မြန်မာ ၈ ဦးပါဝင်သော ချင်းမိုင်မြို့က ကျားဖြန့်ဂိုဏ်းကို ထိုင်း CIB ဖမ်းဆီး

နိုဝင်ဘာ ၂၈

ချင်းမိုင်မြို့တဝှမ်း စီးနင်းရှာဖွေမှုများစွာ ပြုလုပ်အပြီးမှာ အွန်လိုင်းလိမ်လည်မှုပြုလုပ်နေတဲ့ ဂိုဏ်းတွေနဲ့ ဆက်စပ်ရောင်း ဝယ်နေတဲ့ ကျားဖြန့်ဂိုဏ်းတစ်ခုကို ဖြိုခွင်းလိုက်နိုင်တယ်လို့ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CI က ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၂၇) ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

CIB Crushes the Grey Dragon လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးကို အင်္ဂါနေ့က ပြုလုပ်ခဲ့ပြီး နေရာ ၂၁ ခုကို စီးနင်းမှုအတွင်းမှာ သံသယရှိသူ ၁၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့လည်း CIB တပ်မှူး Jiraphop Phuride က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဖမ်းမိတဲ့အထဲမှာ ဂိုဏ်းခေါင်းဆောင် တရုတ်အမျိုးသားနဲ့ လက်ထပ်ထားတဲ့ အသက် ၃၀ အရွယ် ထိုင်းအမျိုးသမီး Jiraphan Prakobkit လည်း ပါဝင်ပါတယ်။ဂိုဏ်းခေါင်းဆောင်ဇနီးမောင်နှံအပြင် ထိုင်းအမျိုးသားတစ်ဦး၊ တရုတ်နိုင်ငံသား လေးဦးနဲ့ မြန်မာနိုင်ငံသား ရှစ်ဦးတို့ကို ကျားဖြန့်လိမ်လည်ဂိုဏ်းတွေဆီ ဆိုရှယ်မီဒီယာလုံခြုံရေး အယ်လဂိုရစ်သမ်တွေရဲ့ ထောက်လှမ်းမှုကို ရှောင်ရှားထားပြီးဖြစ်တဲ့ အကောင့်အစစ်အသွင် ခိုင်မာတဲ့ အကောင့်တုတွေကို မြင့်မားတဲ့စျေးနှုန်းနဲ့ ရောင်းချမှုအပါအဝင် ဆက်စပ်အမှုတွေအဖြစ် ဆက်သွယ်ရေးပစ္စည်းတွေကို “ခွင့်ပြုချက်မရှိဘဲ ပူးပေါင်းထုတ်လုပ်မှု၊ အသုံးပြုမှု၊ တင်သွင်း၊ တင်ပို့မှု ဒါမှမဟုတ် ဆက်သွယ်ရေးစက်တွေ ရောင်းဝယ်မှု” တွေနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

စီးနင်းမှုအတွင်း ဖမ်းမိတရားခံတွေဆီက ဘဏ်အကောင့် ၆ ခုနဲ့ ဘဏ်စာအုပ်၊ ဆင်းကတ် ၅၉၀,၀၀၀၊ ကွန်ပျူတာ ၇၂ လုံး၊ ကတ်ရီဒါ ၄၇ ခု၊ GSM Gateways ၆၄၂ ခုနဲ့ ဆ​က်စပ်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့သလို ဆင်းကတ် ၅၉၀၀၀၀ ထဲမှာ ထိုင်းဆင်းမ်ကတ်က ၃၅၀၀၀၀ နဲ့ ၁၅၀၀၀၀ က ဟောင်ကောင်နဲ့ တခြားနိုင်ငံတွေက ဆင်းမ်ကတ်တွေလို့ သိရပြီး မိုဘိုင်းဖုန်းအလုံး ၁၄၅၅ လုံး စတဲ့ ပစ္စည်းပေါင်း ၅၉၂၂၃၅ ခု သိမ်းဆည်းနိုင်ခဲ့တာပါ။ ဒါကြောင့် ဒီအမှူဟာ ထိုင်းနိုင်ငံထဲ ဖမ်းမိသမျှ ကျားဖြန့်လုပ်ငန်းတွေထဲ အကြီးဆုံးဖမ်းမိမှုဖြစ်လာခဲ့ပါတယ်။ CIB ဟာ လက်ရှိမှာ ဆက်စပ်တရားခံ ၂ ဦးကို ဆက်လက်ရှာဖွေနေသလို ဒီကျားဖြန့်ဂိုဏ်းဟာ ထိုင်းနိုင်ငံအတွင်းမှာ ကျင်လည်နေတာ နှစ်နှစ်ခန့်ရှိပြီလို့လည်း CIB တပ်မှူး Jiraphop က ပြောခဲ့ပါတယ်။

Ref, Nations & Thaiger

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image
42 w - Translate

အလုပ်မလုပ်ချင်ဘူး

အသဲလေးယားအောင်ပဲလုပ်ချင်တယ်

image
42 w - Translate

😁

image
42 w - Translate

အဝေးပြေးကားကြီးတွေ ...
စီးရတဲ့ အရသာကို ကြိုက်လား

အထူးသဖြင့် ညလုံးပေါက်
စီးသွားရတဲ့ ခရီးမျိုးတွေမှာပေါ့၊

နားကြပ်လေး တပ်ပြီး
သီချင်း နားထောင်မယ်၊

စာဖတ်ချင် ဖတ်နေမယ်
လိုင်းသုံးချင် သုံးနေမယ်၊

လိုက်ကာလေး လှပ်ကြည့်လိုက်လို့
ကားမှန်ရဲ့အပြင်မှာ မှောင်မဲနေတာမျိုးဆို
အကြောင်းမဲ့ငေးနေမိမယ်၊

"အဲ့ဒီအရသာမျိုး ကျွန်တော်သိပ်ကြိုက်တာ"

image
42 w - Translate

🖤💯

image
42 w - Translate

ဘယ်လိုရှင်းပြရမှန်းတောင်မသိဘူး၊ ငါသိတာကတော့ ငါအခုအဆင်မပြေဘူးဆိုတာပဲ..

image
42 w - Translate

ဒေစီပန်းတွေနဲ့ နေကြာပန်းလေး 🤍🌻

image
42 w - Translate

အဆိုးဝါးဆုံး နာကျင်မှုဟာ ပြုံးနေပေမယ့် ရင်ထဲမှာ သေဆုံးသွားတဲ့အခါပါပဲ။ """.

image
42 w - Translate

ကျွန်တော် အသည်းကွဲတုန်းကဆိုရင်လေ ...
ခင်ဗျား လူတစ်ယောက်ကို
သည်းသည်းမည်းမည်း ချစ်ခဲ့ဖူးလား
ဒါဆို ...
ခင်ဗျားလဲ ကျွန်တော့်လို
နာကျင်ခဲ့ရမှာပဲနော်
ကျွန်တော်တို့က
ချစ်ခဲ့တဲ့ နှစ်တွေကြာတယ်
ပြီးတော့လေ ...
မက်ခဲ့တဲ့ အိပ်မက်တွေများတယ်
ထားခဲ့တဲ့ မျှော်လင့်ချက်တွေများတယ်
သူကလဲ သိပ်ချစ်ခဲ့ဖူးတာ
ကျွန်တော်ကလဲ
သိပ်ချစ်ခဲ့ရတာ
ဒါပေမယ့်
အဆုံးသတ်တွေကတော့
လမ်းခွဲခြင်းတွေပဲပေါ့ ။
ကျွန်တော်
ဆွဲထားခဲ့သေးတယ်
ထွက်မသွားဖို့
အများကြီး တောင်းပန်ခဲ့ဖူးသေးတယ်
ထွက်မသွားရင်ပြီးရောဆိုတဲ့စိတ်နဲ့
ရပ်နေမိသေးတယ်
ဒါပေမယ့်လေ
ကိုယ့်အရှေ့မှာ သူငိုနေတဲ့
မျက်ရည်တွေကိုကြည့်နေရတာ
ပိုနာကျင်ရတယ်လေ
ကိုယ်သာ သူ့အနားက ထွက်သွားရင်
သူ ပျော်ရမှာ
ဒါပေမယ့်
ကိုယ်တော့ အသည်းတွေကွဲရမယ်ပေါ့
နောက်ဆုံးတော့ ...
အသည်းကွဲရမယ့် လမ်းကိုပဲ ရွေးရုံတတ်နိုင်ခဲ့တာလေ
ကျွန်တော် ...
အသည်းကွဲတုန်းကဆိုရင်လေ
အနာဂတ်တွေဟာ
ပျောက်ရတယ်
သူနဲ့အတူဆိုပြီး မက်ခဲ့တဲ့အိပ်မက်တွေအားလုံးကို
ရင်နာနာနဲ့ မေ့ပစ်ရတယ်
ဒီလောက်နှစ်တွေ အကြာကြီးမက်ခဲ့တာလေ
ကိုယ့်အတွက်ဆိုပြီး
သီးသန့် ဘယ်ရှိပါ့မလဲ
အဲ့တော့ ...
အိပ်မက်တွေ အားလုံးဟာ တကယ်ပဲ ပျောက်ရတယ်
မနက်နိုးလာတယ်
ညတွေ မိုးချုပ်သွားတယ်
လုပ်ရမယ်ဆိုတဲ့ အရာကိုလုပ်တယ်
ဒီလောက်ပဲ
ငါ ဘာလုပ်ချင်တယ်
ငါ ဘာစားချင်တယ်ဆိုတဲ့
အိပ်မက်လေးတောင်
နည်းနည်းလေး ရှိမနေတော့ဘူး
အဆင်ပြေပါတယ်ဆိုတဲ့
စကားကို သုံးတယ်
ဘယ်သူနဲ့ မတွေ့နိုင်တဲ့
အခန်းကျဥ်းလေးထဲမှာထိုင်တယ်
ဒီလိုနဲ့ ရက်တွေ ရက်တွေ
ကုန်သွားခဲ့တာ
တစ်နေ့လုံး နေတာအကောင်း
သူ့အကြောင်း ခေါင်းထဲ ၀င်လာရင်
ဖုန်းဆက်ချင်တဲ့စိတ်တွေရယ်
စာပို့ချင်တဲ့စိတ်တွေရယ်က
ထိန်းမနိုင်သိမ်းမရနဲ့
နောက်ဆုံး
ကိုယ်ပဲ မအိပ်နိုင်ဖြစ်ရတာမျိုးလေ
ထားပါတော့ ...
ကျော်ဖြတ်ခဲ့တာ ဘယ်ဟုတ်ပါ့မလဲ
နှစ်တွေ အများကြီးကို
ဒီတိုင်း ကျော်လွန်ခဲ့ကြတာပါ
အချိန်ကြာလာလို့
နည်းနည်းလေး နေနိုင်လာတာလောက်ရှိတာပါ
နေသားမကျသေးဘူး
ပြီးတော့ အနာမကျက်သေးဘူး
ပြီးတော့ မမေ့နိုင်သေးဘူး
ဒါပေမယ့်
လွမ်းပါတယ်ဆိုပြီး
မဆိုင်တော့တဲ့ လူတစ်ယောက်ကို
တမ်းတနေလို့လဲ မရဘူး
ချစ်ပါတယ်ဆိုပြီး
ပြောပြနေလို့လဲ မဖြစ်ဘူးလေ ...
ပိုချစ်တဲ့သူက ပိုနာကျင်ရတယ်ဆိုတဲ့
စကားဟာလဲ မှန်တယ်
ပိုမျှော်လင့်မိတဲ့သူက ပိုခံစားရတယ်ဆိုတဲ့
စကားဟာလဲ မှန်တယ်
အများကြီး ရင်းထားတဲ့လူက
ဘ၀နဲ့ရင်းပြီး ရှုံးရတယ်ဆိုတာကလဲ
မှန်တယ် ...
ထားပါ .. သင်ခန်းစာပဲပေါ့
ဒါပေမယ့်
နှလုံးသားတစ်ခုလုံး ရင်းရဲ့ရတာတော့ မတန်ဘူး
မျက်ရည်တွေ အများကြီးကုန်ခဲ့ရတာတော့ မတန်ဘူး

#ကျေးကို

image
42 w - Translate

"နှာခေါင်းနည်းနည်းကြီးတယ်နော့်တဲ့ ဟုတ်ကဲ့
အဲ့တာ မိသားစု logo ပါ

image