပါတယ်။

#centralnewsnaypyitaw

imageimage
+12

ကော့တွိုက်စ်ကို ပြန်ခေါ်နိုင်ဖို့ ဘယ်လ်ဂျီယံနည်းပြသစ် မျှော်လင့်

ဇန်နဝါရီ ၂၆

ဘယ်လ်ဂျီယံအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ ရူဒီဂါစီယာက ရီးရယ်လ်အသင်း ဂိုးသမား ကော့တွိုက်စ်ကို နိုင်ငံအသင်းထံ ပြန်လည်ခေါ်ယူနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

ရူဒီဂါစီယာက “ကျနော်တို့မှာ မတ်ဇ်ဆယ်လ်စ်နဲ့ ကတ်စတီးလ်တို့လို အရည်အသွေးရှိတဲ့ ဂိုးသမားတွေ ရှိနေရင် တောင် ကမ္ဘာ့အကောင်းဆုံး ဂိုးသမားလို့ ကျနော်ယူဆတဲ့ ကော့တွိုက်စ်ကို ကျနော်တို့ ရွေးချယ်သွားမှာပါ။
အသေးစိတ်ကိုတော့ ကျနော် မပြောနိုင်ပေမယ့် ကော့တွိုက်စ်ထံကနေ ကျနော့်ထံ ပြန်လာတဲ့ ပထမဆုံး အချက်ပြမှုက အပေါင်းလက္ခဏာ ဆောင်တဲ့အရာပါ”လို့ ပြောခဲ့တာပါ။

ဘယ်လ်ဂျီယံအသင်းဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲနဲ့ နေးရှင်းလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်မှာ ရလဒ် မကောင်းမွန်မှု တွေကြောင့် ဘယ်လ်ဂျီယံ ဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြတီဒက်စ်ကို,ကို ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ထုတ်ပယ်ခဲ့ တာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံအသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ လက်ထောက်နည်းပြဟောင်း အွန်နရီ၊ ဝက်စ်ဟမ်းအသင်း နည်းပြ ဟောင်း လိုပီတီဂီနဲ့ ဗန်ဘွန်မဲလ်တို့ သတင်းတွေ ထွက်ခဲ့တာပါ။

ဒါပေမယ့် ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်ဟာ နာပိုလီ၊ ရိုးမားနဲ့ လိုင်ယွန်အသင်းတွေကို ကိုင်တွယ်ပြီး နည်းပြ အတွေ့အကြုံ အများအပြားရှိတဲ့ ရူဒီဂါစီယာကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

ရူဒီဂါစီယာအတွက် ဘယ်လ်ဂျီယံအသင်း နည်းပြသစ်အဖြစ် ပထမဆုံး လုပ်ဆောင်ရမယ့်အရာက ဂိုးသမား ကော့တွိုက်စ်ကို အသင်းထံ ပြန်လည်ခေါ်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။ ကော့တွိုက်စ်ဟာ နည်းပြဟောင်း တီဒက်စ်ကို နဲ့ အဆင်မပြေမှုတွေကြောင့် သူ့ရဲ့လက်ထက်မှာ ဘယ်လ်ဂျီယံ အသင်းအတွက် ပါဝင်မကစားပေးဖို့ ဆုံးဖြတ်ခဲ့ တာပါ။

အခုအချိန်မှာ ဘယ်လ်ဂျီယံအသင်းရဲ့ နည်းပြ အပြောင်းအလဲကြောင့် ကော့တွိုက်စ်ဟာ လက်ရွေးစင်အသင်း အတွက် ပြန်လည်ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ လာမယ့် မတ်လမှာ နေးရှင်းလိဂ် ပလေးအော့ဖ်အဖြစ် ယူကရိန်းအသင်းနဲ့ အိမ်ကွင်း၊ အဝေးကွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: besoccer

#ဘောလုံးသတင်းစုံ

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဇန်နဝါရီ ၂၆

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၇၁ ဒေါ်လာ

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၄၇၀၀၀၀ ကျပ်
ဝယ်ဈေး ၆၄၃၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၂၇၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၃၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၆၀၀ ကျပ်
ဝယ်ဈေး - ၄၅၀၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၂၈၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၈၈ ကျပ်
ဝယ်ဈေး - ၄၆၆၁ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၆.၀၅ ကျပ်
ဝယ်ဈေး - ၁၃၂.၄၅ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၄၂ ကျပ်
ဝယ်ဈေး - ၁၀၁၄ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၃၁ ကျပ်
ဝယ်ဈေး - ၆၁၄ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၄၅ ကျပ်
ဝယ်ဈေး - ၂၈.၆၅ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၀၅ ကျပ်
ဝယ်ဈေး - ၅၁.၆၄ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၀ ကျပ်
ဝယ်ဈေး - ၃.၁၁ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၉၃ ကျပ်
ဝယ်ဈေး - ၅၅၄၃ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၈၅ ကျပ်
ဝယ်ဈေး - ၂၈၁၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၈၀ ကျပ်
ဝယ်ဈေး - ၃၀၉၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၆ ကျပ်
ဝယ်ဈေး - ၅၇၀ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၄၅ ကျပ်
ဝယ်ဈေး - ၁၂၁၃ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

hehe

image
1 y - Translate

ပုလင်းက ဘယ်ဟာလဲ
တော်လိုက်တဲ့ကောင်ကွာ

1 y - Translate

ဟယ်ရီကိန်းဂိုးပေါက်ပျောက်နေသည့်အပေါ် မစိုးရိမ်ဟု ဘိုင်ယန်အားကစားဒါရိုက်တာပြော

တိုက်စစ်မှူးဟယ်ရီကိန်း ဂိုးပေါက်ပျောက်ဆုံးနေတဲ့အပေါ် စိုးရိမ်စရာမရှိကြောင်း ဘိုင်ယန်မြူးနစ် အားကစားဒါရိုက်တာ မက်အီဘာက ပြောသွားပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က အော့ဘက်စ်နဲ့ပွဲမှာ ဟတ်ထရစ် ၃ ဂိုးသွင်းယူခဲ့ပြီး နောက်ပိုင်း ပင်နယ်တီသွင်းဂိုး ၂ ဂိုးသာရရှိခဲ့ပြီး ကစားကွက်ကနေ သွင်းဂိုးမရရှိသေးတာပါ။

ဟယ်ရီကိန်းက အတွေ့အကြုံရှိ ကစားသမားဖြစ်လို့ သွင်းဂိုးနည်းပါးလာတဲ့အပေါ် စိုးရိမ်စရာမရှိကြောင်း၊ ဒဏ်ရာပြဿနာတချို့လည်းရှိခဲ့လို့သာဖြစ်ပြီး ကိန်းရဲ့သွင်းဂိုးတွေကို ဘိုင်ယန်အသင်းက လိုအပ်ကြောင်း ဒါရိုက်တာ မက်အီဘာက ပြောပါတယ်။

ဟယ်ရီကိန်းဟာ နောက်ဆုံး ၈ ပွဲမှာ ပင်နယ်တီသွင်းဂိုး ၂ ဂိုးသာရရှိခဲ့ပေမဲ့ ဘွန်ဒက်စ်လီဂါ ၁၆ ပွဲအပြီးမှာ ၁၆ ဂိုးသွင်း ၆ ကြိမ်ဂိုးဖန်တီးထားပါတယ်။

Photo: Reuters

image
1 y - Translate

Myeik’s seasonal marian plums sell well after orders from Thailand

Myeik’s seasonal marian plums are being sold well after orders from Thailand, according to the market sources.

Recently, these fruits are abundant in Myeik Township, and small-sized fruits are selling well.

“Marian plums only appear at this time. They disappear after their season for a short time. Not like mangoes and rambutans. Sales are good because they are in season. There are a lot of orders from Thailand, and in Myeik, they are plenty. The current sale is good. The price of small ones is good,” said a marian farm owner Ma Myat Lei Lei Phyu in Myeik.

Currently, there are many orders by not only Myanmar people in Thailand but also Thai people as they use it in restaurants.

“It is convenient as my customers deliver to Thailand. We did not remove stalks. If removed, the fruits will get dark and do not look good. In addition to the Myanmar from Thailand, Thais also use them in restaurants, so there are many orders from Thailand,” she said. – Thit Taw/ZN

image