ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ချဲလ်ဆီးအသင်းနောက်ခံကစားသမား အန်ဆေးလ်ဒီဆာလ်ဆီအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ်အက်စတွန်ဗီလာအသင်းဆီပြောင်းရွှေ့ကစားဖို့မီးစိမ်းပြခံလိုက်ရပြီလို့ ဖာဘရေစီယိုရိုမာနိုကဖော်ပြခဲ့ပါတယ်။
ပြင်သစ်လက်ရွေးစင်နောက်ခံလူအဆင့်ရှိတဲ့ကစားသမားအန်ဆေးလ်ဒီဆာလ်ဆီဟာ ကလပ်အသင်းအသီးသီးဆီကနေစိတ်ဝင်စားမှုရခဲ့ပေမဲ့လည်း အက်စတွန်ဗီလာအသင်းဆီပြောင်းရွေ့ကစားဖို့သဘောတူညီမှုရထားခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ချဲလ်ဆီးအသင်းနဲ့အက်စတွန်ဗီလာအသင်းတို့ကြားအပြောင်းအရွှေ့အဆုံးသဝ်ဖို့သာလိုအပ်တော့တာလည်းဖြစ်ပါတယ်။
ဒီဆာလ်ဆီအနေနဲ့နည်းပြမာရက်စကာလက်အောက်မှာပွဲထွက်ကစားခွင့်သိပ်မရခဲ့ဘဲ ဒီရာသီပရီးမီးယားလိဂ်မှာ ၆ ပွဲသာကစားထားခဲ့ရတာဖြစ်ပါတယ်။သူနောက်ဆုံးပွဲထွက်ကစားရတဲ့ပွဲစဉ်အနေနဲ့ကတော့ ၂၀၂၄ဒီဇင်ဘာ ၃၀ရက်နေ့တုန်းကဖြစ်ပါတယ်။
#ဘောလုံးသတင်းစုံ
ရန်ကုန်ပို့မည့် ကျပ် ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သိန်းနီးပါးကို သာစည်မှာ ဖမ်းမိ
ဇန်နဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြိုနယ်တွင် ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်သည့် ငွေကျပ် ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၄ ရက် ည ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြိုနယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မူဆယ်မှ ရန်ကုန်သို့ မျိုးမင်းဦး (ခ) မဲကြီး မောင်းနှင်လာသည့် I ZONE ကုန်တင်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်၏ကိုယ်ထည်အတွင်း အံဝှက်ပြုလုပ် သယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုးငွေကျပ် ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းမိတရားခံကို စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် တရားခံအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#centralnewsnaypyitaw
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
ဇန်နဝါရီ ၂၉
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၆၄ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၄၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၄၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၃၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၂၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၆၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၅၃၀ ကျပ်
ဝယ်ဈေး - ၄၄၄၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၇၅ ကျပ်
ဝယ်ဈေး - ၃၂၇၅ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၅၅ ကျပ်
ဝယ်ဈေး - ၄၆၃၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၅.၁၄ ကျပ်
ဝယ်ဈေး - ၁၃၁.၅၈ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၃၆ ကျပ်
ဝယ်ဈေး - ၁၀၀၉ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၂၉ ကျပ်
ဝယ်ဈေး - ၆၁၂ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၃၀ ကျပ်
ဝယ်ဈေး - ၂၈.၅၃ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၆၄ ကျပ်
ဝယ်ဈေး - ၅၁.၂၅ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၅ ကျပ်
ဝယ်ဈေး - ၃.၀၇ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၆၇၀ ကျပ်
ဝယ်ဈေး - ၅၅၂၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၄၀ ကျပ်
ဝယ်ဈေး - ၂၇၆၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၆၅ ကျပ်
ဝယ်ဈေး - ၃၀၈၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၅ ကျပ်
ဝယ်ဈေး - ၅၆၉ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၄၂ ကျပ်
ဝယ်ဈေး - ၁၂၀၉ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။
#သတင်းဟင်းလေးအိုးကြီး
အငြိမ်းစား ပင်စင်စားများအနေနဲ့
ဖော်ပြပါ ဘဏ်ခွဲ (၁၆၆ )ခု အနက်မှ
မည်သည့် ဘဏ်ခွဲတွင်မဆို ပင်စင်လစာကို
ဝန်ဆောင်ခ အခမဲ့ဖြင့် ထုတ်ယူနိုင်ပါတယ်။
ပင်စင်စား/ မိသားစုပင်စင် ခံစားခွင့်ရသူ
ကာယကံရှင် ကိုယ်တိုင် မှတ်ပုံတင်မူရင်း၊
ပင်စင်ကဒ် (သို့) ပင်စင် စာအုပ်ကို
ယူဆောင်သွားဖို့တော့ လိုအပ်ပါတယ်။
#govjob

ဘာလော့တယ်လီ ထွက်ခွာဖွယ်ရှိတယ်လို့ ဂျီနိုအာအတည်ပြု
ဇန်နဝါရီ ၂၉
ဂျီနိုအာအသင်းဒါရိုက်တာ အော်တိုလီနီက တိုက်စစ်မှူး ဘာလော့တယ်လီဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။
အော်တိုလီနီက “မာရီယိုဟာ ပွဲကစားချိန် ပိုပြီးရရှိဖို့ စိတ်အားထက်သန်နေပေမယ့် ဒီမှာသူ့အတွက် ပေးစရာနေရာ အလုံအလောက် မရှိပါဘူး။ အပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံးရက်တွေမှာ လူတိုင်းနဲ့ ကိုက်ညီတဲ့အဖြေကို ကျနော်တို့
ရှာဖွေသွားမှာပါ။ ကျနော်တို့ဟာ သူကစားနိုင်မယ့် နေရာကို ရှာဖွေနေပေမယ့် သူဟာ ကွင်းထဲမှာ မိနစ်မရရှိဘူး ဖြစ်နေပါတယ်။ အဲဒါကြောင့် ကျနော်တို့ဟာ သူ့အတွက် အကောင်းဆုံးအဖြေကို စဉ်းစားနေတယ်”လို့ Sky Sports Italia ကို ပြောခဲ့တာပါ။
ဘာလော့တယ်လီဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်ကမှ ဂျီနိုအာအသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ လာခဲ့တာဖြစ်ပြီး သူ့ကိုနည်းပြဟောင်း ဂီလာဒီနိုက ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဂီလာဒီနိုဟာ ရက်အနည်းငယ်အကြာမှာ ထုတ်ပယ်ခံခဲ့ရပြီး ဂျီနိုအာအသင်းဟာ သူ့ရဲ့နေရာကို ဗီယာရာနဲ့ အစားထိုးခဲ့တာပါ။
ဘာလော့တယ်လီဟာ ပြင်သစ်ကလပ် နိုက်စ်အသင်းမှာ ကစားခဲ့ချိန်က ဗီယာရာနဲ့ အဆင်မပြေမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိ ဘာလော့တယ်လီဟာ ဂျီနိုအာအသင်းအတွက် ၆ ပွဲ ပါဝင်ကစားထားတာမှာ ပွဲကစားချိန် မိနစ် စုစုပေါင်း ၅၆ မိနစ်သာရှိခဲ့တာပါ။
ဘာလော့တယ်လီဟာ ဂျီနိုအာအသင်းမှာ ဂိုးမသွင်းနိုင်သေးပေမယ့် အဝါကတ် ၂ ကြိမ် ပြသခံထားရတယ်လို့ သိရပါတယ်။
သတင်းတွေအရ ဘာလော့တယ်လီဟာ အသင်းဟောင်း မွန်ဇာအသင်းထံ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ ဖော်ပြထားတာပါ။
ဂျီနိုအာအသင်းဟာ ဒီရာသီစီးရီးအေပွဲစဉ် ၂၂ ပွဲ ကစားအပြီးမှာ ရမှတ် ၂၆ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: italia Net
ပုံ - ဘာလော့တယ်လီကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ နိုင်ငံရပ်ခြားအကူအညီမျာအနက် မြန်မာနိုင်ငံအတွင်း၌ USAID အကူအညီရရှိနေသည့် ကျန်းမာရေးထောက်ပံ့မှုလုပ်ငန်းများ သက်ရောက်ဖွယ်ရှိ
ဇန်နဝါရီ ၂၉
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အမေရိကန်က ပြည်ပသို့ ထောက်ပံ့မှုပြုနေတဲ့ နိုင်ငံရပ်ခြားအကူအညီတွေအနက် အားလုံးနီးပါးကို ရပ်ဆိုင်းထားဖို့ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့်ကြောင့် ပြည်ပနိုင်ငံတော်တော်များများက အမေရိကန်အကူအညီရယူနေကြတဲ့ လုပ်ငန်းတွေမှာ ရုတ်တရက်ကို သောင်မတင်ရေမကျ အခြေအနေရောက်ခဲ့ကြတယ်လို့ သတင်းတွေကဆိုပါတယ်။
ဒီအထဲမှာ ဆိုမာလီယာနိုင်ငံက တန်ပြန်အကြမ်းဖက်လေ့ကျင့်ရေးသင်တန်း၊ မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက် ခြေတုလက်တု တပ်ဆင်ပေးမှု၊ ယူဂန်ဒါနိုင်ငံမှ HIV ဗိုင်းရပ်ကုသရေး၊ ကိုလံဘီယာနိုင်ငံမှ မူးယစ်ဆေးဝါးတားဆီးပိတ်ဆို့မှုနဲ့ အခြားများလှစွာသော အမေရိကန်အထောက်အပံ့နဲ့ ကမ္ဘာတစ်ဝန်း လည်ပတ်နေတဲ့လုပ်ငန်းတွေပါဝင်မှာပါ။
ဒေါ်နယ်ထရန့်ရဲ့ နိုင်ငံရပ်ခြားအကူအညီတွေ ရပ်ဆိုင်းထားဖို့အမိန့်က လူသားချင်းစာနာထောက်ထားမှု အစီအစဉ်တွေ၊ တန်ပြန်အကြမ်းဖက်လုပ်ငန်းအားထုတ်မှုတွေ နဲ့ လက်နက်ဝယ်ယူရေး ငွေကြေးထောက်ပံ့မှုတွေကိုပါ သက်ရောက်မှုရှိစေမှာပါ။
ဒါ့ပြင် ဒေါ်နယ်ထရန့်ရဲ့ အမေရိကန်နိုင်ငံကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှနုတ်ထွက်ဖို့ အမိန့်က မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ ကာကွယ်ဆေး၊ ကုသဆေး ထောက်ပံ့နေမှုတွေကို ထိခိုက်စေမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ လုပ်ငန်းတွေ လည်ပတ်နိုင်မှုအတွက် ကုန်ကျစရိတ် အကြီးမားဆုံးထည့်ဝင်နေတဲ့ အလှူရှင်နိုင်ငံပါ။
မြန်မာနိုင်ငံအတွင်းမှာဆိုရင် USAID အကူအညီရရှိနေတဲ့ကျန်းမာရေးထောက်ပံ့မှုလိုအပ်တဲ့ လူ့အဖွဲ့ အစည်းတွေကိုအထောက်အကူပေးမှု၊ မိခင်နဲ့မွေးကင်းစကလေးသေဆုံးမှုလျော့ကျစေဖို့ တခြားကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်တဲ့ HIV၊ ဌက်ဖျား၊ တီဘီတို့ကို အမြစ်ပြတ်အောင် တိုက်ဖျက်မှုလုပ်ငန်းတွေမှာ သက်ရောက်မှုရှိမယ်လို့ ယူဆရပါတယ်။
Ref- WSJ
#centralnewsnaypyitaw
နေပြည်တော်တွင် ဒုတိယအကြိမ် ဆေးဝါးတိုက်ရိုက်ရောင်းချပွဲအား ယမန်နေ့မှစတင်၍ ငါးရက်တိုင်တိုင် ကျင်းပနေ၊ ဖေဖော်ဝါရီလအတွင်း ရန်ကုန်နှင့်ပဲခူးတို့တွင် ထပ်မံရောင်းချပေးမည်
ဇန်နဝါရီ ၂၉
နေပြည်တော်တွင် ဒုတိယအကြိမ် ဆေးကုမ္ပဏီများမှ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဆေးဝါးတိုက်ရိုက်ရောင်းချပွဲအား ယမန်နေ့မှစတင်၍ ငါးရက်တိုင်တိုင် ကျင်းပလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။
နေပြည်တော်တွင် ရောင်းချပေးနေသည့် ဒုတိယအကြိမ် ဆေးဝါးတိုက်ရိုက်ရောင်းချပွဲအား ပျဉ်းမနားမြို့ “မင်္ဂလာကန်တော်ခန်းမ” (မြင်းရုပ်အနီး) ၌ ဇန်နဝါရီလ ၂၇ ရက်မှ ၃၁ ရက်အထိ ငါးရက်တိုင်တိုင် (တနင်္လာနေ့မှ သောကြာနေ့အထိ) နေ့စဉ် (နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ) ဖွင့်လှစ်၍ ဆေးကုမ္ပဏီ ၄၀ မှ ဆေးဝါးမျိုးစုံ ပါဝင်ပြသရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ဆေးဝါးဝယ်ယူရာ၌ ဝယ်ယူမရရှိခြင်းများနှင့် အခြားသောအခက်အခဲများရှိနိုင်ခြင်းတို့အပြင် ဆေးဝါးမှားယွင်းဝယ်ယူမိခြင်း မရှိစေရန်နှင့် အာနိသင်ရှိသော အလားတူဆေးဝါးများအား စိတ်ချစွာ ဝယ်ယူနိုင်ရန်အတွက် ဆွေးနွေးတိုင်ပင်မှုနှင့် လမ်းညွန်မှုပြုပေးနိုင်ရန် ပြပွဲတွင် ဆရာဝန်နှင့် ဆေးဝါးနားလည်ကျွမ်းကျင်သူများ ထားရှိ၍ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် လာမည့် ဖေဖော်ဝါရီလအတွင်း ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်လည်း အရောင်းစင်တာများကိုလည်း ထပ်မံဖွင့်လှစ်၍ ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ တိုက်ရိုက်ဆေးဝါးရောင်းချခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ဆေးဝါးသုံးစွဲသူပြည်သူများအနေဖြင့် မိမိတို့ကျန်းမာရေးအတွက် လိုအပ်သောဆေးဝါးများအား အဆိုပါ ဆေးဝါးအရောင်းစင်တာများတွင် လေ့လာကြည့်ရှု ဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။
အဆိုပါ ဆေးဝါးတိုက်ရိုက်ရောင်းချပွဲများအား ဆေးဝါးသုံးစွဲသူပြည်သူများ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရန်နှင့် ဆေးဝါးများ မပြတ်လပ်ရေးအတွက် ရည်ရွယ်၍ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ၏ ညွှန်းကြားမှုဖြင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းက ဦးဆောင်ကျင်းပလျက်ရှိပြီး ပထမအကြိမ်အနေအဖြင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်နှင့် ဩဂုတ်လတို့တွင် ရန်ကုန်၊ နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အရောင်းစင်တာများ ဖွင့်လှစ်ရောင်းချပေးခဲ့ပြီးဖြစ်သည်။
ပုံစာ- နေပြည်တော်တွင် ဒုတိယအကြိမ် ဆေးဝါးတိုက်ရိုက်ရောင်းချပေးနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း)
#သတင်းဟင်းလေးအိုးကြီး



Outdoor Headlamp, COB Head Flashlight Multi Angle Adjustment Super Bright Lightweight for Running for Hiking
စျေးနုန်း ၁၅၀၀၀ကျပ်။
● Super Bright: Head light with high power custom long range special wick, long range stronger, higher brightness, with 3 light modes.
● Adjustable Angle: Head flashlight with multi angle adjustment, to meet different lighting needs, more convenient to use in the dark environment.
● Rechargeable: Built in imported high capacity lithium battery, USB convenient charging interface, strong standby time, high charging efficiency.
● Wide Applications: Outdoor headlamp is suitable for any occasion, such as hiking, camping, fishing, running, mechanics and other work.
● IPX4 Waterproof: With strong sealing performance and waterproof effect, easily cope with a variety of outdoor harsh environment.
#shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
အသေးစိတ်အချက်လတ်များကို အောက်ပါလင့်မှဝင်ရောက်လေ့လာနိုင်ပါသည်။
www.shop.com.mm/shop/zaycho