1 နှစ် - ဘာသာပြန်ပါ။

ရွေးကောက်ပွဲမဖြစ်ခင် တွေ့ဆုံဆွေးနွေးပွဲတစ်ခု လုပ်သင့်ဟု ပြော

ဇန်နဝါရီ ၁၈

နစကဥက္ကဋ္ဌ အနေဖြင့် ယခုနှစ်အတွင်း ရွေးကောက်ပွဲကို ကျင်းပသွားမည်ဟု ထပ်တလဲလဲ ပြောဆိုထားသဖြင့် ရွေးကောက်ပွဲမတိုင်ခင်တွင် တွေ့ဆုံဆွေးနွေးပွဲတစ်ခု လုပ်သင့်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင် လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က ပြောသည်။

လက်ရှိအနေအထားအရ တွေ့ဆုံဆွေးနွေးပွဲ ကြီးကြီးမားမား ဖြစ်ပေါ်လာမည့် အရိပ်အယောင်ကို မမြင်ရသေး သော်လည်း ရွေးကောက်ပွဲသေချာပေါက် ပြုလုပ်မည်ဆိုပါက ထိုကာလမတိုင်ခင် တွေ့ဆုံဆွေးနွေးပွဲ တစ်ခု လုပ်သင့်ကြောင်း ၎င်းက ပြောသည်။

ဦးခွန်းဆိုင်က “အခု လောလောဆယ်ကတော့ အရိပ်အယောင်တော့ မမြင်ရသေးဘူးပေါ့လေ။ သို့သော်လည်းပဲ အများက တိုက်တွန်းနေတာက အများဆိုတာ နိုင်ငံတကာလည်းပါတယ်။ တကယ်လို့ ရွေးကောက်ပွဲကို လုပ်မယ် ဆိုရင် ရွေးကောက်ပွဲမဖြစ်ခင် တွေ့ဆုံဆွေးနွေးပွဲတစ်ခုခု ဖြစ်နိုင်ဖို့ အားလုံးဝိုင်း ကြိုးပမ်းပေးဖို့ လိုတယ်ဆိုပြီး တိုက်တွန်းတာတွေ ရှိပါတယ်။ ဒါတွေကို နေပြည်တော်ကလည်း လက်ခံရမယ်။ အခြား Stakeholder တွေလည်း လက်ခံတယ်ဆိုရင်တော့ ဖြစ်လာနိုင်တာပေါ့။ ဒါပေမယ့် သူတို့လက်ခံမယ်၊ မလက်ခံဘူးဆိုတာကတော့ မပြောနိုင် သေးဘူး။ လက်ခံပါစေလို့ပဲ ဆိုတောင်းရတာပေါ့” ဟု ပြောသည်။

အချို့သော နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများအနေဖြင့် တွေ့ဆုံဆွေးနွေမှုများ အလျဉ်းသင့်သလို လုပ်သော် လည်း လုံလောက်အားရမှုမရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ပြောသည်။

တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ဇန်နဝါရီ ၁၆ ရက်တွင် နစကနှင့် ကိုးကန့်တပ်(MNDAA)တို့ တရုတ်နိုင်ငံမှာ ဒုတိယ အကြိမ် တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က ပထမအကြိမ် ဆွေးနွေးမှုတွင် လားရှိုးမြို့မှ ကိုးကန့်တပ်များ ဖယ်ပေး ရန်၊ နယ်စပ်ကုန်သွယ်ရေးနှင့် စစ်သုံ့ပန်းများ ပြန်လွှတ်ရေးတို့ ဆွေးနွေးခဲ့ကြရာမှာ အဆင်မပြေဘဲ ဆွေးနွေးပွဲ ပျက်သွားခဲ့သည်။

ကြားနေအဖြစ် အဖွဲ့အစည်း သို့မဟုတ် နိုင်ငံတစ်ခု လိုအပ်ကြောင်း၊ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် တရုတ် သည် ဩဇာရှိကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။

ဦးမျိုးကျော်က “တချို့ဟာတွေမှာ ရန်ဖက်နှစ်ဖက် နှစ်ဖက်လုံးက လက်နက်ကိုင်ပြီး တစ်ယောက်ကိုတစ်ယောက် ပြောင်းလှည့် တည်ထားတဲ့အချိန်မျိုးမှာ ဒီအဖွဲ့အစည်းအချင်းချင်း စကားပြောဖို့ဆိုတာကတော့ တော်တော်လေး ခက်တယ်လေ။ ခက်တဲ့အချိန်မှာ ကြားကနေ စေ့စပ်ညှိနှိုင်းပေးမယ့် အဖွဲ့အစည်း သို့မဟုတ် နိုင်ငံ အဲဒါမျိုးကတော့ ကြားနေကတော့ လိုတာပေါ့လေ။ အဲဒီကြားနေ ဘယ်သူဖြစ်မလဲ။ ဖြစ်နိုင်ခြေ အများဆုံးကတော့ နှစ်ဖက်လုံးကို ဩဇာရှိတယ် ပြောနိုင်ဆိုနိုင်တဲ့ဟာက တရုတ်ကတော့ အများကြီးဖြစ်နိုင်တယ်။ ဒါပေမယ့် တရုတ်ကြီးအနေနဲ့ လည်း သူ့အနေနဲ့ အကျိုးစီးပွား နှစ်ဖက်လုံးအပေါ်မှာရှိတယ်။ နောက်သူက အဓိက မြန်မာ့နိုင်ငံရေး အခင်းအကျင်း မှာ နှစ်ဖက်လုံးကို ကိုင်ပြီးကစားတဲ့သူ ဖြစ်နေတဲ့အတွင်းမှာ ပြဿနာတွေက သူစေ့စပ်ညှိနှိုင်းတာနဲ့ အဖြေတစ်ခု ရမလားဆိုတာ စဉ်းစားစရာ ဖြစ်တယ်ပေါ့လေ” ဟု ပြောသည်။

လက်ရှိ ၂၀၂၅ ခုနှစ်သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေး၊ စစ်ရေး ပြဿနာများကို ဖြေရှင်းနိုင်ရေး အဆုံးအဖြတ်ကို ရောက်ရန် လမ်းစရှာသည့် နှစ်တစ်နှစ် ဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိသည်။

နစက အနေဖြင့် ၄ နှစ်တာ ကာလအတွင်း ကြီးမားသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုမျိုး မပြုလုပ်ခဲ့သည့်အပြင် ရလဒ်ကောင်းများလည်း မဖန်တီးနိုင်သဖြင့် ယခုနှစ်အတွင်း တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာရန် မျှော်လင့်နေ ကြသည်။

တခြားတစ်ဖက်မှာတော့ နစကသည် ၂၀၂၅ ခုနှစ်၊ မေလတွင် အရေးပေါ်ကာလ ရပ်ဆိုင်းပြီး စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာတွင် ရွေးကောက်ပွဲ ကျင်းပ၍ ၂၀၂၆ ခုနှစ်၊ ဧပြီလလောက်တွင် အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်များကို လုပ်လာနိုင်ကြောင်း ပြည်တွင်း/ပြည်ပ သံတမန်များကြား သုံးသပ်လျက်ရှိနေသည်။

Credit - Central News Indenpendence
#centralnewsnaypyitaw

image
1 နှစ် - ဘာသာပြန်ပါ။

Whying?

တောင်ကြီးမြို့နယ်ရောက် ကယားစစ်ရှောင်တွေ ဝမ်းပျက်ဝမ်းလျှောနဲ့ အော့အန်မှုတွေ ဖြစ်ပွားနေ

ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ကို လာရောက်တိမ်းရှောင်နေကြတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်တွေဟာ လက်ရှိအချိန်မှာ ဆောင်းရာသီ အအေးဒဏ်တွေကြောင့် အသက်အရွယ်မရွေး ဝမ်းပျက်ဝမ်းလျှောနဲ့ အော့အန်တာတွေ ဖြစ်ပွားနေကြတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေ ထံကနေ သိရပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်တွေကနေ တောင်ကြီးမြို့နယ်ကို လာရောက်ခိုလှုံနေတဲ့ စစ်ဘေးရှောင်လူဦးရေ ၄၀၀ ကျော် ကျန်ရှိနေသေးပြီး စစ်ဘေးရှောင်ဦးရေ ၅၀ကျော်ဟာ အခု ဇန်နဝါရီလ၊ ပထမပါတ်ကစတင်ပြီး အအေးဒဏ်တွေကြောင့် အသက်အရွယ်မရွေး ဝမ်းပျက်ဝမ်းလျှောနဲ့ အော့အန်တာတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“တော်တော်များများကတော့ ပြန်ကုန်ကြပြီ။ အရင်ကဆို လူဦးရေ ၃၀၀၀ကျော်ရှိတာ၊ အခုက ၄၀၀ကျော်ပဲ ကျန်တော့တယ်။ လေက အရမ်းတိုက်ပြီး နှင်းတွေလည်းကျ၊ အရမ်းအေးတဲ့အခါကြတော့ အခုလိုတွေ ဖြစ်နေကြတာ။ စောင်၊ အနွေးထည်တွေမရှိတဲ့အပြင် အမိုးအကာ မလုံခြုံတဲ့နေရာမှာ နေထိုင်ကြရတာလည်း ပါတာပေါ့”လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတယောက်က VOMကို ပြောပါတယ်။

ကလေး၊ လူငယ်၊ လူကြီး အသက်အရွယ်မရွေး ဖြစ်ပွားနေပြီး စုစုပေါင်း လူဦးရေ ၅၀ ဝန်းကျင် ဖြစ်ပွားနေသလို ဆေးဝါးနဲ့ ရိက္ခာ မလုံလောက်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရကာ အဲဒီစစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ ရေရှားပါးမှုနဲ့ ကြုံတွေ့နေတာကြောင့် တကိုယ်သန့်ရှင်းမှု အားနည်းနေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ငွေကြေးတတ်နိုင်တဲ့အချို့က ဆေးရုံ ၊ ဆေးခန်းမှာ ဆေးကုသမှုခံယူနိုင်ပေမယ့် ငွေကြေးမရှိလို့ ဆေးခန်းမသွားနိုင်တဲ့ သူတွေကတော့ သဘာဝနည်းဖြစ်တဲ့ နနွင်းမှုန့် နဲ့ ရေနွေး ဖျော်စပ်ပြီး သောက်တာ၊ မြန်မာဆေး (မဟာဖြေဆေး) သောက်တာတွေ ပြုလုပ်ကြပေမယ့် အလုံးစုံပျောက်ကင်းသူ မရှိသေးသလို အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

Credit - VOM News Agency

image
image
image

1 နှစ် - ဘာသာပြန်ပါ။

ဇန်နဝါရီ ၁၈ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

ဇန်နဝါရီ ၁၈ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image

ဇန်နဝါရီ ၁၈ ရက် စနေနေ့မနက်ပိုင်း ဘောလုံးပွဲရလဒ်များ

#ဘောလုံးသတင်းစုံ

imageimage

1 နှစ် - ဘာသာပြန်ပါ။

အိမ်မှာပဲပေါက်ဆီအလွယ်လုပ်နည်း
ပဲပေါက်ဆီ ( ၁၂ ) လုံးစာ

ပါဝင်ပစ္စည်းများ
သကြား ၃၀ ဂရမ်
Dry Yeast 1½ tsp လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
အုန်းဆီ ထမင်းစားဇွန်း ၁ ဇွန်း
ရေနွေး ၁၈၀ မီလီလီတာ + နွားနို့နွေးနွေး လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဘက်စုံသုံးဂျုံမှုန့် ၃၀၀ ဂရမ်
မုန့်ဖုတ်ဆော်ဒါလက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပဲနီငါးပိ (ပဲနီးလေးပြုတ်ပြီး အနှစ်ကျနေအောင်နယ်ထားတာ
၊ အချိုကြိုက်လျှင် ထန်းညက်ကိုကျေညက်အောင်ထု၍ ထည့်နယ်ပါ) ၄၀၀ ဂရမ်
ကြိုတင်ပြင်ဆင်ရန်
( ၁ )
ပန်းကန်လုံးတစ်လုံးထဲတွင်သကြား၊ တဆေး၊ ဆီနှင့်ရေနွေးနွေးတို့ကိုရောကာညင်သာစွာရောမွှေပေးပါ။ တစေးပွလာစေရန်
၁၀ မိနစ် ခန့် နှပ်ထားပါ။
ဂျုံမှုန့်နှင့် မုန့်ဖုတ်ဆော်ဒါမှုန့် တို့ကိုသီးခြားပန်းကန်လုံးထဲတွင်ရောပါ။ ဇကာချပါ။
တစေးဖျော်ထားပြီးသားကို ဂျုံမှုန့် ထည့်ထားသောပန်းကန်လုံးထဲသို့လောင်းထည့်ပြီး နယ်ပါမယ်။
မုန့်သားတွေနူးညံ့​ပြီး လက်မှာမကပ်သည်အထိနယ်ပါမယ်။
မွှေစက်သုံး၍ နယ်လျှင် ၅ မိနစ်ခန့်ကြာလိမ့်မည်၊
လက်ဖြင့်နယ်လျှင် ၁၀ မိနစ်ခန့်ကြာပါမယ်။
Oven ကို အပူချိန် ၁၂၀ ခန့်ချိန်ပြီး ကြိုတင်အပူပေးထားပါမယ်။
ဂျုုလုံးနဲ့ ဇလုံမျက်နှာပြင်ကို ဆီပါးပါးသုတ်ပါမယ်။ ပြီးရင် ရေစိုဝတ် ပါးပါး ( ရေစင်အောင်ညှစ်ပြီးသား) အုပ်ပြီး ကြိုတင်အပူပေးထားတဲ့ Oven ထဲ ထည့်၍ ၁ နာရီခန့် နှပ်ထားပါမယ်။ မထည့်ခင် Oven. power off ရပါမယ်။
( ၂ )
ပဲနီငါးပိကို ၁၂ ပိုင်း ခွဲ၍ ဘောလုံးကဲ့သို့ အလုံးလေးတွေ ပုံသွင်းပြီး လင်ပန်းအပြန့်ထဲမှာ ထည့်ထားပါ။
( ၃ )
ဂျုံများပွလာပြီမို့ လက်မှာဂျုံမှုန့် သုတ်ပြီး ထပ်နယ်ပါမယ်။ လေဝင်နေတာတွေ မရှိတော့ပဲ ပိုမိုနူးညံ့လာသည်အထိ နယ်ပါမယ်။
သစ်သားပြား သို့မဟုတ် ဆီလီကွန်အခင်းပေါ်မှာ ဂျုံမှုန့်အနည်းငယ်ကို ပါးပါးဖြူးပြီး ဂျုံလုံးကိုတင်ပြီး roller နဲ့ လှိမ့်ပါမယ်။ နယ်နိုင်လေ နူးညံ့လေပါ။
ဂျုံသားကိုဆွဲကြည့်လို့ ရှည်ထွက်ပြီးပါလာပြီဆို ရပါပြီ။ ဂျုံသားကို လှိမ့်လုံးနှင့် ပြား၍ ဖြတ်ဓားဖြင့် ခြောက်ပိုင်းပိုင်းပါမယ်။
ရလာတဲ့ ခြောက်ပိုင်းကို အလည်မှနေ ၁၂ လုံးစာမို့ ၁၂ ပိုင်းရအောင်ပိုင်းပြီး။
တပိုင်းချင်းကို အလုံးလေးတွေ လုံးပါမယ်။
ပြီးရင် ဆီလီကွန်းအခင်းပေါ် ဂျုံမှုန့်အနည်းငယ်ကို ဖြူး၍ အလုံးလေးတွေတင်ပြီး ရေညှစ်ထားတဲ့ ရေစိုဝတ်နဲ့အုပ်ထားပါ။
( ၄ )
ဂျုံလုံးတစ်လုံးကိုယူပြီး
လှိမ့်တံ (သို့) လက်ဖဝါးကို သုံး၍
ပြားအောင်လုပ်ပါ။ မုန့်စိမ်း၏အလယ်ဗဟိုသည်အနည်းငယ်ပိုထူပြီး ​ဘေးသားလေးတွေကို ပါးလွှာအောင်လှိမ့်ရပါမယ်။
လက်ဝါးပေါ်မှာ ဂျုံပြားလေးရပြီဆို ပဲနီလေးငပိ တလုံးကိုယူ၍
မုန့်စိမ်းရဲ့အလယ်မှာထားပြီး ပေါက်ဆီလုံးနည်းအတိုင်းလုံးရပါမယ်။
ပဲအားလုံး ထာပနာထည့်ပြီးလျှင်
အေဖိုး စက္ကူကို အနေတော်လေးတွေညှပ်၍ မုန့်လုံးအောင်ခြေကို စက္ကူကပ်ပါမယ်။ ပြီးရင် အဝတ်ပါးပါးပြန်အုပ်ပြီး ၁၅ မိနစ်ခန့် နှပ်ထားပါမယ်။
ပြီးတာနဲ့ အပြင် ဂျုံသားလေးတွေ ပွလာပြီးဆို ပေါင်းရန် အသင့်ဖြစ်နေပါပြီ။
#ပေါင်းရန်ပြင်ဆင်နည်း
ပေါင်းမည့်အိုးကို ရေနွေးငွေ့ထောင်းထောင်းထနေအောင်ကြိုတင်အပူပေးထားပါ။
ပေါက်ဆီပေါင်းမယ့် ပေါင်းအိုးရဲ့ ဇကာခွက်ပေါ် အဝတ်ပါးပါး အသန့်လေးကို ခင်းပါမယ်။
ပြီးလျှင် ဆယ်မိနစ်ခန့် အပူပေး
ထားပေးပါ။
အဝတ်စခင်းထားတဲ့ ဇကာလေးပေါ်မှာ မုန့်လုံးတွေကို တစ်လုံးချင်း ခပ်ခွာခွာလေးထည့်ပါမယ်။
ပြီးလျှင် ပိတ်စပါးပါးလေးယူ၍ ပေါင်းအိုးအဖုံးကို ထည့်ပြီး ထိပ်စတွေကို စုချည်ပါမယ်။ ရေမဆွတ်ရပါ။ အိုးစလောင်းဖုံးမှ ချွေးကျပြီး မုန့်လုံးကို မထိစေဖို့ပါ။
ပြီးတာနဲ့ နာရီဝက်ခန့် ပေါင်းပေးရင်ရပါပြီ။
နာရီဝက်ပြည့်တာနဲ့ ပေါင်းအိုးကို မီးဖိုပေါ်မှချပြီး တန်းမဖွင့်ပါနဲ့အူး။ ၅ မိနစ်ခန့် ရေနွေးငွေ့အပူချိန်နဲ့ ထားပြီးမှ ထုတ်ယူ၍ အအေးခံပြီး စားလို့ရပါပြီ။
အအေးခံပြီးသား ပေါက်ဆီတွေကို ပလပ်စတစ်အိတ်နဲ့ လေလုံအောင်ထုပ်ပြီး ရေခဲသေတ္တာ ရိုးရိုးခန်းထဲမှာထားစားရင်လည်းရပါတယ်။
စားခါနီးကျ အဝတ်သန့်သန့်လေးနဲ့ ထုပ်ပြီး ထမင်းပေါင်းအိုးထဲမှာ ရေခမ်းချိန် ထမင်းနှပ်နေတဲ့ အချိန်လေး ထည့်အပူပေးပြီးမှ စားပါ။ ပူပူနွေးနွေးလေးပြန်ရပါတယ်နော်။
#မြိန်မြိန်

image
1 နှစ် - ဘာသာပြန်ပါ။

ပထမကမ္ဘာစစ်မှာပါဝင်ခဲ့တဲ့ ခွေးလေးတစ်ကောင်ရဲ့
ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးတဲ့ကားလေးဖြစ်ပါတယ်….


Sgt. Stubby: An American Hero (2018)


ဒီကားလေးရဲ့main characterကတော့ stubbyဆိုတဲ့ ခွေးလေးပေါ့နော်
ခွေးလေးနဲ့ စစ်သားလေးတစ်ယောက်ရဲ့friendshipလေးကို ရိုက်ပြထားတာပါ stubbyလေးနဲ့ ဒီအမေရိကန်စစ်သားလေး ဘယ်လိုတွေတွေ့ကြလဲ အမေရိကန်စစ်သားတွေနဲ့ ပြင်သစ်စစ်သားတွေ ဂျာမန်တွေကို
ဘယ်လိုတွေ တိုက်ကြလဲဆိုတာကို ကြည့်ရမှာပါ
စိတ်ဝင်စားဖိုလည်းကောင်းသလို ဟာသလေးတွေလည်း ပါတာမလို
ပျင်းစရာမကောင်းပါဘူးနော် ခွေးလေးကလည်း အရမ်းကို ချစ်စရာကောင်းတာမလို puppy loverလေးတွေလဲ လက်မလွှတ်ပဲ ကြည့်သင့်တဲ့ ကားလေးပါနော်….

image