2 yrs - Translate

@tattooidea

image
2 yrs - Translate

@tattooidea

image
2 yrs - Translate

@tattooidea

image
2 yrs - Translate

@tattooidea

image
2 yrs - Translate

@tattooidea

imageimage
+11
2 yrs - Translate

ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၆ ရက်နေ့အထိ ရန်ကုန်အထိုင် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးအဖြစ် တစ်ပိဿာ (၇၀၇၅) ကျပ် သတ်မှတ်လိုက်ပါတယ်။ မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဉ်စောင့်ကြည့်ပြီး သယ်ယူခ၊ ဘဏ်စရိတ်၊ အခွန်အခတွေ ထည့်သွင်းတွက်ချက်ပြီး ဈေးသတ်မှတ်တာပါ။ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်း အပါအဝင် မသမာတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ရင် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

image

ဘုရားသုံးဆူမြို့တွင် အွန်လိုင်းငွေကြေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစား လုပ်ငန်းများမရှိမှသာ ထိုင်းဘက်မှ လျှပ်စစ်မီးနှင့် လောင်စာဆီများ ယခင်အတိုင်း ပြန်ပေးမည်

ဖေဖော်ဝါရီ ၁၀

ဘုရားသုံးဆူမြို့တွင် အွန်လိုင်းငွေကြေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများမရှိမှသာ ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးနှင့် လောင်စာဆီများ ယခင်အတိုင်း ပြန်‌ပေးမည်ဖြစ်ကြောင်းသိရသည်။

ယင်းကြောင့် လျှပ်စစ်မီးနှင့် လောင်စာဆီများ ယခင်အတိုင်း ပြန်‌လည်ရရှိစေရေး လုပ်ဆောင်မည်ဟု DKBA က ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်က ထုတ်ပြန်ထားသည်။

ထိုင်း-မြန်မာနယ်စပ်၌ တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို တိုက်ဖျက်ရန် ထိုင်းအစိုးရက ဘုရားသုံးဆူမြို့ အပါအဝင် နယ်စပ်မြို့များသို့ လျှပ်စစ်မီးနှင့် လောင်စာဆီတင်ပို့ခြင်းတို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်တွင် စတင်ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

#သတင်းဟင်းလေးအိုးကြီး

imageimage

မြဝတီဘက်က ကျားဖြန့်ဂိုဏ်းမှာ အဓမ္မခိုင်းစေ၊ နှိပ်စက်ခံရတဲ့ ကင်ညာနိုင်ငံသားတစ်ဦးက ထိုင်းနိုင်ငံဘက်ဆီကို ခြေဗလာနဲ့ ထွက်ပြေးလွတ်မြောက်လာ

ဖေဖော်ဝါရီ ၁၀

ထိုင်း – မြန်မာနယ်စပ် ဖော့မရခရိုင်မှာ မြန်မာဘက်ခြမ်း မြဝတီဘက်မှာ လူ ၁၀၀၀ ခန့်ကို နှိပ်စက်နေတဲ့ တရုတ်ကျားဖြန့်ဂိုဏ်းတစ်ခုရဲ့ နှိပ်စက်ခိုင်းစေခံနေရာကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ကင်ညာနိုင်ငံသားတစ်ဦးဟာ ထိုင်းအာဏာပိုင်တွေဆီ အကူအညီတောင်းခံလာခဲ့ပါတယ်။

အသက် ၃၀ အရွယ် ကင်ညာနိုင်ငံသားဟာ ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းမှာ ဖော့ဖရကို ရောက်လာပြီး ဒေသခံဆိုင်ရှင်တစ်ဦးကို ရဲတွေဆီ ပို့ပေးဖို့ အကူအညီ တောင်းခံခဲ့သလို သူ့တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာဒဏ်ချက်တွေ ပြည့်နေခဲ့ပါတယ်။

ရဲတပ်ဖွဲ့နဲ့ တွေ့တဲ့အခါမှာ ကင်ညာနိုင်ငံသားက သူဟာ မြဝတီမြို့နယ်ထဲက ကျားဖြန့်ဂိုဏ်းတွေ လှုပ်ရှားရာ မြို့တစ်မြို့ကနေ ထွက်ပြေးလာတယ်လို့​ပြောခဲ့သလို တောင်တစ်လုံးကို ၅ နာရီလောက်ကြာအောင် ဖြတ်သန်းခဲ့ရတဲ့အပြင် နယ်စပ်ရောက်အောင် ၁၀ ကီလိုမီတာလောက် လမ်းလျှောက်လာခဲ့ရကြောင်းလည်း ထွက်ဆိုခဲ့ပါတယ်။

သူက ကင်ညာအလုပ်အကိုင်အေဂျင်စီတစ်ခုက ထိုင်းနိုင်ငံမှာ လစာကောင်းကောင်းနဲ့ စားဖိုမှူး အလုပ်လုပ်ရမယ်ဆိုတဲ့အလုပ်ခေါ်စာကို ယုံစားမိရာက မနှစ်က အောက်တိုဘာ ၅ ရက်နေ့မှာ ထိုင်းကို ရောက်လာခဲ့ပြီး သူနဲ့အတူ အခြားကင်ညာနိုင်ငံသား ၂ ဦးကို အေးဂျင့်တစ်ယောက်က သုဝဏ္ဏဘူမိလေဆိပ်မှာ လာခေါ်ခဲ့ပြီး မဲဆောက်ဘက်ခေါ်သွားခဲ့သလို အဲဒီကနေ နယ်စပ်ဖြတ်ပြီး မြန်မာဘက်က ကျားဖြန့်ဂိုဏ်းတွေဆီ ပို့ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီနောက်မှာ သူတို့ဟာ ကျားဖြန့်ဂိုဏ်းအတွက် လိမ်လည်ပေးဖို့ အဓမ္မခိုင်းစေခံခဲ့ရပြီး ငြင်းဆန်မိချိန်၊ လိမလည်မှု မအောင်မြင်ချိန်မှာ ကျင်စက်နဲ့ တို့တာ၊ နံပါတ်တုတ်တွေ ဘေ့စ်ဘောရိုက်တံနဲ့ ရိုက်တာတွေ ခံခဲ့ရသလို ဒဏ်ရာတွေကို ဖယောင်းရည်ပူနဲ့ လောင်းချတာလည်း ခံခဲ့ရတယ်လို့ ညှင်းပန်းနှိပ်စက်ခံရမှုအပေါ် ထွက်ဆိုခဲ့ပါတယ်။ မြန်မာဘက်ခြမ်းကနေ ထိုင်းနယ်စပ်အထိ ခြေဗလာနဲ့ ထွက်ပြေးလာခဲ့ရတာကြောင့် ကင်ညာနိုင်ငံသားဟာ ခြေထောက်တွေလည်း ယောင်ကိုင်းနေခဲ့တယ်လို့ သိရပါတယ်။

လွတ်မြောက်လာတဲ့ ကင်ညာနိုင်ငံသားရဲ့ထွက်ဆိုချက်အရ သူ ခိုင်းစေခံရတဲ့ ကျားဖြန့်ဂိုဏ်းထဲမှာ လူ ၁၀၀၀ ဝန်းကျင်လောက် ကျွန်ပြုခံထားရနိုင်ပြီး ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အီသီယိုးပီးယား၊ ပါကစ္စတန်နဲ့ သီရိလင်္ကာနိုင်ငံသားတွေ ပါဝင်တယ်လို့ သိရပါတယ်။ သူအပါအဝင် တခြား ကင်ညာနိုင်ငံသား ၂၃ ဦးကတော့ တရုတ်ရာဇဝတ်ဂိုဏ်းသားတွေ ထိန်းချုပ်ထားတဲ့ နေရာတစ်ခုမှာ လုပ်ကိုင်ခဲ့ရတယ်လို့ သိရပါတယ်။

Ref, Bangkok Post

#centralnewsnaypyitaw

image

FA ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရလို့ နာကျင်ရကြောင်း အာနီဆလော့ပြော

ဖေဖော်ဝါရီ ၁၀

လီဗာပူးလ်အသင်းဟာ ပလိုင်းမောက်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ကာ FA ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် နည်းပြအာနီဆလော့က အသင်းနဲ့ပတ်သက်တဲ့သူတိုင်းနာကျင်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

အာနီဆလော့က “ပလိုင်းမောက်အတွက် အလွန်ကောင်းမွန်တဲ့နေ့ပါ။ သူတို့မှာ ကောင်းမွန်တဲ့ ပွဲအစီအစဉ်ရှိခဲ့ပြီး သူတို့ရဲ့စွမ်းဆောင်ရည်အတွက် အသိအမှတ်ပြုခံရဖို့ထိုက်တန်ပါတယ်။ ကစားသမားတွေဟာ မိနစ် ၁၀၀ လုံး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ကစားသမားတွေက ပိုကောင်းအောင်လုပ်နိုင်ခဲ့တယ်လို့ ကျနော်ထင်သလို ဒီထက်ပိုကောင်းတဲ့ပွဲကို ကစားနိုင်ဖို့မျှော်လင့်ခဲ့ပေမယ့် ပလိုင်းမောက်ကို ကျနော်တို့အသိအမှတ်ပြုရမှာပါ။ FA ဖလားကနေထွက်ခဲ့ရလို့ လီဗာပူးလ်၊ပရိသတ်၊ကျနော်၊ကစားသမားတွေနဲ့ ပတ်သက်တဲ့သူတိုင်းကို နာကျင်စေတယ်”လို့ ITV မှာပြောခဲ့တာပါ။

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ဟာ ပလိုင်းမောက်အသင်းနဲ့ပွဲစဉ်မှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဆာလက်၊ ဂတ်ပို၊ ဗန်ဒိုက်တို့ အပါအဝင် ကစားသမားအချို့ကို အနားပေးခဲ့ပြီး လူငယ်ကစားသမားတွေကို ချီယေဆာ၊ ဂျိုတာ၊ ဒီယက်ဇ်တို့နဲ့ တွဲဖက်ပြီးအသုံးပြုသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပွဲချိန် ၅၃ မိနစ်မှာပေးခဲ့ရတဲ့ ဟာဒီရဲ့ ပင်နယ်တီသွင်းဂိုးကြောင့် ပလိုင်းမောက်အသင်းကို အရေးနိမ့်ခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ပွဲပြီးခါနီးမှာ ဂိုးရနိုင်မယ့်အခွင့်အရေးအချို့ရရှိခဲ့ပေမယ့် ပလိုင်းမောက်အသင်းဂိုးသမား ဟာဇက် လက်စွမ်းပြကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် လီဗာပူးလ်အသင်းဟာ FA ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး ဒီရာသီဆုဖလား ၄ လုံးရယူနိုင်မယ့် လမ်းကြောင်းထဲက ဆုဖလားတစ်လုံးကို လက်လွှတ်ခဲ့ရတာပါ။

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ပလိုင်းမောက်အသင်းနဲ့ပွဲစဉ်မှာ လူစာရင်းကိုအပြောင်းအလဲ ပြုလုပ်ခဲ့လို့ နောင်တမရပေမယ့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့အတွက် နာကျင်ရကြောင်း ပြောခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ FA ဖလားကနေ ထွက်ခွာခဲ့ရတာကြောင့် ပရီးမီးယားလိဂ်၊ချန်ပီယံလိဂ်နဲ့ ကာရာဘောင်းဖလားပြိုင်ပွဲတွေကို ပိုပြီးအာရုံစိုက်ရတော့မှာပါ။

လီဗာပူးလ်အသင်းဟာ လာမယ့်ကြားရက်ထဲမှာ ပရီးမီးယားလိဂ်ပွဲကျန်အဖြစ် အဲဗာတန်အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ပုံ - နည်းပြအာနီဆလော့နဲ့ လီဗာပူးလ်ကစားသမားများ

#ဘောလုံးသတင်းစုံ

image

တိုက်ပွဲကြောင့် စလင်းမြို့နယ်မှာ စစ်ရှောင် ၇၀၀၀ ကျော်ထိ ရှိလာ

ဖေဖော်ဝါရီ ၁၀

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရပြီး လက်ရှိမှာတော့ စစ်ရှောင်အရေအတွက် ၇၀၀၀ ကျော်အထိ ရှိလာနေပြီဖြစ်တယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။

စလင်းမြို့နယ်မှာ နစကတပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားနေပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင်အရေအတွက် တိုးလာနေခြင်းဖြစ်ကာ အခြေခံ စားသောက်ကုန်တွေအပြင် ဆေးဝါးနဲ့ အဝတ်အထည်တွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

“ဆင်ဖြူကျွန်းမြို့ကို လက်နက်ကိုင် ပူးပေါင်းတပ်တွေ ဝိုင်းထားတာကြောင့် ခြေလျင်တပ်ရင်း ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅ စတဲ့တပ်တွေက အနီးနားက ကျေးရွာတွေကို နယ်မြေရှင်းလင်းရေး လုပ်နေတာ။ အဲဒါကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ရှောင်နေရတယ်။ တချို့က စစ်ရှောင်နေတာ တနှစ်လောက်ရှိနေပြီ။ တချို့ကတော့ တိုက်ပွဲဖြစ်မှ ရှောင်ကြတာတွေရှိတယ်။ ဖမ်းဆီးခံရတာတွေလည်း ရှိနေတော့ ဘယ်သူမှ ရွာထဲမနေရဲကြတော့ဘူး။ လတ်တလောကတော့ လက်နက်ကြီး ပစ်ခတ်သံတွေ အဆက်မပြတ် ကြားနေရတယ်။ နေအိမ် ပျက်စီးတာတွေလည်း ရှိနေတယ်” လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။

လက်ရှိမှာ နစကတပ်ဖွဲ့ဟာ စလင်းမြို့ပေါ် ရှိ မြို့မရဲစခန်း၊ မြို့နယ်မှူးရုံး၊ ထွေအုပ်ရုံးတွေမှာ ခြေကုပ်ရယူပြီး မြို့အဝင်အထွက်နေရာတွေမှာ စစ်ဆေးခြင်း၊ ကင်းပုန်းဝပ်ခြင်းတွေ လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။

စလင်းမြို့ရဲ့ တောင်ဘက်မှာ ခလရ (၂၅၃)၊ (၂၅၄)၊ (၂၅၅) တပ်ရင်းတွေ တည်ရှိတဲ့အတွက် စလင်းမြို့ရဲ့ မြောက်ဘက်နဲ့ အနောက်ဘက်ကို နစကတပ်က လုံခြုံရေးတင်းကျပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့၊ မနက် ၁၁ နာရီဝန်းကျင်မှာလည်း လင်းဇင်းရွာအနီးက အုန်းတောရွာနဲ့ မြောင်းကြားရွာမှာ မီးလောင်မှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း သရက်ချဉ်ရွာအနီးမှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စလင်းမြို့နယ် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ နစကဘက်ကရော၊ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေဘက်ကပါ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ဒါအပြင် မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အနောက်ပိုင်းမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဖေဖော်ဝါရီ ၃ ရက်နေ့က ပုသိမ် - မုံရွာလမ်းမပေါ်ရှိ ဒေသတွင်းလက်နက်ကိုင်တပ်တွေ တည်ရှိတဲ့ ၃ မိုင်ဂိတ်မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဖေဖော်ဝါရီ ၇ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

နစကစစ်ကြောင်းဟာ လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီးနောက် အနီးအနားကျေးရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်ရင်း ရောက်ရှိလာကာ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ရုန်းပင်ရွာကို ဝင်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်နေ့မှာ လက်နက်ကြီးပစ်ကူနဲ့ ကြီးအုံကြီးဝတမံကို ရောက်ရှိလာတာကြောင့် တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲမှာလည်း စစ်ရေးတင်းမာမှုတွေ ရှိနေပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာတွေကြောင့် တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ကာ ကျေးရွာ ၁၀ ရွာက သောင်းနဲ့ချီတဲ့ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒါအပြင် ပေါက်မြို့ပေါ်မှာရှိတဲ့ အစားအသောက် ဆေးဝါးနဲ့ အသုံးအဆောင်တွေကို ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိတဲ့ ကျေးရွာတွေဆီ သယ်ဆောင်တာ မလုပ်ဖို့ နစကတပ်က တားဆီးပိတ်ပင်ထားတယ်လို့ သိရပါတယ်။

ကျေးရွာတွေကနေ မြို့ပေါ် ကို အသွားအလာတွေလည်း တင်းကျပ်ထားတဲ့အတွက် ဒေသခံတွေဟာ ကျန်းမာရေးအတွက် ဆေးကုသမှု မလုံလောက်တဲ့အပြင် အလုပ်အကိုင် ရှားပါးပြီး ကုန်ဈေးနှုန်းကြီးမြင့်တဲ့ ဒဏ်ကိုလည်း ခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါအပြင် မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း - ပဒါန်း ကားလမ်းပေါ်မှာလည်း နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး နစကတပ်ဟာ ငဖဲမြို့နယ်က စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။

Photo:CJ

#centralnewsnaypyitaw

image