ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
🏋️အန္တရာယ်ကင်းစွာကိုယ်အလေးချိန် အမြန်လျှော့ချရန်နည်းလမ်း (၁၁) ချက်
၁။အသားများများနဲ့ မနက်စာစားပါ။
မနက်စာမှာ အသားများများစားတဲ့အခါ ဆာလောင်တာကို လျှော့ချပေးပြီး စားသုံးမှု ကတဆင့်ရမယ့် ကယ်လိုရီပမာဏပါ နည်းစေမှာပါ။
၂။ အချိုရည်တွေ မသောက်ပါနဲ့
၃။အစာမစားခင် ရေသောက်ပါ။
၄။ဝိတ်ကျစေတဲ့ အစားအစာတွေပိုစားပါ။
ဥပမာ အမဲသား၊အာလူးပြုတ်၊ဟင်းသီးဟင်းရွက်များ၊ပဲ အမျိုးမျိုး၊ အစေ့အဆန်များ၊တူနာငါး၊ဒိန်ချဉ်
၅။အမျှင်ဓာတ်များများစားပါ။အသီးအနှံ/အသီးအရွက်များ။
၆။ရေနွေးကြမ်း၊ကော်ဖီ နေ့စဉ်သောက်ပါ။Green Tea ကြိုက်ရင်သောက်လို့ရပါတယ်
၇။အစားအစာကို ဖြည်းဖြည်းချင်း ကျေညက်အောင်ဝါးစားပါ။
၈။အိပ်ရေးဝဝအိပ်ပါ
၉။သကြား၊ဆီကြော်ရှောင်၊ကစီဓာတ် လျှော့စားပါ။
၁၀။လေ့ကျင့်ခန်း တစ်နေ့နာရီဝက်ခန့်ပြုလုပ်ပါ။
၁၁။ အိပ်ခါနီး ၂နာရီ အတွင်း ဘာမှ မစားပါနဲ့။
ဟောင်ကောင်ရှိ စီရော်နယ်ဒိုပြတိုက်အတွက် လက်မှတ်များ စရောင်းမည်
ဟောင်ကောင်ရှိ ဘောလုံးပရိသတ်များအနေဖြင့် K11 Musea ဈေးဝယ်စင်တာတွင်တည်ရှိသော ခရစ္စတီယာနို ရော်နယ်ဒိုပြတိုက်သစ်အတွက် လက်မှတ်များကို ဖေဖော်ဝါရီ ၅ ရက်မှစကာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ဆော့သ်ချိုင်းနားမောနင်းပို့စ် သတင်းစာက ဖော်ပြသည်။
ဇူလိုင်လတွင် ဖွင့်လှစ်ရန် စီစဉ်ထားသည့် CR7 Life ပြတိုက်အတွက် ကြိုတင်လက်မှတ်များနှင့် ဗီအိုင်ပီလက်မှတ်များကို ပေါ်တူဂီဘောလုံးအကျော်အမော်၏ မွေးနေ့တွင် ရောင်းချသွားမည်ဖြစ်သည်ဟု စီစဉ်သူများက သောကြာနေ့တွင် ထုတ်ဖော်ပြာကြားသည်။
လူတန်းစားမရွေးအတွက် အထွေထွေ လက်မှတ်ရောင်းချပေးမှုကို အွန်လိုင်းခရီးသွားပလက်ဖောင်းများဖြစ်သည့် Klook နှင့် Ctrip အပြင် K11 ၏ တရားဝင် ဝက်ဘ်ဆိုက်တွင်လည်း ဖေဖော်ဝါရီ ၂၄ ရက်တွင် နံနက် ၁၁ နာရီမှစကာ ရောင်းချပေးသွားမည်ဖြစ်သည်။
စတုရန်းပေ ၁၂,၀၀၀ ကျယ်ဝန်းသည့် CR7 Life ပြတိုက်တွင် ခရစ္စတီယာနိုရော်နယ်ဒို၏ ထူးခြားသောဘဝနှင့် အသက်မွေးဝမ်းကျောင်းမှုကို ဂုဏ်ပြုသည့် အထင်ကြီးလောက်စရာ အတွေအကြုံများကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း စီစဉ်သူများ၏ ပြောရေးဆိုခွင့်ရအမျိုးအသီးက ပြောကြားခဲ့သည်။
အထွေထွေဝင်ခွင့်လက်မှတ်များတွင် လူကြီးတစ်ဦးလျှင် ဟောင်ကောင်ဒေါ်လာ ၁၈၀၊ ကလေ-းများနှင့် သက်ကြီးရွယ်အိုများအတွက် ဟောင်ကောင်ဒေါ်လာ ၁၅၀ ကျသင့်မည်ဖြစ်သည်။ ကြိုတင်လက်မှတ်ဝယ်ယူမှုသည် ၁၀ ရာခိုင်နှုန်း လျှော့ဈေးခံစားခွင့်ရှိသည်ဟု ဆိုသည်။
ခရီးသည်(၁၅)ဦးလိုက်ပါစီးနင်းနိုင်သည့် Tour Train (RGC)ရထားစင်းလုံးငှားခရီးစဉ်ပြန်လည်ပြေးဆွဲ
မြန်မာ့မီးရထားမှ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့သွားရောက်မည့် ပြည်တွင်း/ပြည်ပခရီးသွားများအတွက် ခရီးသည်(၁၅)ဦးလိုက်ပါစီးနင်းနိုင်သည့် Tour Train (RGC)ရထားစင်းလုံးငှားခရီးစဥ်ကို ဇန်နဝါရီ ၂၄ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ပြည်တွင်း/ပြည်ပမှ ခရီးသွားဧည့်သည်များ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ရေမြေတောတောင်သ ဘာဝရှုခင်းများ၊ ဒေသခံပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ဒေသန္တရဗဟုသုတများရရှိစေရန်ရည်ရွယ်၍ အောင်ပန်း-ကလော (အသွား-အပြန်)ခရီးစဉ်နှင့် ကလော-မြင်းဒိုက် (အသွား-အပြန်)ခရီးစဉ်များကို RGC ရထားစင်းလုံးငှားခရီးစဉ်အဖြစ် ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဥ်များကိုသွားရောက်မည့် ပုဂ္ဂလိကခရီးသွားလာရေးအဖွဲ့များ၊ မိသားစုများ၊ လေ့လာရေးအဖွဲ့များအနေဖြင့် ခရီးစဉ်တစ်ခုအတွက် ဌားရမ်းခ(အသွား-အပြန်) ငွေကျပ် ၁၂၀၀၀၀ ဖြင့် ဌားရမ်းသွားလာနိုင်ကြောင်း သိရသည်။
ဂြိုလ်တုမှ စမတ်ဖုန်းဆီသို့ တိုက်ရိုက်ချိတ်ဆက်သည့် ဝန်ဆောင်မှု ဒုတိယအဆင့်စမ်းသပ်မှုနက်ဖြန်စမည်ဟု အီလွန်မတ်ပြော
Starlink ၏ ဂြိုလ်တုမှ စမတ်ဖုန်းဆီသို့ တိုက်ရိုက်ချိတ်ဆက်သည့် Direct-to-Cell ဝန်ဆောင်မှု၏ ဒုတိယအဆင့် Beta စမ်းသပ်မှုကို ဇန်နဝါရီ ၂၇ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း SpaceX ၏ CEO ဖြစ်သူ အီလွန်မတ် က X တွင် ကြေညာခဲ့သည်။
၎င်းသည် ပုံမှန်မြေပြင်အခြေစိုက် ဆဲလ်တာဝါတိုင်များကို မှီခိုခြင်းမပြုဘဲ ဂြိုလ်တုမှတိုက်ရိုက်ချိတ်ဆက်မှုဖြစ်သဖြင့် ကမ္ဘာလုံးဆိုင်ရာ မိုဘိုင်းလ်ချိတ်ဆက်မှုကဏ္ဍအတွက် ကြီးမားသော အပြောင်းအလဲ ခြေလှမ်းတစ်ရပ်ဖြစ်လာသည်။
ကမ္ဘာပေါ်တွင် ပထမဆုံးသော ထရီလီယံနာ ဖြစ်လာမည့်သူဟု စီးပွားရေးနှင့် ဘဏ္ဍာရေး ပညာရှင်များကဟောကိန်းထုတ်ထားသည့် စွန့်ဦးတီထွင် လုပ်ငန်းရှင် အီလွန်မတ်သည် လက်ရှိထရမ့်အစိုးရက အသစ်တည်ထောင်လိုက်သော ဌာနတစ်ခု၏ အကြီးအကဲအဖြစ်လည်း တာဝန်ယူဆောင်ရွက်လျှက်ရှိသည်။
ရေနံချောင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့
မကွေးတိုင်း၊ ရေနံချောင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု ယနေ့ ဇန်နဝါရီ ၂၅ ရက်ကလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ယနေ့ ဇန်နဝါရီ ၂၅ ရက်နေ့လည် ၁ နာရီ ၄၁ မိနစ် ၂၄ စက္ကန့်က ရေနံချောင်းမြို့၏ အရှေ့ဘက်(၁၆) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၂၀ ဒသမ ၄၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၅ ဒသမ ၁၂)ဒီဂရီ၊ အနက်(၂၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ် (ခ်)တာစကေး(၃ ဒသမ ၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုအား ညောင်ဦးမြေငလျင်စခန်းမှ တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကုန်သွယ်ရေးမညီမျှမှုကိုဖြေရှင်းရန် ဗီယက်နမ်ကို အမေရိက တိုက်တွန်း
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son နှင့် ဖုန်းခေါ်ပြောဆိုရာတွင် ဗီယက်နမ်အနေဖြင့် အမေရိကနှင့် ကုန်သွယ်ရေးမညီမျှမှုများကို ဖြေရှင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
ရူဘီယိုနှင့် ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သော Son တို့သည် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံ၏ ရန်လိုသည့် အပြုအမူများအပါအဝင် ဒေသတွင်း အရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က သောကြာနေ့က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကို ချီးကျူးခဲ့သလို ကုန်သွယ်ရေး မညီမျှမှုကို ဖြေရှင်းဖို့ရာလည်း ဝန်ကြီးက ဗီယက်နမ်ကို တိုက်တွန်းခဲ့ပါတယ်” ဟု သူက ပြောသည်။
နိုင်ငံသည် အမေရိကနှင့် ကုန်သွယ်ရာတွင် ကုန်သွယ်ရေးပိုငွေပြမှုကို ပြန်လည်ဟန်ချက်ညီစေရန် ဖြေရှင်းမှုများလုပ်ဆောင်နေသည်ဟု အင်္ဂါနေ့က ဒါဗိုတွင် ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh က ပြောကြားခဲ့သည်။ ယင်းသို့လုပ်ဆောင်ရာတွင် ဘိုရင်းကုမ္ပဏီထုတ် လေယာဉ်များ ဝယ်ယူရန် ကတိပြုထားကြောင်းနှင့် အခြား အမေရိကန်နည်းပညာမြင့်ပစ္စည်းများကို ဝယ်ယူရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့သည်။
ဗီယက်နမ်သည် ကမ္ဘာတွင် ကုန်သွယ်မှုကို မှီခိုအားထားပြုရဆုံးနိုင်ငံများတွင် ပါဝင်ပြီး ပို့ကုန်တင်ပို့မှုသည် နိုင်ငံစီးပွားရေးတစ်ခုလုံး၏ ၈၅ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုသည်။ နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် အမေရိကနှင့် ကုန်သွယ်မှု၌ ဒေါ်လာ ၁၀၀ ဘီလျံခန့် ပိုငွေပြခဲ့ပြီး ယင်းသည် သမ္မတဒေါ်နယ်ထရမ့်ပ်၏ မူဝါဒများအတွက် ဖြစ်နိုင်ခြေရှိသော ပစ်မှတ်ဖြစ်လာစေခဲ့သည်။
အမေရိက-ဗီယက်နမ် ဆက်ဆံရေးနှစ် ၃၀ ပြည့် အထိမ်းအမှတ်နှင့် ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးအောက်တွင် တိုးတက်ခဲ့မှုများကို နှစ်နိုင်ငံတာဝန်ရှိသူများက ဂုဏ်ပြုခဲ့ကြသည်ဟု ဘရုစ်က ပြောကြားခဲ့သည်။
[Photo News]
နစက ဥက္ကဌ ကိုယ်တိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးခဲ့တဲ့ မြွေနှစ် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်
ဇန်နဝါရီ ၂၆
မြွေနှစ် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်၊ညနေ ၄ နာရီခွဲ အချိန်က ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏမှာ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို နိုင်ငံတော်ဝန်ကြီးချုပ် နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပြီး ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားကို မြွေနှစ် “ပျော်စရာ” ဆိုတဲ့ တရုတ်ရိုးရာနှစ်ကူး အထိမ်းအမှတ်အစီအစဉ်တွေအတိုင်း မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားတွေက တရုတ်ရိုးရာ အကအလှ အထိမ်းအမှတ်တွေနဲ့ စည် ကားသိုက်မြိုက်စွာကျင်းပခဲ့ကြတာပါ။
တရုတ်ရိုးရာ နှစ်ကူးအခမ်းအနားကို နစက အစိုးရအဖွဲ့ရဲ့ထိပ်တန်း တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြသလိုမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms.Ma Jia နဲ့ မြန်မာနိုင်ငံ တရုတ်နွယ်ဖွားတွေ တရုတ်လုပ်ငန်းရှင်တွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့် သည်တော်တွေ အများအပြား လည်းတက်ရောက်ခဲ့ကြပါတယ်။
ဒါအပြင် အခမ်းအနားမှာ တရုတ်ယဉ်ကျေးမှုနဲ့ ရိုးရာအစားအစာတွေကို လေ့လာခံစားဖို့ပြခန်းတွေကို ထည့်သွင်း ပြသခဲ့သလို ရန်ကုန်တရုတ် ယဉ်ကျေးမှုစင်တာ အပါအဝင် မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းရှင်တွေအသင်းအဖွဲ့ မီဒီယာတွေရဲ့ပြခန်းတွေကိုလည်း ခင်းကျင်းပြသထားတာကို တွေ့ခဲ့ရပါတယ်။
#centralnewsnaypyitaw


+12
ကော့တွိုက်စ်ကို ပြန်ခေါ်နိုင်ဖို့ ဘယ်လ်ဂျီယံနည်းပြသစ် မျှော်လင့်
ဇန်နဝါရီ ၂၆
ဘယ်လ်ဂျီယံအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ ရူဒီဂါစီယာက ရီးရယ်လ်အသင်း ဂိုးသမား ကော့တွိုက်စ်ကို နိုင်ငံအသင်းထံ ပြန်လည်ခေါ်ယူနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
ရူဒီဂါစီယာက “ကျနော်တို့မှာ မတ်ဇ်ဆယ်လ်စ်နဲ့ ကတ်စတီးလ်တို့လို အရည်အသွေးရှိတဲ့ ဂိုးသမားတွေ ရှိနေရင် တောင် ကမ္ဘာ့အကောင်းဆုံး ဂိုးသမားလို့ ကျနော်ယူဆတဲ့ ကော့တွိုက်စ်ကို ကျနော်တို့ ရွေးချယ်သွားမှာပါ။
အသေးစိတ်ကိုတော့ ကျနော် မပြောနိုင်ပေမယ့် ကော့တွိုက်စ်ထံကနေ ကျနော့်ထံ ပြန်လာတဲ့ ပထမဆုံး အချက်ပြမှုက အပေါင်းလက္ခဏာ ဆောင်တဲ့အရာပါ”လို့ ပြောခဲ့တာပါ။
ဘယ်လ်ဂျီယံအသင်းဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲနဲ့ နေးရှင်းလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်မှာ ရလဒ် မကောင်းမွန်မှု တွေကြောင့် ဘယ်လ်ဂျီယံ ဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြတီဒက်စ်ကို,ကို ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ထုတ်ပယ်ခဲ့ တာ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံအသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ လက်ထောက်နည်းပြဟောင်း အွန်နရီ၊ ဝက်စ်ဟမ်းအသင်း နည်းပြ ဟောင်း လိုပီတီဂီနဲ့ ဗန်ဘွန်မဲလ်တို့ သတင်းတွေ ထွက်ခဲ့တာပါ။
ဒါပေမယ့် ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်ဟာ နာပိုလီ၊ ရိုးမားနဲ့ လိုင်ယွန်အသင်းတွေကို ကိုင်တွယ်ပြီး နည်းပြ အတွေ့အကြုံ အများအပြားရှိတဲ့ ရူဒီဂါစီယာကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ရူဒီဂါစီယာအတွက် ဘယ်လ်ဂျီယံအသင်း နည်းပြသစ်အဖြစ် ပထမဆုံး လုပ်ဆောင်ရမယ့်အရာက ဂိုးသမား ကော့တွိုက်စ်ကို အသင်းထံ ပြန်လည်ခေါ်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။ ကော့တွိုက်စ်ဟာ နည်းပြဟောင်း တီဒက်စ်ကို နဲ့ အဆင်မပြေမှုတွေကြောင့် သူ့ရဲ့လက်ထက်မှာ ဘယ်လ်ဂျီယံ အသင်းအတွက် ပါဝင်မကစားပေးဖို့ ဆုံးဖြတ်ခဲ့ တာပါ။
အခုအချိန်မှာ ဘယ်လ်ဂျီယံအသင်းရဲ့ နည်းပြ အပြောင်းအလဲကြောင့် ကော့တွိုက်စ်ဟာ လက်ရွေးစင်အသင်း အတွက် ပြန်လည်ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။
ဘယ်လ်ဂျီယံအသင်းဟာ လာမယ့် မတ်လမှာ နေးရှင်းလိဂ် ပလေးအော့ဖ်အဖြစ် ယူကရိန်းအသင်းနဲ့ အိမ်ကွင်း၊ အဝေးကွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: besoccer
#ဘောလုံးသတင်းစုံ
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
ဇန်နဝါရီ ၂၆
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၇၁ ဒေါ်လာ
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၄၇၀၀၀၀ ကျပ်
ဝယ်ဈေး ၆၄၃၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၂၇၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၃၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၆၀၀ ကျပ်
ဝယ်ဈေး - ၄၅၀၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၂၈၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၈၈ ကျပ်
ဝယ်ဈေး - ၄၆၆၁ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၆.၀၅ ကျပ်
ဝယ်ဈေး - ၁၃၂.၄၅ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၄၂ ကျပ်
ဝယ်ဈေး - ၁၀၁၄ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၃၁ ကျပ်
ဝယ်ဈေး - ၆၁၄ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၄၅ ကျပ်
ဝယ်ဈေး - ၂၈.၆၅ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၀၅ ကျပ်
ဝယ်ဈေး - ၅၁.၆၄ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၀ ကျပ်
ဝယ်ဈေး - ၃.၁၁ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၆၉၃ ကျပ်
ဝယ်ဈေး - ၅၅၄၃ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၈၅ ကျပ်
ဝယ်ဈေး - ၂၈၁၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၈၀ ကျပ်
ဝယ်ဈေး - ၃၀၉၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၆ ကျပ်
ဝယ်ဈေး - ၅၇၀ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၄၅ ကျပ်
ဝယ်ဈေး - ၁၂၁၃ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။
#သတင်းဟင်းလေးအိုးကြီး