42 w - Translate

Myansat DTHရုပ်သံလိုင်းသစ် စတင်ထုတ်လွှင့်

မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် DTHရုပ်သံလိုင်းသစ်ဖြစ်တဲ့ Myansat DTHရုပ်သံလိုင်းသစ်ကို ဇန်နဝါရီ၁၅ရက်မှာ စတင်ထုတ်လွှင့်နေပြီဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကနေ သိရပါတယ်။

အဲ့ဒီရုပ်သံလိုင်းထုတ်လွှင့်မှုဖွင့်လှစ်တဲ့အခမ်းအနားကို ဇန်နဝါရီ၁၅ရက်က နေပြည်တော်မှာရှိတဲ့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

Myansat DTHရုပ်သံလိုင်းမှာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေ၊ ရိုးရာထုံးတမ်းအစဉ်အလာတွေကိုပြသမယ့်အစီအစဉ်တွေ၊ ပြည်တွင်းသတင်းနဲ့ နိုင်ငံတကာဖျော်ဖြေရေးအစီအစဉ်တွေကို အများပြည်သူတွေအတွက်တင်ဆက်ပေးနေတဲ့ ဖျော်ဖြေရေးမီဒီယာတွေနဲ့ပူးပေါင်းတင်ဆက်ထားတဲ့ ရုပ်သံအစီအစဉ်တွေ၊ ရသမျိုးစုံ၊ ဗဟုသုတမျိုးစုံပေးနိုင်မယ့် နိုင်ငံတကာရုပ်သံလိုင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

Myansat DTHမှာ ရုပ်သံလိုင်း၉၈လိုင်းပါဝင်တဲ့ Myansat DTH Package 1 နဲ့ ရုပ်သံလိုင်း ၁၇၆လိုင်းပါဝင်တဲ့ Myansat DTH Package 2ဆိုပြီး Package ၂မျိုးခွဲခြားထားတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ Myansat DTHအရောင်းကိုယ်စားလှယ်တွေခန့်ပြီး ဝန်ဆောင်မှုပေးနေပြီဖြစ်တယ်လို့ ဆိုပါတယ်။

Borderless Broadcastကုမ္ပဏီလီမိတက်အနေနဲ့ Myansat DTHရုပ်သံလိုင်းထုတ်လွှင့်နိုင်ဖို့အတွက် ၂၀၂၃ခုနှစ် နိုဝင်ဘာလက မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနဲ့ သဘောတူစာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

image

imageimage
42 w - Youtube

42 w - Translate

နွားရိုင်းသတ်ပွဲ ဝင်ဖို စပိန်နိုင်ငံ မြိုစွန့်က လေ့ ကျင့်ရေးစခန်းမှာ မွေးမြူထားတဲ့ နွားလေးဖြစ်ပြီးသူ့အဖေဟာ နွား ရိုင်းသတ်သမားတစ်ယောက်နဲ့ မက်ဒရစ်ကိုပါသွားပြီး ပြန်ရောက် မလာတော့တဲ့နောက်မှာတော့ လေ့ကျင့်ရေးစခန်းကနေ ထွက်ပြေးခဲ့ပါတယ်။

Ferdinand [2017]

ဖာဒီနန်ကို နီနာဆိုတဲ့ မိန်းကလေးက သူ့ယာတောမှာခေါ် မွေးထားခဲ့တာမိုဖာဒီနန်လေးဟာ ယာတောက သူငယ်ချင်းတွေနဲ့အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ပါတယ်။

ကြမ်းတမ်းရက်စက်မှုတွေကို မလုပ်ချင်တဲ့ ဖာဒီနန်ကြီးဟာ တိုက်ခိုက်ရေးကျွဲအဖြစ်ကနေ သူ့စိတ်တိုင်းကျ လွတ်လပ်တဲ့ ယာတောကဘဝကို ပြန်ရဖိုအတွက် ယာတောက သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ ကြိုးပမ်းပုံကိုအလွဲလေးတွေ၊ရယ်စရာလေးတွေနဲ့ ကြည့်ရမှာမို ပရိသတ်တွေအကြိုက်တွေ့ကြမှာပါ။
#cartoonnetwork

image

hair style

image

နံနက်စာမစားတာ ဘယ်လောက်ကြောက်စရာကောင်းလဲ ?လူတိုင်းဖတ်သင့်ပါတယ်
ဖတ်ချိန်၃၀စက္ကန့်
.....................
ကျွန်တော်တို့လို လူငယ်တွေဟာ နံနက်စားစားဖို့ အင်မတန်ပျင်းကြပါတယ်။ နံနက်ဆို ဘာမှမစားချင်လို့၊ နံနက်စာစားဖို့ အချိန်မမီလို့၊ အိပ်ရာထနောက်ကျလို့၊ စတဲ့ စတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ နံနက်စာကို ရှောင်တတ်ကြပါတယ်။ တကယ်တော့ နံနက်စာက နေ့တစ်နေ့အတွက် အရေးအကြီးဆုံးဖြစ်ပြီး နေ့လည်စာနဲ့ ညစာထက်တောင် ပိုအရေးကြီးပါတယ်။ နံနက်စာမစားတာ လနဲ့ချီ၊ နှစ်နဲ့ချီ ဖြစ်လာတဲ့အခါ အန္တရာယ်တွေ စတင်ဖြစ်ပေါ်လာပါတော့တယ်။
____________________________________
1. စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာမယ်။
နံနက်စာမစားတဲ့အခါ သွေ.တွင်းသကြားဓာတ်နည်းလာပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်စိတ်တွေ မြင့်တက်လာစေနိုင်ပါတယ်။ တစ်ယောက်တည်းနေတဲ့အခါ စိတ်ခြောက်ခြားလာတာမျိုး၊ အလိုလို ဝမ်းနည်းလာတတ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာနိုင်ပါတယ်။
____________________________________
2. လူမှုဆက်ဆံရေး အားနည်းလာမယ်။
ဒါကလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကနေ ထပ်ဆင့်ဖြစ်လာတဲ့ ဆိုးကျိုးဖြစ်ပါတယ်။ ပျော်ရွှင်မှုနဲ့ တက်ကြွမှုတွေ ပျောက်ဆုံးပြီး စိတ်ဖိစီးမှုများနေတဲ့သူဟာ လူမှုဆက်ဆံရေးပိုင်းမှာ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး။ လက်ရှိ ခင်မင်ရင်းနှီးရသူတွေနဲ့လည်း ပြဿနာတွေ များလာနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာလည်း ဝင်ဆံ့တော့မှာ မဟုတ်ပါဘူး။
____________________________________
3. ဦးနှောက်ကျန်းမာရေး ထိခိုက်လာမယ်။
နံနက်စာမစားတဲ့သူဟာ အမေ့လွယ်တာတွေ၊ ကြာကြာမစဉ်းစားနိုင်တာတွေဖြစ်တဲ့အပြင် အသက်ကြီးလာတဲ့အခါ အယ်လ်ဇိုင်းမားရောဂါ အလွယ်တကူဝင်နိုင်ပါတယ်။ မှတ်ဉာဏ်စွမ်းရည် ကျဆင်းလာပြီး အာရုံစူးစိုက်နိုင်စွမ်း လျော့နည်းလာပါလိမ့်မယ်။ တီထွင်ဖန်တီးနိုင်စွမ်းလည်း လျော့နည်းလာပါလိမ့်မယ်။
____________________________________
4. ဆံပင်ကျွတ်နိုင်တယ်။
နံနက်စာမစားတဲ့အခါ protein ကို ပြည့်ဝစွာမရရှိနိုင်ပါဘူး။ အဲ့ဒီအခါ ဆံသားအတွက်လိုအပ်တဲ့ keratin လည်း မရရှိတော့ပါဘူး။ ဒါကြောင့် ဆံပင်ကျွတ်တာတွေ၊ ထိပ်ပြောင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဆံပင်ပြန်ပေါက်ဖို့လည်း ခက်ခဲလာနိုင်ပါတယ်။
____________________________________
5. Gym ဆော့ပေမယ့် အကျိုးမရှိတော့ဘူး။
နံနက်စာစားတဲ့အခါ မာဆယ်တွေဟာ သိသိသာသာဖွံ့ဖြိုးပါတယ်။ ဒါကြောင့် gym ကစားတဲ့သူတွေဟာ အာဟာရအပြည့်နဲ့ နံနက်စာကို စားပေးရပါတယ်။ မစားဘူးဆိုရင်တော့ gym ဘယ်လောက်ဆော့ဆော့ ခန္ဓာကိုယ်ဟာ ကိုယ်မျှော်လင့်ထားသလို ပုံပန်းကျ လှပနိုင်မှာ မဟုတ်ပါဘူး။
____________________________________
6. ဝမ်းဗိုက်အဆီတွေ ဖြစ်လာမယ်။
နံနက်စာရှောင်တဲ့သူတွေဟာ နေ့လည်စာနဲ့ ညစာကို ပိုစားတတ်ကြပါတယ်။ တကယ်တော့ နံနက်စာဟာ ဘယ်လောက်အများကြီးစားစား ဝမ်းဗိုက်အဆီကို ဖြစ်မလာစေပါဘူး။ နေ့လည်စာနဲ့ ညစာကတော့ စားရင်စားသလို အဆီတက်စေပါတယ်။ တကယ်လို့ ဝိတ်ချမယ်လို့ စိတ်ကူးထားတယ်ဆိုရင် နေ့လည်စာနဲ့ ညစာကို လျော့စားပြီး နံနက်စာကို အဝ စားပေးသင့်ပါတယ်။
____________________________________
7. နှလုံးရောဂါ ဖြစ်လာမယ်။
နံနက်စာမစားတဲ့သူဟာ တဖြည်းဖြည်းနဲ့ နှလုံးအားနည်းလာပါတယ်။ ကြာလာတဲ့အခါ silent killr လို့ တင်စားတဲ့ နှလုံးရောဂါ ဖြစ်လာမှာပါ။ နှလုံးရောဂါဟာ ရုတ်တရက်အသက်ရှူရပ်ပြီး အသက်ဆုံးစေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ ဖြစ်ပြီးသွားရင်လည်း အရှင်းမပျောက်တော့တဲ့ ရောဂါမျိုးဖြစ်ပါတယ်။
____________________________________
8. ဆီးချိုရောဂါ ဖြစ်ပွားနိုင်ချေ များပါတယ်။
နံနက်စာမစားတဲ့သူတွေဟာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ချေများတယ်လို့ ဆရာဝန်တွေက ထောက်ပြထားပါတယ်။ အင်ဆူလင် လုံလုံလောက်လောက်မထွက်တာကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားလာရခြင်း ဖြစ်ပါတယ်။
____________________________________
9. ခေါင်းကိုက်ဝေဒနာ ဖြစ်လာမယ်။
နံနက်စာမစားတဲ့အတွက် သွေ.တွင်းသကြားဓာတ်နည်းလာတဲ့အခါ ခန္ဓာကိုယ်က ဟော်မုန်းတစ်မျိုးကို ထုတ်ပါတယ်။ အဲ့ဒီဟော်မုန်းကြောင့် သွေးဖိအားမြင့်တက်လာပြီး ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာတွေ ဖြစ်နိုင်ပါတယ်။ အာရုံကြောအားနည်းတဲ့သူဆိုရင် ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။
____________________________________
10. အသက် ၄၀ လောက်နဲ့ အားအင်ချိနဲ့လာမယ်။
နံနက်စာမစားတဲ့သူဟာ ပုံမှန်လူတွေထက် ကျန်းမာသန်စွမ်းမှုနဲ့ လျင်မြန်သွက်လက်မှုတွေ မြန်မြန် ကျဆင်းနိုင်ပါတယ်။ အသက်ကြီးလေ သိသာလေ ဖြစ်လာမှာပါ။ သူများအသက် ၄၀ ဆို သန်မြန်နေဆဲပေမယ့် နံနက်စာမစားတဲ့သူကတော့ အသက် ၄၀ လောက်နဲ့ အဖိုးကြီး၊ အဖွားကြီးတွေ ဖြစ်နေကြမှာပါ။
နံနက်စာ စားသင့်တဲ့အချိန်ကတော့ အိပ်ရာထပြီး ၂ နာရီအတွင်း ဖြစ်ပါတယ်။ ဒါပေမယ့် အိပ်ရာထချိန်ဟာ နံနက် ၆ နာရီကနေ ၉ နာရီအတွင်း ဖြစ်ရပါမယ်။ ကျွန်တော်ကတော့ ၇ နာရီခွဲဆို အိပ်ရာထပြီး ၈ နာရီခွဲကနေ ၉ နာရီအတွင်း နံနက်စာ ပုံမှန်စားဖြစ်ပါတယ်။ နံနက် ၁၀ နာရီလောက် အိပ်ရာထပြီး နေ့လည် ၁၁ နာရီမှာ စားတဲ့အရာကိုတော့ နံနက်စာလို့ မခေါ်ပါဘူး။
နံနက်စာ စားတဲ့အခါမှာလည်း အာဟာရဖြစ်စေမယ့်အရာတွေ စားပေးဖို့လိုပါတယ်။ ကြက်ဥ၊ ကွေကာအုပ်၊ ကော်ဖီ၊ ဘယ်ရီသီးတွေနဲ့ အခွံမာသီးတွေက ကျွန်တော်တို့ စားပေးသင့်တဲ့ နံနက်စာတွေ ဖြစ်ပါတယ်။
ဂရုစိုက်ကြပါမိတ်ဆွေများခင်ဗျာ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
#ကျန်းမာရေးဗဟုသုတ
#credit

image
42 w - Translate

🥹🥹

image

🙂

image

ဇန်နဝါရီ ၁၆ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image