လီဗာပူးလ်အသင်းနည်းပြအာလ်နေးစလော့ဒ်အနေနဲ့ နောက်ပိုင်းကာလမှာဂိုးမသွင်းယူနိုင်ခဲ့တဲ့ ဒါလ်ဝင်နူးနက်ဇ်ရဲ့စွမ်းဆောင်ရည်ကိုစတင်သဘောမကျဖြစ်လာခဲ့ပြီး အသင်းကနေလက်လွှတ်ဖို့ပြင်ဆင်နေတယ်လို့ခန့်မှန်းရပါတယ်။

ပရီးမီးယားလိဂ်ကလပ်လီဗာပူးလ်အသင်းနည်းပြအာလ်နေးစလော့ဒ်အနေနဲ့ တန်ကြေးမြင့်တိုက်စစ်မှူးဒါလ်ဝင်နူးနက်ဇ်ရဲ့ခြေစွမ်းကိုသဘောမကျဖြစ်နေပြီး နောက်ပိုင်းကာလမှာဂိုးမသွင်းယူနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

ကစားသမားကိုအသင်းကနေလက်လွှတ်ဖို့အတွက်အသင်းတိုင်းကမ်းလှမ်းလာတဲ့ကမ်းလှမ်းမှုတွေကိုလက်ခံနားထောင်ဖို့အဆင်သင့်ဖြစ်နေတယ်လို့ခန့်မှန်းရပါတယ်။

ဒါပေမဲ့လည်းပြီးခဲ့တဲ့ကာလမှာတော့နူးနက်ဇ်အနေနဲ့ ကြိုးကြာနီအသင်းအနေနဲ့ ဒီရာသီကာလမှာ ၄ ဂိုးသာသွင်းယူနိုင်ခဲ့ကာ ပြိုင်ပွဲစုံ ၂၅ ပွဲဝင်ရောက်ကစားခဲ့ပြီး ပွဲအတွင်းခြေစွမ်းပြဖို့အခွင့်အရေးရခဲ့တဲ့နောက်ပိုင်းမှာတော့ ခြေစွမ်းပိုင်းအရအထင်ကြီးစရာမရှိခဲ့တာဖြစ်ပါတယ်။

နူးနက်ဇ်ရဲ့စိတ်ပျက်စရာကောင်းတဲ့ခြေစွမ်းတွေကြောင့်စလော့ဒ်အနေနဲ့ ကစားသမားကိုပြတ်သားတဲ့ပြောစကားတွေပေးဖို့ပြင်ဆင်နေပြီး အမြန်ဆုံးပုံစံကောင်းပြန်ရလာစေဖို့ဖြစ်ပါတယ်။ဒီလိုမဟုတ်ဘူးဆိုရင်တော့ နည်းပြအနေနဲ့ ကစားသမားကိုအသင်းကနေလက်လွှတ်ဖို့ဆုံးဖြတ်ချက်ချဖွယ်ရှိနေပါတယ်။

ပြီးခဲ့တဲ့ကာလတွေမှာလည်းနူးနက်ဇ်အနေနဲ့ အီတလီစီးရီးအေလိဂ်ကလပ်နာမည်ကြီးအသင်းအေစီမီလန်အသင်းဆီကနေစိတ်ဝင်စားမှုလက်ခံရရှိခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ကတော့ နူးနက်ဇ်ကို ဘောနပ်စ်ငွေအပါအဝင် ပြောင်းရွှေ့ကြေးယူရို သန်း ၁၀၀ နဲ့ ၂၀၂၂ နွေရာသီကာလတုန်းကခေါ်ယူခဲ့ပြီး ပြီးခဲ့တဲ့ ၃ ရာသီကာလမှာတော့ ကစားသမားအနေနဲ့ ၁၂၁ ပွဲပါဝင်ကစားထားရာမှာ၃၇ ဂိုးသွင်းယူခဲ့ကာ ဘင်ဖီကာမှာကစားတုန်းကထက်လျော့နည်းခဲ့တာဖြစ်ပါတယ်။

#ဘောလုံးသတင်းစုံ

image
36 w - Translate

အဆိုတော်သားအမိ မိခင် ဒေါ်ခင်မြတ်မွန် သား ရေမွန် 💖
အမှတ်တရ ငယ်ပုံရိပ်📸💓
#crdorginaluploader #လေးစားစွာဖြင်
#မြန်မာ့ဖြူမည်းရုပ်ရှင်
#updatenews

image

တောင်ကိုရီးယားတွင် အတိုက်အခံများအာဏာရလျှင် တရုတ်နှင့်နီးစပ်လာနိုင်

ဆိုးလ်၊ ဇန်နဝါရီ ၁၃

တောင်ကိုရီးယားနိုင်ငံတွင် သမ္မတယွန်းဆော့ရွဲ(Yoon Suk-yeol) ၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာပြီး တစ်လအကြာ၌ တောင်ကိုရီးယားသည် နိုင်ငံရေး အကျပ်အတည်း အတွင်းမှာပင် ဆက်ရှိနေဆဲဖြစ်ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

သို့သော် အတိုက်အခံ ပါတီဖြစ်သည့် ဒီမိုကရက်တစ်ပါတီသည် တောင်ကိုရီးယား၏ အာဏာကို ရရှိသွားခဲ့ မည်ဆိုပါက တောင်ကိုရီးယားနှင့် တရုတ်အကြား ဆက်ဆံရေးများ ပိုမိုနီးစပ်သွားနိုင်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၃ ရက်က ယွန်းသည် နိုင်ငံကို တုန်လှုပ်သွားစေသည့် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့သော်လည်း နာရီပိုင်းအကြာမှာပင် လွှတ်တော်က ထိုစစ်အုပ်ချုပ်ရေးအမိန့်ကို ပယ်ချခဲ့သလို ယွန်းကလည်း စစ်အုပ်ချုပ်ရေး အမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့ရသည်။

ဒီဇင်ဘာ ၁၄ ရက်တွင် လွှတ်တော်က ယွန်းကို စွပ်စွဲပြစ်တင်ခဲ့ပြီး သမ္မတလုပ်ပိုင်ခွင့်များကို ဆိုင်းငံ့ခဲ့သလို ရဲတပ်ဖွဲ့ ကလည်း ယွန်းကို ဖမ်းဆီးရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သည်။

သို့သော်လည်း သမ္မတလုံခြုံရေးအဖွဲ့များ၏ ဟန့်တားမှုကြောင့် အောင်မြင်ခဲ့ခြင်းမရှိပေ။

ယွန်း၏ စွပ်စွဲပြစ်တင်ခံရသည့် အမှုကို တောင်ကိုရီးယား၏ အခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ကြားနာစစ်ဆေးမည် ဖြစ်ပြီး အချိန် ၆ လခန့် ကြာမြင့်လိမ့်မည်ဖြစ်သည်။

တကယ်၍ အခြေခံဥပဒေဆိုင်ရာခုံရုံးက ယွန်းကို ရာထူးမှ ဖယ်ရှားရန် ဆုံးဖြတ်ခဲ့မည်ဆိုပါက ၂ လအတွင်း ရွေးကောက်ပွဲ ပြုလုပ်ရမည်ဖြစ်သည်။

အခြေခံဥပဒေဆိုင်ရာခုံရုံးက ယွန်းကို ရာထူးတွင် ဆက်ထားရန် ဆုံးဖြတ်ခဲ့မည်ဆိုသည့်တိုင် လက်ရှိ ဖြစ်ပျက်ခဲ့ သည့် အခြေအနေများအရ တောင်ကိုရီးယား ပြည်သူများသည် လာမည့် ရွေးကောက်ပွဲတွင် အတိုက်အခံများကို မဲပေးဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက အမေရိကန်၏ Gallup အတိုင်ပင်ခံကုမ္ပဏီက ပြုလုပ်သည့် စစ်တမ်းတွင် လာမည့်ရွေးကောက်ပွဲ၌ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် လီဂျေမြောင် (Lee Jae-myung) က အနိုင်ရရန် ရေပန်းစားနေ ကြောင်း ဖော်ပြခဲ့သည်။

"ဒီမိုကရက်တစ်ပါတီသာ အာဏာရသွားမယ်ဆိုရင် တောင်ကိုရီးယား- တရုတ် ဆက်ဆံရေးတွေ ပိုပြီးကောင်းလာ ပါလိမ့်မယ်" ဟု ဆိုးလ်မြို့တော်၏ ဟန်ကွတ်တက္ကသိုလ် ( Hankuk University) မှ ပြည်ပရေးရာလေ့လာရေး ဌာန၏ ပါမောက္ခ ကန်ဂျွန်ယောင် (Kang Jun-young) က ပြောကြားခဲ့သည်။

“တောင်ကိုရီးယား အတိုက်အခံတွေဟာ အမေရိကန်နဲ့ ဆက်ဆံရေးကိုလည်း ထိန်းထားပြီး တစ်ဖက်မှာလည်း တောင်ကိုရီးယား-တရုတ် ဆက်ဆံရေးကို ကောင်းမွန်အောင် မြှင့်တင်ပါလိမ့်မယ်” ဟု ကန်က ပြောကြားခဲ့သည်။

Source: South China Morning Post

ပုံ - ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် လီဂျေမြောင်နဲ့ တရုတ်သံအမတ်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image

အရှေ့တောင်အာရှရဲ့ သက်တမ်းအရှည်ကြာဆုံး ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ၁၁၉ နှစ်ပြည့်ပွဲတော် ကျင်းပမည်

ဇန်နဝါရီ ၁၃

လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျရောက်မယ့်တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ရဲ့ ၁၁၉ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကို၊ တိရစ္ဆာန်ဥယျာဉ် အတွင်းမှာ ဇန်နဝါရီလ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ပျော်ရွှင်စရာအစီအစဉ်များစွာနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာ သက်တမ်းအရှည်ကြာဆုံးဖြစ်တဲ့ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ကို ၁၉၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာကြောင့် အခု ၂၀၂၅ ခုနှစ်မှာ ၁၁၉ နှစ်ပြည့်မြောက်မှာပဲ ဖြစ်ပါတယ်။

၁၁၉ နှစ်ပြည့်ပွဲတော်မှာ Music Band & kid's Dance Performance၊ Magic Show အစီအစဉ်၊ ဂျိုကာရဲ့ တစ်ကိုယ်တော် ဖျော်ဖြေတင်ဆက်မှု၊ ဗဟုသုတရဖွယ်ရာ Game အစီအစဥ်တွေမှာ လက်ဆောင်တွေရအောင် ယူကြရင်း ပျော်ရွှင်စရာ အခိုက်အတန့်တွေ၊ ချစ်စရာ တိရစ္ဆာန်လေးတွေရဲ့ ဗဟုသုတရဖွယ်ရာ ဝေမျှပေးသွားမယ့် Talk Show အစီအစဉ်၊ Super Star Music Band ရဲ့ ဖျော်ဖြေတင်ဆက်မှု၊ ချစ်စရာတိရစ္ဆာန်လိမ္မာလေးတွေနဲ့အတူ ဓာတ်ပုံရိုက်ကူးနိုင်မယ့် အစီအစဉ်တွေ၊ သားသားမီးမီးတို့အကြိုက် ဂိမ်းအစီအစဥ်တွေ၊ လက်ဆောင်များစွာ ရယူနိုင်မယ့် အမေးအဖြေကဏ္ဍအပြင်၊ ဈေးရောင်းပွဲလည်း ပါဝင်မှာဖြစ်ပါတယ်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image
36 w - Translate

Water, water everywhere!

While the lowest elevations of Death Valley only average about 2 inches of rain a year, hidden bodies of water can be found all throughout the desert. Ephemeral pools, or potholes, like the one pictured here, form after big rain events and are often critical parts of desert ecosystems. These pools provide drinking water for Desert Big Horn Sheep, coyotes, and invertebrates, all who travel down winding canyons to find this precious resource.

During a recent surprise storm, the park received 0.36" of rain at Furnace Creek, with snow falling higher up in the mountains! If you get lucky, you may just find some water during your park explorations!

📍 Death Valley National Park

Alt Text: A large hole filled with water sits in the foreground at the base of canyon walls reflects sunlight from above. Beyond the canyon mouth, dust can be seen blowing across a dry desert landscape with mountains in the far distance. NPS/K. Hensel

image

ပဲပုဇွန် ရခိုင်ချက်

ပဲပုဇွန်ရဲ့ ခေါင်း နဲ့ အောက်ခြေ အညှာများကိုချွေ
၂ ပိုင်းဖြတ် ရေစင်အောင်ဆေးပြီး
ချက်မယ့်အိုးထဲ ပဲပုဇွန်
ငပိစိမ်းစား ရေအနည်းငယ် ကြက်သားမှုန့်
ငရုတ်သီးစိမ်းထက်ခြမ်းခွဲပြီး နွမ်းအိပြီး
ရေခမ်းတဲ့ထိ ချက်ပါရှင့် ။
မီးဖိုပေါ်မှ အိုးချခါနီး နံနံပင်အုပ်ပါ ။

Credit Htun Thiri

image
36 w - Translate

So true
ဒီနေ့မနက် ပိုအေးနေသလိုပဲ... :P

ဆိုလာနှင့်ချိတ်ဆက်ထားသော ဘတ္ထရီအိုးအပူလွန်ကဲရာမှ နေအိမ်၂ လုံးမီးလောင်မှု မြဝတီမြို့တွင် ဖြစ်ပွား

ဇန်နဝါရီ ၁၃

ကရင်ပြည်နယ် ၊ မြဝတီမြို့ ၊ အမှတ်(၅)ရပ်ကွက်၊ ဆင်းရွှေလီ(၃)လမ်းရှိ ခြေတံရှည်နေအိမ်တွင် ဇန်နဝါရီလ ၁၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ဆိုလာနှင့်ချိတ်ထားသော ဘတ္ထရီအိုးအပူလွန်ကဲရာမှ နေအိမ် ၂ လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြဝတီခရိုင်မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ဖြစ်စဥ်မှာ အလျား ပေ ၂၀၊ အနံ ပေ ၄၀ ရှိ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ ခြေတံရှည်လူအိမ်တွင် ဆိုလာနှင့် ချိတ်ဆက်ထားသော ဘတ္ထရီအိုး အပူလွန်ကဲရာမှ အနီးရှိ ဆိုဖာနှင့် အဝတ်အစားများသို့ မီးကူးစက်ခဲ့ကာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့သောမီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ ခြေတံရှည်နေအိမ် ၁ လုံး၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ်ရှေ့ရှိ ဆိုင်ခန်း ၁ ခန်း၊ အုတ်ညှပ် ၂ ထပ်​နေအိမ်၏ အပေါ်ထပ်မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

နေအိမ်မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ ရေသယ်ယာဉ် ၃ စီး၊ ပုဂ္ဂလိကရေသယ်ယာဉ် ၃ စီး၊ စည်ပင်ရေသယ်ယာဉ် ၁ စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အိမ်ရှင် ဦးလင်းကိုကို ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် မြဝတီမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Credit - MT News Agency

#centralnewsnaypyitaw

image
image
image
36 w - Translate

OKKO’S INN(2018)
နတ်ဘုရားတွေရဲ့ လက်ဆောင်တစ်ခုလိုခေါ်တဲ့ ဟာရူနိုယာ အရမ်းကိုနာမည်ကြီးတဲ့ ရေပူစမ်းလေးဖြစ်ပါတယ်။ လူတွေ တိရစ္ဆာန်တွေရဲ့‌ရောဂါကုသစရာ စိတ်အပန်းဖြေစရာ နေရာလေးလည်းဖြစ်ပါတယ်။ အိုကိုလေးတို့ မိသားစုဟာ အဲဒီ့နေရာက အပြန်မှာ ယာဉ်မတော်တဆမှု ဖြစ်ပြီး အိုကိုလေးရဲ့ အမေနဲ့အဖေနှစ်ယောက်လုံးဆုံးပါးသွားခဲ့ပါတယ်။ အိုကို လေးကိုတော့ သဘာဝလွန်ထူးခြားဖြစ်စဉ်တစ်ခုကြောင့် သေလျက်နဲ့ ရှင်သန်ခဲ့ပါတယ်။
တစ်ခါသေဖူးတဲ့ အိုကိုဟာ ထူးခြားစွာနဲ့ဝိညာဉ်တွေကို မြင်နိုင်လာပါတယ်။
ဇာတ်လမ်းအပြည့်အစုံကိုတော့အံ့ြသထူးခြားမှုတွေနဲ့ ပြည့်နေတဲ့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါ

image
36 w - Translate

💛 2025 မှာဆက်ပြီး တောက်ပနိုင်ဖို့က ဒီ Serum (၂)မျိုးက လိုကိုလိုအပ်တယ်။
မျက်နှာ အသားအရေကို (၂)ပတ်အတွင်း သိသိသာသာကြည်ပြီး ဝင်းလာစေတဲ့ Vitamin Serum (၂)မျိုးကို ညွှန်ပေးမယ်ဆို စိတ်ဝင်စားလား?
💯Honest Review ပါ။
ကိုယ့်ပိုက်ဆံနဲ့ဝယ်သုံးပြီး အရမ်းကြိုက်လွန်းလို့ လာပြောပြပေးတာပါနော် …။
Numbuzin 5+ Vitamin Concentrated Serum
Jumiso All Day Vitamin Serum
(၂)မျိုးလုံး သုံးစရာမလိုဘူး။
ကိုယ့် အသားအရေနဲ့ ကိုက်ညီမယ့် Serum တစ်မျိုးကိုပဲရွေးပြီးသုံး။
(၂) မျိုးလုံးက Sensitive Skin & Acne Prone Skin တွေ အတွက် အဆင်ပြေတယ်။
💯 No Irritation | No Breakout
(၂) မျိုးလုံးက အမဲစက် အမာရွတ်အတွက် ကောင်းတယ်။
Hydration ပိုင်းမှာ Numbuzin ထက် Jumiso ကိုပိုအားရတယ်။
Texture ပိုင်းမှာ ထူခြားမနေပဲ ပုံမှန် Serum တွေရဲ့ Texture အတိုင်းပဲ။
Lightweight ဖြစ်တယ်။ အသားထဲစိမ့်ဝင်တာမြန်ပြီး လိမ်းပြီးတာနဲ့ မျက်နှာ အသားအရေက သိသိသာသာစို ကြည်သွားတာကို တွေ့ရတယ်။
All Skin Type သုံးလို့ရပါတယ်။
Day & Night သေချာလေးသုံးကြည့်ပါ။
(၂)ပတ်အတွင်း သိသိသာသာ ကြည်လင် ဝင်းပလာတဲ့ Healthy Skin ကိုရလာပါလိမ့်မယ်။
သားဖြိုး အရမ်းအရမ်းအရမ်းကို ကြိုက်တဲ့ Vitamin Serum မို့ 2025 မှာပဲ သူ့တို့ (၂)မျိုးကို ဆက်ပြီး သုံးသွားမှာဖြစ်ပါတယ်။
Numbuzin 5+ Vitamin Concentrated Serum
🛒 EOS K Beauty Shop
Jumiso All Day Vitamin Serum
🛒 BeautyHolics
🫶🏼 ချစ်တဲ့စိတ်နဲ့ မျှဝေပေးတဲ့ Review လေးဖြစ်တာမို့ အချစ်တွေနဲ့ ဖတ်ပေးပါနော် ✌🏼
နောက် Blog မှာ ပြန်တွေ့ကျတာပေါ့…❤️
#honestreview
#brightening #darkspots
#vitaminserum
#numbuzin #jumiso
#treasurebytharphyoe
#crd

image