Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဒူးရင်းသာကူပြင်လုပ်နည်း
သာကူအလွှာအတွက် ပါဝင်ပစ္စည်းများ
သာကူ ၁ခွက် (250ml)
အုန်းနို့ 200ml (coconut cream)
နို့စိမ်း 100ml
သကြား 170ml
ဆား အနည်းငယ်
ရေ ၃ခွက်(750ml) (သာကူအမျိုးအစားပေါ်မူတည်ပီး ရေ ပမာဏ ကွာခြားနိုင်ပါတယ်)
ရေ တစ်ခွက်ကိုဆူအောင်တည်ပါ ရေဆူပီဆို သာကူကိုထည့်ပီး အဆက်မပြတ်မွှေပေးပါ သာကူ ပြစ်လာပီဆိုတာနဲ့ ရေနည်းနည်းစီထည့်ထည့်ပီး မွှေပေးပါ သာကူအစေ့ မပျောက်တပျောက် အထိရေထည့်လိုက် မွှေလိုက်လုပ်ရပါမယ်
သာကူစေ့မပျောက်တပျောက်ဆိုရင် အုန်းနို့ , နို့စိမ်း, သကြား , ဆား ထည့်မွှေပီး သာကူလည်းပြစ်လာပီဆိုရပါပီ
ထည့်မဲ့ခွက်ကို ထောပတ်လေးသုတ်ထားပေးပါ ပီးရင် ခုနက သာကူလောင်းထည့်ပီးညီအောင်ဖြန့်ထည့်လိုက်ပါ
ဒူးရင်းအုန်းနို့အလွှာအတွက်ပါဝင်ပစ္စည်းများ
ဒူရင်းအသား ၅မွှာ
အုန်းနို့ 400ml ( coconut milk)
နို့စိမ်း 125ml
ဂျုံမှုန့် 50ml
သကြား 170ml
ကြက်ဥ တစ်လုံး
အပေါ်က ပစ္စည်းအကုန်ကို blender ထဲထည့်ပီး မွှေလိုက်ပါ ပီးရင် ဇကာနဲ့စစ်ပီး အိုးထဲထည့်ပီးတည်ပါ မွှေပေးနေရပါမယ် ဒူရင်းအုန်းနို့ အနှစ်ပျစ်လာပီဆိုရင် ခုနက သာကူပေါ်ခင်းထည့်လိုက်ပါ
oven ကို 200'C နဲ့ ၁၀ မီနစ်အပူပေးထားပါ
ပီးရင် မုန့်ကို မီနစ်၃၀ လောက်ဖုတ်ပါမယ် အချိန်က oven အမျိုးအစားပေါ်မူတည်ပီးကွဲပြားနိုင်ပါတယ်
အရသာရှိသော ဒူရင်းသာကူပြင်လေးကို အိမ်မှာ အလွယ်တကူလုပ်စားလို့ရပါပီနော်
oven မရှိသူများက ဒယ်အိုးအဖုံးပေါ် မီးသွေးအရှိန်ပျင်းပျင်း တင်ပီး လုပ်လို့ရပါတယ်
အုန်းနို့သာကူပြင်လုပ်ချင်ရင် ဒူရင်းသီးမထည့်ပဲကျန်တာအကုန်တူပါတယ်
#creditမူရင်းပို့စ်ပိုင်ရှင်
ဆားဆိုတာ ဟင်းခတ်အမွေအနှစ်ရဲ့ အခြေခံအုတ်မြစ်။
ဆိုဒီယမ် ဆိုတဲ့ ဒီဆားဟာ များရင်တော့ မကောင်းလို့
ဆရာဝန်တွေက လျှော့စားခိုင်း။
ဒီလိုနဲ့ ပေါ့ရှပ်ရှပ်ကြီး ဖြစ်နေလို့ စားမကောင်းရင်
အစားအရသာကို လေးပင်စေမယ့် ဇွန်း ပေါ်လာပြီ။
ဆိုဒီယမ်အစား တခြားသတ္တု ဒါမှမဟုတ် ဟင်းခတ်အမွှေးအကြိုင်
တစ်ခုခုအစားထိုးမယ့်အစား ဂျပန်ကုမ္ပဏီ Kirin က
သင့်လျှာကို ဆားထိတဲ့ ခံစားချက်ရဖို့ လျှပ်စစ်ဓာတ်ကို အသုံးပြုတဲ့ ဇွန်း တီထွင်ခဲ့ပါတယ်။
အားသွင်းရတဲ့ ဘက်ထရီနဲ့ လျှပ်စစ်ဆားဇွန်း ဖြစ်ပါတယ်။
အငန်အဆင့်လေးဆင့်ထဲက တစ်ခုကို ရွေးပြီး ဇွန်းကိုကိုင် ကြိုက်တာ ခပ်စားရုံပါပဲ။
ဒီဇွန်းနဲ့ ခပ်စားတဲ့ အစားအစာဟာ အမှန်တကယ်ထက် ဆားပိုငန်တယ်လို့ ထင်မြင်စေမှာ ဖြစ်ပါတယ်။
Kirin ဆိုတာ မြန်မာပြည်က ပြန်ထွက်သွားတဲ့ ဘီယာကုမ္ပဏီအုပ်စုထဲကလား မသိပါ။
ဆားအရသာပါ ဆိုဒီယမ်ဇွန်း ထွင်ပြီတော့ ဘီယာအရသာပါ ဖန်ခွက်တို့ ဝီစကီအရသာရ ပုလင်းတို့ပါ ထပ်ထွင်ဖို့ မျှော်လင့်ပါတယ်။
ဥပမာ ရေတစ်ခွက်ကို အဲ့ဒီခွက်ထဲ ထည့်သောက်ရုံနဲ့
ယမကာအရသာ ရမယ် ဆိုရင်......
လောကကြီးမှာ.... ....
Crd
Jessica Nann
Delete Comment
Are you sure that you want to delete this comment ?