42 w - Translate

CBM sells 3.21M Thai baht on 27 Nov

The Central Bank of Myanmar (CBM) sold 3.21 million Thai baht on 27 November.
It injected over 1.79 million yuan on 26 November after the sales of 17.8 million baht and US$25,000 into the financial market on 22 November.
It sold 50 million baht to importers through the foreign exchange trading platform on 21 November.
CBM sold over $3,900 on 21 November, $24 million on 20 November, $20 million and 100 million baht on 19 November, and over $12,000 on 18 November.
CBM announced the sale of $35 million to fuel oil importers on 16 November.
CBM injected $400,000 into the financial market on 14 November. On 12 November, it sold 14.5 million baht after announcing it would sell 15 million baht to importers on 11 November.
It sold over 800,000 yuan on 11 November, over 2.17 million yuan and $3,000 again on 8 November after sales of over 2.1 million baht, two million yuan and over $3,300 on 7 November and about $9,000, 490,000 yuan and 1.2 million baht on 6 November.
Its announcement on 5 November read that it would sell seven million yuan and 20 million baht to importers on foreign exchange trading platforms. On 4 November, CBM sold $15 million, 1.5 million yuan, and 100.8 million baht.
In October 2024, CBM injected over $91 million, over 9.8 million yuan, and over 610 million baht into the financial market.
CBM aims to curb the instability in the foreign exchange market and the currency devaluation. According to CBM’s notification on 15 March, it has been joining hands with law enforcement agencies to combat and prosecute those who attempt to manipulate the currency market under the existing laws. CBM allowed authorized dealers (private banks) to operate online foreign exchange trading freely as per the market rate depending on supply and demand, starting from 5 December 2023. — NN/KK

image

နိုင်ငံတကာရာဇဝတ်တရားရုံး(ICC)က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရေးစီစဉ်နေတဲ့ကိစ္စအပေါ် တရုတ်ဘက်က ဝေဖန်ပြောဆိုလာပါတယ်။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီက အမှုကိုလွှဲပြောင်းပေးတာမဟုတ်ရင် ရောမဥပဒေ စာချုပ်မှာ လက်မှတ် မထိုးထားတဲ့နိုင်ငံ နဲ့နယ်မြေတွေအပေါ် တရားရုံးက စီရင်ပိုင်ခွင့်မရှိပါဘူး”လို့ တရုတ်နိုင်ငံခြားရေးပြောခွင့်ရ Mao Ning က နိုဝင်ဘာ ၂၈ ရက်မှာပြောခဲ့တာပါ။

#သတင်းဟင်းလေးအိုးကြီး

image

ယူနိုက်တက်နိုင်ပွဲရခဲ့ပေမယ့် စိုးရိမ်မှုရှိခဲ့တယ်လို့ အာမိုရင်ဝန်ခံ

နိုဝင်ဘာ ၂၉

ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ဟာ ယူနိုက်တက်အသင်းက ဘိုဒိုဂီလင့်အသင်းကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်း နည်းပြဘဝ ပထမဆုံးနိုင်ပွဲ ရရှိခဲ့ပေမယ့် စိုးရိမ်မှုရှိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

အာမိုရင်က “ကျနော် စိုးရိမ်မိပါတယ်။ ဘာကြောင့်လဲဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာကို ကျနော်မသိပါဘူး။ လက်ရှိအချိန်မှာ ဘာမှထိန်းချုပ်နိုင်ခြင်း မရှိသေးဘဲ ကွဲပြားခြားနားတဲ့ အရာတွေကို မြင်နိုင်ဖို့ ကြိုးစားနေပါတယ်။ ကစားသမားတွေကို ကျနော်မသိသလို အများကြီးလည်း အလုပ်အတူတွဲ မလုပ်ဖူးပါဘူး။ ပွဲကိုလည်း စိတ်လှုပ်ရှား နေသလို ပွဲထဲမှာလည်း ဘာတွေဖြစ်လာမလဲဆိုတာ မသိလို့ စိုးရိမ်ခဲ့မိပါတယ်”လို့ TNT Sports ကို ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဘိုဒိုဂီလင့်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါ တယ်။

နည်းပြသစ် အာမိုရင်ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်တဲ့ ဒုတိယမြောက်ပွဲမှာ ပထမဆုံးနိုင်ပွဲရရှိခဲ့တာပါ။

ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ ဂါနာချိုရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘိုဒိုဂီုလင့်အသင်းကို ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်ပေးခဲ့ရပါတယ်။

ဒါပေမယ့် တိုက်စစ်မှူး ဟော့ဂျ်လန်းက ချေပဂိုးနဲ့ ဦးဆောင်ဂိုး ပြန်သွင်းပြီး ယူနိုက်တက်အသင်းကို နိုင်ပွဲရရှိ စေခဲ့တာပါ။

အာမိုရင်ဟာ ဒီပွဲမှာ အစ်စဝှစ်ချ်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ သူ့ရဲ့ပထမဆုံးပွဲစဉ်က ယူနိုက်တက်အသင်း ပွဲထွက် လူစာရင်းကို ၆ ဦးအထိ အပြောင်းအလဲပြုလုပ်ပြီး အသုံးပြုခဲ့တာဖြစ်ပါတယ်။

အာမိုရင်က ဘိုဒိုဂီလင့်အသင်းနဲ့ပွဲစဉ်မှာ ယူနိုက်တက်အသင်းရဲ့ တိုးတက်လာမှုကို မြင်တွေ့ခဲ့ရပေမယ့် လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကစားသမားတွေကို အပြောင်းအလဲ ပြုလုပ်ဦးမယ်လို့ ပြောခဲ့ပါတယ်။

အာမိုရင်ဟာ ယူနိုက်တက်အသင်း ပရိသတ်တွေက သူ့အပေါ် အားပေးမှုတွေအတွက် ကျေနပ်နေပြီး သူတို့ကို စိတ်မပျက်အောင် လုပ်ဆောင်ပေးနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဘိုဒိုဂီလင့်အသင်းကို အနိုင်ရခဲ့ပြီးနောက် ယူရိုပါလိဂ်ပွဲစဉ် ၅ ပွဲ ကစားအပြီးမှာ ရမှတ် ၉ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီဇင်ဘာ ၁ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပုံ - ယူနိုက်တက်အသင်း ယှဉ်ပြိုင်နေစဉ်

#centralnewsnaypyitaw

image
42 w - Translate

၁၂ရာသီဖွားများအတွက် တစ်ပတ်စာဟောစာတမ်း(Part-1)

1. Aries ♈ March 21-April 20
ဒီရာသီဖွားများအနေဖြင့်လတ်တလောတွင်အတွေးများနေတတ်ပြီးစိတ်ဓာတ်ကျတတ်သောသဘောတွေ့ရတတ်ပါတယ်။စီးပွားရေး နှင့်ငွေကြေးပိုင်းတွင်ကြပ်တည်းနေနိုင်သော်လည်းကာလတိုသာဖြစ်၍ပြေလည်လာပါလိမ့်မယ်။ပညာရေးပိုင်းတွင်အသင့်အတင့်ရှိပြီးစိတ်အာရုံစူးစိုက်မှုအားနဲနေတတ်ပါတယ်။ကျန်းမာရေး အနေဖြင့်စိတ်နှင့်ဦးခေါင်းပိုင်းဆိုင်ရာများကိုအထူးသတိထားရပါမယ်။ သွေးအားနဲခြင်းကိုလဲသတိထားရန်လိုအပ်ပါတယ်။အချစ် ရေးကံအနေနဲ့အနှောက်အယှက်များပြီးစိတ်ခံစားလွယ်နေတတ်ပါတယ်။အချင်းချင်း ပြောဆိုဆက်ဆံရာတွင်သတိထား၍ပြောဆိုရန်လိုပါလိမ့်မယ်။

2. Taurus ♉ April 21 - May 20
ဒီရာသီဖွားတွေအနေနဲ့အခုလတ်တလောမှာရွေးချယ်စရာများနေတတ်ပါတယ်။ဆုံးဖြတ်ချက်ချရန်ခက်ခဲနေတတ်ပြီးမိမိ၏ရှေ့ရေးနှင့်ပါတ်သက်၍လမ်းပျောက်နေတတ်ပါတယ်။စီးပွားရေး နှင့်ငွေကြေးကံအသင့်အတင့်ရှိပြီးရွေးချယ်မှုတခုနှင့်တခုကြားသတိပြုရန်လိုပါလိမ့်မယ်။ငွေကြေးနှင့်ပါတ်သက်၍စကားပြောရသည့်အခါညှိနှိုင်ူမှုများပြုလုပ်ရပါလိမ့်မယ်။ပညာရေးတွင်နိုင်ငံခြားကံကောင်းမွန်ပြီးရွေးချယ်စရာများတတ်သော်လည်းဆုံးဖြတ်ချက်မှားတတ်သောကြောင့်သတိပြုရန်လိုအပ်ပါတယ်။ကျန်းမာရေး တွင်မျက်စိနှင့်အာရုံကြောဆို်ရာရောဂါများနှင့်ပါတ်သက်၍သတိပြုရပါမယ်။အချစ်ရေးတွင်တဖက်ဖက်ကပြိုင်ဘက်ပေါ်လာတတ်ပြီးရှေ့ဆက်ရန်တွေဝေနေတတ်ပါတယ်။စိတ်ဖိစီးမှုများနေတတ်သောကြောင့်ဆုံးဖြတ်ချက်များမမှားယွင်းစေရန်သတိပြုရပါလိမ့်မယ်။

3. Gemini ♊ May 21-June 20
ဒီရာသီဖွားတွေအနေနဲ့အခုရက်ပိုင်းမှာ အကြံဥာဏ်အသစ်များ သတင်းထူးများ အကြောင်းကြားချက်များလက်ခံရရှိတတ်ပါတယ်။စီးပွားရေး နှင့်ငွေကြေးကံအသင့်အတင့်ရှိပြီးမိမိအားစ်ိုက်ထုတ်သလောက်အကျိုးခံစားရတတ်ပါတယ်။ပညာရေးပိုင်းဆိုင်ရာအတွေးအမြင်အသစ်များရရှိတတ်ပြီးတီထွင်ဖန်တီးမှုဥာဏ်အားကောင်းသောကာလဖြစ်ပါတယ်။ကျန်းမာရေး အနေနဲ့ကိုယ်လက်ကိုက်ခဲခြင်းနှင့်ခါးအောက်ပိုင်းဆိုင်ရာရောဂါများသတိပြုဖို့လိုပါလိမ့်မယ်။အချစ်ရေးကံအသင့်အတင့်ရှိပြီးကာလတိုပျော်ရွှင်မှု သာယာမှုများ ခံစားရပါလိမ့်မယ်။စိတ်အတက်အကျများနေတတ်သေးကြောင့်စိတ်ခံစားလွယ်ပြီး စကားများရတတ်ပါတယ်။

4. Cancer ♋ June 21-July 22
ဒီရာသီဖွားတွေအနေနဲ့က အခွင့်အရေးများ အပြောင်းအလဲများ နဲ့ကြုံရတတ်ပါတယ်။အလုပ်အကိုင်အသစ်များအသစ်အသစ်သောစတင်မှုများပြုလုပ်ရန်ကောင်းသောကာလဖြစ်ပါတယ်။စီးပွားရေး နဲ့ငွေကြေးအသင့်အတင့်ကောင်းမွန်ပြီးအခက်အခဲများရှိပါကစတင်ပြေလည်လာနိုင်ပါတယ်။ပညာရေးတွင်မိမိရယူသင့်သော ရရှိသင့်သောအခွင့်အရေးများပေါ်လာတတ်ပါတယ်။ကျန်းမာရေး အနေဖြင့်အအေးမိခြင်း ကိုယ်လက်ကိုက်ခဲခြင်းများအပြင် ခြေချော်လက်ချော် ဖြစ်တတ်ပါတယ်။အချစ် ရေးကံအနေဖြင့်ပျော်ရွှင်စရာများကြုံရတတ်ပြီးအဆင်ပြေနေပါလိမ့်မယ်။သို့သော်မိမိပြောသောစကားများကိုသတိထားရန်လိုအပ်ပါတယ်။

5. Leo ♌ July 23-August 22
ဒီရာသီဖွားတွေအနေနဲ့ တွေးမိတွေးရာတွေးနေတတ်ပြီးစိတ်အာရုံစုစည်းမှုအားနဲနေပါလိမ့်မယ်။စီးပွားရေး နှင့်ငွေကြေးကံကောင်းမွန်သော်လည်းလိမ်လည်လှည့်ဖြားမှုခံရခြင်း ဆုံးဖြတ်ချက်မှားခြင်းစသည်တို့နှင့်ပါတ်သက်၍သတိထားရန်လိုပါလိမ့်မယ်။ပညာရေးပိုင်းတွင်မိမိလျှောက်နေသောလမ်းနှင့်မိမိအတွက်သင့်တော်သောလမ်းကိုက်ညီမှုမရှိဖြစ်တတ်ပါတယ်။ကျန်းမာရေး ကံကောင်းမွန်ပြီးစိတ်ခံစားချက်နှင့်အာရုံကြောပိုင်းဆိုင်ရာရောဂါများသတိပြုရပါမယ်။အချစ်ရေးမှာသင့်တင့်သောကံရှိသော်လည်းမိမိ၏စိတ်လိုက်မာန်ပါပြောဆိုခြင်းတဇွတ်ထိုးဆန်ခြင်းတို့ကြောင့်မဖြစ်သင့်သောပြသနာများကြုံလာရတတ်ပါတယ်။

6. Virgo ♍ August 23-September 22
ဒီရာသီဖွားများအနေဖြင့်ယခုလတ်တလောကံဇာတာကောင်းမွန်နေပြီးမိမိလုပ်ကိုင်သောအလုပ်များမိမိလျှောက်သောလမ်းကြောင်းများတွင်အသာစီးရပါလိမ့်မယ်။စီးပွားရေး နှင့်ငွေကြေးကံသင့်တင့်မျှတမှုရှိနေပြီးမိမိ၏ဝင်ငွေထွက်ငွေကိုမိမိကိုယ်တိုင်ထိန်းညှိ၍စီမံနိုင်ပါကပို၍အောင်မြငိနိုင်ပါလိမ့်မယ်။ပညာရေးတွင်မိမိလျှောက်လိုသောလမ်းကိုရွေးချယ်ပါကရှေ့လျှောက်ပို၍အဆင်ပြေနိုင်ပါတယ်။မိမိကိုယ်တိုင်စိတ်ပါဝင်စားသောလမ်းကြောင်းများကိုဦးစားပေးသင့်သောကာလဖြစ်ပါတယ်။ကျန်းမာရေး ကံကောင်းမွန်ပြီးမတော်တဆထိခိုက်မှုများနှင့်ရောဂါအခံရှိသူများသတ်ိပြုရပါမယ်။အချစ်ရေးတွင်တစ်ဖက်အပေါ်တစ်ဖက်ကအနိုင်ယူနေတတ်ပြီးလွှမ်းမိုးနိုင်တာတွေ့ရပါတယ်။အချင်းချင်း သူဖက်ကိုယ့်ဖက်တွေးပေးတတ်ရန်လိုအပ်ပါလိမ့်မယ်။

#tarot_queen

သူငယ်ချင်းမောင်သာနိုး(သို့)ကျောင်းသားခေါင်းဆောင်စာရေးဆရာ၊ ကဗျာဆရာ
(၂)
အဲ့ဒီကြေညာချက်မှာပါတဲ့ “ဗမာစာအရေးအသားစာတမ်းဆိုတာ မန္တလေးမြို့အနောက်ကျုံးလမ်း၊ ဓမ္မဗိမာန်မှာ ကျင်းပတဲ့ စာဆိုတော်နေ့ အခမ်းအနားမှာ တင်ခဲ့တဲ့ ဗမာစာအရေးအသားသစ်” စာတမ်းပါ။ အဲ့ဒီစာတမ်းကြောင့် တစ်နိုင်ငံလုံးရဲ့ စာပေလောကကြီးတစ်ခုလုံးမှာ အလွန်ကြီးမားတဲ့ ဂယက်ထခဲ့ပါတယ်။ အဲ့ဒီစာတမ်း ကော်မတီမှာတင်ဖို့ တင်မိုးတို့၊ မောင်စွမ်းရည်တို့လည်း ကော်မတီဝင်များအဖြစ် ပါဝင်ပါတယ်။ မြန်မာမှာ အရေးနဲ့အပြော စကားပြေက နှစ်မျိုးဖြစ်ရပါမယ်။ စာသံပေသံနဲ့ ရေးနေကြတဲ့ အစဉ်အလာ စကားပြေထက် “အပြောစကားပြေက ဖတ်သူနားလည်ဖို့ ပိုပြီးစွမ်းဆောင်နိုင်တယ်ဆိုတဲ့ သဘောပါပဲ။ အဲ့ဒီစာတမ်းကြောင့် စာရေးချင်တဲ့ သူတွေမှာ ပိုပြီးတော့ လွယ်ကုသွားပါလိမ့်မယ်။
အဲ့ဒီလိုကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဖတ်ကြားတင်သွင်းခဲ့တာပါ။
အဲ့ဒီစာတမ်းကို ဖတ်လည်း မဖတ်ဘူးကြ၊ ရေရေလည်လည်လည်း မသိဘဲနဲ့ အမနာပ ပြောသူတွေကလည်း ပြောကြ၊ ရေးသူတွေကလည်း ရေးကြနဲ့ ဂယက်လှိုင်းက အလွန်ပြင်းထန်ခဲ့ပါတယ်။ အဲ့ဒီစာတမ်းကို ကော်မတီရဲ့ ကိုယ်စား ကိုသာနိုးက ဖတ်ကြားတ်သွင်းခဲ့တာပါ။ အပြစ်တင်ကြတဲ့သူတွေက မောင်သာနိုးကိုပဲ ပစ်မှတ်အဖြစ်ထားပြီး ပြင်းပြင်းထန်ထန် ဝေဖန်ကဲ့ရဲ့ကြတာပါ။ အခုတော့ ဝတ္ထုတွေမှာ၊ ဆောင်းပါးတွေမှာ အများက လက်ခံသွားကြပြီဆိုတာ အလွန်ရှင်းပါတယ်။ အဲ့ဒီစာတမ်းကို အထက်ဗမာနိုင်ငံ စာရေးဆရာ အသင်းကြီးက တာဝန်ယူတင်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့၊ တင်မိုးတို့၊ မောင်စွမ်းရည်တို့၊ ကြည်အောင်တို့က အဲ့ဒီအထက်မြန်မာနိုင်ငံရဲ့ အမှုဆောင်တွေပါ။ အဲ့ဒီစာတမ်းဟာလည်း မြန်မာနိုင်ငံစာပေသမိုင်းမှာ မြင့်မားလှတဲ့ မှတ်တိုင်ကြီးတစ်တိုင် ဖြစ်နေပါပြီ။

#ဆက်ရန်ရှိ

42 w - Translate

🤭🫰

image

ထိုင်းလေကြောင်းလိုင်းများက နှစ်သစ်ကူးလက်မှတ်ခ ၃၀ ရာခိုင်နှုန်းလျှော့ချ

နိုဝင်ဘာ ၂၉

ထိုင်းနိုင်ငံ၏ လေကြောင်းလိုင်း ၆ လိုင်းက နှစ်သစ်ကူး လျှော့စျေးအဖြစ် ပြည်တွင်း လေကြောင်းခရီးစဉ်များ အတွက် လေယာဉ်လက်မှတ်ခများကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးနေကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ဒီဇင်ဘာ ၂၆ ရက်မှ ဇန်နဝါရီ ၅ ရက်အထိ လျှော့စျေးပေးမည့် ခရီးစဉ်များသည် ဘန်ကောက်မှ ချင်းမိုင်(Chiang Mai) ၊ ချင်းရိုင် (Chiang Rai)၊ ဟတ်ယိုင် (Hat Yai)၊ ခွန်ခန် (Khon Kaen)၊ ခရာဘီ (Krabi)၊ ဖူးခက် (Phuket)၊ ဆမူအီ (Samui)၊ အူဘွန် ရတ်ချာသာနီ (Ubon Ratchathani) နှင့် အူဒွန်သာနီ (Udon Thani) ခရီးစဉ်များ ဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး သူရိယ ဂျန်ရန်ရီယန်ကစ် (Suriya Jungrungreangkit) က ပြောကြား ခဲ့သည်။

လျှော့စျေးပေးမည့် လေကြောင်းလိုင်းများမှာ Bangkok Airways၊ Nok Air၊ Thai AirAsia၊ Thai Airways International၊ Thai Lion Air နှင့် Thai Vietjet Air လေကြောင်းလိုင်းများဖြစ်သည်။

၃၀ ရာခိုင်နှုန်း လျှော့စျေးပေးမှုသည် နှစ်သစ်ကူး ခရီးသွားကာလ အတွင်းဖြစ်ပြီး ခရီးသွားများအနေဖြင့် လက်မှတ် များကို ဒီဇင်ဘာ ၅ ရက်မှ ၇ ရက်အတွင်း ကြိုတင် ဘိုကင်တင်၍ ဝယ်ယူရမည်ဟု မစ္စတာ သူရိယက ပြောကြားခဲ့ သည်။

Source: ဘန်ကောက်ပို့စ်

ပုံ - ထိုင်းလေဆိပ်ကိုတွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image

နိုင်ငံတကာရာဇဝတ်တရားရုံး ICC က မြန်မာနိုင်ငံကို စီရင်ပိုင်ခွင့်မရှိကြောင်းတရုတ်ပြော

နိုဝင်ဘာ ၂၉

နိုင်ငံတကာရာဇဝတ်တရားရုံးအနေနဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ မြန်မာနိုင်ငံကို တရားစီရင်ပိုင်ခွင့်မရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်း (Mao Ning) က နိုဝင်ဘာလ ၂၈ ရက်နေ့ ပုံမှန်သ တင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

“ဥပဒေအရ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ညွှန်ကြားပြီး လွှဲပြောင်းပေးတာမရှိရင် ICC အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ မဟုတ်တဲ့ နယ်မြေအတွင်းမှာ အဲဒီနိုင်ငံသားတွေကျူးလွန်တဲ့ ဆောင်ရွက်မှုတွေအတွက် ICC တရားရုံးက တရားစီရင်ပိုင်ခွင့်မရှိပါဘူး။” လို့ မော်နင်းက ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ AFP သတင်းထောက်ရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားစဉ် အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

“ရခိုင်အရေးဟာ အထူးသတိကြီးစွာ ကိုင်တွယ်ဖြေရှင်းဖို့လိုတဲ့ ရှုပ်ထွေးလှတဲ့ သမိုင်းကြောင်း၊ လူမျိုးရေးနဲ့ ဘာ သာရေးနောက်ခံအကြောင်းတွေရှိနေပါတယ်။ ရခိုင်အရေးဟာ မတူကွဲပြားတဲ့ အမြင်တွေ၊ နည်းလမ်း ပေါင်းစုံ တွေနဲ့ ချဉ်းကပ်ဖြေရှင်းရမယ့် အရေးဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ ရခိုင်ပြည်နယ်က ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်နေပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ၎င်းက ပြောပါတယ်။

“အခြေအနေတွေ တည်ငြိမ်လာအောင် ထိန်းကျောင်းပြီး တင်းမာမှုတွေ လျော့ကျသွားအောင်ဆောင်ရွက်တဲ့ နေရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ ပူးပေါင်းဆောင် ရွက်သွားမှာဖြစ်ပါတယ်။” လို့ မော်နင်းက ပြောပါတယ်။

ဘင်္ဂလီမူဆလင်တွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာ နစက ခေါင်းဆောင်ကို ICC က ဖမ်းဝရမ်းထုတ်ပေးဖို့ ICC ရှေ့နေချုပ်က နိုဝင်ဘာ ၂၇ ရက်နေ့က တောင်းဆိုခဲ့တာနဲ့ပတ်သက်ပြီး တရုတ် နိုင်ငံရဲ့သဘောထားအမြင်ကို AFP သတင်းထောက်က မေးမြန်းရာမှာ မော်နင်းက အခုလိုပြန်လည်ဖြေကြား ခဲ့တာဖြစ်ပါတယ်။

Ref: Foreign Ministry Spokesperson Mao Ning’s Regular Press Conference on November 28, 2024

#centralnewsnaypyitaw

image

ဒီနေ့မနက် ဘဲဥဟင်း
ကျိုက္ခမီကျောက်ပွင့်သုပ်
ဘူးသီးဟင်းခါးပါ
ဘဲဥ ၇ လုံးကိုရေမြုပ်အောင်ထည့်ပြီးဆားဟင်းခတ်ဇွန်း တဇွန်းထည့်ကာကျက်အောင်ပြုတ်ပြီးရေအေးစိမ်ပါ
အခွံခွာပြီးအပ်ချည်ကြိုးနှင့်
ထက်ခြမ်းဖြတ်ထားပါ
ကြက်သွန်နီဥ ၇ လုံးကိုအခွံသင်ရေဆေးပြီးစင်းလှီးထားပါ မန်ကျည်းမည့်ရေဖျော်ထားပါ
အိုးတလုံးမှာဆီတဆယ်ကျပ်သားထည့်ပြီးကြက်သွန်နီကို
ဆီသပ်ပါ နွမ်းလာရင်နနွင်းမှုန့်နဲနဲနှင့်ငရုတ်သီးအစိမ်းမှုန့်ဟင်းခတ်ဇွန်းတဇွန်းထည့်ပါ
အနံ့မွှေးလာအောင်အနှစ်ကျအောင်ရေနဲနဲချင်းထည်ပြီး
ကြာကြာလေးဆီသပ်ပါ
အနှစ်ကျရင်မန်ကျည်းရည်ဖျော်ထားတာထည့်ပါ
ရွှေလှေငံပြာရည်ဟင်းခတ်ဇွန်း
၄ ဇွန်းထည့်ပါ အချိုမှုန့်လက်ဘက်ရည်ဇွန်းတဝက်ထည့်ပါ
မွှေပေးပါ ဘဲဥခြမ်းထားတာထည့်ပါ မီးလျော့ပြီးခဏတည်ထားပါ အရသာမြည်း
ကြည့်ပါ အနေတော်ဆိုရင်
ကုလာလေးမဆလာမွှေးအုပ်ပြီးချပါ ဘဲဥဟင်းရပါပြီ
ကျိုက္ခမီကျောက်ပွင့်
လက်တဆုပ်ကိုရေဆေးသန့်စင်ပြီးရေညှစ်ကာဇလုံတခုမှာ
ထည့်ပါ ဂေါ်ဖီထုပ်လက်နှစ်လုံး ကြက်သွန်နီတဥ ငရုတ်သီးမိုးမျှော်သီး ၆
တောင့်ကိုရေဆေးပြီးပါးပါးလှီးထည့်ပါ မရမ်းပြား ၄ ပြား ညှပ်ထည့်ပါ ဟင်းခတ်ဇွန်းနှင့်
ရွှေလှေငံပြာရည် ဇွန်းတဝက်
ထည့်ပါ ပုဇွန်ခြောက်မှုန့် တဇွန်း မွှေးပဲအကျက်မှုန့်တဇွန်း
ကြက်သွန်ဖြူဆီချက် ၄ ဇွန်းထည့်ပါ အချိုမှုန့် လက်ဘက်ရည်ဇွန်း တဝက်ထည့်ပါ
အားလုံးကိုသမအောင်ဖွဖွ
လေးနယ်ပါ အရသာမြည်း
ကြည့်ပါ အနေတော်ဆိုရင်
ပန်းကန်ပြားတခုမှာထည့်ပြီး
အပေါ်မှာကြက်သွန်နီဆီချက်
အဖတ်ဖြူးပေးပါ
ကျောက်ပွင့်သုပ်ရပါပြီ
အိုးတလုံးမှာရေသင့်ရုံ
ထည့်ပြီးဆူအောင်တည်ပါ
စိမ်းစားငပိ ပုဇွန်ခြောက်မှုန့်
ထည့်ပါ ဆူလာရင်အပေါ်တက်
လာသည့်အမြုပ်တွေကိုခပ်ပြစ်ပါ ဘူးသီးအချောင်းလေးတွေလှီးထားတာထည့်ပါ
ရွှေလှေငံပြာရည်နှင့်အချိုမှုန့်
နဲနဲထည့်ပါ အရသာမြည်း
ကြည့်ပါ အနေတော်ဆိုရင်
ကြက်သွန်ဖြူညက်ညက်
ထောင်းထားတာထည့်ပါ
ငရုတ်ကောင်းမှုန့်ဖြူးထည့်ပါ
ဘူးသီးဟင်းခါးရပါပြီ
စားကောင်းကြပါစေ

image

၂၉.၁၁.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ........
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ

image