ယနေ့ #ရွှေစျေး နှင့် #ကမ္ဘာ့ရွှေစျေး
📅24 Feb 2025 ⏰(110 AM)
#ပြင်ပအရောင်းဝယ် အခေါက်ရွှေ စျေးနူန်း
အရောင်း -6690000 MMK
အဝယ်- 6650000 MMK
15ပဲရည် အရောင်း -6296000 MMK
15ပဲရည် အဝယ် -6256000 MMK
===========================
#ကမ္ဘာ့ရွှေစျေး ⏰(110 AM)
1 Ounce = 2942 USD$
===========================
YGEAသတ်မှတ်စျေးနူန်း ⏰( 90 AM)
5500000 MMK

#crd
#gold&Dollar

image

မန်ချက်စတာစီးတီးအသင်းရဲ့ကွင်းလယ်ကစားသမားကယ်လ်ဗင်ဒီဘရိုင်းအနေနဲ့ ဒီနွေရာသီကာလမှာအသင်းပြောင်းရွှေ့ထွက်ခွာဖွယ်ရှိနေပါတယ်လို့ အဂ်လန်သတင်းဌာနဖြစ်တဲ့ Daily Mail သတင်းကဖော်ပြခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ်ကွင်းလယ်ကစားသမားအနေနဲ့ ဒဏ်ရာပြသနာမရှိပေမဲ့ ဥရောပချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ရီးရဲလ်မက်ဒရစ်အသင်းကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာချန်လှပ်ခံထားခဲ့ရဖြစ်ကြောင်းပပ်ဂွာဒီယိုလာကထုတ်ဖော်ပြောဆိုလာတဲ့ဖြစ်စဉ်လည်းရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းနည်းပြပပ်ဂွာဒီယိုလာအနေနဲ့ ဥရောပချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ၁-၃ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာအသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမားကယ်လ်ဗင်ဒီဘရိုင်းကိုဒဏ်ရာပြသနာတစုံတရာမရှိဘဲချန်လှပ်ထားခဲ့တာဖြစ်ကြောင်းတည့်တည့်ဝန်ခံပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်။

ပပ်ဂွာဒီယိုလာရဲ့ပြောစကားကြောင့်ကယ်လ်ဗင်ဒီဘရိုင်းဖြစ်စဉ်မှာတော့ အဆိုပါဘယ်လ်ဂျီယံကွင်းလယ်ကစားသမားအနေနဲ့ ဒီရာသီကုန်ပြီးနောက်ပိုင်းမှာတော့ မန်စီးတီးအသင်းကနေထွက်ခွာမှာလားဆိုတာနဲ့ပတ်သက်ပြီး ကောလဟာလသတင်းတွေဆက်တိုက်ထွက်ပေါ်လာစေခဲ့တာဖြစ်ပါတယ်။

ကယ်ဗင်ဒီဘရိုင်းရဲ့မန်ချက်စတာစီးတီးအသင်းနဲ့လက်ရှိစာချုပ်သက်တမ်းအရတော့ ဒီဇွန်လကုန်မှာစာချုပ်သက်တမ်းကုန်ဆုံးမှာလည်းဖြစ်ပါတယ်။
 
#ဘောလုံးသတင်းစုံ

image

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရှား-အမေရိကန် ဒုတိယအကြိမ်ဆွေးနွေးမယ်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄

အမေရိကန်နဲ့ ရုရှားထိပ်တန်းတာဝန်ရှိသူတွေဟာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနဲ့ အခြားကိစ္စရေပ်တွေ အတွက် ယခုသီတင်းပတ်အတွင်းမှာ ထပ်မံတွေ့ဆုံသွားမယ်လို့ ရုရှားအစိုးရ တာဝန်ရှိသူက ပြောပါတယ်။

၂၀၂၂ ခုနှစ်မှာ စတင်ခဲ့ပြီး လူပေါင်းများစွာ သေဆုံးစေခဲ့တဲ့ ယူကရိန်းစစ်ပွဲကို အဆုံးသတ်စေလိုပြီး စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်တရပ် ပေးလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။

အမေရိကန်နဲ့ ဆက်ဆံရေးအတွက် နှစ်ဖက်အကြား ယခုသီတင်းပတ်မှာ တွေ့မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အထူးသဖြင့် နှစ်နိုင်ငံဆက်ဆံရေးမှာ စိတ်အနှောက်အယှက်တွေအတွက် အမေရိကန်နဲ့ဆက်ဆံရေးမှာ ရုရှားဘက်က ပွင့်လင်းတယ်လို့ သူက ဆိုပါတယ်။

နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ ဖေဖော်ဝါရီ ၁၂ ရက်က တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံတာဝန်ရှိသူတွေဟာလည်း ဖေဖော်ဝါရီ ၁၈ ရက်က ဆော်ဒီမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ပူတင်နဲ့ ဇီလန်စကီးတို့အနေနဲ့ စစ်ပွဲအဆုံးသတ်ဖို့ သဘောတူညီချက်တရပ် ရယူရေး ဆန္ဒရှိနေတယ်လို့ ယုံကြည်ကြောင်း ထရန့်ကပြောပါတယ်။ ယူကရိန်းအနေနဲ့ နေတိုးမဟာမိတ်အဖွဲ့ဝင်ဖြစ်လာရေးကလည်း လက်တွေ့မဆန်ဘူးလို့ သူက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:Reuters
Photo:Reuters

#သတင်းဟင်းလေးအိုးကြီး

image

ဝန်ထမ်းများ အလုပ်တာဝန်အကြောင်း သတင်းပို့ရန် ထရမ့် ညွှန်ကြား

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄

အမေရိကန်ဖက်ဒရယ်အစိုးရ ဝန်ထမ်းများအနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ၎င်းတို့၏ အလုပ်တာဝန် အောင်မြင်မှုများအကြောင်းကို အသေးစိတ် ရှင်းလင်းတင်ပြရန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရ က ဖေဖော်ဝါရီ ၂၂ ရက်တွင် အီးမေးလ်များ ပေးပို့ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အစိုးရဝန်ထမ်းများ အနေဖြင့် ဖေဖော်ဝါရီ ၂၄ ရက်ညကို နောက်ဆုံးထားပြီး ၎င်းတို့၏ တာဝန်ဝတ္တရားများအား အသေးစိတ် ရှင်းလင်းတင်ပြရန် သို့မဟုတ်ပါက ရာထူးမှ ဖယ်ရှားခံရမည်ဟု ထရမ့်အစိုးရက သတိပေးထားသည်။

အစိုးရအကျိုးဆောင်ဌာန(DOGE)ကို ဦးဆောင်သည့် ဘီလျံနာ အီလွန်မာ့စ် (Elon Musk) က အစိုးရကပေးပို့သည့် အီးမေးလ်များအား ပြန်လည်မတုန့်ပြန်လျှင် ရာထူးမှ နုတ်ထွက်သည့် အဓိပ္ပာယ်အဖြစ် ယူဆခံရမည်ဖြစ်ကြောင်း ၎င်း၏ X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

“ဖက်ဒရယ် ဝန်ထမ်းတွေ အားလုံးဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သူတို့ လုပ်ဆောင်ခဲ့တဲ့ အလုပ်တာဝန်တွေကို ရှင်းပြဖို့ တောင်းဆိုထားတဲ့ အီးမေးလ်တွေကို လက်ခံ ရရှိပါလိမ့်မယ်။ အဲဒီအီးမေးလ်တွေကို အကြောင်းမပြန်ဘူး ဆိုရင် ရာထူးက နုတ်ထွက်တယ်လို့ သတ်မှတ်သွားမှာ ဖြစ်ပါတယ်” ဟု မာ့စ်က ရေးသားခဲ့သည်။

DOGE အနေဖြင့် ၂ ဒသမ ၃ သန်းရှိသည့် ဝန်ထမ်းအင်အားကို လျှော့ချရန် အားထုတ်ကြိုးပမ်းမှုများကို ယခုထက် ပိုပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်သင့်ကြောင်း ထရမ့်က ၎င်း၏ Truth Social လူမှုမီဒီယာတွင် ရေးသား ဖော်ပြခဲ့ပြီးနောက် နာရီပိုင်းအကြာ၌ မာ့စ်က X လူမှုကွန်ရက်မှာ ပို့စ်တင်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲပိုင်းအထိ အစုရှယ်ယာနှင့် ငွေလဲလှယ်မှုကော်မရှင်၊ အမျိုးသားသမုဒ္ဒရာနှင့် လေထု အုပ်ချုပ်ရေးအဖွဲ့၊ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ အပါအဝင် ဖက်ဒရယ်အေဂျင်စီများတွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများကို အီးမေးလ်များ ပေးပို့ခဲ့သည်။

ထိုအီးမေးလ်များကို “ပြီးခဲ့သည့် သီတင်းပတ်အတွင်းက သင် ဘာတွေ လုပ်ခဲ့သနည်း” ဆိုသည့် ခေါင်းစဉ်ဖြင့် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ဝန်ထမ်းများ အနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်က အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သော အလုပ်တာဝန်များကို အချက် ၅ ချက်ဖြင့် အကျဉ်းချုံး ရေးသားဖော်ပြရန်နှင့် အစိုးရကို ပြန်ပို့သည့် အီးမေးလ်များအား ၎င်းတို့၏ သက်ဆိုင်ရာ မန်နေဂျာများ၏ အီးမေးလ် အကောင့်များဖြင့် cc တွဲပြီး ပေးပို့ရန် ညွှန်ကြားထားသည်ဟု ထိုအီးမေးလ်ကို မြင်တွေ့ခဲ့သည့် ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

သို့သော် မာ့စ်အနေဖြင့် အီးမေးလ်များ ပြန်မပို့သည့် ဖက်ဒရယ်ဝန်ထမ်းများကို ရာထူးမှ ဖယ်ရှားခြင်းသည် တရားဝင်မှု ရှိ/မရှိကို ရှင်းလင်းစွာ မသိရသေးပေ။

Source: ရိုက်တာ

ပုံ - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီလွန်မာ့စ်ကို တွေ့ရစဉ်

#centralmewsnaypyitaw

image
37 w - Translate

ငွေမရှိရင်
သက်မဲ့ကအစ အလုပ်မလုပ်တဲ့
ခေတ်ကြီးထဲမှာ
ငါတို့မှာ ဘာမှမရှိတာတောင်
သူတို့မှာရှိတာလေးနဲ့
ငါတို့အနားမှာ ကပ်တွယ်နေတဲ့သူတွေကို
တန်ဖိုးထားရမယ် ။

#စာတို

37 w - Translate

သည်းထိပ်ရင်ဖို horrorကား၊ သေပြေးရှင်ပြေး ပြေးရတဲ့ကားတွေကိုမှကြိုက်နှစ်သက်ရင် ဒီကားလေးကလည်း တစ်မျိုးတစ်မည်တော့ ခံစားရမှာပါ....။

ဇာတ်လမ်းလေးကတော့ ဗူဒူးစုန်းအတတ် ဓလေ့တစ်ခုကို အမှီပြုပြီးဇာတ်အိမ်တည်ထားတာပါ...။

ဗူဒူးစုန်းပညာမှာ လူသတ်သမားတွေ၊ဆိုးယုတ်သူတွေရဲ့ ဝိညာဥ်တွေ၊ နတ်ဆိုးတွေရဲ့ဝိညာဥ်တွေကို အပင်းထုတ်သလိုထုတ်ပြီး သူတစ်ပါးကို ဒုက္ခမပေးနိုင်အောင်သေချာစီမံသိမ်းဆည်းထားတတ်တဲ့ ဓလေ့တစ်ခုလည်းရှိတယ်....။

ဥပမာ- ပုလင်းတစ်လုံးထဲဖြစ်ဖြစ်၊ အိုးတစ်ခုတည်းဖြစ်ဖြစ် ထည့်သိမ်းပြီးတစ်နေရာရာမှာမြှုပ်နှံထားတတ်ကြတယ်ပေါ့...။

အကယ်၍များအဲ့ဒီနတ်ဆိုးဝိညာဥ်တွေ လွတ်ထွက်သွားရင်တော့တစ်ယောက်ယောက်ကို ပူးကပ်ပြီး ကောင်းကောင်းကြီးဒုက္ခပေးတော့တာပါပဲ....။

အခုဇာတ်လမ်းလေးကလည်း ဒီလိုအကြောင်းအရာလေးကိုမှ ရိုက်ကွင်းရိုက်ကွက်ကောင်းကောင်းနဲ့ ရိုက်ကူးထားတာမို့ ကြည့်ရှုလို့ကောင်းမယ့် သည်းထိပ်ရင်ဖိုကားလေးတစ်ကားပဲဖြစ်ပါတယ်....

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/MM_SUB_Movies/221

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
37 w - Translate

🚨တရုတ်နိုင်ငံတွင် ကမ္ဘာ့ကပ်ရောဂါဖြစ်နိုင်ခြေရှိသော ကိုရိုနာဗိုင်းရပ်စ်အသစ်တစ်မျိုး စတင်တွေ့ရှိ
➡️တရုတ်နိုင်ငံတွင် ကမ္ဘာ့ကပ်ရောဂါဖြစ်နိုင်ခြေရှိသည့် ကိုရိုနာဗိုင်းရပ်စ်အသစ်တစ်မျိုးကို ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဒီဗိုင်းရပ်စ်ကလက်ရှိ COVID-19 ဗိုင်းရပ်စ်နှင့် မတူညီဘဲ မျိုးဗီဇပြောင်းလဲမှုများဖြင့် ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။
သိပ္ပံပညာရှင်များက ဒီဗိုင်းရပ်စ်သည် လူတွေကြား အလွယ်တကူကူးစက်နိုင်ပြီး ပြင်းထန်သောရောဂါလက္ခဏာများကို ဖြစ်ပွားစေနိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားပါတယ်။
ဒီဗိုင်းရပ်စ်ကို တရုတ်နိုင်ငံ၏ ကျေးလက်ဒေသများတွင် စတင်တွေ့ရှိခဲ့ပြီး၊ ကြက်ငှက်များနှင့် တိရစ္ဆာန်များမှတစ်ဆင့် လူသားတို့ထံသို့ ကူးစက်နိုင်သည်ဟု ယူဆရပါတယ်။ ကျန်းမာရေးအဖွဲ့အစည်းများက လတ်တလောတွင် ဤဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ရန် ကြိုတင်ကာကွယ်မှုများစွာ ပြုလုပ်လျက်ရှိသည်။
ဘာတွေသတိထားသင့်လဲ?
1. လက်ကို မကြာခဏဆေးကြောပါ။
2. လူထူထပ်သောနေရာများတွင် နှာခေါင်းစည်းတပ်ဆင်ပါ။
3. ဖျားနာခြင်း၊ ချောင်းဆိုးခြင်းစသော ရောဂါလက္ခဏာများရှိပါက ဆရာဝန်နှင့် ချက်ချင်းပြသပါ။
4. သတင်းမှန်များကို ယုံကြည်ပြီး ကာကွယ်ရေးနည်းလမ်းများကို လိုက်နာပါ။
ယခု ဗိုင်းရပ်စ်အသစ်သည် မည်မျှပြင်းထန်သည်ကို သေချာစွာမသိရသေးသော်လည်း၊ ကြိုတင်ကာကွယ်မှုများပြုလုပ်ခြင်းဖြင့် ကူးစက်မှုကို လျှော့ချနိုင်ပါသည်။

image
37 w - Translate

#ပြည်တွင်းသတင်း
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်းရှိ အဆောက်အအုံ ၁၇၁ လုံး တည်ဆောက်ပြီးစီး၊ အိမ်ထောင်စု ၂၇၃၆ စုအထိ နေထိုင်လျက်
ရန်ကုန်မြို ဒဂုံမြိုသစ်(တောင်ပိုင်း)မြိုနယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းဧရိယာသည် ၁၈၁ ဧက ကျယ်ဝန်းပြီး လေးထပ် ၁၆ ခန်း နှစ်လုံးတွဲအဆောက်အအုံ ၂၇၂ လုံး တည်ဆောက်သွားမည်ဖြစ်ရာ လက်ရှိတွင် အဆောက်အအုံ စုစုပေါင်း ၁၇၁ လုံး ပြီးစီးနေပြီဖြစ်ပြီး လျှောက်ထားသူများအနက် မဲပေါက်သည့် အိမ်ထောင်စုပေါင်း ၂၇၃၆ စုကို နေထိုင်ခွင့်ပေးထားကြောင်း သိရသည်။

အဆိုပါစီမံကိန်းအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ ငွေလုံးငွေရင်းဘဏ္ဍာငွေဖြင့် မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနက လမ်းကွန်ရက်နှင့် အဆောက်အအုံအားလုံးကို တာဝန်ယူတည်ဆောက်ပေးလျက်ရှိပြီး ရေဆက်သွယ်ခြင်း၊ သန့်ရှင်းရေးလုပ်ငန်းနှင့် ဈေးများတည်ဆောက်ခြင်းကို မြိုတော်စည်ပင် (YCDC) က တာဝန်ယူတည် ဆောက်ကာ လျှပ်စစ်မီးရရှိဆက်သွယ်မှုများကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတိုက သတ်မှတ်ကာလပြီးစီးနိုင်ရန် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်းသည် ဒဂုံမြိုသစ် (တောင်ပိုင်း) မြိုနယ်တွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်သွားလာလွယ်ကူစေရန် စီမံကိန်းဧရိယာအတွင်း အမှတ် (၂)လမ်းမှ ဖြတ်သန်းသွားလာနိုင်ပြီး ရန်ကုန်မြို့ပတ်လမ်းနှင့်လည်း ကပ်လျက်တည်ရှိသည်။

လက်ရှိတွင် မဲပေါက်နေထိုင်လျက်ရှိသော ပြည်သူများ အခက်အခဲမရှိ သွားလာနိုင်ရန် စီမံကိန်းအတွင်းအကျယ် ငါးဧက Bus Terminal ၊ လူမှုဖူလုံရေးနေရာ၊ ရေပေးဝေစခန်း၊ အခြေခံပညာရေးကျောင်း၊ ခေတ်မီစည်ပင်သာယာဈေး၊ စီးပွားရေးလုပ်ကိုင်နိုင်သော နေရာများသည် မကြာမီကာလတွင် ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်း တည်ဆောက်ပြီးစီးသော တိုက်ခန်းများကို ၂၀၂၄ ခုနှစ်တွင် လျှောက်ထားသူများအား ပွင့်လင်းမြင်သာ မဲစနစ်ကို သုံးကြိမ်ကျင့်သုံးပြီး မဲပေါက်သူပြည်သူများကို နေထိုင်ခွင့်များပြုခဲ့ပြီဖြစ်သည်။ ယခု ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီတွင် မဲပေါက်သူများကိုလည်း ထပ်မံနေထိုင်ခွင့်များ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းဧရိယာအတွင်းရှိ အခြေခံကွန်ကရစ်လမ်းများ၊ အုတ်ရေမြောင်းများ၊ Box Culvert များ၊ လူသွားစင်္ကြံများ၊ အဆောက်အအုံအဝင်လမ်းများ ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်သည်။ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို အရွယ်အစားမျိုးစုံယာဉ်များ ဝင်ထွက်နိုင်ရန် အကျယ် ၄၈ ပေ၊ ဒု ၁၈ လက်မရှိ လမ်းများ၊ ၃၈ ပေ၊ ၂၄ ပေ၊ ၂၂ ပေ၊ ၁၈ ပေ အကျယ်ရှိ လမ်းကွန်ရက်များ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို လျှောက်ထားသူများအနက် မဲစနစ်လေးကြိမ်ပြုလုပ်ပြီးအထိ မဲပေါက်သူ အိမ်ထောင်စုပေါင်း ၂၇၃၆ ဦးအထိ နေထိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

image

ရှောက်ရွက်နံ့မွှေးမွှေးရယ် ပဲမှုန့်စေးစေးလေးရယ်
အရမ်းစားလို့ကောင်းတဲ့ အာလူးပဲပင်ပေါက်သုပ်ချဉ်ငံစပ်
#အာလူးပဲပင်ပေါက်သုပ်ချဉ်ငံစပ်
- အာလူးပြုတ်၊ ပဲပင်ပေါက်ကိုရေနွေးဖျောထား
- ကြက်သွန်နီ၊ ရှောက်ရွက်ပါးပါးလှီး
- ပုဇွန်ခြောက်မှုန့်၊ ပဲကျက်မှုန့်၊ ငရုတ်သီးအကျက်မှုန့်
- အရသာတွက် အချိုမှုန့်၊ ငံပြာရည်၊ မန်ကျည်းရည်
- ဆီချက်ရည် ထည့်ပြီးနယ် ပဲမှုန့်စေးစေးရယ်
ရှောက်ရွက်နံ့မွှေးမွှေးလေးရယ် စားလို့ကောင်းချက်

image
37 w - Translate

Squid Game Ringtone