ဒေါ်လာဈေးပြန်တက်လာချိန် တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်သူတွေကိုဗဟိုဘဏ်က ထပ်မံဖမ်းဆီးအရေးယူ

ဇန်နဝါရီ ၁၅ - ၂၀၂၅
GG (VOM)

ရွှေစျေးနဲ့ဒေါ်လာစျေး ပြန်မြင့်တက်လာမှုနဲ့အတူ ဗဟိုဘဏ်ကလည်း တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ရောင်းချခြင်းနဲ့လဲလှယ်သူတွေကို စုံစမ်းဖော်ထုတ်ပြီး ထပ်မံအရေးယူထားကြောင်း ဇန်နဝါရီ၁၄ရက်မှာ အသိပေးလာပါတယ်။

ဟွန်ဒီ လုပ်ငန်းလုပ်ကိုင်ကြောင်း ကျော်စောသတင်း ပေါ်ပေါက် သူတွေကို စစ်ဆေးမေးမြန်းခြင်းနဲ့ ယင်းကျော်စောသူတွေရဲ့ ဘဏ်စာရင်းနဲ့ ဘဏ်စနစ်ကို အသုံးပြုပြီး ငွေလွှဲပြောင်းခြင်းကို စိစစ်ပြီး အရေးယူနိုင်ရေး ဆောင်ရွက်ရာကနေ တရားမဝင်ရောင်းဝယ်နေသူတွေကိုဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အရေးယူဆောင်ရွက်ရာမှာ
သံသယဖြစ်ဖွယ် တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သူ ၂၆ ယောက်ကို စစ်ဆေးခဲ့ကာ အဲဒီထဲကမှ ကိုးယောက်ကိုအမှုဖွင့်အရေးယူထားပြီးခြောက်ယောက်ကိုတရားစွဲဆိုထားတယ်လို့သိရပါတယ်။

ဒါအပြင် လူမှုကွန်ယက်စာမျက်နှာမှတဆင့် တရားမဝင်နိုင်ငံခြားငွေကြေး ဝယ်ယူခြင်း၊ ရောင်းချ​ခြင်း၊ လဲလှယ်ခြင်း နေတဲ့ facebook Group ၁၂ခု၊ Facebookpage ၅ခု ၊ လူနဲ့ဖေ့ဘုတ်စ်အကောင့် ၁၀ ခုကို စိစစ်ဖော်ထုတ်ပြီးအရေးယူနိုင်ရေးလုပ်နေတယ်လို့သိရပါတယ်။

" ဒေါ်လာစျေးနဲ့ရွှေစျေးတက်လာပြီဆိုရင် ဗဟိုဘဏ်ကခုလိုပဲ သူတို့actionယူနေပါတယ်ပေါ့။သူတို့နိုင်ငံခြားငွေတွေလည်းထုတ်ရောင်းနေတာပဲလေ။ခုနှစ်စကနေပြန်တက်လာတာခုထိပဲ။စျေးကွက်လိုအပ်ချက်ရှိနေသရွေ့ ဒေါ်လာစျေးကခုလိုဖြစ်နေမှာပဲ။အခုက နိုင်ငံခြားငွေ ဝင်တာနည်းပြီး ထွက်တာကများနေတဲ့သဘောရှိတယ်။" လို့ စီးပွားရေးလုပ်ငန်းရှင်တယောက်ကသုံးသပ်ပြောပါတယ်။

ဗဟိုဘဏ်ကတော့ လက်ရှိ၂၀၂၅ ခုနှစ် ဇန်နဝါရီ၁ ရက်ကနေ ၁၁ ရက်နေ့အထိကို ငွေလဲနှုန်း ၃၅၉၂ ကျပ်နှုန်းနဲ့ အမေရိကန်ဒေါ်လာ ၅၈ သန်းကျော်ကို ရောင်းချပေးခဲ့ပြီး တရုတ်ယွမ် ၇၁၄၈၅၃.၇ကိုလည်း ငွေလဲနှုန်း ၅၃၉.၆ ကျပ်နှုန်းနဲ့ရောင်းချပေးခဲ့သလို
ထိုင်းဘတ် ၂.၈ သန်းကိုလည်းငွေလဲနှုန်း ၁၃၀.၃ ကျပ်နှုန်းနဲ့ရောင်းပေးခဲ့ပါတယ်။

ဒါအပြင် နိုင်ငံခြားမှာ ဆေးကုသခြင်း၊ ပညာတော်သင်သွားခြင်း၊ ဘုရားဖူးသွားခြင်း၊ အလုပ်အကိုင်ကိစ္စရပ်တွေနဲ့ ထွက်ခွာမယ့်သူများအတွက် အသေးသုံးနိုင်ငံခြားငွေတွေကို ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေလွှဲကောင်တာတွေမှာ ရောင်းချခြင်းပေးနေတယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းကလည်း ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ကေျာ်ထုတ်ရောင်းပေးခဲ့တယ်လို့သိရပါတယ်။

ဗဟိုဘဏ်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းကလည်း တရားမဝင်ငွေလဲလှယ်ခြင်း၊ရောင်းဝယ်ခြင်းလုပ်ကိုင်သူတွေကို ဖမ်းဆီးအရေးယူခဲ့ပြီး တရားမဝင်လုပ်ကိုင်တဲ့ money changer တွေကိုလည်းလိုင်စင်ပိတ်သိမ်းတဲ့အထိအရေးယူခဲ့ပါတယ်။

လက်ရှိ ပြင်ပစျေးကွက်မှာတော့ အမေရိကန်တဒေါ်လာကို ၄၇၄၀ ကျပ်ရှိပြီး ထိုင်းဘတ်က ၁၃၆ ကျပ်၊တရုတ်ယွမ်က ၆၅၀ ကျပ်စျေးပေါက်နေတယ်လို့သိရပါတယ်။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

မိမိချက်ထားတဲ့ ဟင်းကို ☺️☺️
မြည်းကြည့်လိုက်သောအခါ “🥴

#funny

image
42 w - Translate

ဖူးခက် မှာ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၇၊၁၈၊၁၉ ရက်များတွင် ကျင်းပမည့် EDC Music Festival Stage အပြင်အဆင်ကိုတစ်ချက်ရှိုး…

#festivalfools
#ဘန်ကောက်

imageimage
+4
42 w - Translate

#နတ်ဖလစ်ကထုတ်တဲ့ဂျနီဖာလိုပက်ဇ်ရဲ့အလန်းစားအက်ရှင်ကား
The Mother (2023) #????????_????
---------
IMDB (7.4/1
နက်ဖလစ်နဲ့ ဖန်စီကားလေးတွေမှန်မှန်ရိုက်နေတဲ့ ဂျေလိုတစ်ယောက် ဒီတစ်ခါတော့ အက်ရှင်ကားကိုအတည်ရိုက်လိုက်ပါပြီ ဟာသမပါပါဘူး အတော်လည်းကောင်းပါတယ် ဒါရိုက်တာကတော့ Mulan တို့ Anna with an E တို့ရဲ့ ဒါရိုက်တာ မမကြီး Niki Caro ပါပဲ
ဇာတ်လမ်းအကျဉ်းဇာတ်လမ်းနာမည် The mother ဆိုတဲ့အတိုင်း ဂျေလိုက ကလေးအမေပါ ဇာတ်ကားတစ်ကားလုံးမှာ သူ့နာမည်ကို မပြောသွားပါဘူး သူဟာ အာဖဂန်နဲ့အီရန်မှာ စနိုက်ပါအဖြစ် စစ်ဆင်ရေးတွေလုပ်ခဲ့သူဖြစ်ပြီး စစ်တပ်ကထွက်ပြီးနောက်ပိုင်းမှာ ကျူးဘားနဲ့မက္ကဆီကို လူဆိုးဂိုဏ်းတွေနဲ့ ပတ်သတ်ခဲ့ပါတယ်
ဒါပေမဲ့ ကိုယ်ဝန်ရလာပြီးမှာ သူတို့တွေကို ရဲဆီသတင်းပေးပြီး ဒီလောကထဲကနေ အလွတ်ရုန်းဖို့ ကြိုးစားခဲ့ပေမဲ့ အတိတ်ရဲ့ရန်သူတော်တွေက လျို့ဝှက်ထားတဲ့ သူ့သမီးကို ရန်ပြုလာတဲ့အခါ အမေကလည်း ပုန်းနေရာကနေထွက်လာပြီးတော့ ရန်သူဟောင်းအားလုံးကို ရင်ဆိုင်ရပါတော့တယ်

#crd

image

image
42 w - Translate

နှစ်ပေါင်း တစ်ထောင်ကျော်သက်တမ်း ရှိတဲ့ မြေအောက်မြို့တော်ကို အမျိုးသားတစ်ဦးက ရှာဖွေတွေ့ရှိ
တစ်ချိန်က လူပေါင်း 20,000 နေထိုင်ခဲ့သည့် နှစ်ပေါင်း တစ်ထောင်ကျော်သက်တမ်း ရှိတဲ့ ကြီးမားလှသော မြေအောက်မြို့တော်ကို အမျိုးသားတစ်ဦးက သူရဲ့ အိမ် မြေအောက်ခန်းရှိ နံရံကို ဖြိုချပြီးနောက် မတော်တဆ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ရှေးဟောင်းသုတေသန ပညာရှင်များသည် ၎င်းနေရာသို့ ရောက်ရှိလာပြီး ဆက်လက်တူးဖော်မှုများ ပြုလုပ်ခဲ့ရာ မြို့သည် ၁၈ ထပ် နက်ရှိုင်းပြီး ကျောင်းများ၊ ဘုရားကျောင်းများနှင့် နွားတင်းကုပ်များ အပါအဝင် မြေအောက်အသက်တာအတွက် လိုအပ်သော အရာအားလုံး တွေ့ရှိခဲ့ ကြောင်း သိရှိရပြီး ဖော်ထုတ်က မှတ်တမ်း ဓာတ်ပုံများ ရိုတ်ကူး ပြသခဲ့ပါတယ်။
#timespectrum
#knowledge

image
42 w - Translate

အထိန်းသိမ်းမှုကာလအတွင်း ကြုံတွေ့ခဲ့ရသည့် အခက်အခဲတွေကြောင့် စိတ်အေးချမ်းရေးအတွက် တရားစခန်းဝင်ပြီး ကိုယ်စိတ်ကို ပြန်လည်ပြုစုနေတဲ့ သင်ဇာဝင့်ကျော် 👍👍

#crd_photo

image
42 w - Translate

အအေးဓာတ်တွေ လွင့်စင်ပြီး
နွေဦးကို အစပြုရင်
ချစ်သော ကံ့ကော်တွေကို
ဦးစွာ လိုက်ရှာမိတော့တာပါပဲ ….
ရူးရတယ် ပန်းကလေးရယ်

ဘာကုသိုလ်ဖြစ်ဖြစ်စိတ်နှစ်၍လုပ်ပါ။
_________________💐🌹🌷🌺💐🌹🌷
ကုသိုလ်ဆိုသည်မှာ နည်းနည်းများများ အကျိုးပေးသည်သာ ဖြစ်၏။ ထို့ကြောင့် " ဒီကုသိုလ်လေးက မဖြစ်စလောက်လေးပါ" ဟု ဘယ်သောအခါမှ လျှော့မတွက်ရ။ ဘာကုသိုလ်ပဲဖြစ်ဖြစ် လေးလေးစားစား လုပ်ရမည် ဖြစ်သည်။

ထို့ကြောင့် ဆွမ်းတစ်ဇွန်းပဲ လှူလှူ၊ နေ့တစ်ဝက် ဥပုသ်ပဲ စောင့်စောင့်၊ နာရီဝက်ပဲ တရားမှတ်မှတ် နည်းနည်းလေးပဲဆိုပြီး လျှော့မတွက်သင့်ပေ။ ပုံမှန်လေး လုပ်ဖို့သာ အရေးကြီး၏။ ပုံမှန်လေး လုပ်ပေးလျှင် " နည်းရောင်းများရောင်း တောင်းပြည့်" ဆိုသကဲ့သို့ ကုသိုလ်သည် တဖြေးဖြေး များပြားလာလေတော့၏။

ကုသိုလ်လုပ်သည့်အခါ စိတ်နှစ်၍ လုပ်ရမည် ဖြစ်သည်။ စိတ်နှစ်၍ လုပ်မှလည်း ယင်းကုသိုလ်သည် အင်အားကောင်းလာပြီး တင်းပြည့်ကျပ်ပြည့် အကျိုးပေးမည် ဖြစ်သည်။

အရှင်မောဂ္ဂလာန်နှင့် နတ်သမီး
-----------------------------

အခါတပါးတွင် အရှင်မဟာမောဂ္ဂလာန်သည် နတ်ပြည်ကို ကြွချီတော်မူ၏။ နတ်ပြည် ရောက်သောအခါ တန်ခိုးကြီးမားသည့် နတ်သမီးလေး၏ ဗိမာန်နား ရောက်သွားလေ၏။

ဗိမာန်ရှင် နတ်သမီးက အရှင်မောဂ္ဂလာန်ကို မြင်သောအခါ ဗိမာန်မှ ထွက်လာပြီး လာရောက် ရှိခိုးလေ၏။ ထိုအခါ အရှင်မောဂ္ဂလာန်က မေးမြန်းတော်မူ၏။

" နတ်သမီး.. သင့်ရဲ့ စည်းစိမ်က ကြီးကျယ် ခန်းနားလှချည်လား၊ ဘယ်လိုကုသိုလ်တွေ ပြုခဲ့လို့ ဒီလို ကြီးကျယ်တဲ့စည်းစိမ်ကို ရတာလဲ"။

" လူ့ဘဝတုန်းက လုပ်ခဲ့တဲ့ ဒါနကုသိုလ်ကြောင့် အခုလို စည်းစိမ်ကို ရတာပါဘုရား၊ တပည့်တော် လုပ်ခဲ့တဲ့ ဒါနကုသိုလ်ကလည်း ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး၊ တည်သီးလေး တစ်လုံးကိုသာ လှူဒါန်းခဲ့တာပါဘုရား"။

" အော် .. စေတနာ ထက်သန်ရင် ထက်သန်သလောက် အကျိုးပေးတာပဲ၊ ဒါကြောင့် အခုလိုစည်းစိမ်ကို ရတာ၊ ရှေ့ဆက်ပြီးတော့ ကုသိုလ်တွေ လုပ်ပါလေ၊ အပ္ပမာဒေန သမ္ပာဒေထ"။

ထို့နောက် နတ်သမီးလေးသည် " မှန်ပါဘုရား၊ အရှင်ဘုရားကို ဖူးမျှော်ခွင့် ရလို့ ဝမ်းသာလှပါတယ်ဘုရား" ဟု လျှောက်ထားလိုက်လေသည်။

ဤဖြစ်စဉ်ကို ကြည့်လျှင် နတ်သမီးလေး၏ အလှူသည် တည်သီးတစ်လုံး အလှူဖြစ်သည့်အတွက် မပြောပလောက်သည့် အလှူဟု ဆိုရမည် ဖြစ်သည်။

သို့သော် နတ်သမီးလေးသည် " တည်သီးလေးတစ်လုံးပဲ၊ မဖြစ်စလောက် အလှူလေးပါ" ဟု ပေါ့ပေါ့ဆဆ မလုပ်ခဲ့။ ရိုရိုသေသေ မြတ်မြတ်နိုးနိုး လှူခဲ့၏။ ထို့ကြောင့် တည်သီးတစ်လုံး အလှူသည် အင်အားကောင်းသည့် အလှူကြီး ဖြစ်သွားလေတော့သည်။ လေးလေးစားစား လုပ်ခြင်း၏ အကျိုးပင်တည်း။

သက်ကစ်စ ဘာဝနာ
----------------

တချို့ဆိုလျှင် ရေတစ်ခွက်ကို လှူခဲ့သောကြောင့် မင်းစည်းစိမ် ရရှိသွားလေ၏။ ဘာကြောင့်နည်း၊ အလှူကို လေးလေးစားစား လှူခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အလုပ်တစ်ခု လုပ်လျှင် လေးလေးစားစား လုပ်ဖို့ လို၏။ ယင်းသို့ ပြုလုပ်ခြင်းကို " သက္ကစ္စ ဘာဝနာ" ဟု ခေါ်၏။

ကုသိုလ် အားနည်းခြင်း အားကောင်းခြင်းဆိုသည်မှာ စိတ်ပေါ်မှာပဲ မူတည်၏။ စိတ်က လေးလေးစားစား မလုပ်လျှင် ကုသိုလ်သည် အားနည်းမည် ဖြစ်၏။ အားနည်းသည့်ကုသိုလ်ကို " ဒုဗ္ဗလကုသိုလ်" ဟု ခေါ်၏။

စိတ်က လေးလေးစားစား လုပ်မှ ကုသိုလ်သည် အားကောင်းမည် ဖြစ်၏။ အားကောင်းသည့် ကုသိုလ်ကို " ဗလဝကုသိုလ်" ဟု ခေါ်၏။ ယင်းအားကောင်းသည့် ကုသိုလ်ကပဲ ကောင်းကျိုးချမ်းသာကို ပြည့်ပြည့်ဝဝ ပေးမည် ဖြစ်ပါပေ၏။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"

#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ
🌺🌷🌹🌺🌷🌹🌺🌷🌹💐🙏🙏🙏
#ဓမ္မဒါန
Credit..🙏🙏🙏🙏🙏
#အရှင်တေဇသာမိ(ဒက္ခိဏသီရိ)

image
42 w - Translate

minin lions tatoo

image