45 w - Translate

ဒီလိုပါပဲ လူမှုရေးအရ အပြန်အလှန်ပေါ့

image
45 w - Translate

တစ်ယောက်ယောက်ကို ပြောချင်တဲ့ စကားတွေ
အရမ်းများသွားတဲ့အခါ လူဆိုတာ တိတ်ဆိတ်သွားတက်ပါတယ် ။

ရင်ထဲ မကောင်းပေမယ့် မြိုသိပ်လိုက်ရတဲ့ စကားလုံးတွေ
ရေးပြီးမှ အစအဆုံးပြန်ဖျက်လိုက်ရတဲ့ စာတွေ
နောက်ပြန်လှည့်ထွက်ခဲ့လိုက်ရတဲ့ အခိုက်အတန့်တွေ.... ။

-နေညိုရောင်ခြည်

image
45 w - Translate

🖤

image
45 w - Translate

ဒီလူကိုချစ်ရင် ဒီလိုဖြစ်မယ်မှန်းသိတယ်
ပိုးဖလန်နှင့်မီးမှာ
ဘယ်သူအပြစ်ရှိသလဲ

ပိုးဖလန်ဟာ သူ့ခန္ဓာကိုယ်ကို မီးခိုးအဖြစ်ပြောင်းပြီး
နေထိုင်တယ်
ကျွန်တော်ဟာလည်း ကွဲနေသော
အသည်းကိုကိုင်ပြီး
အရူးတပိုင်းလိုနေထိုင်တယ်

ကိုယ့်အပြစ်နဲ့ကိုယ်မို့
အောင့်ခံနေတာ အသည်းကွဲတာ
ပုလင်းကွဲတာမဟုတ်ဘူး
နာတယ်ဗျ နာတယ်။

#joe

image
45 w - Translate

"ရေချိုးရအုံးမှာပါလား နေပါစေ စိတ်ထားဖြူစင်ဖို့ကအဓိကပဲလေ မချိုးတော့ဘူး😸

image
45 w - Translate

မမရေ
အဲ့လက်ဖ၀ါးနုနုလေးကိုင်ခွင့်ရဖို့ ဘယ်လိုအခွန်ဆောင်ရမလဲ။
တစ်နှစ် စာချုပ်လား၊ တစ်သက် စာချုပ်လား။

မမရေ
ဟိုလူတွေလေ ချစ်ခြင်းမေတ္တာကို တစ်ထောင့်ငါးရာနဲ့ ချရောင်းနေတယ်။
သိပ်ခက်တဲ့လူတွေ မမဆိုတာ အဲ့တစ်ထောင့်ငါးရာမက တန်တာကိုနော်။

မမရေ
မေတ္တာဆိုတဲ့ စိတ္တဇ နာမ်ကို ၊ မမ ဆိုတဲ့ တစ်ဦးဆိုင်နာမ်အဖြစ်
ပြောင်းလဲပြစ်ချင်တယ်။ မမအပေါ် မေတ္တာရှိကြောင်းလဲ ကြွေးကြော်ချင်တယ်။

မမရေ
မနေ့က သတင်းစာမှာ အချစ်စစ်တွေ ရဖို့ခက်ပြီလို့ ဖော်ပြထားတယ်။
မမ‌ဆီက အချစ်က ဘယ်လောက်စစ်ကြောင်း ကြွားချင်လိုက်တာ။

မမရေ
ဆောင်းလေက ဝှေ့၊ နှင်းက မွှေ့ နဲ့ လွမ်းလိုက်တာ လွမ်းလိုက်တာ။
နောက်နှစ် နွေတော့ ချစ်ခွင့်ရချင်တယ်။

မမရေ
ကမ္ဘာကြီး လုံးလုံး၊ ပြားပြား မမ မျက်၀န်းလေးတွေကိုတော့
အလွတ်ရတယ်။
အဲ့မျက်၀န်းအိမ် ဝိုင်းဝိုင်းလေးဟာ သိပ်ညို့ယူတတ်တာမဟုတ်လား။

မမရေ
မမအကြောင်း အစချီလို့ကတော့ ဒီကောင်မလေးက
ထွန့်ထွန့်လူးအောင် ဖွဲ့နွဲ့လိုက်ချင်တာ။

ချစ်တာကိုး ချစ်တာကိုးမမရဲ့
ဒီစကားလုံးတွေ ဘယ်ကရလဲ လာလာမေးတဲ့အခါ ဒီရင်ခွင်ကို လှပ်လှပ်ပြရတယ်။ဒီ နှလုံးသားက လာတယ်။ ဒီက လာတယ်ဆိုပြီးတော့ပေါ့။

Telegram -https://t.me/girllovestorybyhsu

#girllovestorybyhsu

image
45 w - Translate

ကိုယ့်အတွက်ကြိုးစားနေတဲ့လူတစ်ယောက်ကို
စောင့်ရတာ မပင်ပန်းဘူး။

နည်းတူ ကိုယ့်ကို စောင့်နေတဲ့ လူတစ်ယောက်အတွက် ကြိုးစားရတာလည်း မပင်ပန်းဘူး။

တစ်ယောက်က တစ်ယောက်အတွက်ဆိုပြီး
သေချာနေတာမျိုးလေ ကြည်နူးရတယ်။

-Lionel Sn

image
45 w - Translate

တခါတလေပါ😮‍💨😑😌

image
45 w - Translate

သူက အရမ်းလှတယ်။
ရောင်ခြည်တွေ ဖြာဝေနေတဲ့ သက်တန့်လေးလိုပဲ။
တောက်ပပြီး၊ ချစ်စရာကောင်းပြီး၊
တကယ်လည်း အချစ်ခံနေရတဲ့ ကောင်မလေး။
ဒါပေမယ့် ငါ့ကိုကြည့်လိုက်စမ်း။
မိုးရွာပြီး မြေကြီးပေါ်မှာ ပေပွကျန်နေခဲ့တဲ့၊
လူတိုင်းစိတ်ညစ်ရတဲ့ ရွှံ့ဗွက်နဲ့တူတယ်။
ဒီမတိုင်ခင်တုန်းက ငါက သည်းသည်းမည်းမည်းရွာတဲ့ မိုး။
အဲ့မတိုင်ခင်ကျတော့ ပြိုကျတော့မည့် တိမ်စိုင်မည်းကြီး။
ဒါတွေအားလုံးမဖြစ်ခင်က ငါလည်းပဲ သူ့အတွက်
အရမ်းလှတဲ့ တိမ်ဖြူဖြူကလေး ဖြစ်ခဲ့ဖူးပါတယ်။
တကယ်တမ်းက သူလိုချင်တာက
ခုနစ်ရောင်စဥ်တွေဖြာနေတဲ့ သက်တန့်ပါတဲ့လေ။
ငါ့ကိုယ်ငါ ဘယ်လိုမှပြောင်းလဲလို့ မရခဲ့ဘူး။
မိုးဟာ ရွှံ့ဖြစ်သွားပြီး စိတ်ညစ်စရာကောင်းနေခဲ့တယ်။
သူကတော့ မေ့မေ့ပျောက်ပျောက်နဲ့ ငါ့ကိုနင်းပြီး
သက်တန့်ကွေးလေးနောက်ကို လိုက်သွားနေပြန်တယ်။

💭 || 8.11.2024

image
45 w - Translate

မှန်ချက်🤣

image