Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လက်ရှိပြည်ပပို့ကုန်ကို ၂ ဆ တိုးမြှင့်ပို့နိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား
နိုဝင်ဘာ ၂၉
မိမိတို့နိုင်ငံသည် လက်ရှိပြည်ပပို့ကုန်ကို ၂ ဆ တိုးမြှင့်ပို့နိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူ ရမည်ဖြစ်ကြောင်း ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ စီးပွားရေးပညာနှစ် (၁၀၀) ရာပြည့် အထိမ်းအမှတ် အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကမ္ဘာ့ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးတို့၏ အားပြိုင်မှုများကို မိမိတို့နိုင်ငံအနေဖြင့်လည်း အနည်းနှင့်အများ သက်ရောက်ခံစားကြရကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ နိုင်ငံတော်တာဝန်ကို စတင်ယူကတည်းက စီးပွားရေးနှင့်ပတ်သက်ပြီး အဖျက်အမှောင့်၊ ပိတ်ဆို့ ဟန့်တားမှုများစွာနှင့် အကြပ်အတည်းများကို ကျော်လွှားနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ ကြောင်း ပြောသည်။
“ဖွံ့ဖြိုးဆဲတိုင်းပြည်တစ်ခုဟာ ဈေးကွက်ဝင်တဲ့ ကုန်ထုတ်လုပ်မှုမြင့်မားဖို့ အလွန်အရေးကြီးပါတယ်။ အကြောင်း အမျိုးမျိုးပြပြီး ကန့်သတ်မှုမျိုးစုံကြုံတွေ့နေရတဲ့ မိမိတို့နိုင်ငံဟာ လက်ရှိပြည်ပပို့ကုန်ကို ၂ ဆ တိုးမြှင့်ပို့နိုင်မှဘဲ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးမှာ အထောက်အကူရမှာဖြစ်ပါတယ်။ အဓိကကုန်ထုတ်လုပ်ငန်းဟာ လယ်ယာ ထုတ်ကုန်နဲ့ မွေးမြူရေးထုတ်ကုန်တွေ ဖြစ်ပြီးတော့ ပြည်နယ်၊ တိုင်းဒေသကြီးအားလုံး အခြေခံအားဖြင့် တူညီ ကြပါတယ်။ အသက် ၂၅ နှစ် အထက်လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းခန့်ဟာ ပညာရေးအသင့်အတင့်သာရှိတာ ကြောင့် မိမိတို့အနေနဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးကိုအခြေခံတဲ့ ကုန်ထုတ်လုပ်မှုတွေကို အလေးထား ဆောင်ရွက်သင့်တယ်ဆိုတာ ပေါ်လွင်နေပါတယ်။” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်ကြပြီး သဘာဝဘေးအန္တရာယ်ကြောင့်သာမက လူကြောင့်ဖြစ်သည့် ဘေးအန္တရာယ်ပါ ကြုံတွေ့နေရသည့် ဖွံ့ဖြိုး ဆဲနိုင်ငံတစ်ခုဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိပြီးချိန်ကစပြီး ဖွံ့ဖြိုးမှုလုပ်ငန်းများကို စီမံကိန်းများ စနစ်တကျ ချမှတ်အကောင်အထည်ဖော်ခဲ့ကြောင်း၊ သို့သော်လည်း သဘာဝဘေးနှင့် အခြားအနှောင့်အယှက်အမျိုးမျိုး ကြောင့် ပျက်စီးခဲ့သည့် လူမှုစီးပွားရေး အခြေခံအဆောက်အအုံများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများပါ လုပ်ဆောင်နေရသောကြောင့် ရင်းနှီးမြှုပ်နှံမှုများနှင့် လုပ်သားများ၏ ကြိုးပမ်းမှုများသည် ခရီးရောက် သင့်သလောက် မရောက်ခဲ့သည်ကိုလည်းတွေ့ရကြောင်း ပြောသည်။
အနာဂတ်တွင်တွေ့ကြုံရမည့် စီးပွားရေးနှင့်ပတ်သက်သည့် အခက်အခဲများကို ကမ္ဘာ့နိုင်ငံများအနေဖြင့် လေ့လာသုတေသနပြုပြီး သုံးသပ်တွက်ချက် ပြင်ဆင်လာကြသည်ကိုတွေ့ရကြောင်း၊ ထိုကဲ့သို့ပြင်ဆင် ကြရာတွင် သက်ဆိုင်ရာနိုင်ငံများ၏ ပြည်တွင်းစီးပွားရေးအခြေအနေ၊ လူ့အရင်းအမြစ်၊ သယံဇာတအရင်း အမြစ်နှင့် ငွေကြေးဓနအင်အား အခြေအနေအလိုက် ဆီလျော်သည့်နည်းလမ်းအမျိုးမျိုးကို ရှာဖွေချဉ်းကပ် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။
Credit - New Vision News Agency
#သတင်းဟင်းလေးအိုးကြီး
စီးပွားရေးနှင့်ပတ်သက်ပြီး အကျပ်အတည်းများကို ကျော်လွှားနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းခဲ့ရကြောင်း SAC ဥက္ကဋ္ဌ ပြောကြား
နိုဝင်ဘာ ၂၉
မြန်မာနိုင်ငံအပေါ် စီးပွားရေးနှင့်ပတ်သက်ပြီး အဖျက်အမှောင့်၊ ပိတ်ဆို့ဟန့်တားမှုနှင့် အကျပ်အတည်းများကို ကျော်လွှားနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာ ၂၈ ရက်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့သည်။
ကမ္ဘာ့ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးတို့၏ အားပြိုင်မှုများကို မိမိတို့နိုင်ငံအနေဖြင့်လည်း အနည်းနှင့်အများ သက်ရောက်ခံစားကြရကြောင်း၊ မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်တာဝန်ကို စတင်ယူကတည်းက စီးပွားရေးနှင့်ပတ်သက်ပြီး အဖျက်အမှောင့်၊ ပိတ်ဆို့ဟန့်တားမှုများစွာနှင့် အကျပ်အတည်းများကို ကျော်လွှားနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အခန်း (၁၀၊ ပုဒ်မ ၃၅ တွင် “နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်” ဟု ပြဋ္ဌာန်းထားကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အလျောက် ဈေးကွက်အားနည်းချက် (Market Failure) များစွာရှိသည့်အတွက် အစိုးရက ပါဝင်ဆောင်ရွက်နေရသည့် အခန်းကဏ္ဍများစွာရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုသည် ဈေးကွက်ဝင်သည့် ကုန်ထုတ်လုပ်မှုမြင့်မားရန် အလွန်အရေးကြီးကြောင်း၊ အကြောင်းအမျိုးမျိုးပြပြီး ကန့်သတ်မှုမျိုးစုံကြုံတွေ့နေရသည့် မိမိတို့နိုင်ငံသည် လက်ရှိပြည်ပပို့ကုန်ကို နှစ်ဆတိုးမြှင့်နိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မိမိတို့နိုင်ငံ GDP ၏ ၉၀ ရာခိုင်နှုန်းခန့်သည် ပုဂ္ဂလိကကဏ္ဍ၏ ထုတ်လုပ်မှုများဖြစ်သကဲ့သို့ နိုင်ငံစီးပွားရေးလုပ်ငန်းများ၏ ၉၅ ရာခိုင်နှုန်းသည်လည်း အသေးစား၊ အငယ်စား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများသာ ဖြစ်ကြကြောင်း၊ ထို့ကြောင့် ပို့ကုန်တိုးမြှင့်ရေးနှင့် သွင်းကုန်အစားထိုးရေး လုပ်ငန်းများအတွက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးမှုနှင့် Agro-based Industry ကို အဓိကထားပြီး MSME များဖွံ့ဖြိုးတိုးတက်မှုတို့ကို တွဲဖက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းများကို ပံ့ပိုးပေးလျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
#centralnewsnaypyitaw