44 w - Translate

ရန်ကုန်မှာဆိုရင် ဖိနပ်အမျိုးစုံလိုရင် ၂၉လမ်း🛣️

ပရဆေးနဲ့ပါတ်သ၊က်တာမှန်သမျှကုန်ဈေးတန်းမှာရတယ် 🛣️

မွှေးပွအရုပ်ကြီးတွေ ကော်ရုပ် ကလေးကစားစရာအစုံအလင်လိုချင်ရင် ၂၄ အပေါ်ဘလောက်မှာရတယ် 🛣️

မျက်မှန်နဲ့ပါတ်သက်ရင် ရွှေဘုံသာအလယ်မှာ အများကြီးပါ 🛣️

ရွှေအတိုအစကစ ရွှေတုံးအထိလိုချင်ရင် ရွှေဘုံသာအောက်ဘလောက်ကိုသွား🛣️

ဆိုးဆေးဆပ်ပြာဆီ အနံ့အရသာ နဲ့ပါတ်သက်ရင် ၂၇လမ်းမှာရတယ်🛣️

စက္ကူဂျပ်ပုံးဆိုက်အစုံ လိုသလောက်ဝယ်ချင်ရင် ၂၈လမ်းအပေါ်မှာရတယ် လျှပ်စစ်ပစ္စည်းအစုံအလင်လိုရင် လမ်း၃၀အလယ်ကိုသွား🛣️

စာရေးကရိယာနဲ့ပါတ်သက်ရင် ၃၁ လမ်းအလယ်ကိုသွား🛣️

ငါးကင်ကောင်းကောင်းစားချင်ရင် လှည်းတန်းကိုသွား🛣️

🐷ဝ၊က်သားကောင်းကောင်းစာ.းချင်ရင် ဝ၊က် စပါယ်ရှယ်လစ် ဆင်မလိုက်သုံးတောင်ကွေ့ကိုသွား🛣️

မာလာမောက်ချိုင် စားချင်ရင် စဉ်းအိုးတန်းအပ်ါဘလောက်ကိုသွား မာလရှမ်းကောလဲရတယ်
🛣️

ပင်လယ်စာအကင်ပစ္စည်းအစုံအလင်လိုရင် ၁၈လမ်းအပေါ်ထိပ် ရွှေငါးမောင်မောင်ရတယ်🛣️

စပါယ်ပန်း ခရေပန်းကုံးသီးပီးသား များများလိုရင် လှိုင်ဘတ္တာကိုသွား🛣️

အီလက်ထရောနစ်နဲ့ပါတ်သက်သမျှ ချစ်ပြား ထရန်စစ္စတာ နဲ့ မိုက်ခရိုပစ္စည်းအစုံလိုရင် မောင်ခိုင်လမ်းအပ်ါဘလောက်မှာရတယ်🛣️

ဘေထုပ်နဲ့ပါတ်သက်ရင် ကြည့်မြင်တိုင်ညဈေးကိုသွား branded တွေ ဈေးချိုချိုနဲ့ရပါတယ်🛣️

ဘုရားတည် ဘုန်းကြီးကျောင်းလှူ တိုက်ပေါ်မှာ ပေါ့ပေါ့ပါးပါးစေတီတည်လိုသူတွေ ပန်းဒင်းတန်းကြည့်မြင်တိုင်ကိုသွား
🛣️

အောင်ဘာလေထီလက်လီလက္ကားလိုရင် ၂၇လမ်းအပ်ါဘလောက်ကိုသွား
🛣️

ကွန်ပြူတာနဲ့ပါတ်သက်သမျှ အစုံရတာက ဆိပ်ကမ်းသာအလယ်ဘလောက်ပါ🛣️

ခုသီတင်းကျွတ်ဆီမီးထွန်း မီးပုံးလှလှလိုချင်ရင် မဟာဗန္ဓုလလမ်း ၂၃နဲ့၂၄အကြားမှာအစုံရတယ်🛣️

PS: ရည်စားလိုချင်ရင်ဒီကမင်မင်နဲ့တွဲ😁

လိုအပ်တာရှိရင်ပြောပေးကြပါဦးထပ်ဖြည့်ပေးမယ်နော်☺️

မူရင်းရေးသားသူကို ခရစ်ဒစ်ပေးပါတယ်

image
44 w - Translate

အသဲကိုထိခို၊က်တာချင်:တူရင်တောင်မှ အချစ်ကိုမရွေ:ပဲ အရ၊က်ကိုပဲရွေ:ပါတော့မယ်လေ

image
44 w - Translate

ဘဝမှာ Virgo တွေနဲ့ လူတိုင်းကို တစ်ခါလောက်တော့ ကြိုက်ဖူးစေချင်တယ်။
Virgo မှာ Version ၂ မျိုးရှိတယ်။
တစ်မျိုးက အရမ်းကိုချိုမြိန်နူးညံ့တဲ့ မလိုင်လုံး ဗားရှင်း။
တစ်မျိုးက အရမ်းစောင့်မြင့်ကတ်စရာကောင်းတဲ့ ခွေးလှေးယားသီးဗားရှင်း။
၂၀၂၅ မှာ ကံစမ်းကြည့်ပါလား ခွေးလှေးယားသီးကြီး ရမလား မလိုင်လုံးလေး ရမလားလို့ 🥹🥹

#vrgosign

image

ဒီရက်တွေမှာ လူရော စိတ်ပါ ပင်ပန်းချက်ပဲ ။
ဘာကိုမှ စိတ်တိုင်းမကျ
" ထားလိုက်ပါတော့ " လို့သာ စိတ်ထဲမှတ်ရင်း သက်ပြင်းချမိတယ် ။
ဘာကြောင့်ရယ်ဆိုတာ ရေရေ ရာရာ မရှိဘူး
ဒီတိုင်း အရာတိုင်းကို စိတ်ပင်ပန်းနေမိတာ ...
တဖြည်းဖြည်းချင်း စိတ်ကုန်လာတာ ...
ဘာတွေကို စိတ်ကုန်ပြီး ဘာတွေကို စိတ်ပင်ပန်းနေမှန်း ကိုယ်တိုင်တောင် မသိပေမယ့် စိတ်အဆင်မပြေတာတော့ တကယ်ပါ ။

#crd_photo

image
44 w - Translate

မြန်မာ့ရုပ်သေးရုပ်
#oldburma
#ရှေးရှေးတုန်းကဗမာပြည်

image

ထိုင်းနိုင်ငံသို့ ခိုးဝင်သည့် အသက် ၂၀ ကျော် လူငယ်များအပါအဝင် မြန်မာနိုင်ငံသား ၁၀၇ ဦး အဖမ်းခံရ

ဇန်နဝါရီ ၂

ထိုင်းနိုင်ငံသို့ ခိုးဝင်သည့် အသက် ၂၀ ကျော် လူငယ်များအပါအဝင် မြန်မာနိုင်ငံသား ၁၀၇ ဦး ဒီဇင်ဘာ ၃၁ ရက် နံနက်က အဖမ်းခံရကြောင်း ထိုင်းဒေသတွင်းသတင်းများအရ သိရသည်။

ယင်းတို့မှာ ထိုင်းနိုင်ငံ၌အလုပ်လုပ်ရန်ဆိုကာ တရားမဝင်သွားရောက်ကြသူများဖြစ်ကြောင်း အဆိုပါသတင်းများက ဖော်ပြကြသည်။

ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖှုန်မြို့ နယ်၊ ဟွေ့ခယိန်ကျေးရွာ ဖယ်အောင့်စွတ်လှေဂိတ်အနီး တရားမဝင် မြန်မာနိုင်ငံသားများ ရောက်နေကြောင်း သတင်းအရ ထိုင်းရဲတပ်ဖွဲ့ဝင်များပါသည့် ပူးပေါင်းအဖွဲ့က သတင်းအရ သွားရောက်စစ်ဆေးစဉ် တရားမဝင် မြန်မာနိုင်ငံသားများ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖမ်းမိသူများ စစ်ဆေးစဉ် ၎င်းတို့ကို လမ်းပြခေါ်ဆောင်လာသော ထိုင်းနိုင်ငံသားတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယခုအခါ ဖမ်းဆီးရမိသူများအား ထောင်ဖာဖှုန်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံ လ.ဝ.က ဥပဒေအရ အရေးယူ၍ လုပ်ထုံးလုပ်နည်းအတိုင်း အပြစ်ပေးပြီးနယ်စပ်ကတစ်ဆင့် မြန်မာနိုင်ငံသို့ နှစ်နိုင်ငံအစိုးရချင်းချိတ်ဆက်ကာ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်‌ကြောင်း သိရသည်။

#centralnewsnaypyitaw

imageimage
44 w - Translate

နှစ်သစ်မှာ လှပနုပျိုခြင်းတွေ အပြည့်နဲ့ မော်ဒယ်လေးလို ကြည့်ကောင်းနေစေဖို့ Daily Need Collagen လေးကို နေ့တိုင်းပုံမှန်သောက်ပေးပါ💁
🌸 အသားအရေဖြူဝင်းပြီး ပိုကျန်းမာစေမယ်
🌸 ခန္ဓာကိုယ်တွင်း အပူအပုပ်တွေကင်းဝေးစေပြီး ပိုလှပိုကျန်းမာစေမှာ အသေအချာပါ
သောက်ဖူးသူတိုင်းဆီက ချီးကျူးစကားသံတွေနဲ့အတူ ထပ်တလဲလဲ ဝယ်သောက်ကြတဲ့ Daily Need Collagen လေး 💗
Thai FDA နဲ့ အခြားနိုင်ငံတကာ အသိအမှတ်ပြု Certificate တွေ ရရှိထားတဲ့ အကောင်းဆုံး collagen လေးကို မှာယူလိုပါက အခုပဲ Message Box မှာ မှာယူလိုက်ပါ 📢
#dailyneed #collagen

image

နှစ်သစ်ကူးနေ့မှာ ကမ္ဘာ့လူဦးရေ ၈ ဒသမ ၀၉ ဘီလျံဖြစ်လာ

ဇန်နဝါရီ ၂

၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့လူဦးရေဟာ ၇၁ သန်းကျော် တိုးလာတာကြောင့် နှစ်သစ်ကူးနေ့မှာ ၈ ဒသမ ၀၉ ဘီလျံကို ရောက်ရှိလာမှာ ဖြစ်လာတယ်လို့ အမေရိကန် သန်းခေါင်စာရင်း ဗျူရိုက တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ ခန့်မှန်းချက်အရ သိရပါတယ်။

၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့လူဦးရေ ၀ ဒသမ ၉ ရာခိုင်နှုန်းဖြစ်တဲ့ ၇၁ သန်းကျော် တိုးလာမှုဟာ ကမ္ဘာ့လူဦးရေ ၇၅ သန်းတိုးခဲ့တဲ့ ၂၀၂၃ ခုနှစ်နဲ့ နှိုင်းယှဥ်ရင် အနည်းငယ် ကျဆင်းသွားပါတယ်။ ခန့်မှန်းချက်တွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ကမ္ဘာတဝှမ်းလုံးမှာ စက္ကန့်တိုင်း မွေးဖွားမှုနှုန်းက ၄ ဒသမ ၂ ရာခိုင်နှုန်းနဲ့ သေဆုံးမှု ၂ ခု ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ၂၀၂၄ ခုနှစ်မှာ လူဦးရေ ၂ ဒသမ ၆ သန်း တိုးလာပြီး နှစ်သစ်ကူးနေ့မှာ အမေရိကန်လူဦးရေက ၃၄၁ သန်းရှိမယ်လို့ သန်းခေါင်စာရင်းဗျူရိုက ပြောသလို ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ၉ စက္ကန့်တိုင်း တစ်ဦးမွေးဖွားပြီး ၉ ဒသမ ၄ စက္ကန့်တိုင်းမှာ တစ်ဦးသေဆုံးမယ်လို့လည်း အမေရိကန်က မျှော်လင့်ထားပါတယ်။ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှုက ၂၃ ဒသမ ၂ စက္ကန့်တိုင်းမှာ လူတစ်ဦးနှုန်း တိုးလာမယ်လို့ မျှော်လင့်ထားတာကြောင့် မွေးဖွားမှု၊ သေဆုံးမှုနဲ့ အသားတင် နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှုတွေကို ပေါင်းစပ်တွက်ချက်မှုအရ ၂၁ ဒသမ ၂ စက္ကန့်တိုင်းမှာ အမေရိကန်လူဦးရေမှာ လူတစ်ဦး တိုးလာမယ်လို့ သန်းခေါင်စာရင်းဗျူရိုက ပြောကြားခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်ကနေ အခုအချိန်အထိ အမေရိကန်လူဦးရေက လူဦးရေ ၉ ဒသမ ၂ သန်းနီးပါး တိုးလာခဲ့ပြီး တိုးနှုန်းက ၂ ဒသမ ၃ ရာခိုင်နှုန်းဖြစ်ပေမဲ့ ၂၀၁၀ ပြည့်နှစ်တွေမှာ အမေရိကန်လူဦးရေတိုးနှုန်းက ၇ ဒသမ ၄ ရာခိုင်နှုန်း တိုးလာခဲ့လို့ လက်ရှိနှုန်းက ၁၉၃၀ ပြည့်နှစ်တွေနောက်ပိုင်း အနိမ့်ဆုံးနှုန်းလည်း ဖြစ်ခဲ့ပါတယ်။


Credit - Myanmar News Vision Media Agency

#သတင်းဟင်းလေးအိုးကြီး

image

ဒီနေ့မနက် ခရမ်းသီးအစာသိပ်နှပ် ဘဲဥပဲတောင့်ရှည်ကြော်
သပြုသီးငါးချဥ်ရည်ဟင်းပါ
ခရမ်းသီးကိုရေဆေးပြီးထိပ်နားထိမပြတ်အောင်လေးစိတ်လှီးပြီအလယ်သားကိုနဲနဲလှီး
ထုက်ကာသေးသေးပြန်လှီးထားပါ
ကြက်သွန်နီဥကြီးတလုံးကိုစင်းလှီးပြီးဆုံထဲထည့်ပါ
ခရမ်းသီးအလယ်သားလှီးထားတာထည့်ပါ ဟင်းခတ်ဇွန်းနှင့်ပုဇွန်ခြောက်မှုန် ၂ ဇွန်း
ထည့်ပါ စိမ်းစားငပိဇွန်းတဝက်
ထည့်ပါ ငရုတ်သီးအစိမ်းမှုန့်
ဇွန်းတဝက်ထည့်ပါဆားအချိုမှုန့်နနွင်းမှုန့်နဲနဲထည့်ပါ
ကုလားလေးမဆလာ ၂ ထုပ်
ဖေါက်ထည့်ပါ ညက်ညက်ထောင်းပြီးဒယ်အိုးတခုမှာ
ဆီနဲနဲထည့်ပြီးမွှေးလာအောင်
ဆီသပ်ပါ ပြီးရင်ခရမ်းသီးလှီးထားတဲ့ကြားကိုအစာဇွန်းနှင့်ခပ်ထည့်ပြီညှစ်ပါ ဒယ်အိုး
တလုံးမှာစီထည့်ပါ ဆုံဆေးရေကိုခရမ်းသီးတဝက်မြုပ်အောင်ထည့်ပါ ဆီနဲနဲ ရွှေလှေငံပြာရည်နဲနဲထည့်ပြီးအဖုံးပိတ်ပြီးဆူအောင်တည်ထားပါ
ခရမ်းသီးနွှမ်းလာရင်တဖက်စီလှန်ပေးပါ ရေခန်းခါနီးရင်အရသာမြည်းကြည့်ပါ
အနေတော်ဆိုရင်မီးကိုလျော့
ပြီးနှပ်ထားပါ
ရေခန်းဆီပြန်ရင်ခရမ်းသီးနှပ်ရပါပြီး မော်လမြိုင်ဘက်ကချက်လေ့ရှိတဲ့ခရမ်းသီးအစာသိပ်နှပ်ပါပဲ
ပဲတောင့်ရှည်ကိုရေဆေးပြီးလက်နှစ်ဆစ်ခန့်စီလှီးထားပါ ကြက်သွန်နီတဥကိုပါးပါးလှီးပြီးဒယ်အိုးတခုမှာထည့်ပါ နနွင်းမှုန့်နဲနဲထည့်ကာဆီသင်ရုံ
ထည့်ပြီးအနံ့မွှေးလာအောင်ဆီသပ်ပါ ပဲတောင့်ရှည်လှီးထားတာထည့်ပါ မွှေပေးပါ
ရွှေလှေငံပြာရည်အချိုမှုန့်နဲနဲ
ထည့်ပါ မွှေပေးပါ ပဲတောင့်
ရှည်နွှမ်းရင်ဘဲဥတလုံးကို
ဖေါက်ထည့်ပြီးမွှေပေးပါ
ဆီပြန်လာအောင်မွှေပေးပါ
အရသာမြည်းကြည့်ပါ
အနေတော်ဆိုရင်ဘဲဥပဲတောင့်
ရှည်ကြော်ရပါပြီ
သပြုသီးအဖတ်ပြုတ်ထားတာကိုအိုးတလုံးမှာထည့်ပြီးချေကာရေချိန်ဆ
ထည့်ပြီးဆူအောင်တည်ထားပါ ငပိစိမ်းစားနဲနဲထည့်ပါ
ကြက်သွန်နီ ၂ ဥ စင်းလှီးထည့်ပါ ဆီကိုဟင်းခတ်ဇွန်းတဝက်ထည့်ပါငါးကြင်းပြုတ်ထားတာရှိလို့ဟင်းအခတ်ထည့်ပါတယ်
စပါးလင်တချောင်းကိုထုပြီးစည်းထည့်ပါ ဆားအချိုမှုန့်
ရွှေလှေငံပြာရည်ထည့်ပါ
ငရုတ်သီးစိမ်းကြက်သွန်ဖြူထောင်းပြီးထည့်ပါ
အရသာမြည်းကြည့်ပါ
အနေတော်ဆိုရှမ်းနံနံကိုရေဆေးပြီးဖြတ်ထည့်ပါ
သပြုသီးငါးချဥ်ရည်ဟင်းရပါပြီး မွန်ဒေသကချက်တဲ့သပြုသီးငါးမွန်ဟင်းပါပဲ
အရည်ကကိုယ့်စိတ်ကြိုက်
ထည့်လို့ရပါတယ်
စားကောင်းကြပါစေ

Credit U Kyaw Shwe

image
Khine Su Zin shared a post  
44 w - Translate
44 w

#ကဲကိုယ့်ဘာသာအရင်သတိပေးလိုက်တယ်လေ?
မနက်အိပ်ရာကနိုးတော့
အကြားအာရုံများကို ဆုံးရှုံးလိုက်ရတဲ့
အသက်၂၆နှစ်အရွယ်ကောင်မလေး
အိပ်ချိန်ဂရုမစိုက် အိပ်ရေးပျက်တာကနေ
အာရုံကြောပျက်သွားတာလို့ဆရာဝန်များဆို😰
#မိမိကိုယ်ကိုချစ်ပါဂရုစိုက်ပါ
ကိုယ်တိုင်လဲ အခုတလော sleep deprivation ကြောင့် short-term memory loss
သိသိသာသာ ဖြစ်လာလို့ လိုက်ရှာဖတ်ရင်းနဲ့
အားလုံးလဲ သိထားရအောင်
ပြန်လည်မျှဝေတာ
Sleep Deprivation ( အိပ်ရေးမဝခြင်း )
~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီ post ကိုတော့ညဘက်တော်တော်နဲ့
မအိပ်နိုင်တဲ့သူတွေ
ဖတ်သင့်ပါတယ် ။
Sleep Deprivation အိပ်ရေးမဝတာကကျန်းမာရေးအတွက်လုံးဝမကောင်းပါဘူး ။ ဒါကိုတော့လူတိုင်းသိတယ် ၊
ဒါပေမယ့်အိပ်လားဆို
တော့မအိပ်ကြပါဘူး ။
အလွန်ဆုံး၁၂ကျော်မှအိပ်ကြတာ
များတယ် ။
အထူးသဖြင့် teenager တွေဆို ၁၂ တောင်မဟုတ်ဘူး ၃ ၄ ၅ နာရီလောက်မှ
စအိပ်ကြတယ် ။
အဲ့တော့နေ့နဲ့ညတွေမှားကုန်ရော ။
တချို့ဒီလိုတွေးတယ် "
ညမအိပ်ဘဲမနက်မှအိပ်လဲအိပ်တာပဲ ၊
အိပ်ချိန်ရတာပဲ ၊ နေ့နဲ့ညဘဲလွဲတာ
ဘာအလုပ်မှမလုပ်ရတာ ဘာမှမဖြစ်ပါဘူး " စသဖြင့်ပေါ့။
No ပါ
ညမအိပ်ဘဲမနက်မှအိပ်တာလဲ အိပ်ရေးမဝတာကိုဖြစ်စေပါတယ် ။ လူတွေသိကြတဲ့ အိပ်ရေးမဝတာကြောင့်အဖြစ်များတာတွေက ခေါင်းကိုက်တာ ၊ ခေါင်းမူးတာ ၊ ခေါင်းမကြည်တာ အဲ့ဒါတွေလောက်ပဲသိကြတာပါ ။ တကယ့် side effect ကခေါင်းအစခြေအဆုံးဖြစ်တာပါ ။ ကိုယ်ကတကယ်လို့ အိပ်တဲ့အချိန်မပြောင်းဘဲဒီလိုပဲဆက်သွားနေရင်တော့
Side effect ကတော့
တခုပြီးတခုဖြစ်နေမှာပါ ။
ဘာတွေဖြစ်လာနိုင်လဲ
Symptoms စပြရင်ယေဘုယျအားဖြင့်
ခေါင်းအပိုင်းက
စပြကြတာများတယ် ။
Memory Issues မှာဆိုရင်
ညဘက်ဆိုကိုယ့် ဦးနှောက်က
သူ့ထဲအသစ်ထပ်ထည့်ရမယ့်
Information တွေ memory အသစ်တွေကိုမှတ်မိအောင် space တွေလုပ်လေ့ရှိတယ် ။ အဲ့အချိန်တွေမှာမအိပ်တာများရင် ရေတိုရေရှည် memory တွေဆုံးရှံးလာမယ် ။ နောက်ပိုင်းမမှတ်မိတာတွေ
မေ့လွယ်တာတွေဖြစ်လာနိုင်တယ် ။
အာရုံစူးစိုက်မှုနဲ့thinkingပိုင်းတွေမှာ
အားနည်းလာမယ် ။
Emotions အပိုင်းမှာဆိုရင် Mood ကလုံးဝမကောင်းဘူး
ထစ်ကနဲရှိစိတ်ကတို ၊ စိတ်ထဲဘယ်အရာမှအချိုးမပြေဘူး
မြင်မြင်သမျှကန့်လန့်ကြီးဖြစ်ပြီးစိတ်ကိုထိန်းမရဘူး ။ စိတ်နုတဲ့သူတွေဆိုရင် Anxiety, Depression တွေပါဆက်ဖြစ်လာနိုင်တယ် ။
Sleep Deprivation က Weight Gain ကိုလဲဖြစ်စေသတဲ့နော် ။
ဒီ weight gain ကေတာ့
ဆိုးကျိုးကရတဲ့ weight လို့ပဲပြောပါရစေ ။ ကိုယ်အလေးချိန်ပေါင်တွေတက်လာနိုင်ပါတယ် ။
အခုအချိန်က Covid 19 pandemic
အချိန်ဖြစ်တဲ့အတွက် Stay Home လုပ်ရင်း ဖုန်းသုံးပါများလေ မအိပ်ချင်ကြလေနဲ့
Sleep Deprivation
အဖြစ်များလာကြတာပါ ။ အိပ်ရေးမဝရင်
ကိုယ်ခံအားကိုလဲကျဆင်းစေတဲ့
အတွက်ရောဂါပိုးတွေ
အလွယ်တကူဝင်နိုင်တယ် ။
Deprivation ကြောင့်ဖြစ်နိုင်ချေရှိတဲ့
ရောဂါတွေက
နှလုံးရောဂါ ၊ ကင်ဆာ ၊ သွေးတိုး ၊
ဆီးချိုစတဲ့ရောဂါ
တွေဖြစ်နိုင်တယ် ။
Sex Hormones တွေပွားနှုန်းကိုလဲ
လျော့စေပါတယ် ။
Sleep Deprivation ဖြစ်တာ
ကြာလာရင်ရုပ်ပိုင်းဆိုင်ရာ
ကိုပါထိခိုက်လာနိုင်တယ် ။
ဥပမာ - ခြေထောက်မှာ poor balance ဖြစ်လာရင် ရုတ်တရက်လဲကျသွားတာတို့၊ လက်မှာ balance မညီရင်
ဘာမှမကိုင်နိုင်တော့ဘဲအား
မရှိတော့မျိုးတွေဖြစ်နိုင်တယ် ။
အိပ်ရေးမဝရင်
အသိသာဆုံးကမျက်လုံး မျက်နှာ
ဖြစ်တဲ့အတွက် skin suffer
တွေပါဖြစ်တတ်ပါတယ် ။
အဆိုးဆုံး Sides Effect ကတော့သေတဲ့ အထိဖြစ်နိုင်တာပါ
ဒါတွေကတော့ခေါင်းအစခြေအဆုံး
ဖြစ်တတ်တဲ့ Sides Effect တွေပါ ။
၁၂ နာရီအလွန်ဆုံးထားပြီးအိပ်ကြ
ပါ ။ ကိုယ့်သူငယ်ချင်းတွေထဲမှာ နေ့နဲ့ ညမှားနေရင် သတိပေးပေးပါ ။
Dr.Zyinkey
#crd
#သတင်းစဥ်
#မြန်မာပြည်သတင်းမှန်ပြန်ကြားရေး

image
image
image