ဝန်ထမ်းတွေရဲ့ သပိတ်ကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ရထားပြေးဆွဲမှုတွေ ရပ်ဆိုင်း

ဒါကာ၊ ဇန်နဝါရီ ၂၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရထားဝန်ထမ်းတွေဟာ အချိန်ပိုအတွက် အကျိုးခံစားခွင့် တောင်းဆိုမှုအဖြစ် တနိုင်ငံလုံး အတိုင်းအတာနဲ့ သပိတ်မှောက်နေတာကြောင့် ဒီကနေ့မှ မီးရထားပြေးဆွဲမှုတွေ ရပ်ဆိုင်းခဲ့ပါတယ်။

အချိန်ပိုလုပ်ခနဲ့ ပင်စင်ခံစားခွင့်တွေကြောင့် ကာလရှည်ကြာ အငြင်းပွားမှုမှာ ရထားဝန်ထမ်းတွေ အလုပ်ထုတ်ခံခဲ့ရပြီး တောင်းဆိုချက်တွေကို လက်ခံဖို့ လာမယ့်တနင်္လာနေ့ထိ အာဏာပိုင်တွေကို အချိန်ပေးထားတယ်လို့ အလုပ်သမား သမဂ္ဂက ပြောပါတယ်။

အလုပ်သမားတွေရဲ့ သပိတ်မှောက်မှုကြောင့် ခရီးသည်တင်ရထား ၄၀၀ ကျော်ရဲ့ လုပ်ငန်းလည်ပတ်တာတွေ ထိခိုက်ခဲ့ပြီး မြို့တွင်း ပို့ဆောင်ရေး ၁၀၀ ကျော်နဲ့ ကုန်တင်ရထား သုံးဒါဇင်ကျော်တို့ပါဝင်ကာ ဒီရထားတွေနဲ့ နေ့စဉ် ခရီးသည် နှစ်သိန်းငါးသောင်းကို ပို့ဆောင်နေပေးနေတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနကတော့ အရေးကြီးလမ်းကြောင်းအချို့မှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားဝန်ဆောင်မှုတွေမှာ ရထားစီးခရီးသည်တွေအနေနဲ့ ရထားကြိုတင်လက်မှတ်တွေကို အသုံးပြုပြီး စီးနင်းနိုင်မယ်လို့ ပြောပါတယ်။

မီးရထားဌာနက ဝန်ထမ်းတွေရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးဖို့ အစွမ်းကုန်ကြိုးပမ်းနေပြီး ဘဏ္ဍာရေးဝန်ကြီးနဲ့လည်း ဆွေးနွေးမှုများလုပ်ဆောင်နေကာ အလုပ်သမားများကို သပိတ်ရုပ်သိမ်းပေးရန် ရထားဝန်ကြီးဌာနက တိုက်တွန်းစထားသည်။

ရထားမောင်းသူတွေ၊ လက်ထောက်တွေ၊ တွဲစောင့်နဲ့ လက်မှတ်စစ်စတဲ့ လူအင်အားမလုံလောက်မှုကြောင့် ရထားဝန်ထမ်းတွေဟာ သတ်မှတ်နာရီထက်ပိုပြီး အလုပ်လုပ်ကို်ငနေကြရပါတယ်။ ဒါပေမယ့်လည်း အချိန်ပိုအလုပ်အပေါ် အခြေခံပြီး ပင်စင်ခံစားခွင့်တွေကို ၂၀၂၁ ခုနှစ်မှာ အစိုးရက ရုပ်သိမ်းပြီးနောက် အလုပ်သမားတွေရဲ့ ကန့်ကွက်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Ref:Reuters
Photo:Reuters

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

ကိုယ်တိုင်ကြော်ထားတာလေး စားကြပါဦး 😋

image

ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်းတင်ပို့မှု အခွန်ကင်းလွတ်ခွင့် ရရှိ

ဇန်နဝါရီ ၂၉

ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်းတင်ပို့ရာ၌ လာမည့် ဖေဖော်ဝါရီလ ၁ ရက်မှစတင်ကာ ဩဂုတ်လ ကုန်အထိ (၇)လကြာကာလအတွင်း အခွန်ကင်းလွတ်ခွင့်ပေးထားကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းထံမှ သိရပါတယ်။

“ပြောင်းကတော့ ယခုနှစ်ထဲမှာ ထိုင်းနိုင်ငံကို အများဆုံးပို့မှာဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ သူတို့နိုင်ငံကလည်း ၇ လတာအတွင်းမှာ အခွန်ကင်းလွတ်ခွင့်ပေးထားတာဖြစ်တဲ့အတွက် အဲဒီကာလကို ချိန်ကိုက်ပြီး တင်ပို့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံပြီးမှ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ်စတဲ့နိုင်ငံတွေကို တင်ပို့သွားမှာ ဖြစ်ပါတယ်။ ယခုနှစ် ပြောင်းတင်ပို့မှုဟာ ယခင်နှစ်ကထက် တိုးလာမယ့်အခြေအနေမျိုးဖြစ်ပါတယ်”ဟုအသင်း၏ အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်းမောင်က ပြောသည်။

မြန်မာနိုင်ငံသည် ယခင် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း၌ ပြောင်းတန်ချိန် (၁ ဒသမ ၁၁)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၏ ဧပြီလမှ နိုဝင်ဘာလအတွင်း၌ ပြောင်းတန်ချိန် (၁ ဒသမ ၈၈)သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၄၄၇)သန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်းသိရ သည်။ လက်ရှိတွင် မြန်မာနိုင်ငံသည် ပြောင်းတင်ပို့မှုကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအစား ရေကြောင်းကုန်သွယ်မှု ဆိပ်ကမ်းများဖြစ်သည့် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း ၊ မြန်မာ့စက်မှု ဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်း၊ ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ သီလဝါဆိပ်ကမ်း၊ ရွှေမဲဆိပ်ကမ်း နှင့် မင်းထက်မင်းဆိပ်ကမ်း တို့မှ အဓိတင်ပို့နေကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရာတွင် ကော့သောင်းဆိပ်ကမ်းမှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းသို့ ပင်လယ်ရေကြောင်းလမ်းဖြင့် တင်ပို့နေသည့်အပြင် ကုန်းတွင်းနယ်စပ် တာချီလိတ်မှတဆင့်လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

#centralnewsnaypyitaw

image
1 y - Translate

Beach Photography ⛱️

image
1 y - Translate

Beach Photography ⛱️

image
1 y - Translate

Beach Photography ⛱️

image
1 y - Translate

Beach Photography ⛱️

image
1 y - Translate

Beach Photography ⛱️

image
1 y - Translate

Beach Photography ⛱️

image
1 y - Translate

Beach Photography ⛱️

imageimage
+4