Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Gemini♊️ Pisces♓️ Scorpio♏️
Capricorn♑️ Leo♌️
ဒီရာသီဖွားတွေနဲ့ချစ်သူဖြစ်ခဲ့ရင်တော့
သူတို့ကြူးပြသမျှကိုအသေအလဲခံကြရမှာပါ သူတို့တနေ့တာလုပ်သမျှကိုလည်း အမြဲတမ်းပြောပြ အသိပေးပြမှာပါ ဥပမာ ထမင်းစားပြီးတာကအစ ဘယ်ကောင်လေးကဘယ်လို
လာကြောင်တာကအဆုံးအသိပေးမယ့်သူမျိုးတွေပါ ကို့ချစ်သူကိုခေါ်တဲ့အသုံးအနူန်းကအစ တဖက်လူလုံးဝအရည်ပျော်သွားအောင် ကိုကိုရေ မောင်ရေ သဲလေးကလေဆိုပြီး သုံးနူန်းတတ်ပြီးအဲ့လောက်ထိကိုကြူးပြမှာပါ ||
ဒါကြောင့်ကိုယ်ကအမြဲ ဂရုစိုက်လည်းခံချင်တယ် ကိုကို / သဲလေးအမြဲအခေါ်ခံချင်တယ် တီတီတာတာလေးတွေလည်းအမြဲပြောခံချင်ရင်တော့ ဒီရာသီဖွားတွေကိုသာရွေးတွဲပါ ပျော်လွန်းလို့ ညအိပ်တောင်ပျော်မှာမဟုတ်ပါဘူး
#crd
#lunatarot
◾️Urgent Senior Accountant - Yangon
Company: Love Diary Wedding Professional
Salary Range: MMK 400,000 - 500,000
https://www.joimyanmar.com/job/detail/23317
◾️Sales Staff - Yangon
Company: NAING FAMILY CHERRY OO CO.,LTD.
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/23316
◾️Marketing Manager - Yangon
Company: Easy Freight International Logistics Company Limited
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23315
မုန့်ဗိုင်းတောင့် လုပ်နည်းလေး
ဆွမ်းမွှေးမုန့်ဗိုင်းတောင့်
ဒီမှာတော့ရောင်းတဲ့သူမရှိတော့စားချင်ရင်ကိုယ်တိုင်လုပ်မှာစားရတဲ့မုန့်လေး။
ကောက်ညှင်းမုန့်တဇွန်းဆန်မုန့်သုံးဇွန်( သုံးချိုးတချိုးပါ ဆန်ချိန်ခွက်နဲ့ဆန်မုနိ့သုံးခွက်ဆိုကောက်ညှင်းမုနိ့တခွက်)တို့ကိုဆားအနည်းငယ်ရောပြီးမွှေပါ
ပြီးရင်ရေကိုနည်းနည်းချင်းစီထည့်ပြီးနယ်ပါ။
လုံးလို့ရတဲ့အနေအထားလောက်အထိနယ် ပါ
ပြီးရင်နယ်ထားတဲ့မုန့်နှစ်တွေကိုအလုံးကြီးကြီးနှစ်လုံးလောက်ခွဲလုံးပြီး ရေနွေးပွက်ပွက်ဆူမှာငါးမိနစ်လောက်ထည့်ပြုတ်ပါ။
ပြီးရင်ဆယ်ပြီးအအေးခံပြီးပြန်နယ်ပါ
နယ်တဲ့အခါဆီထမင်းစားဇွန်းတဇွန်းလောက်ထည့်နယ်ပါရှင်
မုန့်သားလေးတွေပျော့ပျော့အိအိလေးရလာတဲ့အထိနယ်
ပြီးရင်မုန့်ကိုကိုယ်ကြိုက်တဲ့ပုံစံလေးတွေလုပ်ပြီး
ပေါင်းမဲ့ခွက်လေးကိုဆီသုတ်ပြီးထည့်ပါ
ပြီးရင်တော့နှစ်ဆယ့်ငါးမိနစ်လောက်ပေါင်းပြီးရင်ရပါပြီး။
ပူပူနွေးနွေးလေးကိုပဲဆီလေးဆမ်း နှမ်းလှော်ထောင်းလေးဖြူး အုန်းသီးခြစ်လေးထည့်ပါ
အချိုကြိုက်ရင်သကြားလေးထည့်အရမ်းစားကောင်းပါတယ်။
အစင်းရာလေးတွေလုပ်ချင်ရင်ဘီးသန့်သန့်လေးပေါ်တင်ပြီးလိမ့်လိုက်ပါ
စာအုပ်ကိုင်ပြီး စာဖတ်ပြနေတဲ့ သမီးလေးအရာရာရဲ့ မျက်နှာပေးကြောင့် ပရိသတ်တွေ အချစ်ပို 🥰🥰🥰
အရာရာလေးက ရန်ကုန်အိမ်ကိုပြန်ရောက်နေပါပြီတဲ့။ မော်လမြိုင်မှာကျင်းပတဲ့ ဖေဖေ့ရဲ့ ရှိုးပွဲကို လိုက်သွားခဲ့တာပါ။ ရန်ကုန်ပြန်ရောက်ရောက်ချင်းမှာပဲ စာအုပ်ကိုင်ပြီးစာဖတ်ပြနေပုံလေးကို မေမေက ရိုက်ပြထားတာပါ။ အရာရာလေးရဲ့ မျက်နှာပေးကိုကြည့်ပြီး ပရိသတ်တွေက အချစ်ပိုနေကြတာကို တွေ့ရပါတယ်။
#crd
#celenews
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၃၀ ဦးနှင့် လာအိုနိုင်ငံသား ၂၃ ဦးလွှပြောင်းပေးအပ်
*********************
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam)နှင့် အွန်လိုင်း လောင်းကစားမှု(Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများ အားလုံးကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့ အစည်းများ၊ အထူးသဖြင့် မြန်မာ-တရုတ်-ထိုင်းသုံးနိုင်ငံအကြားသုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်မှု ပုံစံ(Trilateral Cooperation)တို့ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက် နေထိုင်ပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-မယ်ထော်သလေးနယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှု များကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၃၀ ဦးနှင့် လာအိုနိုင်ငံသား ၂၃ ဦးတို့ကို လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ယနေ့တွင် မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ပြည်ပနိုင်ငံသား ၂၃၀ ဦးကို ထပ်မံ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော် နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေး မည့် ပြည်ပနိုင်ငံသားများ၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ လုံခြုံရေးအစရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများအား လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲ ကျင်းပခဲ့ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံရုံး(ရန်ကုန်)မှ Third Secretary Mr.Peter John V. Dela Fuente နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ ဆိုင်ရာ လာအိုသံရုံးမှ Third Secretary Mr.Heuangchalern Phommasone နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာ နိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိ သူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေး ဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့တွင်လည်း မြဝတီမြို့၊ မယ်ထော်သလေးနယ်မြေသို့ တရားမဝင်လမ်းကြောင်း များမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၂၃၀ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်း နိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေး အချက်အလက်များ၊ မှတ်တမ်းများ စာရင်းကောက်ယူခြင်းကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မတ်လ ၂၄ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်း ၈၄၃၂ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ဦးရေ ၅၂၀၀ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၃၂၃၂ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
အခုတလော မီးပျက်လို့ အရမ်းပူတာမို့
ညဆို ဒါပဲလိမ်းနေရတယ်
ငုံးဝယ်မယ် ဝယ်မယ်နဲ့ မေ့မေ့နေတဲ့ Soothing Gel ပါပဲ
အသားလည်း အေးတယ်
အဖုလေးတွေထွက်ချင်နေရင်လည်း အုံထားလိုက်ရင် မထွက်တော့ဘူး
အသားရဲနေတာဆိုလည်း ခဏလေးနဲ့သက်သာစေတယ်
Cica ကို 5 မျိုးအထိပါတာမို့
သူကပေးတဲ့ Soothing & Calming
ကလည်း တော်တော်ထိရောက်တယ်လို့ပြောရမယ်
Fragrance ကိုတော့ ငုံးသိပ်မကြိုက်ဘူး
Herbal နံ့ပေမယ့် နည်းနည်းအီတယ်လို့ ခံစားရလို့
300ml တောင်မို့ အကြိုက်လိမ်းလို့ရတာကတော့ ရှယ်ပဲ
ပြီးတော့ Tube Type နဲ့လာတာလည်း မိုက်တယ်
ဒါကတော့ short review လေးတဖြတ်ပေါ့ 😁🫶🏻
နွေကျရင် ဒါမျိုးတွေပဲ မျက်နှာပေါ်တင်နိုင်တော့တယ်ရှင် 💚
300ml - 29500k
💠 သြဇာသီးခြောက်နဲ့ကျန်းမာရေးသုတ
💠 သန်းပေါတဲ့မမတွေ
သြဇာသီးခြောက်အမှုန့်ကို ခေါင်းမှာနေရာအနှံ့အပြား ဖြူးပြီး၃နာရီကြာမှခေါင်းလျှော်ပါ။ မျက်စိထဲမဝင်စေနဲ့။
💠 ဆီးချုပ်၊ဝမ်းချုပ်တဲ့သူတွေ
သြဇာသီး အခြောက် သွေး၍ ဆီးခုံပေါ်လူးပေးပါ။
💠 အဆီကျိတ်သမားတွေ
သြဇာသီးခြောက်သွေးလူးပေးပါ။
💠 ကလေးအူကျသူတွေ
သြဇာရွက်ထောင်းအရည်ကို တညသိပ်မနက်အရည်ကြည် အူကျသည့်နေရာ မနက်ညလူးပေးပါ။
💠 အကြောတက်၊ အကြောကပ်၊ အကြောရောဂါ၊ အကြောထုံးအတွက်
မုန်ညှင်းဆီနဲ့ သြဇာမှုန့်ထည့်လူးပေးပါ။
💠 အနာပေါက်
သြဇာရွက်ကို ထောင်းဆားနဲ့အုံပေးပါ။
#crd
ဖေဖေ့ရဲ့ ဇာတိတွေ ပြစပြုနေပြီဖြစ်တဲ့ အောင်သူရဲ့ သားလေး ကိုကိုး 🥰🥰🥰
ဘောလုံးသမား အောင်သူနဲ့ သရုပ်ဆောင် ပိုးအိအိခန့်တို့ရဲ့သားလေး ကိုကိုးကတော့ အခုဆိုရင် ဖေဖေ့ရဲ့ အမွေတွေဖြစ်တဲ့ ဘောလုံးကန်ခြင်းကို စတင်ပြီး ဇာတိတွေပြလာပြီလို့ ဆိုပါတယ်။ သားသားလေးက အိပ်ယာကနိုးတာနဲ့ ဘောလုံးအင်္ကျီဝတ်ချင်ပြီး ဝတ်မရရင် ဖက်ပြီးအိပ် တယ်လို့ဆိုပါတယ်။ မနက်ဆိုရင်လည်း ဘောလုံးဖိနပ်ဝတ်ပြီး အိမ်ထဲမှာကို ဘောလုံးတဒိုင်းဒိုင်းကန်ချင်တာကြောင့် ဖေဖေ့အိမ်ကိုရောက်မှပဲ ကန်ခွင့်ရတော့တယ်လို့ဆိုပါတယ်။ ဖေဖေနဲ့တူတူ Training တွေလည်း လိုက်ပြီး ပျော်ရွှင်နေတဲ့ ကလေးလေးဟာ ဇာတိပြလာပြီလို့ မေမေကပြောပါတယ်။ ဖေဖေ့အနေနဲ့ ပြုစုပျိုးထောင်ပေးဖို့လည်း ပြင်ဆင်ထားဖို့ မေမေက အသိပေးလိုက်ပါသေးတယ်။
#crd
#celenews