ပြည်တွင်း၌ ဘိလပ်မြေ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ဘိလပ်မြေစက်ရုံများအတွက် လိုအပ်သောကုန်ကြမ်း ကျောက်မီးသွေးများ ပြည်ပမှ တင်သွင်းခွင့်ပြုမည်

ဖေဖော်ဝါရီ ၈
ပြည်တွင်း၌ ဘိလပ်မြေများ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများအတွက် လိုအပ်သောစက်မှုကုန်ကြမ်း ကျောက်မီးသွေးများကို ဖေဖော်ဝါရီလမှစတင်၍ ပြည်ပမှ တင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း ဘိလပ်မြေတင်သွင်းမှုနှင့်သက်ဆိုင်သည့် တာဝန်ရှိသူများက ယမန်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ပြည်တွင်းရှိစက်ရုံများ၏ ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် ဘိလပ်မြေစက်ရုံများ စဉ်ဆက်မပြတ် ကုန်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော စက်မှုကုန်ကြမ်းဖြစ်သည့် ကျောက်မီးသွေးများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ပြည်ပမှ တင်သွင်းခွင့်ပြုပေးမည် ဖြစ်ကြောင်းနှင့် လိုအပ်သော ဘိလပ်မြေစက်ရုံများအနေဖြင့် သွင်းကုန်လိုင်စင်များ လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။

ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ပြည်တွင်း ဘိလပ်မြေ ထုတ်လုပ်မှုများကို အားဖြည့်ရန်အတွက် ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှ လည်းကောင်း၊ ပင်လယ်ရေကြောင်းမှလည်းကောင်း ဘိလပ်မြေများအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးအပတ်မှစတင်၍လည်း တင်သွင်းခွင့်ပြုခွင့်ထားသည်။

#သတင်းဟင်းလေးအိုးကြီး

image

အမျိုးသမီးများကို စစ်မှုထမ်းရန် ခေါ်ယူခြင်းမရှိသေး

ဖေဖော်ဝါရီ ၈

ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အမျိုးသမီးများ စစ်မှုထမ်းရန် အကျုံးဝင်သော်လည်း အမျိုးသမီးပြည်သူ့ စစ်မှုထမ်း များအား ဆင့်ခေါ်ရန် အစီအစဉ်မရှိသေးကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်း ထွန်းက ပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်က အသက်ဝင်ကြောင်း နစက-က အမိန့်ထုတ်ပြန် ကြေညာခဲ့ပြီးနောက် အမျိုးသမီး/အမျိုးသား စစ်မှုထမ်းရန် အကျုံးဝင်သူ စုစုပေါင်း ၇ သန်းနီးပါးရှိသည်။

ထို့နောက် အမျိုးသားများကို ပြည်သူ့စစ်မှုထမ်းဥပ‌ဒေအရ စစ်မှုထမ်းရန် ဆင့်ခေါ်လာခဲ့ရာမှာ အပတ်စဉ်(၉)အထိ ရှိပြီးဖြစ်သော်လည်း အမျိုးသမီးများကို ယနေ့အချိန်ထိ စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းမရှိသေးပေ။

သို့သော် လူမှုကွန်ရက်စာမျက်နှာများနှင့် ရပ်ကွက်တွင်း သတင်းများမှာတော့ အမျိုးသမီးများကို စစ်မှုထမ်းရန် ဆင့်ခေါ်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ကျနော့် အနေနဲ့ အတိအလင်း ပြောကြားလိုတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေမှာ အမျိုးသမီးများ စစ်မှုထမ်းရန်အတွက် အကျုံးဝင်သော်လည်း အမျိုးသမီးပြည်သူ့စစ်မှုထမ်းများကို ဆင့်ခေါ်ရန်အစီအစီ မရှိသေးကြောင်း ကျနော့်အနေနဲ့ ပြောကြားလိုပါတယ်”ဟု ပြောသည်။

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းခြင်းများ မသမာမှုများနှင့် ပတ်သက်ပြီး တိုင်ကြားခြင်းများကို တိကျစွာ ဆက်သွယ် သတင်းပေးပို့နိုင်ကြောင်းလည်း ၎င်းက ပြောသည်။

#centralnewsnaypyitaw

image
2 yrs - Translate

မန္တလေး - လားရှိုး ယာဉ်စီးခ အရင်က နှစ်သောင်း၊ အခု ၇ သိန်း မှ ၁၂ သိန်းထိ ပေါက်စျေးရှိ
မန္တလေးမြို့မှ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ကို ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ၏ ယာဉ်စီးခများမှာ တဦးလျှင် ကျပ် ၇ သိန်းမှ ၁၂ သိန်းရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိ နယ်မြေအခြေအနေကြောင့် မန္တလေး - လားရှိုး ပြည်ထောင်စုလမ်းကို အသုံးပြုနိုင်ခြင်း မရှိဘဲ အခြားလမ်းပိုင်းများကိုသာ အသုံးပြုရသည့်အတွက် ခရီးလမ်းပိုင်းရှည်ပြီး အချိန်ကြာမြင့်မှုများကြောင့် ယာဉ်စီးခများ စျေးနှုန်းမြင့်မားနေခြင်းဖြစ်သည်။ လမ်းမှာ ဘာအခက်အခဲမှမရှိလျှင် အနည်းဆုံး ၂ ညအိပ်ရပြီး မဟုတ်ရင် ၄ ရက်လောက်ကြာသည်။
မိုင်ပေါင်း ၁၇၀ ကျော်သာ ကွာဝေးသည့် မန္တလေးနှင့် လားရှိုးမှာ ယခင်က ပြည်ထောင်စုလမ်းကို အသုံးပြု၍ ခရီးသည်တင် Express များပြေးဆွဲလေ့ရှိပြီး ယာဉ်စီးခမှာလည်း တဦးလျှင် ၂၀၀၀၀ ကျပ်ဝန်းကျင်သာရှိသည်။ လက်ရှိအချိန်တွင် Express များပြေးဆွဲမှု ရပ်ဆိုင်းနေပြီး အိမ်စီးကားငယ်လေးများသာ ပြေးဆွဲပေးနေကြောင်း သိရသည်။

image

လီဗာပူးလ်အသင်းနည်းပြအာလ်နေးစလော့ဒ်က အကောင်းမွန်ဆုံးခြေစွမ်းပြကစားနေတဲ့ကိုဒီဂတ်ပိုရဲ့ကစားပုံကိုထုတ်ဖော်ချီးကျူးပြောဆိုလိုက်ပါတယ်။

နယ်သာလန်တိုက်စစ်မှူးဟာ ဒီရာသီကာလမှာတော့နည်းပြအာလ်နေးစလော့ဒ်လက်အောက်မှာအကောင်းမွန်ဆုံးခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ ၃၅ ပွဲပါဝင်ကစားထားခဲ့ရာမှာ ၁၆ ဂိုးသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါအသက် ၂၅ နှစ်အရွယ်ကစားသမားရဲ့ကစားပုံဟာတိုက်ဆိုင်မှုမဟုတ်ဘဲ ကစားသမားအနေနဲ့ဒီမတိုင်ခင်ကာလမှာကလပ်အသင်းမှာရောလက်ရွေးစင်အသင်းမှာပါတလျှောက်လုံးရှိနေတဲ့ခဲ့တဲ့အရာကြောင့်ဖြစ်ပါတယ်လို့ ကြိုးကြာနီအသင်းနည်းပြကထောက်ပြပြောဆိုလာခဲ့ပါတယ်။

ဂတ်ပိုအနေနဲ့ ၂၅ ဂိုးလောက်သွင်းယူမှာလားဆိုတာနဲ့ပတ်သက်ပြီး မေးမြန်းခံရတဲ့အခါမှာတော့ ကျနော်မသိပါဘူး။သူတို့ဂိုးဘယ်လောက်များများသွင်းယူလိမ့်မယ်ဆိုတာမျိုးကျနော်သိပ်စိတ်မဝင်စားပါဘူး။

တကယ်လို့သူတို့လုပ်ဆောင်ဖူးခဲ့တဲ့အတိုင်းအပြင်းအထန်လုပ်ဆောင်ပြီး ခံစစ်ပိုင်းကနေဘောလုံးကောင်းကောင်းထွက်လာအောင်လုပ်ဆောင်နိုင်မယ်ဆိုရင်ငါတို့လည်းဂိုးတွေသွင်းယူနိုင်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့ငါတို့မှာအရည်အသွေးရှိတဲ့ကစားသမားတွေရှိပါတယ်။

ကိုဒီအတွက်တော့ထူးခြားတဲ့ရာသီကာလရှိနေပါတယ်။ဒါပေမဲ့ရာသီနှောင်းပိုင်းကာလကပိုထူးခြားပါတယ်။သူ့အနေနဲ့ဟော်လန်အသင်းအတွက်လည်းထူးခြားတဲ့သူဖြစ်တာကြောင့်ဒီကိစ္စတွေကကောင်းကင်နေကျလာတဲ့တိုက်ဆိုင်မှုတွေမဟုတ်ပါဘူး။ဒီဟာကအရင်တုန်းကလည်းဖြစ်ပေါ်ဖူးခဲ့တဲ့အရာတွေဖြစ်ပါတယ်လို့ စလော့ဒ်ကပြောဆိုခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image

🍂ပုဂံအလှ🍂

image

🍂ပုဂံအလှ🍂

image

🍂ပုဂံအလှ🍂

image

🍂ပုဂံအလှ🍂

image

🍂ပုဂံအလှ🍂

image

🍂ပုဂံအလှ🍂

image