1 နှစ် - ဘာသာပြန်ပါ။

တသောင်းလောက်နဲ့ဆီထည့်တဲ့လူရှိသေးလို့လားဟယ်
လူတွေလည်း တော်တော်ဆိုးနေပြီ

image
1 နှစ် - ဘာသာပြန်ပါ။

🗣မေးသူ: "မင်းအနေနဲ့ ကိုယ့်အိမ်မက်တွေကို ဖမ်းဆုပ်နိုင်ပြီလို့ ထင်လား?"

🗣ဘယ်လင်ဟမ်: "ဟုတ်ကဲ့၊ တခါတလေတော့ အဲ့လိုခံစားရပါတယ်။

မနက်အိပ်ရာနိုးလာတိုင်း ကိုယ့်ဖာသာကိုယ် ဆိ-တ်ဆွဲကြည့်ရတယ်။ အင်္ဂလန်အတွက် ဝင်ဘလေကွင်းမှာ ကစားပေးနေရတာရယ်၊ ရီးရဲယ်မက်ဒရစ်အတွက် ဘာနေဗျူးမှာ ကစားခွင့်ရနေတာရယ်က အိမ်မက်လားဆိုပြီးတော့ပေါ့။

ဘာနေဗျူးမှာ မက်ဒရစ်အတွက် ဒီအသက်အရွယ်မှာတင် ကစားပေးနိုင်မယ်လို့ မထင်ထားခဲ့ပါဘူး။

ကျနော့်ရဲ့ခရီးစဉ်မှာ တထောင့်တနေရာကနေ အားဖြည့်ပေးခဲ့သူတွေ အကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်။"

#footballcorner

image
1 နှစ် - ဘာသာပြန်ပါ။

အာကာသမှာ ဒေါ်လာ သန်း ၅၀၀ တန် Fine Dining သုံးဆောင်နိုင်ပြီ
======================================

အာကာသကို အလည်အပတ်ပို့ဆောင်ပေးတဲ့ ခရီးစဉ်တွေကို ကုမ္ပဏီ တချို့က အပြိုင်အဆိုင်ပြုလုပ်ပေးလာကြပါတယ်။ လူချမ်းသာတွေက အာကာသ အလည်အပတ် ခရီးစဉ်မှာ လိုက်ပါဖို့ ဘွတ်ကင်တွေတောင် တင်ထားကြပါတယ်။

အခုတော့ အာကာသကိုလည်းလည်ပတ်ရင်း Fine Dining စားသုံးနိုင်မယ့် ဝန်ဆောင်မှုကို ပြုလုပ်ပေးတဲ့ကုမ္ပဏီ ပေါ်လာပါတယ်။ အဲဒီကတော့ SpaceVIP ဖြစ်ပြီး အာကာသကိုလည်း လည်ပတ်နိုင်မယ် Fine Dining ကိုလည်း သုံးဆောင်နိုင်မယ့် ဝန်ဆောင်မှုကို ပြုလုပ်ပေးမှာပါ။ အိုင်ဒီယာကလည်း ထူးခြားသလို ဈေးနှုန်းကလည်းမသေးပါဘူး။ လူ ၁ ယောက်အတွက် ဒေါ်လာ သန်း ၅၀၀ သတ်မှတ်ထားပြီး လူ ၆ ယောက်ပဲ လိုက်ပါနိုင်မှာပါ။ ဘောလုံး အာကာသယာဉ်နဲ့ ကမ္ဘာမြေအထက် ၃၀ ကီလိုမီတာကို သွားရောက်နိုင်မှာဖြစ်ပြီး အာကာသမှာ ၆ နာရီကြာ လည်ပတ်နိုင်မှာပါ။

အာကာသကို ရောက်ရင် Michelin-star ရထားတဲ့ စားဖိုမှူး Rasmus Munk ရဲ့ အထူး ဖန်တီးထားတဲ့ ဟင်းလျာတွေကို စားသုံးနိုင်မှာပါ။ သူက ကမ္ဘာမှာ ဘယ်သူမှ မချက်ပြုတ်ပေးနိုင်တဲ့ အရသာကို ဖန်တီးပေးမှာ ဖြစ်ပြီး အဲဒီ အစားအစာတွေကို အာကာသ မီနူးလို့ အမည်ပေးထားပါတယ်။

အာကာသယာဉ်ဟာ မိုးပျံ ဘောလုံး ဒီဇိုင်း ဖြစ်ပြီး ဒုံးပျံတွေ မလိုအပ်ပါဘူး။ ခရီးသည်တွေဟာ သင်တန်း တက်စရာ မလိုဘဲ ခရီးစဉ်မှာ လိုက်ပါနိုင်ပါတယ်။

Ref : digitaltrends
Crd

image
1 နှစ် - ဘာသာပြန်ပါ။

တို့ကတော့ ငပိကြိုက်တယ်
မြန်မာမို့ကြိုက်တာမဟုတ်ဘူး
ကြိုက်ချင်လို့ကြိုက်တာ
ပြောရရင် ငပိက celebrity တယောက်လိုပဲ
ဘယ်သူမဆို သူနဲ့တွဲချင်ကြတယ်
ဘယ်ဟင်းမဆို သူနဲ့တွဲလို့ရတယ်
ငပိရည်မှာကိုဖျော်နည်းအမျိုးမျိုးရှိတယ်
ငါးနဲ့ဖျော်မလား ပုစွန်စို/ပုစွန်ခြောက်နဲ့ဖျော်မလား
ကျဲကျဲဖျော်မလား ပျစ်ပျစ်ဖျော်မလား
ငြုပ်သီးစိမ်းနဲ့ဖျော်မလား ငြုပ်သီးအကျက်မှုန့်/အလှော်မှုန့်နဲ့ဖျော်မလား ခရမ်းချဉ်သီးမီးဖုတ်ဖျော်မလား ကုလာအော်သီးဖုတ်ပြီးထည့်ဖျော်မလား
ကြိုက်သလိုဖျော်
Character မျိုးစုံရတဲ့ ၅ထပ်ကွမ်းအကယ်ဒမီမင်းသမီးလိုပဲ
အတို့လား
အစိမ်းစားလို့ရတဲ့အသီးအရွက်မှန်သမျှ
ငပိရည်နဲ့တို့စားလို့ရသလို
အစိမ်းမှမစားချင်ဘူး ပြုတ်တို့မယ်ဆိုလည်းရတယ်
ချဉ်ဖတ်ထည့်ဦးမလား ရတာပဲ
ပြောချင်တာက ငပိရည်က
မင်းသားမရွေးတဲ့မင်းသမီးလိုပဲ
ကြိုက်တဲ့သူလာထား ..... ရတယ်
ငပိရည်မကြိုက်ဘူး
ငပိထောင်းမှကြိုက်တယ်ဆိုလည်းရတယ်
မျှင်ငပိကောင်းကောင်းသာရှိ
မျှင်ငပိကိုဖုတ် ကြက်သွန်ဖြူ ငြုပ်သီးစိမ်း
ပုစွန်ခြောက်ထည့် ရသာမှုန့်နည်းနည်းထည့်
ရောထောင်းရုံပဲ
အေး
နည်းနည်းလောက်စတန့်ထွင်ချင်လား..ရသေးတယ်
ငပိထောင်းထဲကို သရက်သီးစိမ်းထည့်ထောင်းရင်
သရက်သီးထောင်း
မရမ်းသီးထည့်ထောင်းရင် မရမ်းသီးထောင်း
မျှစ်နုနုလေးတွေထည့်ထောင်းရင် မျှစ်ထောင်း
ခရမ်းသီးလေးတွေထည့်ထောင်းရင်
ခရမ်းသီးထောင်း
ဂွေးသီးထည့်ထောင်းရင် ဂွေးသီးထောင်း
ကဲ
ဘယ်ကားရိုက်ရိုက် အကယ်ဒမီရတဲ့မင်းသမီးလိုပဲ
ငပိကြော်ဆိုတာရှိသေးတယ်
မြန်မာအိမ်ရှင်မတွေ စိတ်ကူးဆန်းသစ်ပြီး
ဘယ်ပုံစံနဲ့ကြော်ကြော် အကုန်ကြိုက်တယ်
ထမင်းကြော်ထဲ ထည့်ကြော်ရင် ငပိထမင်းကြော်
ကြက်သားဟင်းထဲထည့်ချက် ကြက်သားငပိချက်
ချဉ်ပေါင်ဟင်းဘယ်လောက်ကောင်းကောင်း
ငပိထောင်းလေးတမြှုံ့မှမပါရင် ဟာတာတာကြီး
ရေးရရင် ကုန်မှာမဟုတ်ဘူး
ငပိ allergy ရှိတဲ့လူလည်းတွေ့ဖူးပါတယ်
သူတို့တကယ်မကြိုက်ကြပါဘူး
ဘာပဲပြောပြော အခြေခံလူတန်းစားတွေအတွက်
ငပိကမရှိမဖြစ်ပဲ
ငပိတစ်ကလော်ပစ်ထည့် ဆီနည်းနည်း ကြက်သွန်နီနည်းနည်းနဲ့ လှိမ့်လိုက်ရင် ထမင်းစားလို့ရပြီ
ကျုပ်တို့တော့ကြိုက်တယ်
ရက်ဆက်စားရင် သွေးတိုးပြီးခေါင်းမူးလို့သာ
အခုနောက်ပိုင်း ရက်ခြားပြီးစားတာ
ငပိနံ့ရရင် မူးမေ့ပြီးလဲမသွားဘူး
ငေါက်ခနဲ ထ,လာတာ
စားမလို့ 😝
Min Yel Kyaw Swar

image
1 နှစ် - ဘာသာပြန်ပါ။ - Youtube

Long play ဆိုတော့ Video တကားစာလောက်ထိုင်ကြည့်ရမယ်

1 နှစ် - ဘာသာပြန်ပါ။

ရေနံမြေနဲ့ ထိုးကြေး
ဆော်ဒီအာရေဗျနိုင်ငံက အားကစားပွဲတွေ ရှယ်လုပ်ချင်တာပါ။ အားကစားပုံရိပ်ကို သုံးလိုက်ပြီး သူတို့နိုင်ငံရဲ့ ခရီးသွားလာရေးစနစ်ကို မြှင့်တင်ချင်တာပါ။ ကစားသမားတွေက တခြားနိုင်ငံထက် ဆော်ဒီအာရေဗျနိုင်ငံမှာ ကစားရင် ပိုက်ဆံပိုရပါတယ်။ မြင်လွယ်အောင်ပြောရရင် ဩစတြေးလျနိုင်ငံသား Jai Opetaia က IBF Cruiserweight Champion ဖြစ်ပါတယ်။ IBF အဖွဲ့အစည်းက Jai Opetaia နဲ့ Mairis Briedis တို့ကို ကစားရမယ်လို့ သတ်မှတ်ပေးထားတယ်။ ကစားရင် ကစား၊ မကစားရင် ချန်ပီယံဘွဲ့ကို ရုတ်သိမ်းလိုက်မှာပါ။
ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပခဲ့တဲ့ Day of Reckoning ပြိုင်ပွဲကြီးမှာ Jai Opetaia နဲ့ Ellis Zorro တို့ကို တည်ပေးတယ်။ အဲဒါက ပွဲစီစဉ်သူတည်ပေးတာပါ။ IBF အဖွဲ့အစည်းက မဟုတ်ပါဘူး။ Jai Opetaia ဘက်က ဘာကိုရွေးမလဲ။ ပွဲစီစဉ်သူပေးတဲ့ ထိုးကြေးလား၊ IBF အဖွဲ့အစည်းရဲ့ ချန်ပီယံဘွဲ့လား။ ပထမအချက်ကိုပဲ ရွေးတာပါ။ IBF အဖွဲ့အစည်းက တည်ပေးထားတဲ့ Mairis Briedis ကို မထိုးပါဘူး။ ခါးပတ်အပြုတ်ခံပြီး Ellis Zorro ကိုပဲ ကစားလိုက်တယ်။
အားလုံးသိတဲ့အတိုင်း ကစားသမားတွေက အခြေခံထိုးကြေးရတယ်။ PPV အကျိုးအမြတ်ကို ခံစားခွင့်ရှိတယ်။ အဓိကက ဒါပါပဲ။ ဒါပေမယ့် ရေနံနိုင်ငံတွေမှာ ကစားရင် အဲဒီအချက်တွေအပြင် သူတို့နိုင်ငံကပေးတဲ့ စပွန်ဆာကြေးထပ်ရပါတယ်။ အခုလည်း ဆော်ဒီအာရေဗျနိုင်ငံက ပွဲစီစဉ်သူကို ပိုက်ဆံပေးထားပြီး ပွဲကျင်းပခိုင်းတာပါ။ Anthony Joshua ဆိုရင် ထိုးကြေးမြင့်ပြီးသားပါ။ နောက်ဆုံး (၅) ပွဲမှာ (၃) ကို ဆော်ဒီအာရေဗျနိုင်ငံမှာ ကစားလိုက်လို့ ပိုက်ဆံအများကြီးပိုရတယ်။
အခုဆိုရင် UFC အဖွဲ့အစည်းနဲ့ ဆော်ဒီအာရေဗျနိုင်ငံတို့က စာချုပ်လိုက်တယ်။ အဓိကက ပွဲကျင်းပဖို့ပါပဲ။ ဆော်ဒီအာရေဗျနိုင်ငံကလည်း အခြေခံဥပဒေတွေ ပြင်ပေးလိုက်တယ်။ နိုင်ငံအတွင်းမှာ အရက်ရောင်းချခွင့်ရတယ်တဲ့။ (၇၂) နှစ််အတွင်းမှာ ပထမဆုံးပြောင်းလဲလိုက်တာပါ။ ပွဲကျင်းပရင် ရုံထဲမှာ ဘီယာသောက်ကြတာမလား။ ဥပဒေပြင်ရတာ တခြားအကြောင်းအချက်တွေ ရှိနေသေးပေမယ့် အားကစားပြိုင်ပွဲကလည်း အကြောင်းရင်းတစ်ချက်ပါပဲ။
UFC အဖွဲ့အစည်းက ကမ္ဘာကျော်ဆိုပေမယ့် ဆော်ဒီအာရေဗျနိုင်ငံမှာ အခုချိန်ထိ ပွဲမလုပ်ဖူးဘူး။ စာချုပ်ကြောင့်သာ ဇွန်လ (၂၂) ရက်မှာ Robert Whittaker နဲ့ Khamzat Chimaev တို့ကို ခေါင်ပွဲထားပြီး ပွဲလုပ်ပါမယ်။ ပွဲကျင်းပတဲ့ နေရာကလည်း ဟိုတစ်ခါက Anthony Joshua နဲ့ Francis Ngannou တို့ကို ထိုးခိုင်းတဲ့ Kingdom Arena ပါပဲ။ ဘောလုံးကွင်းထဲမှာ သံဇကာဆောက်ပြီး ကစားရမှာပါ။ ပရိသတ်အကြိုက်ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။
+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷
CMKN Gas Stoves ဆိုတာက စားသောက်ဆိုင်၊ ဟိုတယ်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို မြန်မာတစ်နိုင်ငံလုံးမှာ တစ်ဦးတည်းမူပိုင် ဖြန့်ဖြူးရောင်းချပေးနေတဲ့ ကုမ္ပဏီဖြစ်ပြီး မြို့ကြီးတွေမှာလည်း ဆိုင်ခွဲတွေအများကြီး ဖွင့်လှစ်ထားပါတယ်။ အိမ်ရှင်မတွေရဲ့အကြိုက် နံပါတ် (၁) ထုတ်ကုန်ဖြစ်လို့ ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ်။
Reference Source - ESPN
Photo Credit - La Sueur
ကျော်စိုးအောင် (Myanmar Fight Edition)

image
1 နှစ် - ဘာသာပြန်ပါ။

လျှပ်စစ်ကားနဲ့ ကမ္ဘာတစ်ပတ် ပတ်ပြီး ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ ၂၅ နှစ်သမီး
ဂင်းနက်စ်စံချိန် ၂ ခု ပိုင်ဆိုင်ထားတဲ့ အမေရိကန် YouTuber ၊ ခရီးသွား မိန်းကလေး လက်ဇီအဲလ်ဖို့ဒ်က နောက်ထပ် စံချိန်သစ်တစ်ခု တင်လိုက်ပါပြီ။ လျှပ်စစ်ကားစီးပြီး ကမ္ဘာတစ်ပတ် ပတ်နိုင်တဲ့ ပထမဆုံးလူသားအဖြစ် စံချိန်တင်လိုက်တာပါ။
လက်ဇီအဲလ်ဖို့ဒ်ဟာ Ford Explorer လျှပ်စစ်ကားနဲ့အတူ တိုက်ကြီး ၆ တိုက်၊ နိုင်ငံပေါင်း ၂၇ နိုင်ငံကို ဖြတ်သန်းပြီး ကီလိုမီတာ ၃၀၀၀၀ ကျော် အကွာအဝေး ခရီးကို လျှပ်စစ်စွမ်းအင်တစ်မျိုးတည်းသုံးပြီး မောင်းနှင်ခဲ့တာပါ။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်မှာ စတင်ခဲ့တဲ့ အဲဒီခရီးစဉ်ဟာ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်မှာတော့ ပြင်သစ်နိုင်ငံ၊ နိစ်မြို့မှာ အဆုံးသတ်နိုင်ခဲ့ပါတယ်။
လက်ဇီအဲလ်ဖို့ဒ်ဟာ ဓာတ်အားပြတ်တောက်မှု မကြာခဏ ကြုံရတတ်တဲ့ အာဖရိကတိုက်၊ လျှပ်စစ်ကားအားသွင်းရာ အခြေခံအဆောက်အအုံမရှိတဲ့ ချီလီနိုင်ငံ၊ အက်တာကာမာသဲကန္တာရ၊ လမ်းမပေါက်တဲ့ နေရာတွေ၊ တောင်ကြားလမ်းတွေ၊ အလွန်အေးစက်တဲ့ နေရာတွေ အစရှိတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားပြီး လျှပ်စစ်ကားနဲ့ ကမ္ဘာတစ်ပတ် ပတ်နိုင်ခဲ့တာပါ။
စွန့်စားသွားလာရတာကို ဝါသနာထုံတဲ့ လက်ဇီအဲလ်ဖို့ဒ်ဟာ ၁၂ နှစ်သမီးအရွယ်ကတည်းက ကမ္ဘာတစ်လွှား ခရီးသွားလာဖို့ စိတ်ကူးခဲ့ပြီး သူ့ရဲ့ ခရီးစဉ်အတွက် မုန့်ဖိုးတွေကို စုဆောင်းထားခဲ့တာပါ။ သူဟာ ကမ္ဘာပေါ်က အချုပ်အခြာပိုင် နိုင်ငံအားလုံးကို လှည့်လည်သွားလာဖူးတဲ့ အသက်အငယ်ဆုံးပုဂ္ဂိုလ်၊ အသက်အငယ်ဆုံး အမျိုးသမီးအဖြစ် ဂင်းနက်စ်စံချိန် ၂ ခု တင်ထားသူဖြစ်ပြီး အသက် ၂၁ နှစ်၊ ၁၇၇ ရက်အရွယ်မှာပဲ အဲဒီခရီးစဉ်ကို ပြီးမြောက်အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်တုန်းက မြန်မာနိုင်ငံကို ရောက်ရှိခဲ့ဖူးပြီး သူ့ရဲ့ Lexie Limitless ဆိုတဲ့ အင်စတာဂရမ်အကောင့်မှာ မြန်မာနိုင်ငံရဲ့ ဈေးနေ့ နံနက်ခင်းပုံကို တင်ခဲ့ဖူးပါတယ်။
Crd

image
1 နှစ် - ဘာသာပြန်ပါ။

အဲ့ဒီလူကို ဘယ်လောက်တောင် သဘောကျခဲ့သလဲ။
အိမ်ကိုလဲ ဝန်ခံခဲ့တယ်။
ခံစားချက်အကုန်ကိုလဲ ထုတ်ပြခဲ့တယ်။
လူသိမခံနိုင်တဲ့ အကြောင်းတွေကိုလဲ ပြောခဲ့တယ်။
တိုးတိုးတိတ်တိတ်နေတတ်တဲ့ ငါ့လိုလူ
သူ့ဘဝထဲ ဝင်လာဖို့ ငါ ဘယ်လောက်တောင်အားယူခဲ့ရသလဲ။
အလဟသ ချစ်ခြင်း မေတ္တာတွေပါကွာ။
နောက်ဆုံးကျတော့လဲ စွန့်ပစ်ခံရတာပဲ။
Credit

image
1 နှစ် - ဘာသာပြန်ပါ။

Horizon Forbidden West PC
Graphic နဲ့ Game Play ကတော့ အဂျွတ်ကြီးပဲ
Storage က 124GB တောင်ဆိုတော့ Space တော့ယူတယ်ပြောရမယ်

image
1 နှစ် - ဘာသာပြန်ပါ။

Horizon Forbidden West PC
Graphic နဲ့ Game Play ကတော့ အဂျွတ်ကြီးပဲ
Storage က 124GB တောင်ဆိုတော့ Space တော့ယူတယ်ပြောရမယ်

image