ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Yangon 2025 Countdown Festival ကို လာရောက်ကြည့်ရှုမည့် ပြည်သူများ သွားလာရေး အဆင်ပြေစေရန်YBS ယာဉ်များ စီစဉ်ဆောင်ရွက်ထား
ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်မည့် Yangon 2025 Countdown Festival ကို လာရောက်ကြည့်ရှုမည့် ပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် YRTC မှ YBS ယာဉ်များ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း YRTC မှ သိရသည်။
2025 Yangon New Year Countdown ပွဲတော်ကို (ဒီဇင်ဘာလ ၃၁ ရက်)၊ နေ့လည် (၁၂)နာရီမှစတင်၍ ကျင်းပသွားမည်ဖြစ်ပြီး ၎င်းပွဲတော်သို့ လာရောက်ဆင်နွှဲကြသူများ အပြန်ခရီးစဉ်အဆင်ပြေစေရေးအတွက် YBS ယာဉ်လိုင်း (၇)လိုင်း ပြေးဆွဲပေးရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါ ပွဲတော်သို့ လာရောက်သူများအတွက် ယာဉ်လိုင်း (၇)လိုင်းဖြစ်သည့် YBS (21) ၊ YBS (61) ၊ YBS (37) ၊ YBS (115) ၊ YBS (62) ၊ YBS (7) နှင့် YBS (8)တို့ကို ဒီဇင်ဘာလ ၃၁ ရက်၊ ည (၉)နာရီမှ ည (၁၂)နာရီအထိ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
2025 Yangon New Year Countdown ပွဲတော်တွင် နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ DJ ပညာရှင်များ၊ အကအဖွဲ့များနှင့် မျိုးဆက်သစ်တေးသံရှင်များစွာတို့က ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး မီးရှူးမီးပန်းပစ်ဖောက်ခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။