Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Phishing ဆိုတာဘာကြီးလဲ?
ငါးမျှားတဲ့ Fishing နဲ့ အသံထွက်တူတဲ့ Phishing ဆိုတာ အွန်လိုင်းပေါ်ကလူလိမ်တွေ ဂျင်းထည့်ဖို့သားကောင်ရှာတဲ့၊မျှားတဲ့အခါ အသုံးပြုတတ်ကြတဲ့ နည်းလမ်းအမျိုးမျိုးကိုခေါ်တာပါ။
နည်းပညာအကူအညီနဲ့ ဂျင်းထည့်ခံရမယ့် သားကောင်ကို မျှားပြီး အရေးကြီးအချက်အလက်တွေ ခိုးယူလိမ်လည်တာကို Phishing လို့ခေါ်ပြီး Phishing မှာကိုမှ အမျိုးအစားတွေ ထပ်ပြီးခွဲထားပါသေးတယ်။
ပုံမှန် Phishing နည်းလမ်းကတော့ ဂျင်းမိချင်တဲ့လူမိဆိုပြီး လူအများဆီကို Email တွေကတစ်ဆင့် link 🔗တွေ Click လုပ်လို့ရတဲ့ဖိုင်တွေ လျှောက်ပို့ပြီး မျှားတာပါပဲ။ ကိုယ်ကဂျင်းသတိရှိလို့ Link 🔗တွေမနှိပ်မိရင် ဂျင်းမမိတော့ဘူးဆိုပေမယ့် ပို့လိုက်တဲ့ အများကြီးထဲက နှိပ်မိသူတွေကတော့ ကိုယ့်ရဲ့အရေးကြီး အချက်အလက်တွေခိုးယူခံရပြီး ဂျင်းမိသွားတော့တာပါပဲ။
နောက် Phishing နည်းတစ်မျိုးကိုတော့ Spear Phishing လို့ခေါ်ပါတယ်။ သူကတော့ အပေါ်မှာပြောခဲ့သလို လူအများကြီးကိုမျှားလိုက်တာမဟုတ်ဘဲ သူပစ်မှတ်ထားတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် တစ်ဦးချင်းဆီကို သေချာရည်ရွယ်ပြီးမျှားတာဖြစ်ပါတယ်။ ပစ်မှတ်ထားတဲ့သူကို သေချာလေ့လာပြီးမှမျှားတာမို့ ဂျင်းလားမဂျင်းလား သိဖို့ပိုခက်ခဲသွားနိုင်ပါတယ်။ ဒါကြောင့် Link🔗 တွေနဲ့ ပတ်သက်ပြီး အထူးသတိထားဖို့ ခဏခဏ သတိပေးနေရတာပေါ့။
ဖုန်းနံပါတ်ကို စာတို နဲ့ မက်ဆေ့ခ်ျတွေပို့ပြီး မျှားတဲ့ Phishing ကိုတော့ Smishing လို့ခေါ်ပါတယ်။Website link 🔗 တွေ၊ ဆု၊မဲ၊လက်ဆောင်ပေါက်ပါတယ်ဆိုတဲ့ မက်ဆေ့ခ်ျတွေနဲ့ အကောင့်လော့ခ်အင် ဝင်ဖို့လိုပါတယ်ဆိုတဲ့ စာမျိုးတွေနဲ့ လှည့်စားပြီးပို့တတ်ပါတယ်။ ကိုယ်ကချက်ချင်းတုန့်ပြန် Click နှိပ်လိုက်မိရင်တော့ ဂျင်းမိသွားပါပြီ။
နောက်တစ်ခုကတော့ ဖုန်းဆက်စကားပြောပြီး လိုချင်တဲ့အချက်အလက်တွေရအောင် မျှားပြီးလိမ်လည်တာပါပဲ။ ဘဏ်ရဲ့အကြီးအကဲပါတို့၊KBZ Payကပါတို့လို့ပြောကာ အယောင်ဆောင်ပြီး ဖုန်းဆက်လိမ်လည်တဲ့နည်းပဲဖြစ်တယ်။ဒါကြောင့် ကိုယ်ရဲ့အရေးအကြီးအချက်အလက်တွေကို ဖုန်းဆက်တောင်းဆိုလာတဲ့အခါ မကြောက်ပါနဲ့၊ပြန်မေးပါ၊သူတို့ကိုပြန်စစ်ဆေးလိုက်ပါ။ ဂျင်းမဟုတ်တဲ့ အမှန်ဆို အရေးကြီးအချက်အလက်တွေကို တောင်းဆိုမှာမဟုတ်သလို ကိုယ်စစ်ဆေးတဲ့ မေးခွန်းတွေကိုလည်း သေချာပြန်ဖြေဆိုပါလိမ့်မယ်။
ဒီလောက်ဆိုPhishingဆိုတာဘာလဲ?ဂျင်းအသိရှိသွားပြီဖြစ်လို့ သတိထားကာကွယ်ရမယ့်အချက်တွေကို မှတ်ထားပြီး ဂျင်းရှောင်ရှားကြစို့နော်။Phishing အပါအဝင် အွန်လိုင်းပေါ်က အလိမ်အညာတွေရန်ကကာကွယ်ဖို့
(အ)လေးလုံးဆောင် ဂျင်းရှောင်!
#သတိ #ဂျင်း #ဂျင်းသတိ #သတိအလိမ်ခံရနိုင်တယ် #ဂျင်းရှောင် #scamalert #onlinescam #scam #fraud #အလိမ် #အလိမ်အညာသတိပြု #အ၄လုံးဆောင်ဂျင်းရှောင်
စကားမပြောဘဲ နေနိုင်သွားတဲ့ တစ်နေ့ ။
ဖုန်း မပြောဘဲ နေနိုင်သွားတဲ့ တစ်နေ့ ။
စာ မပို့ဘဲ နေနိုင်သွားတဲ့ တစ်နေ့ ။
မင်းကို မလွမ်းတဲ့ တစ်နေ့ ။
မင်းကို သတိမရတဲ့ တစ်နေ့ ။
မင်းကို ဥပေက္ခာထားနိုင်သွားတဲ့ တစ်နေ့ ။
နောက်ဆုံး
မင်းဆိုတာ ငါ့ဘဝထဲ မရှိလည်းဖြစ်တယ်
ဆိုတဲ့တစ်နေ့
အဲ့ဒီ နေ့ရောက်လာတဲ့အခါ
မင်းဆိုတာလည်း ငါ့အတွက် ဘာမှ
မဟုတ်တော့ဘူး ။
ဒါကြောင့်
ကိုယ့်ဘက်က အရေးတယူ
ချစ်ပေးနေတုန်းမှာ သိပ်ပြီး အနိုင်မယူပါနဲ့
သိပ်ပြီးလည်း ပစ်မထားပါနဲ့ အချစ်ရဲ့
ခင်ဗျားပစ်ထားသလို နေနိုင်သွားမှ
ကိုယ့်ကို ပြောင်းလဲသွားလေချင်းလို့
အပြစ်မဖွဲ့ စေချင်ဘူး ။
#ဧပရယ်မိုးသူ { Age }
လူတစ်ယောက်ကို ချစ်ရတာ
ပင်ပန်းလိုက်တာလို့ တွေးနေရင်းကနေ
အဲဒီလူတစ်ယောက် မရှိတော့ရင်လည်း
ဘဝဟာ အဓိပ္ပာယ်မဲ့ သွားနိုင်တယ်လို့
တွေးမိသွားတာမျိုးပေါ့ ။
မရင်းနှီး မမြှုပ်နှံ သင့်တဲ့အထဲမှာ
ချစ်ခြင်းမေတ္တာလည်း ပါတယ် ။
အဆုံးအရှုံး ကြီးမားလွန်းပါတယ်။
Lionel Sn
#crd
၂၀၂၄ သြဂုတ်လရဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမား ဟာလန်း
--------------------------------
ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းရဲ့နော်ဝေလက်ရွေးစင်တိုက်စစ်မှူးအဲလင်းဟာလန်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ပထမဆုံးလဖြစ်တဲ့ သြဂုတ်လအတွက် ချီးမြှင့်တဲ့ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆု(Premier League Player of the Month)ကို ဆွတ်ခူးခဲ့ပါတယ်။
ဟာလန်းဟာ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို တတိယအကြိမ်ဆွတ်ခူးရရှိတာဖြစ်ပြီး ၂၀၂၂ သြဂုတ်လနဲ့ ၂၀၂၃ ဧပြီလတွေအတွက် ချီးမြှင့်တဲ့ဆုတွေကို ရယူခဲ့ဖူးပါတယ်။
မန်စီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ချန်ပီယံဆု(၄)ကြိမ်ဆက်ရယူထားပေမယ့် မန်စီးတီးကစားသမားတွေအနေနဲ့ Premier League Player of the Month ဆုနဲ့ ကံမပါဘဲ ၂၀၂၂-၂၃ ရာသီကစပြီး ဒီဆုကို ရယူထားနိုင်တဲ့ မန်စီးတီးကစားသမားက ဟာလန်း(၃ ကြိမ်)ပဲ ရှိပါတယ်။
ဟာလန်းဟာ ၂၀၂၄ သြဂုတ်လအတွင်းမှာ မန်စီးတီးအသင်းအတွက် ခြေစွမ်းပြကစားပြီး ဟက်ထရစ်နှစ်ကြိမ်သွင်းယူခဲ့ကာ စုစုပေါင်း(၇)ဂိုး သွင်းယူခဲ့ပါတယ်။