အိပ်ချိန် နောက်ကျခြင်း၏ ဆိုးရွားသော အကျိုး
သက်ရောက်မှုများ (ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ)
အိပ်ရာဝင် နောက်ကျခြင်းဟာ ဆိုးရွားတဲ့ အကျိုး သက်ရောက်မှု တွေကို ဖြစ်စေတတ် ပါတယ်။ကျန်းမာရေး ဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေရုံမျှ မကဘဲ သင့်ရဲ့နေစဉ် လုပ်ငန်း ဆောင်တာတွေကိုလည်း ထိခိုက်စေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို မြင့်တက် စေပါတယ်။ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာကိုပါ ကြီးမား စွာ ထိခိုက်စေ ပါတယ်။ဒီလိုဆိုးကျိုး သက်ရောက်မှုတွေကို ဖော်ပြလိုက်ပါတယ်။
(၁) စိတ်ဖိစီးမှု💫
စိတ်ဖိစီးမှု လက္ခဏာတွေဟာ နေ့စဉ်အိပ်စက်တဲ့ အချိန်ပမာဏပေါ်မှာ ကြီးမားစွာ လွှမ်းမိုးမှု ရှိပါတယ်။ အိပ်စက်ချိန် သင့်တင့်လျောက်လည်ပတ်မှု မရှိခြင်းဟာ စိတ်ကျခြင်း၊ စိတ်ဂယောင်ချောက်ချား ဖြစ်ခြင်းနဲ့ သတိမေ့တတ်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျား ဖြစ်မှုတွေကိုဖြစ်ပေါ်စေ တတ်ပါတယ်။ နောက်ကျမှ အိပ်တတ်သူတွေဟာ အိပ်ဆေးတွေကိုမှီဝဲနေရပြီး ဒီဆေးဝါးတွေဟာ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုကို ထပ်မံမြင့်တက်စေပါတယ်။
(၂)ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်း💁
အိပ်ချိန် နောက်ကျခြင်းဟာ တချို့သော ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပွားလွယ်စေပါတယ်။ ဆေးဘက်ဆိုင်ရာ လေ့လာမှု တစ်ခုအရ ကော်တီဆိုး လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးဟာ နောက်ကျစွာ အိပ်စက်တတ်သူတွေမှာ ပိုမို ထုတ်လွှတ်တတ်ကြောင်း သိရပါတယ်။ ဒီဟော်မုန်းဟာ သွေးဖိအားကို မြင့်တက်စေပြီး ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ပြန့်ပွားမှုကို လျော့ကျစေပါတယ်။ ကင်ဆာ၊ ဆီးချိုနဲ့ သွေးတိုးရောဂါတွေ ကိုလည်း ပိုမိုဖြစ်ပွား စေပါတယ်။
(၃)မျက်ကွင်းညိုခြင်း🐼
မျက်ကွင်းညိုခြင်းဟာလည်း စိတ်မချမ်းမြေ့ဖွယ်ရာ တစ်ခုပါပဲ။ ဒါဟာ အိပ်ချိန်လုံလောက်မှု မရှိခြင်းနဲ့ အိပ်စက်ချိန် ပုံမှန်မရှိခြင်း တို့ကြောင့်ပါပဲ။ ညဉ့်နက်တဲ့ တိုင်အောင် အလုပ်လုပ်ခြင်းနဲ့ နံနက်ပိုင်းမှာ အိပ်ရာထ နောက်ကျခြင်းတို့ကြောင့် ဒီလိုမျက်ကွင်း ညိုခြင်းတွေ ဖြစ်ပေါ်တတ်တာပါ။ ဝက်ခြံနဲ့တခြားသော အရေပြားဆိုင်ရာ ပြဿနာတွေဟာ အိပ်စက်ချိန်နဲ့ သက်ဆိုင်တဲ့ အားနည်းမှုတွေကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
(၄)အဝလွန်ခြင်း🐷
ပုံမှန်အားဖြင့် အိပ်ရာဝင် နောက်ကျတဲ့ အလေ့အကျင့် ရှိသူတွေဟာ နံနက်စောစောတွင် စားသောက်လေ့ မရှိပါဘူး။ ဒါကြောင့် ဒီလိုလူတွေဟာ အလုပ်ချိန်မှာ အမြန်စာ Fast Food တွေကို အများအပြား စားမိလေ့ရှိပါတယ်။ သရေစာတွေကိုလည်း အများအပြား စားလေ့ရှိပါတယ်။ဒါဟာ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကို အားနည်းစေပါတယ်။
ဒီအချက်တွေကအိပ်ယာဝင်နောက်ကျပါများလာရင်ဖြစ်လာမဲ့ လက္ခဏာတွေဘြဖြစ်တယ်။
အချိန်မှန်မှန်အိပ်စက် အနားယူခြင်းဟာလဲ အင်မတန်မှကို အရေးကြီးလှသည်။
#ကျန်းမာရေးဗဟုတုသ

image
44 w - Translate

Ash and Bone (2022)
ဒီဇာတ်ကားလေးကတော့ Horror, Mystery, Thriller အမျိုးအစားဖြစ်ပြီး Horror ကြိုက်တွေ ကြိုက်နှစ်သက်တဲ့သူတွေအဖို အကြိုက်တွေ့စေမဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ ကတ်စီဆိုတဲ့ဆယ်ကျော်သက်ကောင်မလေးဟာ သူ့အဖေ လူးကပ်ရဲ့ နောက်မိန်းမဖြစ်သူ ဆာရာနဲ့ ဆက်ဆံရေးအဆင်မပြေတဲ့အတွက်လူးကပ်စ်က သူတိုကို မိသားစုအချင်းချင်း ပိုအဆင်ပြေရင်းနှီးသွားအောင် မြိုနဲ့ဝေးရာ သူ့ရဲ့ဇာတိမြိုလေးကို ခေါ်လာခဲ့ပါတယ်။ ရောက်ရောက်ချင်းညမှာပဲ ကတ်စီနဲ့ ဆာရာတိုစကားများခဲ့ကြပြီး ကတ်စီက ကားတစ်စီးနဲ့ အရက်ဆိုင်ဘက်ကို ထွက်သွားခဲ့ပါတယ်။ အဲဒီဆိုင်မှာ တာ့ကာနဲ့အန်နာတိုနဲ့ရင်းနှီးသွားပြီး စကားပြောကြရင်းနဲ့ ကတ်စီဟာ မစ်ကင်နလီစ်အိမ်ကြီးရဲ့အကြောင်းကို စိတ်ဝင်စားသွားပါတော့တယ်။ ဒီလိုနဲ့ သူတိုတွေအဲဒီအိမ်ထဲကို ခိုးဝင်ကြရင်းနဲ့ မမျှော်လင့်ပဲ အိမ်ရှင်တွေပြန်ရောက်လာတဲ့အခါ သူတိုကို လိုက်သတ်ဖို ကြိုးစားပါတော့တယ်။

ကတ်စီနဲ့ သူ့ရဲ့သူငယ်ချင်းတွေ လူသတ်သမားတွေလက်ထဲကနေ လွတ်မြောက်နိုင်မှာလား။ ရှေ့ဆက်ပြီး ဘာတွေဖြစ်မှာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
#horror

image

ဘယ်ရထားမှ မလွဲခဲ့ဘူး ငါ့ကောင်ရ
မျက်နှာချင်းဆိုင်ဘဲ ထိုင်ခဲ့ကြတာ
သူဘေးမှာက တခြားကောင်နဲ့
ငါ့ဘေးမှာက တံခါးဘောင်နဲ့....
#as

ခြစ်ရတာက လွယ်တယ်,
ချစ်ရတာဘဲ ခက်တာမဟုတ်လား......
#စာရယ်

44 w - Translate

လက်ထပ်လိုက်ကြပြီဖြစ်တဲ့ Subaru အသံသရုပ်ဆောင်နဲ့ Rudeus အသံသရုပ်ဆောင်တို့နှစ်ယောက် 🎉
(* ယောက်ျားချင်းမဟုတ်ပါဘူး 😖Rudeus ရဲ့အသံသရုပ်ဆောင်က မိန်းကလေးပါ)
#crd

image

အိမ်မှာဘဲလုပ်လို့လဲရ၊လွယ်လည်းလွယ်ကူမြန်ဆန်ပြီး စားလိုကောင်းတဲ့ ကွတ်ကီးလုပ်နည်းလေးပါဗျ။ <br>သားသားမီးမီးလေးတွေမေမေများ tryကြည့်သင့်တယ်နော်...? <br>#crd

အိုနာနာကို စိန်ခေါ်နိုင်ဖို့ ဂိုးသမားအသစ်တစ်ဦး အာမိုရင် ခေါ်ယူဖို့ဆန္ဒရှိ

ဇန်နဝါရီ ၃

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ နံပါတ် ၁ နေရာအတွက် ဂိုးသမား အိုနာနာကို စိန်ခေါ်နိုင်ဖို့ ဂိုးသမား အသစ်တစ်ဦးခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ Manchester Evening News က ဖော်ပြထားပါတယ်။

အိုနာနာဟာ ဒီရာသီမှာ တိုးတက်မှုရှိတဲ့ ပုံစံတွေ ပြသခဲ့ပေမယ့် ယူနိုက်တက်အသင်းအတွက် အဖိုးတန် ရမှတ်တွေ ဆုံး-ရှံးစေတဲ့ အမှားအယွ-င်းတွေ ပြုလုပ်နေဆဲဖြစ်တာပါ။

ကင်မရွန်း ဂိုးသမားဟာ ပြီးခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းနဲ့ပွဲစဉ်က သူ့ရဲ့ စွမ်းဆောင်ရည်အတွက် ပြ-င်းပြင်းထ-န်ထန် ဝေဖန်မှုခံခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်း လူစာရင်းထဲမှာ တူရကီဂိုးသမား ဘာယင်ဒါရှိနေပေမယ့် နည်းပြအာမိုရင်က သူဟာ အိုနာနာရဲ့ နံပါတ် ၁ နေရာကို စိန်ခေါ်နိုင်စွမ်း ရှိတဲ့သူအဖြစ် သတ်မှတ်ထားခြင်းမရှိတာပါ။

ဘာယင်ဒါဟာ စပါးအသင်းကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ယူနိုက်တက် အသင်းရဲ့ ပွဲထွက်လူစာရင်း ပါဝင်ခွင့်ရခဲ့ပေမယ့် အမှားအယွ-င်း ၂ ခုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဘာယင်ဒါဟာ ယူနိုက်တက်အသင်းကို ၂၀၂၃ ခုနှစ် နွေရာသီ အပြောင်းအရွှေ့က ဖီနာဘာချီအသင်းကနေ ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန်ထိ ၄ ပွဲသာ ပါဝင်ကစားရသေးကာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားရခြင်း မရှိသေးပါဘူး။

ပေါ်တူဂီလူမျိုး နည်းပြ အာမိုရင်ရဲ့ အင်္ဂလန်ခရီးစဉ်အစဟာ အလွန်ခက်ခဲနေပြီး ယူနိုက်တက်အသင်းဟာ တန်းဆင်းဇုန်ထဲ ကျရောက်နိုင်တဲ့ အန္တရာ-ယ်မှာ ရှိနေတယ်လို့ ပြောထားပါတယ်။

အာမိုရင်ဟာ ယူနိုက်တက်အသင်း လူစာရင်းကို ပိုပြီးတောင့်တင်း စေဖို့အတွက် ဂိုးသမား အသစ်တစ်ဦးအပြင် ကွင်းလယ်ပိုင်းနဲ့ တိုက်စစ်ပိုင်းတွေကို အားဖြည့်နိုင်ဖို့ မျှော်လင့်နေပါတယ်။

ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ကစားသမားအသစ် မခေါ်ယူခင် အသင်းမှာရှိတဲ့ ကစားသမား အများအပြားကို ရောင်းချဖို့ လုပ်ဆောင်ရမှာပါ။

ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဂိုးသမား နေရာမှာ အိုနာနာကိုပဲ ဆက်ပြီး အသုံးပြုသွားဖို့ရှိနေတာ ဖြစ်ပါတယ်။

Source: Goal

ပုံ - အိုနာနာကို တွေ့ရစဉ်

#centralnewsnaypyitaw

image

၂၀၂၄ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရေးအတွက် ဒုတိယအကြိမ် အကဲဖြတ်ကြည့်ရှုမယ့် ဇာတ်ကား ၁၈ ကားစာရင်းထွက်ရှိလာ

ဇန်နဝါရီ ၃

၂၀၂၄ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရေးအတွက် ဒုတိယအကြိမ် အကဲဖြတ်ကြည့်ရှုမယ့် ဇာတ်ကား ၁၈ ကားစာရင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တရားဝင်ကြေညာခဲ့ပါတယ်။

“ကျွန်တော်တို့တွေက ၂၀၂၄ ခုနှစ်အတွက် အကယ်ဒမီအတွက် ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ၄၉ ကား ပထမအကြိမ် ကြည့်ရှုပြီးခဲ့ပါပြီ။ ခုကတော့ ဒုတိယအကြိမ် ကြည့်ရှုမယ့် ဇာတ်ကား ၁၈ ကားကို ဒီလထဲမှာ ထပ်မံကြည့်ရှူကြမှာဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတစ်ဦးက MT Entertainment ကို ပြောပါတယ်။

မကြာခင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပပြုလုပ်သွားမယ့် ၂၀၂၄ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို နေပြည်တော်မှာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

ဒုတိယအကြိမ် အကဲဖြတ်ကြည့်ရှုမယ့် ဇာတ်ကား ၁၈ ကားစာရင်းတွေကတော့ ဘိုးတော်ကင်း၊ ချစ်သူသည်သာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်၊ အစိုးမရ အနတ္တ၊ ယောက်ျားကောင်းအတောင်နှစ်ဆယ်၊ သံယောဇဉ်တွေသာ ကျည်ဆံတွေဖြစ်ခဲ့ရင်၊ တခုတ်တရ၊ ဖုန်းရွှေ၊ မိတင်စိန်၊ နို့ထမင်း၊ စိတ်ကကြိုး၊ မီး၊ အရက်စက်ဆုံးအနမ်း၊ သဘင်သည်မြနှင်းဆီ၊ နှောင်၊ မရဲ့အေးခဲသွားကြသူများ၊ အိပ်မက်ကာရန်၊ တိမ်ပန်းချီ နဲ့ မေတ္တာ တို့ ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။

ပထမအကြိမ်မှာတော့ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားပေါင်း ၄၉ ကားကို ကြည့်ရှုစစ်ဆေးခဲ့တာလည်းဖြစ်ပြီး ယခု ဒုတိယအကြိမ်အကဲဖြတ်တွေအနေနဲ့ ဇာတ်ကားပေါင်း ၁၈ ကားကို ဆက်လက်ကြည့်ရှု အကဲဖြတ်အမှတ်ပေးကြမှာဖြစ်ပါတယ်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
44 w - Translate

~~~အမှတ်တရ ~~~ { ၉ } (ဇာတ်သိမ်းပိုင်း)
#ဂျူး
အခန်း -၉
“ကိုယ်ထင်တာတွေ အကုန်လုံး မှားတာပဲ ကိုယ်ထင်တာ ပညာမာနရော ၊ နာကြည်းမှုရော ပေါင်းပြီး မောင့်ကို လုံး၀ မေ့ပျောက်ပစ်လိမ့်မယ် အိမ်ထောင်ပြုလိုက်လိမ့်မယ်လို့”
“ယောက်ျားတစ်ယောက်ကို မချစ်ဘဲ ယူဖို့ဆိုတာ ဘယ်လွယ်မလဲကွယ်။နောက်ပြီး အိမ်ထောင်ကျပြီး မောင့်ကို မမေ့နိုင်တာနဲ့စာရင် လွတ်လွတ်လပ်လပ် မမေ့နိုင်တာက ပိုပြီး သင့်တော်ပါတယ်။
ဒါနဲ့ နေပါဦး လွန်ခဲ့တဲ့ မောင့်မွေးနေ့ပတ်၀န်းကျင်တုန်းက မောင် နေထိုင်မကောင်းများ ဖြစ်သေးလားဟင်”
“မောင့် မွေးနေ့ ၊ သြော် ၊အင်း … ဖြစ်တာပေါ့ ၊ ထုံးစံအတိုင်း အင်းထရစ်ဗီဗာလေ။ ဟာ .. ခံလိုက်ရတာ လိမ့်နေတာပဲ ။ နင်က ဘယ်လို ……”
“အဲဒီတုန်းက ကျွန်မ အိမ်မက်တွေ ဆက်တိုက်မက်တာ ။ စိတ်တွေလဲ လေးလို့ ပစ္စည်းတွေလဲ ခဏခဏ လွတ်ကျတယ်။ ဆရင့်ခ်ျတောင် လွတ်ကျ ကွဲတယ်။ အိပ်မက်ထဲမှာ မောင်က ကျွန်မဆီ လာချင်လို့တဲ့လေ။ ကျွန်မ စိတ်ဆင်းရဲလိုက်တာ မောင် တစ်ခုခု ဖြစ်နေသလားဆိုပြီး မောင့်မွေးနေ့မှာ ဘုန်းကြီးတွေတောင် ဆွမ်းကျွေးဖြစ်သေးတယ်”
“အို .. တိုက်ဆိုင်လှချည်လား”
“အင်း လေ ။ကျွန်မ ကိုယ်တိုင်လဲမလာသင့်ဘူး။ စာနဲ့လဲ မမေးသင့်ဘူး။ ဘာမှလဲ အကျိုးအကြောင်းမသိ ကိုယ်တိုင်လဲ ဆေးကုမပေးနိုင်။
စိုးရိမ်စိတ်တွေနဲ့ ပူပင်သောက ရောက်တိုင်း ကျွန်မတော့ ဗေဒင်တွေပဲ မေးနေတော့တာပဲ”
“ကြံကြံဖန်ဖန် ချစ်ရယ်”
“မောင် မရယ်ရဘူးနော် ၊မောင့်အရပ်နဲ့တိုင်းပြီး ပေါက်ပင်အကိုင်းတစ်ခုကို ဖြတ်ရမယ်တဲ့။ မောင့်ရဲ့ အ၀တ်အစားတွေကို ပေါက်ပင်ကိုင်းနဲ့အတူ စုထည့်ပေးရမယ်တဲ့။ အင်္ဂါနေ့ညနေ ခြောက်နာရီမှာ ရေထဲကို မျှောပစ်ရမယ်တဲ့ကွယ်။
ဒါနဲ့ပဲ ကျွန်မ မန္တလေးကို လာခဲ့ရသေးတယ် မောင့်အင်္ကျီတွေက ဒီမှာကိုး။ အဲဒါ အရပ်ကို ငါးပေခုနှစ်ကလက်မ တိုင်းလိုက်တယ်။ မောင့် ရေလဲ ပုဆိုးရယ် ၊ ဟို စပို့ရှပ် အပြာလေးရယ် ထည့်ပြီး ညနေ ခြောက်နာရီမှာ အန်တီ့သားလေးကို ခေါ်ပြီး ဂေါ်ဝိန်ဆိပ်ကို … မောင် မရယ်နဲ့”
“သြော် .. ရယ်ရက်ပါ့မလား ချစ်ရယ် ။မောင် စိတ်မကောင်းလိုက်တာ ။
မောင် အဲ့ရက်တွေတုန်းက ချစ်ကို တ,မိလို့ ဖြစ်မှာပေါ့ ။ မောင် ဖျားရင် ချစ်က ဆေးထိုးပေးခဲ့ဖူးတာကိုး။
ဆေးတိုက်တော့လဲ ချစ်က စိတ်ရှည်တယ်။ နောက်ပြီး သံပုရာရည်တွေ သောက်ရတော့လဲ ချစ်ကို တအားသတိရတာ။
နင်က သကြားနဲ့ဖျော်တာနော်။ မောင့်မိန်းမက ဂလူးကိုစ့်နဲ့ဖျော်တာ ။ ဒါပေမယ့် နင်ဖျော်သလို မကောင်းဘူး”
“သွား စကားကောင်းပြောရင် ဖောက်မလာနဲ့”
မောင်က ကျွန်မလက်ဖျားကို ဖမ်းဆွဲဆုပ်ထား၍ ရယ်မော၏။

#ဆက်ရန်ရှိ

image

မင်းနဲ့အတူတူ သွားကြမယ်ဆိုပီး
ပြောခဲ့ဖူးတဲ့ နေရာလေးတွေထဲမှာ
ဒီမြို့လေးလဲ ပါတယ် ❤️
#သွားမယ်&တည်းမယ်
Photo Credit Bagan Gallery

image