1 နှစ် - ဘာသာပြန်ပါ။

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ
~~~~~~~~~~~~~~~~~~~~~~~
#မေတ္တာဆိုသည်မှာ
သူတစ်ပါးအကျိုးလိုလားတဲ့
စိတ်နေသဘောထားဖြစ်၍
သူတစ်ပါးကောင်းကျိုးကို
ဖော်ဆောင်တတ်ပြီး မုန်းတီးစိတ်
ကို ဖယ်ရှားတတ်သည်။
#သူတစ်ပါးအပြစ်ကိုမကြည့်ပဲ
မြတ်နိူးဖွယ်သာကြည်တတ်မှ
မေတ္တာကိုတည်ဆောက်နိုင်တယ်။
#မုန်းတီးစိတ် ပျောက်ကင်းလျှင်
မေတ္တာ၏ အောင်မြင်မှုဖြစ်၍
#သူတစ်ပါးအပေါ် တွယ်တာသောစိတ်
ဖြစ်လာလျှင် မေတ္တာ၏ ကျရှုံးခြင်းဖြစ်၏။
#စစ်မှန်သောမေတ္တာတရားကို
ပိုဆိုင်နိုင်အောင် ကြိုးစားပါ။
#ကရုဏာ
#ကရုဏာဆိုတာဟာ သူတစ်ပါးရဲ့
ဒုက္ခကို ဖယ်ရှားလိုခြင်း သဘာ၀
ရှိတယ်။ ကရုဏာဆိုတာ သူတစ်ပါး
ဒုက္ခကို မကြည့်ရက်လို သူတစ်ပါးကို
မထိခိုက်စေသည့် အနေအထားမျိုး
ဖြစ်သည်။
#ဒုက္ခရောက်သူတို့ကိုစာနာ ထောက်ထား
စိတ်ကြောင့် ကရုဏာဖြစ်ပေါ်လာသည်။
သူတစ်ပါးထိခိုက်စေလိုတဲ့စိတ်ထား
ပျောက်ကင်းခြင်းက ကရုဏာရဲ့ အောင်
မြင်မှု၊ ဒုက္ခရောက်သူအပေါ် စိသောက
ဖြစ်လာခြင်းက ကရုဏာရဲ့ ကျရှုံးခြင်း
ဖြစ်သည်။
စစ်မှန်တဲ့ ကရုဏာတရားထားနိုင်အောင်
ကြိုးစားပါ။
#မုဒိတာဆိုတာ
သူတစ်ပါးအောင်မြင်ပြည့်စုံမှုကို
၀မ်းသာအားရခြင်းသည် မုဒိတာ၏
သဘာ၀ဖြစ်သည်။
#မနာလိုစိတ်ပျောက်ကင်းစေ၍
သူတစ်ပါး အောင်မြင်မှုအပေါ် စိတ်
မသက်မသာ ဖြစ်မှုမရှိသည့် အနေ
အထားဖြစ်သည်။
သူတစ်ပါးရဲ့အောင်မြင်မှုပြည့်စုံမှုကို
မြင်တွေ့ရခြင်းသည် မုဒိတာရဲ့ အနီးဆုံး
အကြောင်းဖြစ်သည်။
သူတစ်ပါးရဲ့ အောင်မြင်ပြည့်စုံမှုအတွက်
စိတ်မသက်မသာဖြစ်မှု ကင်းစင်ခြင်းသည် မုဒိတာရဲ့အောင်မြင်မှုဖြစ်ပြီး
ပြောင်လှောင်ရယ်မောခြင်းသည်
မုဒိတာ၏ ကျဆုံးခြင်းဖြစ်သည်။
#ဥပေက္ခာဆိုတာ
ချစ်ခြင်းမုန်းခြင်း နှစ်မျိုးလုံးကင်း
သော စိတ်နေသထေားကို ဥပေက္ခာဟု
ခေါ်သည်။
ဥပေက္ခာရဲ့သဘာ၀သည်
ချစ်ခြင်း,မုန်းခြင်းကင်းသည်။
ဥပေက္ခာသည် အားလုံး တူညီသော
အနေအထားဖြင့်သာ ရှုမြင်သည်။
ဥပေက္ခာသည် ချစ်ခြင်း,မုန်းခြင်း
နှစ်မျိုးလုံးကို ပျောက်ကင်းစေသည်။
မည်သူမဆို ကံစီမံရာ ဖြစ်ရတယ်ဟူ
သောအမြင်သည် ဥပေက္ခာကို ဖြစ်စေ
နိုင်သည်။
သူတစ်ပါးအပေါ် ဆန့်ကျင်လိုစိတ်
မျက်နှာသာ ပေးလိုစိတ် ပျောက်ကင်း
ခြင်းသည် ဥပေက္ခာ၏ အောင်မြင်မှု
ဖြစ်ပြီး၊ အဆိုးအကောင်းမသိတဲ့
လျစ်လျူရှုမှုသည် ဥပေက္ခာ၏ ကျရှုံး
ခြင်းဖြစ်သည်။
ဥပေက္ခာထားနိုင်မှုသည် မွန်မြတ်သည့်
ကျင့်စဥ်ဖြစ်သည်။
ပါမောက္ခချုပ်ဆရာတော်ကြီး၏
Online ဓမ္မစာလွှာများမှ ပူဇော်ပါ၏။
ချမ်းမြေ့ပါစေ.....Win Bo Myint

image
1 နှစ် - ဘာသာပြန်ပါ။

လောကဓံဆိုတာ ..
အချိန်မရွေး နှိပ်စက်တတ်တယ်ဆိုတာ
သတိထားပါ။
ဘယ်နေ့၊ ဘယ်ပုံသန္တာန်နှင့် ဒုက္ခလာပေးမယ်ဆိုတာ၊
ဘယ်သူမှ ကြိုမသိနိုင်သောကြောင့်၊
အားကိုးစရာ အပြည့်အဝရှိထားအောင် အားထုတ်ထားကြပါ။
ရှေ့မှာ တို့ကို ကြိုဆိုနေတယ် ဆိုတာ
နားလည်ထားပေါ့။
မြောက်ဦးဆရာတော် တရားဓမ္မများ

image
Khine Su Zin မျှဝေသည်။ ပို့စ်  
1 နှစ်

1 နှစ်

"ဒိုးနပ်နဲ့ထိုးမုန့်'' အမြဲရန်ဖြစ်နေကျပွဲမှာ
ထိုးမုန့်တို့အလံဖြူပြ ပြီးထွက်သွားပါပြီ ဆိုတဲ့
ပိုစ့်အောက်က ကဗျာလေး။
ရင်ထဲထိလွန်းလို့ Copy ယူခဲ့တယ်။
မူရင်းရေးသားသူအားလေးစားစွာ creditပေးပါတယ်။
ရွှေမန္တလေးရေ
တဖန်ပြန်နိုးထလှည့်ပါအုံး
တကယ်ဆို
မင်းတို့မြို့ကမှ ရှေ့ကရွှေထည့်ခေါ်လို့ရတာ
တို့ရန်ကုန်ကို ဘယ်သူကမှ
ရွှေရန်ကုန်လို့မခေါ်ဘူးလေ
ရတနာပုံမြို့ရေ
တဖန်ပြန်ရုန်းကြွလိုက်ပါအုံး
တို့ရန်ကုန်ဆိုတာ ရန်တွေကုန်ရုံရယ်ပါ
မင်းတို့မြို့လို့ ရတနာတွေပုံမနေပါဘူး
ထိုးမုန့်တို့ရေ
တဖန်ပြန်ရန်တွေ့လှည့်ပါအုံး
တကယ်ဆို တို့တွေရဲ့ဒိုးနတ်က
တို့ရိုးရာအခြေခံတဲ့မုန့်မဟုတ်ဘူး
မင်းတို့ထိုးမုန့်ကမှ မြန်မာ့ရိုးရာစစ်စစ်ကြီးပါ
မုန့်ဟင်းခါးကို စားတယ်ပြောပြော
သောက်တယ်ပဲဆိုဆို
မုန့်တီမှာလို့ နန်းကြီးပဲလာချချ
ငါိိတို့အားလုံးတော့
တူတူကြိုက်ခဲ့ကြတာပဲလေ
မရဘူး ခုကျမှ အလံဖြူမပြနဲ့
ငါတို့က ငြင်းခုန်လို့မဝသေးဘူးလေ
မင်းတို့ငိုသလိုတို့လဲငိုနေတယ်
မင်းတို့က အိမ်ပြို ကျုံးပြို သလို
ငါတို့ကလဲ ရင်ခွင်တွေပြိုကျရတာပါပဲ
သွားသူတို့လမ်း
ထိုင်လွမ်းနေရုံပြီးပါ့မလား
ထားခဲ့ပြီဆိုပေမဲ့
ခွဲသွားကြသူတွေကရော
ကျန်ရစ်သူတွေကို
အရှုံးပေးနေစေချင်ပါ့မလား စဉ်းစား
နိုင်သလောက်ကူ
ပိုင်သလောက်ကူနေကြတာက
ဆိုင်လို့ဆိုတာထက် ပြိုင်လို့မှမဝသေးတာ
ခုမောနေတယ်ဆို
မင်းတို့ခဏတော့ထိုင်နေလိုက်
ငါတို့က ပုဝါနဲ့သုပ်မပေးပဲ
ချွေးနဲ့မျက်ရည်တိတ်စေမယ် နော်
အေး ပြီးရင်တော့
မင်းတို့ရဲ့ မြို့အဝင်သင်္ကေတတောင်
နန်းပြဿဒ်နဲ့
ရတနာပုံရွှေမန္တလေးရေ
ရှေ့တစ်ပြပေါင်းများစွာမှာ
အားမန်ဟုန်လေကိုခွင်းလို့
ပတ္တမြားမှန်နွံမနစ်ဘူးဆိုတာ
အမျိုးမြတ်သူတို့သမိုင်းကြောင်း
တို့ဒိုးနတ်တွေသိအောင်
ခြေကန်ကာအားကုန်ရုန်းလို့
မန်းသားတွေကြံ ဘာခံနိုင်မလဲဆိုတာ
ပြလိုက်ကြစမ်း။
Nyein Nyein Thet
#crd

image
1 နှစ် - ဘာသာပြန်ပါ။

"ဒိုးနပ်နဲ့ထိုးမုန့်'' အမြဲရန်ဖြစ်နေကျပွဲမှာ
ထိုးမုန့်တို့အလံဖြူပြ ပြီးထွက်သွားပါပြီ ဆိုတဲ့
ပိုစ့်အောက်က ကဗျာလေး။
ရင်ထဲထိလွန်းလို့ Copy ယူခဲ့တယ်။
မူရင်းရေးသားသူအားလေးစားစွာ creditပေးပါတယ်။
ရွှေမန္တလေးရေ
တဖန်ပြန်နိုးထလှည့်ပါအုံး
တကယ်ဆို
မင်းတို့မြို့ကမှ ရှေ့ကရွှေထည့်ခေါ်လို့ရတာ
တို့ရန်ကုန်ကို ဘယ်သူကမှ
ရွှေရန်ကုန်လို့မခေါ်ဘူးလေ
ရတနာပုံမြို့ရေ
တဖန်ပြန်ရုန်းကြွလိုက်ပါအုံး
တို့ရန်ကုန်ဆိုတာ ရန်တွေကုန်ရုံရယ်ပါ
မင်းတို့မြို့လို့ ရတနာတွေပုံမနေပါဘူး
ထိုးမုန့်တို့ရေ
တဖန်ပြန်ရန်တွေ့လှည့်ပါအုံး
တကယ်ဆို တို့တွေရဲ့ဒိုးနတ်က
တို့ရိုးရာအခြေခံတဲ့မုန့်မဟုတ်ဘူး
မင်းတို့ထိုးမုန့်ကမှ မြန်မာ့ရိုးရာစစ်စစ်ကြီးပါ
မုန့်ဟင်းခါးကို စားတယ်ပြောပြော
သောက်တယ်ပဲဆိုဆို
မုန့်တီမှာလို့ နန်းကြီးပဲလာချချ
ငါိိတို့အားလုံးတော့
တူတူကြိုက်ခဲ့ကြတာပဲလေ
မရဘူး ခုကျမှ အလံဖြူမပြနဲ့
ငါတို့က ငြင်းခုန်လို့မဝသေးဘူးလေ
မင်းတို့ငိုသလိုတို့လဲငိုနေတယ်
မင်းတို့က အိမ်ပြို ကျုံးပြို သလို
ငါတို့ကလဲ ရင်ခွင်တွေပြိုကျရတာပါပဲ
သွားသူတို့လမ်း
ထိုင်လွမ်းနေရုံပြီးပါ့မလား
ထားခဲ့ပြီဆိုပေမဲ့
ခွဲသွားကြသူတွေကရော
ကျန်ရစ်သူတွေကို
အရှုံးပေးနေစေချင်ပါ့မလား စဉ်းစား
နိုင်သလောက်ကူ
ပိုင်သလောက်ကူနေကြတာက
ဆိုင်လို့ဆိုတာထက် ပြိုင်လို့မှမဝသေးတာ
ခုမောနေတယ်ဆို
မင်းတို့ခဏတော့ထိုင်နေလိုက်
ငါတို့က ပုဝါနဲ့သုပ်မပေးပဲ
ချွေးနဲ့မျက်ရည်တိတ်စေမယ် နော်
အေး ပြီးရင်တော့
မင်းတို့ရဲ့ မြို့အဝင်သင်္ကေတတောင်
နန်းပြဿဒ်နဲ့
ရတနာပုံရွှေမန္တလေးရေ
ရှေ့တစ်ပြပေါင်းများစွာမှာ
အားမန်ဟုန်လေကိုခွင်းလို့
ပတ္တမြားမှန်နွံမနစ်ဘူးဆိုတာ
အမျိုးမြတ်သူတို့သမိုင်းကြောင်း
တို့ဒိုးနတ်တွေသိအောင်
ခြေကန်ကာအားကုန်ရုန်းလို့
မန်းသားတွေကြံ ဘာခံနိုင်မလဲဆိုတာ
ပြလိုက်ကြစမ်း။
Nyein Nyein Thet
#crd

image
1 နှစ် - ဘာသာပြန်ပါ။

Ensure ဗူးနဲ့ ကိုယ့်ကျင်ငယ်ရည်ကိုဖျော်ပြီး အသက်ဆက်ခဲ့ရတဲ့ Golden Country ဟိုတယ်ပြိုကျမှုမှ နာရီပေါင်း ၁၇၀ ကြာအသက်ရှင်ခဲ့သူ ❤️
မန္တလေး ၆၅ လမ်းပေါ်က Golden Country Hotel ဟာ မတ်လ ၂၈ ရက်နေ့ ငလျင်ဘေးဒဏ်ကြောင့် အောက်ဆုံးအလွှာတွေပြိုကျခဲ့ပါတယ်။ အဆိုပါ ဟိုတယ်ပြိုကျမှုကို တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရှာဖွေကယ်ဆယ်ခဲ့ကြပြီး ၆ ရက်တာ ပိတ်မိနေတဲ့ အမျိုးသားတစ်ဦးကို အသက်ရှင်လျှက်ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အဆိုပါ အမျိုးသားဟာ ပြိုကျပြီးပိတ်မိနေတဲ့အချိန်မှာ စားသောက်စရာဘာမျှမရှိသော်လည်း မိခင်အတွက် ဝယ်ယူလာတဲ့ Ensure ဗူးတွေကို ရေဓာတ်ဆုံးရှုံးမှုမရှိအောင် ရေလည်းမရှိတာကြောင့် သူ့ကျင်ငယ်ရေနဲ့ပဲ ဖျော်ပြီး အသက်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ အမျိုးသားဟာ တိုက်ပြိုကျမှုမှာ နာရီပေါင်း ၁၇၀ ကြာပိတ်မိပြီးမှ အသက်ရှင်လျှက်ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။

#crd
#celenews

image
1 နှစ် - ဘာသာပြန်ပါ။

တကယ်ပါ။
တစ်ရက် ကုန်သွားတိုင်း
သင်္ကြန်ရောက်တော့မယ်ဆိုတာကြီးက
မိုးလင်း အိပ်ယာ ထ ကတည်းက ရေတွက်နေမိတယ်။
အပျော်ဆုံးကာလလေး တစ်ခုပေါ့
ဒါပေမယ့်...
ပျောက်ဆုံးသွားပြီ။

image
1 နှစ် - ဘာသာပြန်ပါ။

သိန်းသောင်းပေါင်းများစွာ ငွေသားလှူဒါန်းတာနဲ့ အားမရလို့ အစားအသောက်နှင့် 6ဆးဝါး ပစ္စည်းများဝယ်ယူပြီး
ကိုယ်တိုင်သွားရောက်လှူဒါန်းဖို့ပြင်ဆင်နေတဲ့ သရုပ်ဆောင် ဝတ်မှုန်ရွှေရည် ❤️
#ငလျင်

image
1 နှစ် - ဘာသာပြန်ပါ။

နစက ဥက္ကဋ္ဌ ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိ
ထိုင်းနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးတက်ရောက်ခဲ့သည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီ ၄ ရက်ညပိုင်းက အထူးလေယာဥ်ဖြင့် ထိုင်းနိုင်ငံ၊ ဒွန်မောင်းလေဆိပ်မှတစ်ဆင့်ပြန်လည်ထွက်ခွာလာရာ ည ၁၀ နာရီတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ပြန်လည်ရောက်ရှိလာခဲ့သည်။
ခရီးစဉ်အတွင်း၌ နစက ဥက္ကဋ္ဌသည် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး ဘင်းစတက်အဖွဲ့ဝင်နိုင်ငံများမှ အစိုးရအဖွဲ့အကြီးအကဲများနှင့်တွေ့ဆုံ၍ ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ကြောင့်ဖြစ်ပေါ် ကြုံတွေ့နေရသည့် အခြေအနေများ၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုထိရောက်စွာဆောင်ရွက်နိုင်ရန် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုများနှင့်ချစ်ကြည်ရင်းနှီးမှုဆိုင်ရာများကို ဆွေးနွေးနိုင်ခဲ့သည်။

image
1 နှစ် - ဘာသာပြန်ပါ။

ကျောက်ဆည်မြို့အနီးသို့ ဗဟိုပြု၍ လှုပ်ခတ်သော ပြင်းအား ၄ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် ပြည်သူများ ထိတ်လန့်
ရန်ကုန်၊ ဧပြီ ၄
မန္တလေးတိုင်း ကျောက်ဆည်မြို့အနီးသို့ ဗဟိုပြု၍ လှုပ်ခတ်သော ပြင်းအား ၄ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိဗေဒ-ငလျင်စောင့်ကြည့်ရေးအဖွဲ့ -USGS က ထုတ်ပြန်လိုက်ပြီး အဆိုပါငလျင်ကြောင့် ပြည်သူများ ထိတ်လန့်တုန်လှုပ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၄ ရက်နေ့ ည ၉ နာရီ ၅၅ မိနစ်အချိန် ကျောက်ဆည်မြို့ ၏ အနောက် ဘက် ၇ ကီလိုမီတာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
"လူကို ကိုင်ရိုက်လိုက်သလို မြောက်တက်သွားတယ်။ ဒီငလျင်က ပြင်းတယ်လို့ ခံစားရတယ်။ ရင်တွေတောင် တုန်တယ်" ဟု ကျောက်ဆည်မြို့မှ ဒေသပြည်သူတစ်ဦးက ဆိုသည်။
ယနေ့ ည ၉ နာရီ ၅၅ မိနစ် လှုပ်ခတ်ခဲ့သော ငလျင်ကို မန္တလေး အပါအဝင် မြို့ကြီးများတွင် ခံစားသိရှိရပြီး ပြည်သူအများ ထိတ်လန့် တုန်လှုပ်နေကြကြောင်း သိရှိရသည်။
"မတ်လ ၂၈ ရက်နေ့ကတည်းက ညတိုင်း၊ နေ့တိုင်း နောက်ဆက်တွဲ ငလျင်တွေ လှုပ်နေတာ။ အခုထက်ထိ မရပ်သေးတော့ ဘယ်လိုတောင် အိမ်ပြန်ရမလဲ စဉ်းစားမရဘူး" ဟု မန္တလေး၊ ကျုံးနံဘေးတွင် ယာယီတဲဖြင့် နေထိုင်သူ မန္တလေးမြို့ခံတစ်ဦးက ရှင်းပြသည်။
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် လက်ရှိတွင် ပြည်သူ ၃၀၀၀ ကျော် သေဆုံးခဲ့ကြောင်း စစ်ကောင်စီနှင့် NUG က တရားဝင် သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- မတ်လ ၂၈ ရက်နေ့ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် မန္တလေးတွင် နောက်ဆက်တွဲ ငလျင်ကြောက်လန့်၍ ကွင်းပြင်များတွင် အိပ်စက်နေကြသော ပြည်သူများ။

image
1 နှစ် - ဘာသာပြန်ပါ။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ထိုင်းပြည်သူတချို့က မင်းအောင်လှိုင်ကို ဆန္ဒပြ၊ ဘန်ကောက် ရှန်ဂီလာဟိုတယ်သို့ သွားရောက် ဆန္ဒပြသော ထိုင်းတက္ကသိုလ်ကျောင်းသား အမှုဖွင့်ခံရခြင်းမရှိဘဲ ပြန်လွတ်လာ
ရန်ကုန်၊ ဧပြီ ၄
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ထိုင်းပြည်သူတချို့က အကြမ်းဖက် မင်းအောင်လှိုင်ကို ဆန္ဒပြကြကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။
ယနေ့ ညပိုင်း ထိုင်းပြည်သူတချို့ပါဝင်သော "Moke Luang Rim Nam and Fire Lam Thung" အဖွဲ့က အကြမ်း ဖက် မင်းအောင်လှိုင် ဘန်ကောက်သို့ လာရောက်မှုကို ကန့်ကွက်သည့်အနေဖြင့် ဘန်ကောက်မြို့ အနုပညာနှင့် ယဉ်ကျေးမှုစင်တာရှေ့တွင် ဆန္ဒပြကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ယနေ့ ညနေပိုင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှန်ဂရီလာဟိုတယ်တွင် ကျင်းပသည့် BIMSTEC ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ သွားရောက် ဆန္ဒပြခဲ့သည့် ထိုင်းတက္ကသိုလ်ကျောင်းသားကို ထိုင်းရဲတပ်ဖွဲ့က အမှုဖွင့်ခြင်းမရှိဘဲ ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- Khaosod English ။

image