Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သူငယ်ချင်း မောင်သာနိုး(သို့)ကျောင်းသားခေါင်းဆောင်စာရေးဆရာ၊ ကဗျာဆရာ
(၃)
ကျွန်တော်တို့ မောင်စွမ်းရည် တို့တသိုက်က အညာသား တောသားတွေပါ။ ကိုသာနိုးကို လူထုသတင်းစာ၊ လူထုဂျာနယ်တွေမှာ ပါဝင်နေကျ သူ့စာတွေကိုဖတ်ပြီး အထက်တန်းကျောင်းသားဘဝကတည်းက သူ့နာမည်ကို ရင်းနှီးကြပြီးသားပါ။ ၁၉၅၇ ခုနှစ်မှာ တင်မိုးတို့ ကျွန်တော်တို့က မန္တလေးတက္ကသိုလ်ကို ကျောင်းသားအဖြစ် ရောက်လာကြပါတယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးက ကိုသာနိုးကို မမြင်ဖူးကြသေးပါဘူး။ မန္တလေးတက္ကသိုလ်က ကျောင်းသားတစ်ယောက်လို့တော့ သိထားနှင့်ကြပါတယ်။ ကိုသာနိုးကို မြင်ဖူးချင်လို့ စုံစမ်းကြရပါတယ်။ သူ ရွှေပြည်အေးကျောင်းဆောင် အပေါ်ထပ် အရှေ့ဘက်မျက်နှာပြုတဲ့ အခန်းတစ်ခန်းမှာ ကိုသာနိုးနေတယ်လို့ သိကြရပါပြီ။ အဲ့ဒီ ရွှေပြည်အေးကျောင်းဆောင်မှာပဲ သူ့ကို ပထမဆုံး မြင်ဖူးခဲ့ကြခြင်း ဖြစ်ပါတယ်။
တက္ကသိုလ်ဝင်းကလည်း စာတွေအများကြီး ရေးနေပါပြီ။ “ရှေ့သို ့ “ဆိုတဲ့ လုံးချင်းဝတ္ထုတစ်အုပ်တောင် ထုတ်ဝေပြီးခဲ့ပါပြီ။ ကျွန်တော်တို့နှစ်ယောက်ကတော့ သူတို့ကို ကိုယ်တိုင်သွားပြီး မိတ်ဆက်ဖို ့သင့်ပေမဲ့ တောသားပီပီ မလုပ်နိုင်ခဲ့ကြ ပါဘူး။ အလေးစားလွန်တဲ့ သဘောပါပဲ။ ၁၉၅၇ ခုနှစ် ဇူလိုင်လထဲမှာပဲ ကိုသာနိုး က လွှတ်လိုက်လို့ ဆိုပြီးတော့ တက္ကသိုလ်ဝင်းက ကျွန်တော့်အခန်း ရွှေပြည်အေး ကျောင်းဆောင် အခန်းနံပါတ် ၅၄ ကို ရောက်လာပါတယ်။ “အဲဒီခေတ်တုန်းက မြန်မာစာဂုဏ်ထူးက အလွန်ရှားပါတယ်။ ကျွန်တော် တက္ကသိုလ်ဝင်တန်းအောင်တဲ့ ၁၉၅၅ တုန်းကတော့ တစ်နိုင်ငံလုံးမှာမှ ကျွန်တော်တစ်ယောက်တည်းပဲ ရခဲ့တာပါ။ တင်မိုး တက္ကသိုလ်ဝင်တန်းအောင်တဲ့ ၁၉၅၇ ခုနှစ်မှာတော့ တင်မိုးနဲ့ ကျောက်မဲက ကိုလူတင်တို့ နှစ်ယောက်တည်းသာ မြန်မာစာဂုဏ်ထူးနဲ့ ရခဲ့ကြတာပါ။ တင်မိုးနဲ့ ကျွန်တော့်ကို ကလောင်ရှင်အသင်း တာဝန်ယူကြဖို့ လာပြောတာပါ။
တင်မိုးနဲ့ကျွန်တော်လည်း တိုင်ပင်ပြီးတော့ တက္ကသိုလ်ဝင်းကိုယ်တိုင်ပဲ တာဝန် ယူပေးပါဦး။ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပေးပါဦးလို့ တောင်းဆိုကြရပါတယ်။ ကိုသာနိုး၊ မောင်စွမ်းရည်၊ မောင်ပေါက်စည်၊ ဝင်းကြွယ်၊ မောင်မိုးသူ စတဲ့ စာပေ သမားတွေက “ကျောင်းသားတပ်ဦး”နဲ့ “ကျောင်းသားသမဂ္ဂ”မှာ ရှိနေကြပါမယ်လို့ ဆိုပါတယ်။ တင်မိုးနဲ့ကျွန်တော် နှစ်ယောက်စလုံးက ကဗျာတွေ၊ စာတွေ အတော် များများ ရေးနေခဲ့ကြပါပြီ။ ကလောင်ရှင်အသင်းရဲ့ အတွင်းရေးမှူးနေရာမှာတော့ တင်မိုးပဲ တာဝန်ယူဖို့ အကြိမ်ပေါင်းများစွာ တိုက်တွန်းပေမဲ့ သူက ငြင်းပါတယ်။ ဒါကြောင့်သာ ကျွန်တော်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ဖို့ ဖြစ်လာရတာပါ။ကလောင်ရှင်သင်း ဖွဲ့စည်းရေး အစည်းဝေးမှာကျတော့ ဒုတိယဥက္ကဋ္ဌအဖြစ် တင်မိုးကို အများက အဆိုတင်ကြ၊ ထောက်ခံကြနဲ ့ဆိုတော့ တင်မိုးလည်း မငြင်းသာတော့ ပါဘူး။ ဒီလိုနဲ့ပဲ ကလောင်ရှင်အသင်းလည်း ရှင်သန်လာခဲ့ပါပြီ။
ကိုသာနိုးကတော့ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌနေရာကို တစ်ကြိမ်တစ်ခါမှ သူ မထမ်းဆောင်ခဲ့ပါဘူး။ ဒါပေမဲ့ ကျောင်းသားတပ်ဦးတို့၊ ကလောင်ရှင်အသင်းတို့ကို နောက်ကွယ်ကနေပြီး ဦးဆောင်ခဲ့တဲ့သူပါ။ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌတိုင်းကလည်း ကိုသာနိုးကို အလွန်လေးစားကြပါတယ်။ ကိုသာနိုးကို မန္တလေးတက္ကသိုလ် ကျောင်း သား၊ ကျောင်းသူတိုင်းက လေးလည်းလေးစား၊ ခင်လည်း ခင်မင်ကြပါတယ်။
#ဆက်ရန်ရှိ
သစ္စာရှိတယ်
ကိုယ်ကျင့်တရား မြဲတယ်
တစ်စုံတစ်ဦးအတွက် သီးသန့်ရည်ရွယ်ထားတဲ့
ချစ်ခြင်းမေတ္တာကို ဘယ်သူ့ကိုမှ ပေးပစ်ဖို့
ဆန္ဒမရှိပါ ။
ကိုယ့်ရဲ့ နေ့ရက်တိုင်းဟာ ပုံမှန်ပဲ
ကိုယ်တိုင်ကလည်းအရင်အတိုင်းပဲ
ဒါပေမယ့်
တိတ်ဆိတ်ငြိမ်သက်မှုကို
ပို၍ ပို၍ သဘောကျလာခဲ့တယ် ။
🍂🤍
#ᗩᒪoᑎᗴ
မူဆယ်မြို့ ဆင်ဖြူဂိတ်မှ စားသောက်ကုန်များ တင်သွင်းခွင့်ပြုမည်
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဆင်ဖြူဂိတ်မှ ယခုလ ၃၀ ရက်နေ့မှစ၍ ဒေသတွင်း စားသောက်ကုန်များဖြစ်သည့် မီးဖိုချောင်သုံး အသီးအနှံနှင့် သားငါးများကို ယာယီတင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း မူဆယ်မြို့ကုန်သည်ကြီးများအသင်း ထံမှ သိရသည်။
ထိုသို့ ဒေသတွင်းစားသောက်ကုန်များအတွက် ယာယီတင်သွင်းခွင့်ပြုရာ၌ တစ်ရက်လျှင် မော်တော်ယာဉ်အစီး (၅၀) နှင့် ဆိုင်ကယ် အစီး(၂၀၀)တို့အား သယ်ဆောင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
" တင်သွင်းခွင့်ပြုတာကိုပဲ ကျေးဇူးတင်ပါတယ်။ တင်သွင်းခွင့်မပြုရင် အသီးတွေက ပုတ်ကုန်တော့မှာ။ အခုဆို တရုတ်ဘက်က အအေးခန်းတွေမှာ ရက်ကြေးပေးပြီး လှောင်ထားရတာ"ဟု ဒေသခံကုန်သည်တစ်ဦးက ပြောသည်။
ယင်းအတွက် နိုဝင်ဘာ (၂၈)ရက်နှင့် (၂၉) ရက်တို့တွင် ကုန်သည်ကြီးများအသင်းရုံးသို့ စာရင်းလာရောက်ပေးသွင်းရမည်ဖြစ်ပြီး၊ စာရင်းပေးသွင်းထားသော ယာဉ်များကို အများရှေ့တွင် မဲနှိုက်၍ ဆင်ဖြုဂိတ်မှ ဝင်ရောက်ရမည့် ရက်အသီးသီးကို သတ်မှတ်ပေးမည်ဖြစ်ကြောင်း မူဆယ်ကုန်သည်ကြီးများအသင်းက အသိပေးထားသည်။
တင်သွင်းလိုသူများအနေဖြင့် တင်သွင်းလိုသည့် ယာဉ်နှင့်အတူ တရားဝင်ခွင့်ပြုထားသည့် စာရွက်စာတမ်းမူရင်းနှင့်မိတ္ထူများယူဆောင်၍ လာရောက်လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။
အေးစိမ့်စိမ့်လေးနဲ့နေလို့ကောင်းတဲ့ပြင်ဦးလွင်မြို့ကိုအချိန်ရရင်အလည်လာခဲ့ပါ🍀
ဘယ်ချိန်ပဲသွားသွားရိုးမသွားနိုင်တဲ့မြို့လေးတစ်မြို့အပါဝင်ဖြစ်တဲ့ပြင်ဦးလွင်မြို့🍀
မကြာခင်ပန်းပွဲတော်လည်းရောက်တော့မယ်ဆိုတော့ မိသားစုလိုက်အနားယူအပန်းဖြေလို့ကောင်းတဲ့လုံးချင်းအိမ်လေးပါ🏡
🌲ပြင်ဦးလွင်မြို့ လုံးချင်းအိမ်လေးမှာ တည်းခိုနေထိုင်ပြီး ဒေသထွက်အစားအစာများကို ကိုယ်တိုင်စိတ်ကြိုက်ချက်ပြုတ်စားသောက်လိုသူများအတွက်🌲
အိမ်လေးနာမည်က
mini house pyin oo lwin🏡
👨👩👧👦မိသားစုလိုက် အပန်းဖြေမလား?
👩❤️👨 ချစ်သူနဲ့ဘဲ အနားယူမလား?
👥 သူငယ်ချင်း/မိတ်ဆွေများနှင့် မီးပုံပွဲလေးလုပ်ပီး
လွတ်လပ်စွာကဲမလား?
🥬ဟင်းသီး ဟင်းရွက်များကို ကိုယ်တိုင်ခူး
ချက်စားမယ်
🌻 ပန်းလေးတွေနဲ့ ဓာတ်ပုံ ရိုက်မလား?
🏃🏿♀️လမ်းလျောက်မယ်🚴🏿♀️စက်ဘီးစီးမယ်
👉🏾 ကိုယ်တိုင်ချက်ပြုတ်စားသောက်နိုင်သော kitchen လေးနဲ့ 🥂🍻အေးဆေး CHEERS 🍷🥃လုပ်ကြမယ်
🌸သဘာဝ အသီးအနှံ စိုက်ခင်းများ နှင့် ရောင်စုံပန်းခင်းလေကောင်းလေသန့်ရရှိပြီး ကိုယ်လက်လုပ်ရှားဖို့ ကောင်းသောပတ်ဝန်းကျင်များနှင့်စိတ်ကြည်နူးမှုဖြစ်စေသော အိမ်လေးပါ 🎉
-6ယောက်ထိကို 150000
-Extra Bed (4)ဦးရမည်။ Extra Bed 1ဦးကို 15000 ✔️အများဆုံး (1ယောက်ထိနေထိုင်နိုင်ပါတယ်
♥️ WiFi
♥️ 2ယောက်အိပ်ခန်း(3)ခန်း
♥️ Living Room & Kitchen Room
♥️ TV
♥️ Washing Machine
♥️ Cooking Pot
♥️ Toaster
♥️ BBQ Grill Pot
♥️ Hair Dryer
♥️ တစ်ခါသုံးသွားပွတ်တံ၊သွားတိုက်ဆေး
♥️ တစ်ခါသုံး Shampoo and Soap
♥️ တဘက်မျက်နှာသုတ်ပဝါ
♥️ ဆန်၊ဆီ၊ဆား၊ကြက်ဥ၊ခေါက်ဆွဲခြောက်၊ကော်ဖီမစ်
Hotel မဟုတ်တာမို့ Breakfast မပါဝင်ပါ။
🌲 မြို့ရှောင်လမ်းနဲ့မဝေးလှတဲ့ နေရာ10မိနစ်ဆိုရောက်
🌲 ကံ့ကော်တစ်ထောင်ဘုရား တည်ရှိရာနေရာ
လမ်းလျှောက်ပီးဘုရားဖူးရုံဘဲ
🌲 Royal Hill Resort &တော်၀င်နှင်းဆီခြံတို့ နဲ့နီးနီးလေး
🌲 ယူကလစ်တော ထင်းရှူးတောတွေနဲ့ သာယာလှတဲ့နေရာ
🌲 ဒီဇင်ဘာလဆိုတောင်နေကြာတွေနဲ့လှမှလှ
🌲 အဲလိုအလှတရားတွေစုစည်းနေတဲ့ အင်းထိပ်ဦးရွာလေးမှာ မင်မင်တို့Minihouse လုံးချင်းအိမ်လေးရှိပါတယ်နော်
🌲 ကျွန်တော်တို့ အိမ်ကလေးကိုလည်း ကိုယ့်အိမ်လို သဘောထားပြီး လာတည်းဖို့ စိတ်ရင်းနဲ့ ဖိတ်ခေါ်ပါရစေ။
ခရီးသွားရာသီမို့ ကြိုတင်Booking တင်ထားဖို့တော့လိုပါတယ်ရှင့်
CHECK IN TIME-20pm
CHECK OUT TIME-120pm
လိပ်စာ-အင်းထိပ်ဦးရွာ
ကံ့ကော်တစ်ထောင်ဘုရားနဲ့တော်ဝင်နှင်းဆီခြံကြား
09-2027627