43 w - Translate

😅

image

မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သည့် အဖွဲ့အား ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလို၊ PHENSEDYL ၃၀ ပုလင်းနှင့်အတူ မန္တလေးမြို့တွင် ဖော်ထုတ်ဖမ်းဆီးရမိ

ဇန်နဝါရီ ၁၅

မန္တလေးမြို့တွင် မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သည့် အဖွဲ့အား ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလို၊ PHENSEDYL ၃၀ ပုလင်းနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၇ ရက် ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ၄၁(A)လမ်း၊ ၆၁ x ၆၂ လမ်းကြားတွင် မူးယစ်ဆေးဝါး အရောင်းအဝယ်ပြုလုပ်နေကြောင်း သတင်းအရရှာဖွေစစ်ဆေးခဲ့ရာ စောဖြိုးအောင်၊ လင်းလင်းအောင်၊ လှိုင်ဖြိုးထွေး(ခ)ကိုထွေးနှင့် အောင်မျိုးသိန်း(ခ)တာတီးတို့ ၄ ဦးကို TOYOTA CROWN မော်တော်ယာဉ်တစ်စီး၊ ပလတ်စတစ် ဆပ်ပြာခွက် ၆၆၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းမိတရားခံများ၏ ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၄ နာရီခွဲအချိန် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင် ရပ်ကွက်ရှိ စောဖြိုးအောင်၏ နေအိမ်မှ တစ်ပုလင်းလျှင် ၁၀၀ မီလီလီတာစီပါ PHENSEDYL ၃၀ ပုလင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။

ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ နားရိုင်းရွာသစ်ကျေးရွာနေ ကိုစိုင်း(ခ)အားချိန်၏ အစီအမံဖြင့် ချမ်းအေးသာစံမြို့နယ်နေ အောင်သူ(ခ)စိန်သောင်းမှ တာဝန်ခံ၍ လှိုင်ဖြိုးထွေး၊ သန့်ဇင်ထွန်း၊ လင်းလင်းအောင်နှင့် ဇော်မျိုးသိန်းတို့အား သယ်ဆောင်ခိုင်းပြီး ချမ်းအေးသာစံမြို့နယ်နေ စောဖြိုးအောင်မှ မန္တလေးမြို့တွင် ဘိန်းဖြူများဝယ်ယူ၍ မြန်မာ-အိန္ဒိယနယ်စပ်၊ တမူးမြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ပြီး မြန်မာ-အိန္ဒိယနယ်စပ်နေ ကီရန်းမှ ပြန်လည်ရောင်းချခြင်း ဖြစ်ကြောင်းနှင့် ကလေးမြို့မှ မန္တလေးမြို့သို့ PHENSEDYL များ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဘိန်းဖြူရောင်းချပေးခဲ့သည့် အောင်သူနှင့် သန့်ဇင်ထွန်းတို့အား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးတွင် SUZUKI Ciaz မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ PHENSEDYL များ ရောင်းချပေးခဲ့သူ လှိုင်မျိုးထွန်း(ခ)သီလွန်းအား မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့၍ ၎င်းတို့ကို ဥပဒေအရအရေးယူထားရှိကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#centralnewsnaypyitaw

imageimage

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဆံပင်ညှပ်အလှပြင်ဆိုင်တွင် အလုပ်လုပ်နေသော မြန်မာအမျိုးသမီး တစ်ဦးအပါအဝင် နိုင်ငံခြားသားငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး

ဇန်နဝါရီ ၁၅

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရဲ့ ဆူခွန်ဗစ်လမ်းပေါ်မှာရှိတဲ့ ဆံပင်ညှပ်အလှပြင်ဆိုင်တစ်ဆိုင်မှာ တောင်ကိုရီးယားနိုင်ငံသားလေးဦးနဲ့ မြန်မာနိုင်ငံသားတစ်ဦးတို့ကို ထိုင်းနိုင်ငံသားတွေအတွက် ဆံပင်ညှပ်အလုပ်တွေ ခွင့်ပြုချက်မရှိဘဲလုပ်ကိုင်နေလို့ ထိုင်းရဲတပ်ဖွဲ့က ဇန်နဝါရီလ ၁၄ ရက်ကဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ က မွန်းလွဲ ၃ နာရီ ၁၅ မိနစ်လောက်မှာ ဆံပင်ညှပ်ဆိုင်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဆူခွန်ဗစ်လမ်းပေါ်က စီးပွားရေးဆိုင်ရာ အဆောက်အအုံတစ်ခုရဲ့ ဒုတိယထပ်ရှိဆံပင်ညှပ်ဆိုင်အမည်ကိုတော့ ရဲတပ်ဖွဲ့က မထုတ်ပြန်ခဲ့ပါဘူး။

ရဲတပ်ဖွဲ့ဝင်တွေက ဆိုင်ထဲမှာ ထိုင်းနိုင်ငံသားတွေရော၊ နိုင်ငံခြားသားတွေပါ ဆံပင်ညှပ်သမားတွေအဖြစ် အလုပ်လုပ်နေတာ တွေ့ခဲ့ကြပါတယ်။ ဆံပင်ညှပ်ဖို့ စောင့်ဆိုင်းနေသူတွေလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က ကိုရီးယားအမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ကို ရက် ၉၀ ကမ္ဘာလှည့်ခရီးသွားဗီဇာတွေ ကိုင်ဆောင်ပြီးဖမ်းမိခဲ့တာပါ။ နောက်တစ်ယောက်ကတော့ မြန်မာနိုင်ငံသားအမျိုးသမီးတစ်ဦးလို့ ဆိုပါတယ်။ သူတို့အကုန်လုံးရဲ့ အသက်က ၂၄ နှစ်မှ ၃၃ နှစ်ကြားရှိကြတယ်လို့ ဒုရဲမှူးကြီး သာနာကွန်ဂမ်ဗင်က ပြောခဲ့ပါတယ်။

သူတို့တွေက အလုပ်အကိုင်နေရာချထားရေးဌာနက သတ်မှတ်ထားတဲ့စည်းမျဉ်းတွေအရ နိုင်ငံခြားသားတွေ ထိုင်းနိုင်ငံမှာ လုပ်ကိုင်ခွင့်မရှိတဲ့အလုပ်တွေမှာ အလုပ်လုပ်နေကြတာမို့လို့ တရားစွဲခံရမယ်လို့ သိရပါ တယ်။

အဆိုပါဆံပင်ညှပ်အလှပြင်ဆိုင်ရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

Ref- Bangkok Post

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
43 w - Translate

အလုပ်ပိတ်ရက် တနေကုန်အိပ်ဖို့ စဉ်းစားထားသော်လည်း

image

ဖောရက်စ်နဲ့ပွဲမှာ ပိုပြီးတောင်းဆိုလို့မရဘူးလို့ အာနီဆလော့ပြော

ဇန်နဝါရီ ၁၅

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သူ့ရဲ့အသင်းကို ဒီထက်ပိုပြီး တောင်းဆိုလို့ မရဘူးလို့ ပြောခဲ့ပါတယ်။

အာနီဆလော့က “ဒီပွဲမှာ ဒီထက်ပိုပြီး ကျနော်တောင်းဆိုလို့ မရပါဘူး။ လူအများစုက ဒုတိယပိုင်းနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ပြောဆိုမှုတွေရှိကြမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ပုံစံကောင်းရှိနေတဲ့ အသင်းနဲ့ သူတို့ရဲ့ ကွင်းမှာ ကစားရရင် တန်ပြန်တိုက်စစ် ခြိမ်းခြောက်မှု အများအပြားကို ခံရမှာပါ။ ဒီပွဲမှာ ကျနော်တို့ဟာ တန်ပြန် တိုက်စစ်ဆင်မှုကို တစ်ကြိမ်ပဲ ခွင့်ပြုခဲ့ရပြီး ပွဲကိုလွှမ်းမိုးနိုင်ခဲ့ပါတယ်။ ကျနော်တို့ဟာ ၃ မှတ် ရယူချင်ခဲ့ပေမယ့် ကစားသမားတွေ ဒီပွဲမှာ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ နော်တင်ဟမ်ဖောရက်စ် အသင်းကို ပွဲချိန် ၈ မိနစ်မှာကတည်းက ခရစ်ဝုဒ်ရဲ့ သွင်းဂိုး နဲ့ ဦးဆောင်ဂိုး ပေးခဲ့ရပြီး ချေပဂိုးကို လူစားဝင်လာတဲ့ တိုက်စစ်မှူး ဂျိုတာက ပွဲချိန် ၆၆ မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ဘောလုံးပိုင်ဆိုင်မှု ၇၁ ရာခိုင်နှုန်းအထိ ရယူပြီး ဖိအားပေး ကစားနိုင်ခဲ့သလို ဂိုးပေါက်ကန်သွင်းမှု အများအပြားလည်း ပြုလုပ်နိုင်ခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို အနိုင်မရခဲ့တာကြောင့် အန်ဖီးလ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ရှုံးကြွေးကို ပြန်ပြီးဆပ်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က နော်တင်ဟမ်ဖောရက်စ်အသင်းကို ချီးကျူးခဲ့ပြီး သူတို့ဟာ ကံကောင်း လို့ ထိပ်ဆုံး ၃ သင်းထဲကို ဝင်ရောက်နေတာ မဟုတ်ဘဲ အသင်းတိုင်းကို ခက်ခက်ခဲခဲ ကစားရအောင် လုပ်နိုင်ခဲ့ တယ်လို့ ပြောခဲ့တာပါ။

နော်တင်ဟမ်ဖောရက်စ်အသင်းနည်းပြ နူနိုဆန်တိုက သူတို့ရဲ့ ကစားပုံအတွက် ဂုဏ်ယူမိပြီး လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို မကြည့်ဘဲ ဒီပုံစံအတိုင်း ဆက်သွားမယ်လို့ ပြောခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ ကစားအပြီးမှာ ရမှတ် ၄၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရပ်တည်နေပြီး နော်တင်ဟမ်ဖော်ရက်စ်အသင်းက ၂၁ ပွဲ ကစားအပြီးမှာ ရမှတ် ၄၁ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Source: ESPN

ပုံ - နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ လီဗာပူးလ်အသင်း ယှဉ်ပြိုင်နေစဉ်

#ဘောလုံးသတင်းစုံ

image

နေတိုးခေါင်းဆောင်က ထရမ့်နှင့် ဆက်ဆံရေးကောင်းမွန်ရန် မျှော်လင့်

ဘရပ်ဆဲလ်၊ ဇန်နဝါရီ ၁၅

နေတိုးအဖွဲ့ခေါင်းဆောင် မာ့ခ် ရူတီ (Mark Rutte) က အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် မှန်ကန်သည့် လုပ်ဆောင်ချက်များ အများအပြားရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု DW သတင်းတွင် ဖော်ပြခဲ့သည်။

ဒိန်းမတ်နိုင်ငံက ပိုင်ဆိုင်သည့် ဂရင်းလန်း (Greenland)ကျွန်းကို ထရမ့်က အရယူမည့် အစီအစဉ်နှင့်ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကိုခံရချိန်တွင် ရူတီက ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဥရောပနိုင်ငံများအနေဖြင့် ကာကွယ်ရေး အသုံးစရိတ်ကို မြှင့်တင်ရန် ၎င်းက တိုက်တွန်းခဲ့သည်။

ရူတီ၏ ပထမဆုံးအကြိမ် ဥရောပလွှတ်တော် ခရီးစဉ်တွင် ရုရှား၏ ခြိမ်းခြောက်မှုများ၊ လက်နက်ခဲယမ်းများ အကြောင်းကို ဆွေးနွေးခဲ့ကြသော်လည်း အကြီးမားဆုံး အကြောင်းအရာမှာ ဂရင်းလန်းကျွန်းကို အရယူရန် အတွက် အင်အားသုံး လုပ်ဆောင်မည်ဟု အရိပ်အမြွက် ပြောကြားခဲ့သည့် ထရမ့်၏ မှတ်ချက်စကားများဖြစ်သည်။

ထရမ့်နှင့်ပတ်သက်သည့် မေးခွန်းကို ရူတီက တိုက်ရိုက် ဖြေကြားခဲ့ခြင်းမရှိဘဲ “အမေရိကန် အစိုးရအဖွဲ့သစ်ဟာ လာမယ်အပတ်မှာ စတင်ရုံးထိုင်တော့မှာပါ။ အမေရိကန်က လူတွေဆီကနေ သတင်းတွေကိုလည်း ကြားရပါ တယ်။ ဒါပေမယ့် ဒီအကြောင်းကိုတော့ နောက်တစ်ပတ်ကျော်မှ ပြောကြတာပေါ့”ဟု ပြောကြားခဲ့သည်။

“ထရမ့်ဟာ အကြိမ်ပေါင်းများစွာ မှန်ကန်ခဲ့ပါတယ်။ ကျနော်တို့ သူနဲ့ စကားပြောဖို့ လိုပါတယ်။ ဒီကိစ္စမှာ ဒိန်းမတ် ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆင် (Mette Frederiksen) ရဲ့ ကိုင်တွယ်ဖြေရှင်းတဲ့ ပုံစံကိုလည်း ကျနော် သဘောကျပါတယ်။ သူက ဂရင်းလန်းကျွန်းနဲ့ ပတ်သက်ပြီး ထရမ့်ကို ချက်ချင်း တုန့်ပြန်တာမျိုး မလုပ်ခဲ့ပါဘူး”ဟု ရူတီက ပြောကြားခဲ့သည်။

လက်ရှိ ပိုပြီးအရေးကြီးသည့် ကိစ္စမှာ အာတိတ်ဒေသအရေး ကိစ္စဖြစ်ပြီး ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် အာတိတ်ဒေသမှ ရေခဲများ အရည်ပျော်လာခြင်းသည် ကမ္ဘာလုံးဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်စေနိုင် ကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် နေတိုးမဟာမိတ်များ အနေဖြင့် ထိုအရေးကိစ္စကို ပိုမိုအာရုံစိုက် ဆွေးနွေးရန် လိုအပ်သည်ဟု နေတိုး အကြီးအကဲက ပြောသည်။

“ဂရင်းလန်းကျွန်းကို ဘယ်သူက ထိန်းချုပ်ထားတယ်ဆိုတာထက် အာတိတ်ရေခဲတွေ အရည်ပျော်တာက ပိုပြီး အရေးကြီးပါတယ်။ အာတိတ်ဒေသ ဘေးကင်းလုံခြုံဖို့ သေချာလုပ်ဆောင်ရမှာပါ။ ဥရောပဟာလည်း အမေရိကန် အပေါ် မှီခိုအားထားနိုင်ပါတယ်”ဟု ရူတီက ပြောသည်။

အတ္တလန္တိတ် ဖြတ်ကျော် ဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်သူ ဘရူနို လက်တီ (Bruno Lete) ကမူ ရူတီအနေဖြင့် နေတိုးအဖွဲ့အပေါ်ထားရှိသည့် ထရမ့်၏ သဘောထားအပေါ် ဟန်ချက်ညီစွာ ထိန်းသိမ်းသင့်ကြောင်း ပြောကြားခဲ့ သည်။

Source: DW

ပုံ- နေတိုးအတွင်းရေးမှူး ရူတီကို တွေ့ရစဉ်

#centralnewsnaypyitaw

image

ဘယ်သူ့ကျေးဇူးကိုမှ မမေ့မလျော့ခဲ့လို့ ဒီလိုရပ်တည်နိုင်တယ်လို့ ထင်ပါတယ်ဆိုတဲ့ ထက်ထက်မိုးဦး

ဇန်နဝါရီ ၁၅

ကြော်ငြာလောက,ကတစ်ဆင့် အနုပညာလောကမှာပါ ယနေ့ချိန်ထိ ပရိသတ်ချစ်ခင်မှုကို ရရှိနေတဲ့ အကယ်ဒမီထက်ထက်မိုးဦးကတော့ လက်ရှိ ဒီလိုရပ်တည်နိုင်တာ ဘယ်သူ့ရဲ့ကျေးဇူးကိုမှ မမေ့မလျော့ခဲ့တာကြောင့်လို့ ထင်ပါတယ်လို့ ဆိုပါတယ်။

“မထက် ဒီနေ့အထိ ဒီလိုရပ်တည်နိုင်တာက ဘယ်သူ့ရဲ့ ကျေးဇူးတရားကိုမှ ဒီနေ့ထိ မမေ့လို့ဘဲလို့ထင်ပါတယ်။ ကိုယ်က တစ်ယောက်ယောက်နဲ့ ပတ်သက်ခဲ့ဖူးတယ်။ ကိုယ့်မိတ်ဆွေပဲဖြစ်ဖြစ် ကိုယ်နဲ့ရင်းနီးတဲ့သူပဲ ဖြစ်ဖြစ် ကိုယ့်ပေါ်မှာ ကျေးဇူးရှိဖူးသူတွေကို ဘယ်တော့မှမမေ့ဘူး။ အကယ်၍ ကိုယ့်အပေါ်မှာ ရက်စက်တယ်။ ပြဿနာဖြစ်တယ်ဆိုရင်တောင် ကိုယ့်အပေါ် ကောင်းတဲ့အချက်တွေကို ပြန်ပြီးဖြည့်တွေးဖြစ်တယ်။ အကုန်လုံးကို ကျေးဇူးတင်တယ်။ ပြီးခဲ့တဲ့အရာတွေကိုလည်း အသက်အရွယ်လည်းရလာတော့ ဒါတွေကဘာမှ မဟုတ်တော့ဘူးဆိုတာ သိသွားပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ပေါ်ကောင်းခဲ့တယ်တွေးရင် စိတ်သက်သာရာရတယ်လေ။ အကောင်းမြင်စိတ်တွေထားတာ ကောင်းပါတယ် ”လို့ အကယ်ဒမီ ထက်ထက်မိုးဦးက ပြောပါတယ်။

သူမကတော့ ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးထားတဲ့ “မာယာရထားမောင်းတဲ့ မိန်းမ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ရဲရင့်အောင်၊ အိချောပို၊ နန်းဆုဦးနဲ့ ရွှေအိမ်စည်တို့နဲ့ အတူ ပါဝင်ထားတာလည်းဖြစ်ပြီး မကြာခင် ရုံတင်ပြသမှာလည်းဖြစ်ပါတယ်။ ထက်ထက်မိုးဦးကတော့ ငယ်စဉ်က ခက်ခဲတဲ့ လောကဓံကို ကြုံတွေ့ခဲ့ရသူလည်းဖြစ်ပါတယ်။

“ကိုယ်က တစ်ချိန်က မိဘအိမ်မှာမနေခဲ့ရတော့ အဒေါ်တွေအိမ်တွေ သူများအိမ်မှာနေရတော့ ကိုယ်က အလိုက်တသိ ထမင်းဟင်းချက်ကူပေးရတယ်။ အဒေါ်အိမ်မှာ ချက်ပြုတ်ဆိုလည်း ကိုယ်က လိုအပ်တာတွေ မှန်သမျှ လုပ်ကူရတယ်လေ။ ပန်းကန်ဆေးဆိုရင် ဆေးပေါ့ ကိုယ်လုပ်ရင်း အချက်အပြုတ်တွေ ဝါသနာပါသွားတယ်။ ကိုယ်စားချင်တာ ချက်ပြုတ်စားတတ်သွားတာပေါ့။ ဘုန်းဘုန်းတွေကို ကိုယ်တိုင်ချက်ပြုတ်ပြီးမှ ဆွမ်းကပ်လောင်းရတာ သဘောကျတယ်။ ကိုယ့်နယ်မြို့နေရာ ဒေသလေးကို ဒီအချိန် အရမ်းလွမ်းတာပေါ့”လို့ သူမက ဆက်ပြောပါတယ်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image

#လေဖြတ်တော့မယ်လို့ ပြသနေတဲ့လက္ခဏာများ
၁။ အမြင်အာရုံအားနည်းမယ်
လူတော်တော်များများက ပုံရိပ်နှစ်ထပ်မြင်ခြင်း၊ အမြင်ဝေဝါးခြင်း၊ အမြင်အာရုံ အားနည်းခြင်းတို့ကို အသက်အရွယ်ကြီးရင့်လာလို့တို့၊ ပင်ပန်းနွမ်းနယ်လို့တို့ ထင်တတ်ကြပါတယ်။ တကယ်တော့ မျက်စိထဲမှာ ပုံရိပ်တွေကို နှစ်ထပ်မြင်နေရပြီဆိုတာ ပင်ပန်းလို့ဆိုတာထက်၊ မျက်စိကို အများကြီးအသုံးချမိလို့ ဆိုတာထက်ပိုပါတယ်။ ဒါဟာ သွေးကြောပိတ်ဆို့ခြင်းကြောင့် မျက်စိဆီကို အောက်ဆီဂျင်လုံလုံလောက်လောက် မရောက်တဲ့အခါ ဖြစ်တတ်ပါတယ်။
ဒါဟာာ လေဖြတ်ခြင်းရဲ့လက္ခဏာတစ်ခုပါ။ ဒါကြောင့် အမြင်အာရုံပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ကြုံနေရပြီဆိုရင် မျက်စိဆရာဝန်နဲ့ ပြသစစ်ဆေးပါ။ ပြီးရင် လေဖြတ်လေငန်းရောဂါနဲ့ ဆက်နွယ်နေမှုရှိမရှိ စစ်ဆေးကြည့်ပါ။
၂။ လက်တွေထုံလာမယ်
အိပ်ယာကရုတ်တရက် လန့်နိုးလာပြီး လက်တွေထုံနေမယ်ဆိုရင် လက်ကိုဖိအိပ်မိလို့လို့ပဲ ယူဆမိကြမှာပါ။ ဒါပေမယ့် တကယ်ကော အဲဒီအတိုင်းဟုတ်ပါ့မလား။ မိုင်ယာမီတက္ကသိုလ်က အာရုံကြောဗေဒ ပါမောက္ခ ဒေါက်တာ Ralph Sacco ကတော့ "လက်မောင်းတစ်ဖက် ရုတ်တရက်ထုံလာပြီး အချိန်တစ်ခုအတွင်း ပြန်သက်သာမလာဘူးဆိုရင်တော့ ဆေးခန်းကို အမြန်ဆုံးပြေးပါတော့" လို့ အကြံပြုထားပါတယ်။ ကျောရိုးမကြီးကနေ နောက်စေ့ကို ဖြတ်သန်းသွားလာနေတဲ့ သွေးကြောတွေမှာ သွေးစီးဆင်းမှုလျော့နည်းခြင်းဟာ ခန္ဓာကိုယ်တစ်ခြမ်းမှာ ထုံကျင်ခြင်း၊ အားနည်းခြင်းကို ဖြစ်စေပါတယ်တဲ့။
၃။ စကားသံတွေ မပီမသဖြစ်မယ်
တစ်ခါတလေမှာ စကားပြောရင် မပီမသ၊ ဗလုံးဗထွေးဖြစ်နေပြီဆိုရင်တော့ လေဖြတ်နိုင်တဲ့ အန္တရာယ်များနေပြီလို့ သိနိုင်ပါတယ်။ လေဖြတ်လေငန်းရောဂါဟာ ဦးနှောက်နဲ့အဓိက ဆက်စပ်နေတဲ့အတွက် ဦးနှောက်ထဲကို သွေးမလျှောက်တော့တဲ့အခါ ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ အလုပ်လုပ်ရတာခက်ခဲလာပါတယ်။ အဲဒီထဲမှာ မေးရိုးနဲ့လျှာလည်း ပါပါတယ်။ မေးရိုးနဲ့လျှာ ကောင်းကောင်း အလုပ်မလုပ်တော့တဲ့အခါ စကားသံတွေ မပီမသနဲ့ ဗလုံးဗထွေးဖြစ်လာတတ်ပါတယ်။
၄။ မေ့လွယ်လာမယ်
အသိတစ်ယောက်နဲ့ စကားပြောနေရင်း ပြောမယ့်စကားက ပါးစပ်ဖျားမှာတင် မေ့လျော့သွားတာမျိုး ကြုံဖူးကြလား။ အဲဒီလို မေ့လျော့ခြင်းက အကြိမ်ရေအရမ်း စိတ်လာပြီဆိုရင်တော့ သတိထားသင့်ပါပြီ။ အယ်လ်ဇိုင်းမားရောဂါရလောက်တဲ့ အသက်အရွယ်လည်း မဟုတ်သေးဘူးဆိုရင်တော့ ဒါဟာလေဖြတ်ရောဂါ ဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတစ်ခု ဖြစ်နေနိုင်ပါပြီ။
၅။ ခေါင်းကိုက်ခေါင်းခဲလာမယ်
ခေါင်းကိုက်တယ်ဆိုတာကလည်း အရက်သောက်ထားလို့ ခေါင်းကိုက်တာလား။ နေပြင်းလို့ခေါင်းကိုက်တာလား။ အစားမှားလို့ ခေါင်းကိုက်တာလား။ ကွဲကွဲပြားပြားသိဖို့လည်း လိုပါသေးတယ်။ အကြောင်းပြချက်မရှိဘဲ ရုတ်တရက်ကြီး ခေါင်းထကိုက်ပြီဆိုရင်တော့ ဒါဟာ လေဖြတ်လေငန်းရောဂါ ဖြစ်တော့မယ်လို့ သတိပေးနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ခေါင်းကိုက်ရောဂါနဲ့ လေဖြတ်ရောဂါမှာ အာရုံကြောဆိုင်ရာ ဝိသေသတွေ တူညီနေတော့ အထင်အမြင်မှားနိုင်စရာတွေ ရှိပါတယ်။
crd