ဝက်နံရိုး မီးတောက်
~~~~~~~~~~~
ဝက်နံရိုး ပြုတ်ရန် ပါဝင်ပစ္စည်းများ
ဝက်နံရိုး (သို့) ဝက်လည်ပင်ရိုး - ၈၀ကျပ်သား (ရေသန့်စင်အောင် ဆေးထားပေးပါ)
ဆား - စားပွဲတင်ဇွန်း ၁ဇွန်း
ပဲငံပြာရည် - စားပွဲတင်ဇွန်း ၂ဇွန်း
ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
အသားမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
ရေ - ၂လီတာခွဲ
စပါးလင် (သို့) ပဒယ်ဂေါ - ၂ပင် (ပါးပါးလှီးထားပါ)
ကြက်သွန်ဖြူချဉ် - ၁ခု
ကြက်သွန်နီ - ၁လုံး (ထပ်ခြမ်းခြမ်းထားပါ)
နံနံပင် အမြစ် - လက်တဆုပ်စာ

ဝက်နံရိုး ဟင်းချက်ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ

- ငရုတ်သီးစိမ်း - အတောင့် ၃၀ (ညက်အောင် ထောင်းထားပါ)
- သံပရာသီး - ၇လုံး (အစေ့ထုတ်ထားပါ)
- နံနံပင် - စည်းဝက် (ပါးပါးလှီးထားပါ)
- ကြက်သွန်မြိတ် - ၁စည်း (ပါးပါးလှီးထားပါ)
- ရှောက်ရွက် - စားပွဲတင်ဇွန်း ၁ဇွန်းစာ (ပါးပါးလှီးထားပါ)
- ငါးငံပြာရည် - စားပွဲတင်ဇွန်း ၃ဇွန်း

ဝက်နံရိုး ပြုတ်နည်း

၁။ အရင်ဆုံး ဝက်နံရိုးများကို သန့်စင်အောင် ဆေးထားပေးပါ။ အတုံးရှည်များ ပိုင်းဖြတ်ပါ။
၂။ ဝက်နံရိုးကို ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ အသားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ဖြင့် သမအောင် ရောနုယ်ထားပေးပါ။
၃။ ပြီနောက် ဒယ်အိုးကြီးထဲ ရေ၂လီတာခွဲ ထည့်ပြီ ဆူအောင် တည်ထားပါ။
၄။ ဆူလာလျှင် ဆား(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပါ။
၅။ ပြီနောက် ဝက်နံရိုးများကို ထည့်ပြီ ပြုတ်ပေးရမှာပါ။
၆။ ပြီမှ နံနံပင်အမြစ်၊ ကြက်သွန်ဖြူချဉ်၊ ကြက်သွန်နီ၊ စပါးလင်(သို့)ပဒယ်ဂေါ တို့ကို ထည့်ပြီ ရောမွှေလိုက်ပါ။
ရ။ အရသာအတွက် ပဲငံပြာရည် ငရုတ်ကောင်းမှုန့်များ ထည့်ပေးပါ။
၈။ ထို့နောက် ဝက်နံရိုးပြုတ်ရည် ဆူအောင် ပြန်တည်ထားပြီ ဆူလာလျှင် ပြုတ်ရည်မှ အမြုပ်များကို ဇွန်းဖြင့် ဖယ်ပေးပြီ မီးလျှော့လိုက်ပါ။
၉။ မီးနည်းနည်းဖြင့် slow cook ၁နာရီခွဲမှ ၁နာရီ၄၅မိနစ်ခန့် တည်ပေးရမှာပါ။
၁၀။ ဝက်နံရိုးများ နူးအိပြီဆိုလျှင် နံရိုး မီးတောက်ကို စတင်ပြင်ဆင်ပါတော့မည်။

နံရိုး မီးတောက်ပြုလုပ်နည်း

၁။ ဒယ်အိုးထဲမှ နံရိုးများကို ဇောက်ပန်းကန်ပြားထဲ ထည့်လိုက်ပါ။
၂။ ပြီလျှင် ထောင်းထားသော ငရုတ်သီးစိမ်း၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ရှောက်ရွက် တို့ကို ဝက်နံရိုးပေါ်မှ ဖြူးပေးလိုက်ပါ။
၃။ ပြီနောက် ဝက်နံရိုးပြုတ်ရည် (၃ခွက်) စာကို ငါးငံပြာရည်(စားပွဲတင်ဇွန်း ၁ဇွန်း)၊ သံပရာရည် (စားပွဲတင်ဇွန်း ၇ဇွန်း) တို့ဖြင့် သမအောင် ရောမွှေလိုက်ပါ။
၄။ ပြီမှ ရောမွှေထားတဲ့ ပြုတ်ရည်များကို ဝက်နံရိုးပေါ်သို့ ပူပူလေး လောင်းချပေးပြီ အရသာရှိသော နံရိုးမီးတောက် ချဉ်စပ် ဟင်းချိုကို သုံးဆောင်နိုင်ပါပြီ...
#မြိန်မြိန်

image
43 w - Translate

ဂျီးဆပ်စ်၏ ဒူးအရွတ်ဒဏ်ရာ ခွဲစိတ်ကုသရမည်
--------------------------
တိုက်စစ်မှူး ဂျီးဆပ်စ်ရဲ့ ဒူအရွတ်ဒဏ်ရာဟာ ခွဲစိတ်ကုသမှု ခံယူရတော့မှာဖြစ်တယ်လို့ အာဆင်နယ်အသင်းက အတည်ပြုခဲ့ပါတယ်။ ဘရာဇီးတိုက်စစ်မှူး ဂျီးဆပ်စ်ဟာ မန်ယူအသင်းနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲမှာ ဒဏ်ရာရခဲ့ပြီးနောက် ထမ်းစင်နဲ့ ကွင်းအပြင်ကို ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ဂျီးဆပ်စ်ရဲ့ ဒဏ်ရာကို သေချာစစ်ဆေးပြီးနောက် ဘယ်ဘက်ဒူးအရွတ်ဒဏ်ရာ ရခဲ့တာဖြစ်ပြီး ခွဲစိတ်ကုသမှုခံ ယူရမှာ ဖြစ်တယ်လို့ အာဆင်နယ်အသင်း ကြေညာချက်မှာ ရေးသားထားပါတယ်။ အသက် ၂၇ နှစ်အရွယ် ဂျီးဆပ်စ်ဟာ အခုရာသီအာဆင်နယ်အသင်းအတွက်ပြိုင်ပွဲစုံ ၂၇ ပွဲ ကစားပေးထားပြီး ၇ ဂိုးသွင်းယူပေးထား တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းမှာ ဆာကာ၊ ဘန်ဝှိုက်၊ တိုမီယာဆု၊ နွာနီရီနဲ့ ကာလာဖီအိုရီတို့ ဒဏ်ရာရ နေကြပြီး အခုတော့ ဒဏ်ရာရ စာရင်းမှာ ဂျီးဆပ်စ်လည်း ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဂျီးဆပ်စ်အနေနဲ့ ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူပြီးရင် အမြန်ဆုံးပြန်ကစားနိုင်ဖို့အတွက် ကြိုးစားသွားမယ်ဆိုပေမဲ့ ဒီလိုဒဏ်ရာမျိုးက အချိန်တိုအတွင်း ပြန်လည်သက်သာလာနိုင်ဖို့ မလွယ်ဘူးဆိုတဲ့ မှတ်ချက်ပေးမှုတွေလည်း ရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ အခုလအတွင်းမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲတွေအပြင် ဖေဖော်ဝါရီ လဆန်းပိုင်းမှာလည်း လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။

image

Gym ကို တစ်နှစ်စာ ငွေတူတူသွင်းထားတဲ့
သူငယ်ချင်းနှစ်ယောက် လမ်းမှာတွေ့ကြသောအခါ

image

Gym ကို တစ်နှစ်စာ ငွေတူတူသွင်းထားတဲ့
သူငယ်ချင်းနှစ်ယောက် လမ်းမှာတွေ့ကြသောအခါ

image

Gym ကို တစ်နှစ်စာ ငွေတူတူသွင်းထားတဲ့
သူငယ်ချင်းနှစ်ယောက် လမ်းမှာတွေ့ကြသောအခါ

imageimage
43 w - Translate

ဖားကန့် စဘော့ကျေးရွာ နွံကန်ပြိုကျမှု သေဆုံးသူ ၂၀ ဝန်းကျင်ရှိလာ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စဘော့ကျေးရွာ နွံကန်ပြိုကျမှု ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းအထိ ရုပ်အလောင်း ၂၀ ဝန်းကျင်တွေ့ရှိတယ်လို့ ရှာဖွေကယ်ဆယ်ရေးသမားတွေထံက သိရပါတယ်။
မနေ့က ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ရာမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသားတယောက်ကို အသက်ရှင်လျက် ရှာဖွေ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

image
43 w - Translate

တတိယမြောက် ဦးနှောက်ချစ်ပ်ထည့်မှု စတင်တော့မည်
---------------------
Neuralink ရဲ့ ဦးနှောက်ချစ်ပ်ပြားထည့်သွင်းမယ့် တတိယမြောက် အစီအစဉ် စတင်တော့မှာဖြစ်ကြောင်း Elon Musk က ပြောကြားလိုက်တာကို VOA သတင်းမှာ ဖော်ပြထားပါတယ်။ အာရုံကြောစနစ်ကို စက်တွေနဲ့ ချိတ် ဆက်လုပ်ဆောင်နေတဲ့ အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ Neuralink က သူ့ရဲ့ ဦးနှောက်-ကွန်ပျူတာ အင်တာဖေ့စ် ကုမ္ပဏီ Neuralink ကနေ တတိယမြောက်လူနာကို လက်ခံရရှိထားပြီဖြစ်တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ခန့်က လူနာတွေကို ပထမဆုံး ဦးနှောက်ချစ်ပ်ပြားထည့်သွင်းတာကနေစပြီး ကုမ္ပဏီအနေနဲ့ စက်ပစ္စည်းတွေနဲ့ ဘက်ထရီသက်တမ်း ပိုမိုတာရှည်ခံအောင် အဆင့်မြှင့်တင်တာတွေပြုလုပ်ခဲ့ကြောင်း Musk က ပြောကြားထားပါတယ်။

အခုနှစ်အတွင်းမှာလည်း Neuralink ရဲ့ ဦးနှောက်ချစ်ပ်ပြားထည့်သွင်းမယ့်အစီအစဉ်မှာ နောက်ထပ် လူနာ ၂၀ ကနေ ၃၀ အကြား စမ်းသပ်ကိရိယာတွေ တပ်ဆင်နိုင်ဖို့အတွက် မျှော်လင့်ထားကြောင်း Musk က ပြောကြားခဲ့ ပေမဲ့ နောက်ဆုံးလူနာဦးနှောက်ချစ်ပ်ပြားထည့်သွင်းမှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားထားတာ မရှိသေးပါဘူး။

image
43 w - Translate

ယခုရက်ပိုင်း အထူးသတိထားရမယ့် နေ့တနေ့ရဲ့ အအေးဆုံးအချိန်နဲ့ အပူဆုံးအချိန်တွေ

ယခုရက်ပိုင်းမှာ အအေးဆုံးအချိန်နဲ့ အပူဆုံးအချိန်တွေကို သတိထားကြရပါမယ်။ အအေးဆုံးက မနက်စောစော ၂ နာရီလောက်မှ ၇ နာရီလောက်အထိ အအေးဆုံးအချိန်တွေဖြစ်ပြီး အပူဆုံးက နေ့လည် ၁ နာရီလောက်ကနေ ညနေ ၄ နာရီကျော်သည်အထိ အပူဆုံးအချိန်တွေ ဖြစ်နေတတ်ပါတယ်။
ဒီနေ့ (၁၄ ရက်နေ့) အတွက် နမူနာ weather station ၄ ခုက အပူဆုံးနဲ့ အအေးဆုံးအချိန်တွေကို ပုံမှာ ပြပေးထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ညဦးပိုင်းသိပ်မအေးခင်မှာ အနွေးထည်မပါပဲ အိပ်တတ်ကြတဲ့အတွက် အအေးပိုလာချိန်မှာ မနိုးရင် လေဖြတ်သွားတတ်ပါတယ်။ ပူတဲ့အချိန်တွေမှာတော့ အရိပ်အောက်မှာနေခြင်း၊ ချွေးထွက်မလွန်အောင်နေခြင်းဖြင့် heat stroke ဖြစ်နိုင်မယ့် အန္တ-ရာ-ယ်ကို အသိရှိရှိ ကာကွယ်နိုင်ကြပါလိမ့်မယ်။ အခုအချိန်မှာတော့ လွန်ကဲတဲ့ အပူချိန်မဖြစ်သေးတာကြောင့် စိုးရိမ်စရာတော့ မရှိပါ။

မိုးလေဝသပညာရှင် ဦးဝင်နိုင်
#အအေးဆုံး
#အပူဆုံး
#realnews

image
43 w - Translate

ဆစ်ဒနီကမ်းခြေ ၉ ခုတွင် ဘောလုံးပုံ အပျက်အစီးများ ကျဆင်း
--------------------
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာရှိတဲ့ ကမ်းခြေ ၉ ခုမှာ အမည်မသိ ဘောလုံးပုံစံ အပျက်အစီးတွေ ကျဆင်း လာကြောင်း CNN သတင်းမှာ ရေးသားထားပါတယ်။ ကမ်းခြေပေါ်ကို ဘောလုံးအပိုင်းအစတွေလို အဖြူရောင်နဲ့ မီးခိုးရောင် အပျက်အစီးငယ်တွေ မျောပါလာပြီးနောက် လူသိများတဲ့ Manly ကမ်းခြေအပါအဝင် ဆစ်ဒနီရှိ ကမ်းခြေ ၉ ခုမှာ ရေကစားဖို့ တားမြစ်ပိတ်ပင်ထားခဲ့တယ်လို့ အာဏာပိုင်တွေ ပြောပါတယ်။

လက်ရှိမှာတော့ ဘေးကင်းရေးအတွက် အပျက်အစီးအပိုင်းအစတွေကို ဖယ်ရှားဖို့ လုပ်ဆောင်နေတယ်လို့ သိရပါ တယ်။ ဘောလုံးပုံ သဏ္ဌာန်အပျက်အစီး နမူနာအများစုဟာ စကျင်ကျောက်အရွယ်အစားဖြစ်ပြီး အချို့မှာ အရွယ် အစားပိုကြီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လှပတဲ့သဲသောင်ပြင်တွေ၊ သန့်ရှင်းတဲ့ ရေပြာပြာလေးတွေနဲ့ ဆစ်ဒနီ သမုဒ္ဒရာ ကမ်းခြေတွေဟာ ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်နေတာပါ။ ဒါပေမဲ့ လက်ရှိမှာ ဘောလုံးပုံစံ အပျက်အစီး အပိုင်းအစတွေ ကျလာတာ ကြောင့် ခရီးသွားတွေအတွက် အန္တရာယ်ဖြစ်မှာကို စိုးရိမ်တာကြောင့် အခုလို ယာယီပိတ်ထားရတာဖြစ်ပါတယ်။

image
43 w - Translate

ဆစ်ဒနီကမ်းခြေ ၉ ခုတွင် ဘောလုံးပုံ အပျက်အစီးများ ကျဆင်း
--------------------
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာရှိတဲ့ ကမ်းခြေ ၉ ခုမှာ အမည်မသိ ဘောလုံးပုံစံ အပျက်အစီးတွေ ကျဆင်း လာကြောင်း CNN သတင်းမှာ ရေးသားထားပါတယ်။ ကမ်းခြေပေါ်ကို ဘောလုံးအပိုင်းအစတွေလို အဖြူရောင်နဲ့ မီးခိုးရောင် အပျက်အစီးငယ်တွေ မျောပါလာပြီးနောက် လူသိများတဲ့ Manly ကမ်းခြေအပါအဝင် ဆစ်ဒနီရှိ ကမ်းခြေ ၉ ခုမှာ ရေကစားဖို့ တားမြစ်ပိတ်ပင်ထားခဲ့တယ်လို့ အာဏာပိုင်တွေ ပြောပါတယ်။

လက်ရှိမှာတော့ ဘေးကင်းရေးအတွက် အပျက်အစီးအပိုင်းအစတွေကို ဖယ်ရှားဖို့ လုပ်ဆောင်နေတယ်လို့ သိရပါ တယ်။ ဘောလုံးပုံ သဏ္ဌာန်အပျက်အစီး နမူနာအများစုဟာ စကျင်ကျောက်အရွယ်အစားဖြစ်ပြီး အချို့မှာ အရွယ် အစားပိုကြီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လှပတဲ့သဲသောင်ပြင်တွေ၊ သန့်ရှင်းတဲ့ ရေပြာပြာလေးတွေနဲ့ ဆစ်ဒနီ သမုဒ္ဒရာ ကမ်းခြေတွေဟာ ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်နေတာပါ။ ဒါပေမဲ့ လက်ရှိမှာ ဘောလုံးပုံစံ အပျက်အစီး အပိုင်းအစတွေ ကျလာတာ ကြောင့် ခရီးသွားတွေအတွက် အန္တရာယ်ဖြစ်မှာကို စိုးရိမ်တာကြောင့် အခုလို ယာယီပိတ်ထားရတာဖြစ်ပါတယ်။

image