37 w - Translate

တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပမြဲဖြစ်သော အမေရိကား၏ နာမည်အကြီးဆုံးအားကစားပွဲဖြစ်သည့် The National Basketball Association (NBA) All-Star Game မှာ သက်စံနဲ့ Burma Superstar, Burma Love တို့အတူပါဝင်ဆင်နွှဲနေသည့် မြင်ကွင်းများ 🎥✨
Kayah by Burma Love at the Chase Center
151 Warriors Way Suite 105, San Francisco, CA 94158
#mistysforthetsan
#topicnews

image

ဓါတ်သတ္တုဆိုင်ရာ သဘောတူညီချက် ယူကရိန်းသမ္မတကို အမေရိကန်ဖိအားပေး

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၂

ယူကရိန်းသမ္မတ ဇီလန်စကီးဟာ ယူကရိန်းဓါတ်သတ္တုတွေကို အမေရိကန်က ဦးစားပေးရယူဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ဝေဖန်မှုတွေနဲ့အတူ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ယခင်သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်မှာ ပေးအပ်ထားတဲ့ ဒေါ်လာဘီလီယံများစွာအတွက် ယူကရိန်းဟာ အမေရိကုမ္ပဏီတွေကို လျော်ကြေးအဖြစ် လုပ်ပိုင်ခွင့်ပေးရမယ်လို့ ဒေါ်နယ်ထရန့်က တောင်းဆိုနေတာပါ။

ယူကရိန်းကတော့ သူ့ရဲ့ သယံဇာတနဲ့ အရေးပါတဲ့ ဓါတ်သတ္တုတွေ တူးဖော်ရေးအပါအဝင် သဘောတူညီချက်အတွက် အပြန်အလှန်အားဖြင့် အမေရိကန်ဆီကနေ လုံခြုံရေးအာမခံချက်ရရှိဖို့ ကြိုးပမ်းနေပါတယ်။

ထရန့်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝေါ့ဇ်ကတော့ ဇီလန်စကီးဟာ သောကြာနေ့မှာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိမ့်မယ်လို့ ပြောပါတယ်။ ရေတိုမှာ ယူကရိန်းအတွက်ကောင်းတယ်လို့ မိုက်ဝေါ့ဇ်က ပြောပါတယ်။

မကြာသေးမီကလည်း ဒေါ်နယ်ထရန့်ဟာ ဇီလန်စကီးကို အာဏာရှင်လို့ တံဆိပ်ကပ်ပြောဆိုခဲ့ပြီး ရုရှားနဲ့ စစ်ပွဲကို ယူကရိန်းက စတင်ခဲ့တာလို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။ ပူတင်နဲ့ အလွန်ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။

ထရန့်ကတော့ သူသမ္မတဖြစ်ရင် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရမယ်လို့ ကတိပြုထားပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ ဆော်ဒီအာရေဗျမှာ အမေရိကန်နဲ့ ရုရှားတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါသေတယ်။

Ref:AFP
Photo:AFP

#သတင်းဟင်းလေးအိုးကြီး

image

မိုးကောင်းဒေသ ပင်းကြိုင်းရွာသား ၅၆ ဦးကို စစ်သားလုပ်ဖို့ KIA ဖမ်းသွား

ဖေဖော်ဝါရီ ၂၁

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းကြိုင်းရွာကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဝင်ရောက်လာပြီး တစ်အိမ်တက်ဆင်းလုပ်ကာ ဒေသခံ ၅၆ ဦးကို စစ်သားစုဆောင်းရေးအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

KIA တပ်ဖွဲ့သည် ဖေဖော်ဝါရီ ၂၀ ရက်နေ့က ပင်းကြိုင်းရွာအတွင်း ဝင်ရောက်လာပြီး တစ်အိမ်တက်ဆင်းလုပ်ကာ စစ်သားစုဆောင်းရေး လုပ်နေသည်။

KIA က ဖမ်းဆီးသွားသော ပင်းကြိုင်းရွာက ဒေသခံ ၅၆ ဦးတွင် အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၅၁ ဦးပါဝင်ကြောင်း၊ အမျိုးသားများသည် အသက် ၂၁ နှစ်မှ ၄၅ နှစ်အတွင်း ဖြစ်ကြောင်း ဖမ်းဆီးခံရသော စာရင်းများအရ သိရသည်။

အဆိုပါ ဖမ်းဆီးခံရသူများသည် ရှမ်းတိုင်းရင်းသူ/သား အများဆုံးဖြစ်ကာ ကချင်တိုင်းရင်းသူ ၁ ဦးသာ ပါဝင်သည်။

ထို့နောက် အင်းတော်ကြီးဒေသ လက်ပံတန်းကျေးရွာမှ ဒေသခံအားလုံး(တစ်ရွာလုံး)ကိုလည်း ဖေဖော်ဝါရီ ၂၀ ရက်က စစ်သားစုဆောင်းရေးအတွက် KIA က ဖမ်းဆီးသွားသလို မိုးညှင်းမြို့နယ်၊ အင်းဖို/အင်းမရွာအနီးမှာလည်း အမျိုးသမီး ၂၀ ဦးကို ဖေဖော်ဝါရီ ၂၁ ရက်က KIA မှ ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ ပင်းခါးနှင့် ကြောင်လည် ကျေးရွာမှ ဒေသခံ ၇၀၀ နီးပါးကို လည်း KIA-PDF များက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်နှင့် ၃၀ ရက်တွင် ဖမ်းဆီးသွားခဲ့ရာ ယနေ့အချိန်ထိ ပြန်မ လွတ်လာသေးကြောင်း သိရသည်။

KIA- PDF သည် ဗန်းမောက်မြို့နှင့် ဗန်းမော်မြို့ သိမ်းပိုက်ရေး ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ထိခိုက်သေဆုံးမှုများ သည့်အတွက် စစ်အင်အား ဖြည့်တင်းရန်အတွက် စစ်သားများစုဆောင်းလျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

#centralnewsnaypyitaw

image
image
image

4:08 Zig ZiGdgafxxk X Pulseworks

37 w - Translate

(#ဇာတ်ကားသစ်ချိုချဉ်ကောင်လေးရဲ့ ကလဲ့စား)
IMDb – 8.1/10
ကီရန်ဆိုတဲ့ကောင်မလေးနဲ့ ပရီယာဆိုတဲ့ကောင်မလေးဟာ အချစ်ရဆုံးသူငယ်ချင်းတွေပေါ့။
ကီရန်ဟာ ရဲအရာရှိစာမေးပွဲအောင်ပြီးတော့ တာဝန်ကျမှာကို စောင့်နေတဲ့အချိန်မှာ
ပရီယာဟာ တိုက်ပေါ်ကနေ ပြုတ်ကျ သေဆုံးသွားခဲ့ရပါ
ကီရန်ဟာ သူ့သူငယ်ချင်းသေဆုံးမှုကို သွေးရိုးသားရိုးမဟုတ်ဘဲ လူသတ်မှုလို ကောက်ချက်ချခဲ့ပါတယ်။
အကြောင်းကတော့ သူ့သူငယ်ချင်းရဲ့ အလောင်းနားကို ပြုံးပြုံးကြီးကြည့်နေတဲ့ ချိုချဉ်စုပ်နေတဲ့
ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရလိုပါပဲ။ ဒီလိုနဲ့ သူ့အချစ်ဆုံးသူငယ်ချင်းရဲ့
အမှုနောက်ကိုလိုက်ရင်း သူတာဝန်ကျတဲ့အချိန်မှာ ဒီလို အလားတူအမှုတွေနဲ့ ကြုံလာရတဲ့အချိန်မှာတော့ ……..
ပရီယာရဲ့ သေဆုံးမှုနောက်ကွယ်ကအကြောင်းကို ကီရန်တစ်ယောက်ဖြေရှင်းနိုင်သွားမှာလား …..
ချိုချဉ်စုပ်နေတဲ့ ကောင်လေးကရော ဒီလူသတ်မှုနဲ့ ဘယ်လိုတွေ ဆက်စပ်နေလဲ ……
ကီရန်တစ်ယောက် အမှုတွေကို ဘယ်လိုဖော်ထုတ် အဖြေရှာသွားမလဲဆိုတာတွေကို
ကြည့်ရှုရမယ့် မှုခင်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

#crd
#storymode

image

#

ဘယ်တတ်နိုင်မလဲ ငါဒီဘဝမှာ

ဟာကွာ

Apu Lay shared a post  
37 w

37 w

လှလွန်းလို့ အသားတွေပါ တဆတ်ဆတ်တုန်တဲ့
ခင်လေးဆတ်ဆတ်တုန်လေးပါ...🥹💜💐
ခွာပြာလို့လည်း ခေါ်ကြပါတယ် 🩷
#flowers

image
image
image
Khine Su Zin shared a post  
37 w

37 w

🔸#ကောင်းလိုက်တဲ့ #ဆုတောင်း?
🖌တစ်ခါက အလွန်ခင်တဲ့ သူငယ်ချင်းနှစ်ယောက်က ပင်လယ်ထဲကို သင်္ဘောဖြင့် ခရီးထွက်ခဲ့ပါတယ်...
🖌 ဒါပေမယ့် မုန်တိုင်းနဲ့ ကြုံပြီး သင်္ဘောပျက်သွားတာကြောင့် နှစ်ယောက်လုံး ရေကူးပြီး ကျွန်းတစ်ကျွန်းပေါ်ကို ရောက်လာကြပါတယ်...
🖌ကျွန်းပေါ်ရောက်တော့ သူတို့ သူငယ်ချင်း နှစ်ယောက် ဘယ်သူ ပိုကံကောင်းတယ်ဆိုတာ သိရအောင် ကျွန်း တစ်ခြမ်းစီမှာ သီးသန့်နေထိုင်ဖို့ လုပ်ကြပါတယ်...
ပထမနေ့မှာ တစ်ယောက်က အစားအသောက်ရဖို့ ဆုတောင်းတော့ သစ်သီးပင်တစ်ပင်ကို သူ့ကျွန်းဘက်ခြမ်းမှာတွေ့ပါတယ်။ ကျန်တစ်ယောက်ကတော့ သစ်သီးပင်မတွေ့တာကြောင့် ရှိတဲ့ အရွက်တွေကိုပဲ စားရပါတယ်...
🖌နောက်နေ့မှာ ပထမတစ်ဦးကပဲ ဆုတောင်းတိုင်း ရရှိနေပါတော့တယ်။ မိန်းမအဖော်လိုချင်တယ်လို့ဆုတောင်းတော့ သင်္ဘောပျက်ပေါ်က အမျိုးသမီးတစ်ယောက်က သူ့ကျွန်းဘက်မှာ ရောက်လာပါတယ်။ အဲလိုပဲ အ၀တ်အစားတွေကို အစားအသောက်တွေပါ သူဆုတောင်းတိုင်း ရရှိပါတယ်...
နောက်ဆုံးတော့ သူက သင်္ဘောတစ်စီးဆုတောင်းပြီး ကျွန်းကနေ ပြန်ဖို့ လုပ်ပါတယ်။ သင်္ဘောတစ်ကယ်ပဲရောက်လာတော့ သူရယ် သူ့အဖော်အမျိုးသမီးရယ်က ကျွန်းကနေ ထွက်ခွာဖို့ လုပ်ပါတယ်...
🖌အဲဒီအချိန်မှာ သိကြားမင်းပေါ်လာပြီး မေးပါတယ်။
☞"ဘာလို့ မင်းသူငယ်ချင်းကိုပါ မခေါ်သွားဘူးလဲ ဆိုတော့ သူကဖြေပါတယ်သူက ကံမကောင်းဘူးလေ။ သူဆုတောင်းသမျှ ပြည့်မှ မပြည့်တာ။ သူ့ကြောင့် ကျွန်တော်တို့ သင်္ဘောပျက်ပြီး ကျွန်တော်တို့ ဒုက္ခရောက်တာလားတောင်မသိဘူး။ ဒါကြောင့် ဒီတစ်ခါတော့ သူကို ကျွန်တော် ထားခဲ့တော့မယ်"...
🖌သိကြားမင်းက ဆက်ပြောပါတယ်။ "သင်မှားနေပြီ။ ကျွန်ုပ် ဆုတောင်းဖြည့်ပေးခဲ့တာက သင့်သူငယ်ချင်းရဲ့ ဆုတောင်းတစ်ခုထဲကိုပါ။ သင့်ဆုတောင်းတွေကို ကျွန်ုပ် မဖြည့်စီးပေးခဲ့ပါဘူး"...
🖌ထိုအခါကျမှ သူလည်း အံ့သြသွားပြီး "ဒါဆို ကျွန်တော့်သူငယ်ချင်းရဲ့ ဆုတောင်းကဘာလဲ" လို့မေးလိုက်တော့...
⚘"သင့်သူငယ်ချင်းရဲ့ ဆုတောင်းက သူ့အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ သင့်ရဲ့ ဆုတောင်းများအားလုံး ပြည့်ပါစေတဲ့"... အဲ့ဆုတောင်းကိုပဲ ငါဖြည့်စည်းပေးခဲ့တာပါ⚘
⚘လောကမှာလည်း တူတူပါပဲ။ ကိုယ့်ရဲ့ ကံကောင်းမှုတိုင်းက လူတစ်ဦးတစ်ယောက်ရဲ့ ဖြည့်စီးပေးမှုလည်း ပါ၀င်နိုင်တယ်ဆိုတာကို မမေ့ပါနဲ့။ သင်အချစ်ဆုံးလူတွေကို ဘယ်တော့မှ ချန်မထားခဲ့ပါနဲ့ ...⚘
#မူးရင်းရေးသားသူအားလေးစားခြင်းဖြင့်
#မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်

image