မြန်မာ့လယ်ယာထွက်ကုန်စည်များ ပြည်ပသို့ တိုးမြှင့်တင်ပို့ရာတွင် အထောက်အကူပြုစေမည့် စုစုပေါင်းဒေါ်လာ (၆၁) သန်းတန် MoU များ လက်မှတ်ရေးထိုး

ဇန်နဝါရီ ၃

မြန်မာ့လယ်ယာထွက် ကုန်စည်များကို ပြည်ပသို့ တိုးမြှင့်တင်ပို့ရာတွင် အထောက်အကူပြုစေမည့် ကနဦးရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၁ သန်းတန်ဖိုးရှိ သဘောတူညီမှုစာချွန်လွှာ (Memorandum Of Agreement) များ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဇန်နဝါရီ ၂ ရက်၊ နံနက်ပိုင်းတွင် Novotel Yangon Max ဟိုတယ်၌ ကျင်းပခဲ့သည်ဟု သိရသည်။

အဆိုပါ MoU များကို မြန်မာအက်ဒီဘယ်(လ်)အွိုင်း(လ်) အင်ဒတ်စထရီရယ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MEICO)၊ မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO)၊ မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီလီမိတက် (MAGDPL)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) တို့က Myanmar China Harbour Engineering (MCHEC) ကုမ္ပဏီနှင့် လက်မှတ်‌ရေးထိုးခဲ့ခြင်းဖြစ်သည်။

ယခုလို လက်မှတ်ရေးထိုးလိုက်သော MoU အရ သီလဝါဆိပ်ကမ်းဧရိယာ အကွက်အမှတ် (၂၇)၊ (၂၈)နှင့် (၂၉)တို့တွင် ကောက်ပဲသီးနှံနှင့် စားသုံးဆီ တင်၊ ချ ဆိပ်ကမ်းတံတားသစ်များ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သလို ဆူးလေဆိပ်ကမ်းတံတားနှင့် သိုလှောင်ရုံအမှတ် (၁၊ ၂၊ ၃၊ ၄) တို့တွင် အမိုးအကာပါ ကွန်ဗေယာစနစ် (Sheltered Conveying System) တပ်ဆင်ရေးလုပ်ငန်းများကို ပူးပေါင်းရင်းနှီးမြှုပ်နှံတိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ငန်းများအနက် သီလဝါအကွက်အမှတ် (၂၇) ၌ စားသုံးဆီ ဆိပ်ကမ်းတံတား တည်ဆောက်ရေးလုပ်ငန်းကို မြန်မာအက်ဒီဘယ်(လ်)အွိုင်း(လ်) အင်ဒတ်စထရီရယ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MEICO) နှင့် MCHEC တို့က ဆောင်ရွက်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO)နှင့် MCHEC တို့က သီလဝါဆိပ်ကမ်း အကွက်အမှတ် (၂၈) ၌ ကောက်ပဲသီးနှံ ဆိပ်ကမ်းတံတား တည်ဆောက်ရေးလုပ်ငန်းကို ဆောင်ရွက်မည်ဖြစ်သည်။

ထို့အတူ သီလဝါဆိပ်ကမ်း အကွက်အမှတ် (၂၉) ၌ ကောက်ပဲသီးနှံ ဆိပ်ကမ်းတံတား တည်ဆောက်ရေးလုပ်ငန်းများကို မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီလီမိတက် (MAGDPL) နှင့် MCHEC တို့က ဆောင်ရွက်ကြမည်ဖြစ်ကာ ဆူးလေသိုလှောင်ရုံ အမှတ် (၁၊ ၂၊ ၃၊ ၄)တို့နှင့် ဆိပ်ကမ်းတံတားများတွင် အမိုးအကာပါ ကွန်ဗေယာစနစ် (Sheltered Conveying System) တပ်ဆင်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် MCHEC တို့က ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

#centralnewsnaypyitaw

image
44 w - Translate

အပြင်လက်တွေ့ဘ၀က တကယ့် Squid GameNetflix ရဲ့ သည်းထိပ်ရင်ဖို ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Squid Game ထဲက အဖြစ်လိုမျိုးတောင်ကိုရီးယားမှာ တကယ် ဖြစ်ပျက်ခဲ့ဖူးပါတယ်။
၁၉၇၀ ၀န်းကျင်တုန်းက တောင်ကိုရီးယားနိုင်ငံအတွင်း စစ်ပွဲများအပြီးမှာ Brother Home လို့ ခေါ်တဲ့ လူမှုကယ်ဆယ်ရေး ဌာနကြီးတစ်ခုကို စတင်တည်ထောင်ခဲ့ကြပါတယ်။ တည်ထောင်သူများဟာ နိုင်ငံအ၀န်းက အိမ်ခြေရာမဲ့တွေ သက်ကြီးရွယ်အိုတွေ မိဘမဲ့ကလေးတွေ ဒုက္ခိတတွေကို လိုက်လံစုဆောင်းပြီး Brother Home လို့ အမည်ပေးထားတဲ့အဆောက်အဦးကြီးမှာ နေထိုင်ခိုင်းခဲ့ပါတယ်။

နောက်တော့ ဌာနက အကြီးအကဲများဟာ သူတို့ကို ကူညီထောက်ပန့်နေတဲ့ လူချမ်းသာတွေနဲ့ နိုင်ငံခြားသားတွေကို ဖျော်ဖြေပေးဖို့ရာအတွက် ကိုရီးယား ရိုးရာဂိမ်းများကို စုဆောင်းခံရသူများအား အတင်းကျပ်ဆော့ခိုင်းစေခဲ့ပါတယ်။
အနိုင်မရသူ စိတ်တိုင်းမကျသူများကို သုံးရက်တာ အစာဖြတ်တာမျိုး လုပ်တဲ့အပြင် ရို$က် နှ**က်ပြီးအပစ်ပေးတာမျိုးတွေပါ လုပ်ဆောင်ခဲ့ကြပါတယ်။ဒါ့အပြင် ဌာနမှ ၀န်ထမ်းများဟာ အမျိုးသမီးငယ်များကို သားမယား ပြု*ကျ$င့်ခြင်း အမျိုးသားများကိုမူ ကြောက်စရာနည်းလမ်းပေါင်းစုံဖြင့် နှိပ်ဆ*က် *Tတ်ဖြတ်ခြင်း ကလေးငယ်များကို စိတ်ပိုင်းဆိုင်ရာထိ‌ခိုက်စေအောင်လုပ်ဆောင်ခြင်းများကျူးလွန်ခဲ့ကြတဲ့အပြင် အမျိူးသမီးများကိုကိုယ်၀န်ဆောင်ခိုင်းစေပြီး မွေးကင်းစ
ကလေးငယ်တွေကို လူချမ်းသာများအားပြန်လည် ရောင်းစားခဲ့ကြပါတယ်။

Brother Home ကြောင့် စုစုပေါင်း လူပေါင်း၆၀၀ ကျော် ထိခိုက် 6သဆုံးခဲ့ကြပါတယ်။
Brother Home ဌာနရဲ့ ဒီလိုမျိုး ဆိုးဝါးလှတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဌာနမှ
ထွက်ပြေး အသက်ရှင်လွတ်မြောက်လာခဲ့တဲ့ လူတစ်ချို့ဟာ အစိုးရကို တိုင်းကြားခဲ့ပြီး ၁၉၈၀မှာ နိုင်ငံတော်အဆင့် အကြမ်းဖက်မှုအဖြစ် သတ်မှတ်လိုက်ကာ တည်ထောင်သူများကို ဖမ်းဆီး ထောင်ချလိုက်ကြပါတယ်။

Squid Game စီးရီး ထွက်လာပြီးနောက်ပိုင်း
Brother Home ရဲ့ အဖြစ်အပျက်တွေကို
လူမှုကွန်ရက် စာမျက်နှာများမှာ ပြန်လည်
ဖော်ပြလာခဲ့ ကြပါသေးတယ်။
#horrormovie

image

ရီးရယ်လ်ကနေ ထွက်ခွာခဲ့တဲ့အပေါ် နောင်တရတယ်လို့ မော်ရင်ဟိုပြော

ဇန်နဝါရီ ၃

ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ ၂၀၁၃ ခုနှစ်က ရီးရယ်လ်အသင်းကနေ ထွက်ခွာခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက် အပေါ် နောင်တရတယ်လို့ CorSport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

မော်ရင်ဟိုက “ပီရက်ဇ်ကို နိုးလို့ပြောပြီး ငြင်းခဲ့တာက အကြီးမားဆုံး နောင်တတွေထဲက တစ်ခုအဖြစ်ရှိနေပါ တယ်။ သူက ကျနော့်ကို ထွက်ခွာမသွားဖို့နဲ့ ခက်ခဲတဲ့ အပိုင်းတွေ ပြီးသွားပြီဖြစ်လို့ ကောင်းမွန်တဲ့ အပိုင်းတွေလာဖို့ ရှိတယ်လို့ ပြောခဲ့ပါတယ်။ သူက ကျနော့်ကို ရီးရယ်လ်မှာ ဆက်ပြီးရှိစေချင်ခဲ့ပေမယ့် ကျနော်ကတော့ ချယ်လ်ဆီး အသင်းထံ ပြန်လာချင်ခဲ့တာပါ”လို့ ပြောခဲ့တာပါ။

အသက် ၆၁ နှစ်အရွယ်ရှိ မော်ရင်ဟိုဟာ အင်တာမီလန်အသင်းနဲ့ အောင်မြင်မှုတွေ ရယူပြီးနောက် ၂၀၁၀ ခုနှစ်မှာ ရီးရယ်လ်အသင်းထံ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းကို ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ ၃ နှစ်ကြာ ကိုင်တွယ်အပြီးမှာတော့ အသင်း ဟောင်း ချယ်လ်ဆီးအသင်းကို ဒုတိယအကြိမ်မြောက် ကိုင်တွယ်ဖို့ ပြန်ရောက်ရှိလာခဲ့တာပါ။

မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းကို လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလားတို့ကို ရယူပေးနိုင်ခဲ့ပေမယ့် အဓိက ဆုဖလားတွေ မရယူနိုင်ခဲ့တဲ့ ရာသီအပြီးမှာ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်း အကြီးအကဲ ပီရက်ဇ်ဟာ မော်ရင်ဟိုကို အသင်းမှာဆက်ရှိစေဖို့ ကြိုးပမ်းခဲ့ပေမယ့် သူကတော့ ချယ်လ်ဆီးအသင်းထံ ပြန်သွားခဲ့တာပါ။

မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းကို ဒုတိယအကြိမ်မြောက်အဖြစ် ပြန်လည်ကိုင်တွယ်ချိန်မှာ ပရီးမီးယားလိဂ် ဖလား ရယူပေးနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခံခဲ့ရပါတယ်။

မော်ရင်ဟိုဟာ ဒီနောက်ပိုင်းမှာ ယူနိုက်တက်၊ စပါးနဲ့ ရိုးမားအသင်းတို့ကို ကိုင်တွယ်ခဲ့ပြီး အခုလက်ရှိအချိန်မှာ တော့ ဖီနာဘာချီအသင်းကို ကိုင်တွယ်နေတာပါ။

ဖီနာဘာချီအသင်းဟာ ဒီရာသီ တူရကီစူပါလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၁ နေရာက ဂါလာတာစာရေး အသင်းနဲ့ ၈ မှတ် အကွာအဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာ အဆင့် ၂၁ နေရာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: besoccer

ပုံ - မော်ရင်ဟိုကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image
44 w - Translate

#minimalism tattoo

image
44 w - Translate

#minimalism tattoo

image
44 w - Translate

#minimalism tattoo

image
44 w - Translate

#minimalism tattoo

image
44 w - Translate

#minimalism tattoo

image
44 w - Translate

#minimalism tattoo

image
image
image
image
image

Me: ဒီနှစ်တော့ ဘာအမှားမှ မရှိစေရဘူး
Also me: ...
#crd_to_owner_with_respect

image