1 နှစ် - ဘာသာပြန်ပါ။

မှိုဟင်း

ခရမ်းချဉ်သီး တလုံး ကြက်သွန်ဖြူနီရယ်
ငြုပ်သီး အမှည့်စိုလေးရယ်(သို့)အစိမ်းတောင့်လေးရယ်မညက်တညက်ထောင်း(သို့)ကပ်ကြေးနဲ့ညှပ် ပီး
ဆီနည်းနည်းထည့် ဆီသပ်ပြီး မှိုထည့်ပါ ဆား အရသာ ထည့်ပါ ရေမထည့်ပါနဲ့ သူ့ထွက်လာတဲ့ရေလေးနဲ့ထားပါ ကျက်ခါနီး ပင်းစိမ်းရွက်လေးခပ်ပါ စားလို့ကောင်းတယ် တခွက်တည်းနဲ့ဟင်းဖြစ်တယ် မှိုဆေးရင်လဲ မလှီးခင်ရေဆေးနော် လှီးပြီးမှရေဆးရင် ရေတွေပိုထွက်တယ် ချက်ထားတာ ပျိုးမှိုကောက်ရိုးမှိုဆို ခဏပဲချက်ပါ
သဘာဝမှိုဆိုရင်တော့
ရေထည့်ပြီးကြာကြာလေးချက်ပါနော် (သဘာဝမှိုလည်းဒီချိန်မပေါ်သေးပါ)အဆိ၊ ပ်တောက်ပြေအောင်လဲ ကန်စွန်းရွက်ထည့်နိုင်ပါတယ်
ပင်စိမ်းရွက်က တော့မှိုနဲ့အရအလိုက်ဘက်ဆုံးပါလို့...
ရေမပျစ်မကျဲလေးမှာ ချပါ အရမ်းစားကောင်းတာ တမျိုးတည်းနဲ့

image
1 နှစ် - ဘာသာပြန်ပါ။

သမ္မတယွန်းအား ထိန်းသိမ်းခွင့်ကာလကို သက်တမ်းတိုးရေး တရားရုံးပယ်ချ

ဆိုးလ်၊ ဇန်နဝါရီ ၂၇

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်ဗဟိုခရိုင်တရားရုံးက သမ္မတယွန်းဆော့ရွဲ(Yoon Suk Yeol) အား ထိန်းသိမ်းခွင့် ကာလကို သက်တမ်းတိုးရန် အစိုးရရှေ့နေများ၏ တောင်းဆိုချက်ကို ဇန်နဝါရီ ၂၅ ရက်က ငြင်းပယ်ခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။

အစိုးရရှေ့နေများသည် ယွန်းအား စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုနှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းခွင့်ကာလကို သက်တမ်းတိုးပြီး တရားစွဲဆိုရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က ယွန်းသည် ပုန်ကန်မှု စွဲချက်များဖြင့် ဖမ်းဆီးခံခဲ့ရပြီး တောင်ကိုရီးယားနိုင်ငံ သမိုင်းတွင် သမ္မတရာထူးတွင်ရှိနေစဉ် ဖမ်းဆီးခံရသည့် ပထမဆုံးသမ္မတ ဖြစ်လာခဲ့သည်။

ဇန်နဝါရီ ၂၅ ရက်တွင်မူ ဆိုးလ်ဗဟိုခရိုင်တရားရုံးက ယွန်းအား ထိန်းသိမ်းခွင့်ကာလကို သက်တမ်းတိုးရန် တောင်းဆိုချက်အား ပယ်ချခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

ထိန်းသိမ်းခွင့်ကာလကို သက်တမ်းတိုးခွင့်ပြုရန် ခိုင်မာသည့် အထောက်အထားများ မတွေ့ရကြောင်း တရားသူကြီးတစ်ဦးက ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာတွင် တရားရုံးက ထိန်းသိမ်းခွင့်ကာလကို သက်တမ်းတိုးမည့် တောင်းဆိုချက်အား ပယ်ချခဲ့ခြင်းဖြစ်သည်။

အစိုးရရှေ့နေများကမူ ယွန်းအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန် တရားဝင် စွဲချက်တင်ခြင်းမပြုမီ ဖေဖော်ဝါရီ ၆ ရက်အထိ ထိန်းသိမ်းထားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

“ထိန်းသိမ်းခွင့်ကာလ သက်တမ်းတိုးဖို့ တရားရုံးရဲ့ ငြင်းဆိုလိုက်တာကြောင့် အစိုးရရှေ့နေတွေဟာ ယွန်းကို အကျဉ်းထောင်ပို့ဖို့အတွက် တရားဝင် စွဲချက်တင်ဖို့ အမြန်ဆုံး လုပ်ဆောင်ရတော့မှာပါ” ဟု အစိုးရရှေ့နေ ယူးဂျွန်ဟွန်း (Yoo Jung-hoon) က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

ယွန်း၏ တရားရေးအဖွဲ့က စုံစမ်းစစ်ဆေးသူများသည် တရားဝင် အာဏာပိုင်မှု အားနည်းကြောင်း ပြောကြားမှုနှင့် အတူ ယွန်းသည် ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းရန် ငြင်းဆိုခဲ့သည်။

Source: CAN

ပုံ - တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲကို တွေ့ရစဉ်

#centralnewsnaypyitaw

image
1 နှစ် - ဘာသာပြန်ပါ။

Piercing ✨

image
1 နှစ် - ဘာသာပြန်ပါ။

Piercing ✨

image
1 နှစ် - ဘာသာပြန်ပါ။

Piercing ✨

image
1 နှစ် - ဘာသာပြန်ပါ။

Piercing ✨

image
1 နှစ် - ဘာသာပြန်ပါ။

Piercing ✨

image
1 နှစ် - ဘာသာပြန်ပါ။

Piercing ✨

image
1 နှစ် - ဘာသာပြန်ပါ။

Piercing ✨

imageimage
+4
1 နှစ် - ဘာသာပြန်ပါ။

ပို့ကုန်/သွင်းကုန်များအပေါ် အခွန်စည်းကြပ်ကောက်ခံခြင်းကို ယခင်အတိုင်းပြန်လည်ကောက်ခံမည်

ယခု ဇန်နဝါရီ ၂၅ ရက်မှစတင်၍ပို့ကုန်/သွင်းကုန်များအပေါ် အခွန်စည်းကြပ်ကောက်ခံခြင်းကို ယခင်ကောက်ခံနေသည့် တစ်ဒေါ်လာ ၂၁၀၀ ဖြင့်‌ပြန်‌လည်ကောက်ခံသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် ၈ /၂၀၂၅ ဖြင့် ထုတ်ပြန်ထားသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တင်သွင်း၊ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန်ဦးစီးဌာနက မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်လျက်ရှိသည့် ဈေးကွက်ငွေလဲလှယ်နှုန်း (Market Trading Rate) ကို အခြေခံသည့် အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) ဖြင့် အခွန်စည်းကြပ်ကောက်ခံမည်ဖြစ်ကြောင်း ၂၇-၁၂-၂၀၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၉ဝ/၂ဝ၂၄ ဖြင့် ထုတ်ပြန်ခဲ့သည်။

ယခုအခါ တင်သွင်း၊ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်လျက်ရှိသည့် ရည်ညွှန်းငွေလဲလှယ်နှုန်း (Reference Rate) ကို အခြေခံသည့် အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) ဖြင့် အခွန်စည်းကြပ်ကောက်ခံမည်ဖြစ်သည်။

ယခင်ထုတ်ပြန်ထားသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၇-၁၂-၂ဝ၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၉ဝ/၂ဝ၂၄ ကို ဤအမိန့်ကြော်ငြာစာဖြင့် ပယ်ဖျက်လိုက်ကြောင်း ဖော်ပြထားသည်။