1 နှစ် - ဘာသာပြန်ပါ။

ပရိသတ်တွေ ဘရူနိုအကြောင်း ပြောကြဖို့ ဖြစ်နိုင်ခြေများလာပါပြီ။ နာမည်ကျော် Disney အန်နမေးရှင်းရုပ်ရှင်တစ်ကားဖြစ်တဲ့ Encanto က sequel ထွက်လာဖို့အတွက် အကြံဉာဏ်တွေရှာဖွေနေတဲ့အကြောင်း Bruno အသံသရုပ်ဆောင် John Leguizamo က အရိပ်အမြွက်ပြောလာခဲ့တာပါ။

Encanto 2 အတွက် Disney ဖက်က တရားဝင်ကြေညာထားခြင်းမရှိသေးပေမယ့် John က ရှေ့ကားမှာ “ဘရူနိုအကြောင်း မပြောပဲနေခဲ့ကြတော့” ဒီတစ်ခေါက်မှာ “ဘရူနိုအကြောင်းပဲပြောကြရအောင်” လို့ ဟာသအနေနဲ့ပြောဆိုခဲ့ပြီး Disney ဖက်က Encanto 2 အတွက် သင့်တော်မယ့်ဇာတ်လမ်းကို ရှာဖွေဖန်တီးနေကြောင်း သိရပါတယ်။

၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Encanto ရုပ်ရှင်ဟာ အော်စကာအကောင်းဆုံးအန်နမေးရှင်းဆုကို ရရှိခဲ့သလို ပရိသတ်တွေကြားမှာလည်း အကြိုက်တွေ့ခဲ့ကြပါတယ်။ လက်ရှိမှာ Inside Out 2, Moana 2 တို့လို အောင်မြင်ပြီးသားရုပ်ရှင်တွေကို အဆက်ထပ်မံထွက်ရှိထားပြီးတဲ့အပြင် လာမယ့်နှစ်တွေအတွင်းမှာ Zootopia 2 နဲ့ Toy Story 5 တို့ကို ထုတ်လုပ်သွားဖို့ရှိနေတဲ့ Disney အနေနဲ့ Encanto 2 ကို ဖန်တီးသွားဖို့လည်း အလားအလာများနေတာဖြစ်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

Prettiest Lily 🫶💐🩵

#flowers

image
1 နှစ် - ဘာသာပြန်ပါ။

Prettiest Lily 🫶💐🩵

#flowers

image
1 နှစ် - ဘာသာပြန်ပါ။

Prettiest Lily 🫶💐🩵

#flowers

image
1 နှစ် - ဘာသာပြန်ပါ။

Prettiest Lily 🫶💐🩵

#flowers

image
1 နှစ် - ဘာသာပြန်ပါ။

Prettiest Lily 🫶💐🩵

#flowers

image
image
image
image
1 နှစ် - ဘာသာပြန်ပါ။

တရုတ်က စက်ဘီးစီးနိုင်တဲ့ လူတူစက်ရုပ်ကို ပြသ
============================

တရုတ်မှ AgiBot စက်ရုပ် ကုမ္ပဏီက လူသားတွေနီးပါး လျှင်မြန်ဖြတ်လတ်တဲ့ Lingxi X2 လူတူစက်ရုပ်ကို ပြသလိုက်ပါတယ်။ စက်ရုပ်က လမ်းလျှောက်နိုင်၊ ပြေးနိုင်၊ ကနိုင်၊ စက်ဘီးစီးနိုင်ပြီး Hoverboard ပေါ်မှာတောင် ဟန်ချက်ညီစွာ စီးနိုင်ပါတယ်။

အရပ်အမြင့် ၁.၃ မီတာ (၄.၃ ပေ) ရှိပြီး အလေးချိန်က ၃၃.၈ ကီလိုဂရမ် (၇၄.၆ ပေါင်) ရှိပါတယ်။ အဆင့်မြင့် AI နည်းပညာ ထည့်သွင်းထားပါတယ်။

စက်ရုပ်က လူတွေရဲ့ မျက်နှာ အမူအယာနဲ့ အသံ Tone ကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး စိတ်ခံစားချက်တွေကို သိနိုင်ပါတယ်။ လူတွေနဲ့ ကောင်းမွန်စွာ ဆက်ဆံနိုင်ပါတယ်။

စက်ရုပ်က လူသားတွေကို နေ့စဉ်ဘဝတွေမှာ ကူညီပေးနိုင်ပြီး ဆေးစာဖတ်ပြတာကနေ အကြံဉာဏ်ပေးတာအထိ ပြုလုပ်နိုင်ပါတယ်။ ကိုယ်နေဟန်ထားနဲ့ လူသားတွေကို ဆက်သွယ်နိုင်ပါတယ်။

နေအိမ်မှာ သုံးနိုင်တဲ့အပြင် ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေးလို အလုပ်တွေမှာ တခြား စက်ရုပ်တွေနဲ့ ပူးပေါင်း အလုပ်လုပ်နိုင်ပါတယ်။

image

" စိတ်မကောင်း ဖြစ်မနေနဲ့ လောကမှာ လူလုပ်ရင် အကြောင်းအမျိုးမျိုး ကြုံရမှာပဲ ကြုံလာရင် ကြံရမှာပဲ "
ဒီစာအုပ်လေးဟာ အမျိုးသမီးတွေအတွက် အဓိကလမ်းပြပေးတဲ့ ဝတ္ထုလို့ နာမည်ကြီးတဲ့ စာအုပ်ပေါ့ ။ အခက်ခဲဆုံး အခြေအနေမှာလည်း အမျိုးသမီးတွေဟာ ဒူးနဲ့ မျက်ရည်သုတ်မနေဘဲ ကြုံလာတဲ့ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အစွမ်းရှိကြောင်း ပြောပြခဲ့တဲ့ စာအုပ် ။
တစ်ချိန်တည်းမှာ အမျိုးသမီးတွေရဲ့ အားငယ်စိတ်ကို ဖော်ပြထားပြီး အဲဒီတစ်ချိန်တည်းမှာပဲ ရင်ဆိုင်နိုင်စွမ်းရှိတဲ့ အစွမ်းအစရှိကြောင်း ပြသခဲ့တာမို့ တော်တော်လေး သဘောကျမိရတယ် ။
ဇာတ်လမ်းကတော့ သက်သက် နဲ့ လှဆိုတဲ့ ကိုယ့်အားကိုယ်ကိုးပြီး နေထိုင်နေကြတဲ့ မိန်းကလေးငယ် နှစ်ယောက် ။ တချိန်က ချမ်းသာကြွယ်ဝတဲ့ မိဘတွေနဲ့ နေခဲ့ရပေမဲ့ ဂျပန်ခေတ် ဗုံးဒဏ်ကြောင့် မိဘရော စည်းစိမ်ပါ ဆုံးရှုံးခဲ့လို့ ဆင်းရဲသွားကြတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့ ။
ဘာမှမရှိတဲ့ကြားထဲက တစ်နေ့တော့ ကားအရောင်းအဝယ်အတွက် ပွဲစားသဘောလုပ်ပေးရင်း ငွေ နှစ်ထောင့်ငါးရာ ကျပျောက်ခဲ့တယ် ။
တနေ့တနေ့ စားဖို့တောင် အနိုင်နိုင်ရုန်းကန်နေရတဲ့ ဂျပန်ခေတ်အောက်မှာ တစ်လမှ လခ တစ်ရာကျော် ရတဲ့ မိန်းကလေးနှစ်ယောက်အတွက် ငွေ နှစ်ထောင်ကျော်ဆိုတာ ဘယ်လိုမှအလွယ်တကူ ပြန်ရှာလို့ မလွယ်တဲ့ ပိုက်ဆံဖြစ်နေခဲ့တယ် ။
သမာရိုးကျဇာတ်လမ်းဆို ငိုယိုဒူးထောက်တောင်းပန်ပြီး ငွေနှစ်ထောင်ကျော်အတွက် ဖြေရှင်းလိုက်လို့ ရနိုင်ပေမဲ့ ဆရာမကြီးဟာ အမျိုးသမီးတွေရဲ့ အကျပ်အတည်းက လွတ်မြောက်အောင် စွမ်းဆောင်နိုင်ပုံကို သက်သက် ဆိုတဲ့ ဇာတ်ကောင်ကနေ ရေးပြခဲ့တယ်။
သက်သက်ဟာ ရန်ကုန်မြို့က ပညာရေးဝန်ကြီး အိမ်မှာ အိမ်ဖော် တစ်နည်း အိမ်ဖော်တွေကို စေခိုင်းရတဲ့ အိမ်ဖော်အကြီးပုံစံပေါ့ ။
ယောကျ်ားသားချည်း ငါးယောက်ရှိတဲ့ အိမ်မှာအလုပ်သွားလုပ်ခဲ့တဲ့ သက်သက် ။ သူ့ရဲ့ အိန္ဒြေ သိက္ခာကို စောင့်စည်းရင်း အိမ်ကြီးမှာ အလုပ်လုပ်ခဲ့ပုံဟာ စံပြလေးစားစရာ ။
အိမ်မပီသတဲ့ အိမ်ကြီးကို မိန်းကလေးတွေရဲ့ အိမ်ထောင်စီမံပုံနဲ့ ပြင်ဆင်ပေးခဲ့နိုင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အရေးပါပုံတွေ ။
သူ့အိမ်မှာ အလုပ်လာလုပ်တဲ့ မိန်းကလေးမှ ချစ်မိသွားတဲ့ ဝန်ကြီး ဦးမင်းဟန် ။ လှပလွန်းတဲ့ ယမင်းရုပ်ကလေးကို သူ့ရဲ့ အိမ်ဧည့်ခန်းထဲမှာ ရာသက်ပန်ထားချင်တဲ့ ပုံရိပ်လေးကလည်း ခပ်ဝါးဝါး ပါနေခဲ့တယ် ။
သက်သက် တစ်ယောက် ပိုက်ဆံတွေ ပြန်ဆပ်သွားနိုင်မှာလား ။ အမျိုးသမီးတစ်ယောက်ရဲ့ စွမ်းဆောင်နိုင်ပုံတွေကို
ပြသထားရင်း ဦးမင်းဟန်ရဲ့ အချစ်ဇာတ်လမ်းဟာလည်း ရင်ကို နွမ်းလျစေပါတယ် ။
(စာညွန်းရေးသားသူအားcrdပေးပါသည်)
#သူမ #ဂျာနယ်ကျော်မမလေး

image
1 နှစ် - ဘာသာပြန်ပါ။

“Coco 2” ဆက်ထွက်မယ်လို့သိရ !

လက်ရှိမှာတော့ Pixar ကနေ Coco 2 ကို ၂ဝ၂၉ ခုနှစ်မှာထွက်မယ်လို့သိရပါတယ်။ ဇာတ်ကားကိုတော့ မူလ ဒါရိုက်တာ Lee Unkrich ကပဲ တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပါတယ်။

“ဇာတ်ကားက အစောပိုင်းအဆင့်သာ ရှိသေးပေမယ့် ဒီဇာတ်ကားမှာ ဟာသတွေ၊ စွန့်စားခန်းတွေနဲ့ ပြည့်
နှက်နေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" လို့ Bob Iger က ပြောကြားခဲ့ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

လာမယ့်ဒီဇင်ဘာလမှာ ရိုက်ကူးရေးစမယ့် Quentin Tarantion ရဲ့ ရုပ်ရှင်သစ်

မတ် ၂၁၊ ၂၀၂၅။

Pulp Fiction နဲ့ Kill Bill ဒါရိုက်တာ Quentin Tarantino ဟာ ၎င်းရဲ့ရုပ်ရှင်သစ်နဲ့ပတ်သက်ပြီး သိုသိုသိပ်သိပ်နေတတ်ပေမယ့်လည်း သတင်းသံတချို့ ထွက်ပေါ်လာပါတယ်။

The Movie Critics ရုပ်ရှင်ကို မရိုက်ကူးတော့ပဲ ဖျက်သိမ်းခဲ့တဲ့နောက်မှာ Quentin Tarantino ဟာ နောက်ထပ်ရုပ်ရှင်သစ်တစ်ကားကို ဆက်လက်ပြင်ဆင်နေလျက်ရှိပြီး Quentin Tarantino ရဲ့ လူရင်းတွေဖြစ်ကြတဲ့ သရုပ်ဆောင် Brad Pitt, Uma Thurman နဲ့ Samuel L. Jackson တို့လည်း ပါဝင်သွားမှာဖြစ်ပါတယ်။ Production Weekly မဂ္ဂဇင်းရဲ့ သတင်းအချက်အလက်များအရ အဆိုပါရုပ်ရှင်ကို ၂၀၂၅ ဒီဇင်ဘာလမှာ စတင်ရိုက်ကူးကာ Sony က ဖြန့်ချိပြသမှာဖြစ်ကြောင်းသိရပါတယ်။ သို့ပေမယ့် အဆိုပါရုပ်ရှင်ရဲ့ နာမည်နဲ့ ကျန်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

Quentin Tarantino ဟာ အပြာမဂ္ဂဇင်းစာရေးဆရာတစ်ဦးအကြောင်းရုပ်ရှင်ဖြစ်တဲ့ The Movie Critics ကို ဇာတ်လမ်းပိုင်းအရကျေနပ်မှုမရှိတဲ့အတွက် ဇာတ်ညွှန်းပြန်လည်ရေးသားပြီး ပြင်ဆင်ခဲ့ပေမယ့်လည်း ရိုက်ကူးရေးမစခင်မှာတင် The Movie Critics ကို ဖျက်သိမ်းခဲ့တာပါ။

သတင်းတချို့အရ Quentin Tarantino ဟာ ၎င်းရဲ့သားဖြစ်သူ အသက် ၆ နှစ်ပြည့်မှ အဆိုပါရုပ်ရှင်ကို ရိုက်ကူးရေးစတင်မယ်လို့လည်း သိထားပါသေးတယ်။

လက်ရှိ နာမည်ရသရုပ်ဆောင်တွေဖြစ်ကြတဲ့ Austin Butler, Mikey Madison, Margaret Qualley, Sydney Sweeny နဲ့ Maya Hawke တို့ဟာ Quentin Tarantino ရဲ့ ၂၀၁၉ ရုပ်ရှင် Once Upon A Time.. In Hollywood မှာ ပါဝင်ခဲ့ဖူးပါတယ်။

image